kaung kinDecember 16, 20121min973
***မျက်ရည်သွန်းဖြိုး ကရုဏာမိုး*** သာသနာ့မြေ ယမ်းငွေ့ဝေလို့ … သွေးမြေကျကာ ဝဋ်ကြမ္မာတွေ ဖန်လာနှိပ်စက် အမျိုးဖျက်၍ ရက်စက်ခံထား သံဃာများအား လေးစားသမှု ပြုပါ၏။ ပြည်သူတွေအား အရေးထားကာ ပွားများမေတ္တာ ငြိမ်းချမ်းစွာနှင့် ခန္ဓာအသက် အပ်နှင်းဆက်ကာ သွေးစက်မြေခ စတေးကြတဲ့ များလှသံဃာ လေးစားစရာ။ ကိုယ်ကျိုးမပါ သာသနာကို ရောင်ဝါအဆင်း မပျက်ယွင်းအောင် သိမ်းသွင်းစုစည်း လုထုကြီးနှင့် မငြီးမငြူ ဘဝတူလို အပူမျှဝေ အသက်သေ၍ သွေးမြေကျလည်း မလျှော့ဇွဲနဲ့ ရဲရဲဖော်ထုတ် နောက်မဆုတ်ပဲ မယုတ်စိတ်ထား သံဃာများအား လေးစားသမှု ပြုပါ၏။ လူထုအတွက် အဖက်ဖက်က ပေးဆက်ကြလို့ လူလုံးမပြောင် ဘဝဘောင်ဝယ် ငရဲနှယ်ကျ သွယ်သွယ်ဒုက္ခ မီးစွဲကြလျှက် ရခဲ့ဒဏ်ရာ ဝေဒနာကို မြင်လာတာမို့ ရင်ဝယ်ဆို့လျှက် အနံ့သက်မှာ အခံခက်လာ […]


kaung kinDecember 15, 20121min24717
သူ မင်းကိုတကယ်ချစ်တယ်ဆိုရင် အချိန်ပေးပြီး မင်းကိုအဖော်ပြုပေးတက်တယ် သူ့ဘက်က အလုပ်များသိ တိုင် မင်းကိုတယောက်တည်းအထီးကျန်စေမှာမဟုတ်ဘူး သူ မင်းကိုတကယ်ချစ်တယ်ဆို ရင် သူမအိပ်ခင်မင်းကိုနှုတ်ဆက်လေ့ရှိတယ်. မင်းက သူရဲ့ မိုးကောင်းကင်ဖြစ်နေလိုပေါ့ သူ မင်းကိုတကယ်ချစ်တယ်ဆိုရင် အကွာအဝေးဆိုတာ သူအတွက်ပြဿနာမဟုတ်ဘူး သူ မင်းကိုတကယ်ချစ်တတယ်ဆိုရင် မင်း ကိုသူဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး