amatminMarch 28, 20121min1057
လက်ရှိကြားဖြတ်ရွေးကောက်ပွဲကတော့ လက်ရှိအာဏာရအစိုးရအနေနဲ့ NLD ပါတဲ့ရွေူးကောက်ပွဲလုပ်ပေးပြီး လွှတ်တော်ထဲကိုဒေါ်အောင်ဆန်းစုကြည်ကိုဆွဲသွင်းနိုင်မှ သူတို့ဖြစ်ချင်တာတွေ ဖြစ်လာမယ်ဆိုတာသိတော့ ရွေးကောက်ပွဲကိုတော့လုပ်ပေးတယ်။ အဲ့ဒီလို မလုပ်မဖြစ်လို့လုပ်ပေးနေရင်းနဲ့ပဲ မဲစာရင်းနဲ့ပက်သက်ပြီးလိမ်ညာတာတွေက အသံအထွက်ဆုံးကိုဖြစ်လောနေတယ်။ အခုတကြိမ်ကတော့ မီဒီယာတွေနဲ့ တချို့ပါတီတွေက ဝိုင်းပြောနေရင်းနဲ့ပဲ အချိန်တန်တော့ ပြီးသွားမှာပါပဲ.. ဒါပေမဲ့ လာမဲ့၂၀၁၅ ကြရင်တော့သူနိုင်ကိုယ်နိုင် နည်းကုန်သုံးပြီး ပိုကြဲကြမှာပဲ ။ နည်းလမ်းပေါင်းလည်း ပိုစုံမှာပေါ့။ အောက်ကစာပုဒ်လေးက Eleven Media Group ကဆောင်းပါးရှင် ကိုသိန်း(ကျောက်ကြီး)ရေးတဲ့ “အမှန်တရားသည်သာ” ဆောင်းပါးက ကောက်နှုတ်ထားတာလေးပါ.. “…မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခင်း၊ ပြောင်းရွှေ့ခြင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်က အထက်နှင့်အောက်အပြန်အလှန် ညွှန်ကြားချက်များပေးပြီး ဆောင်ရွက်နေကြပေမယ့် တကယ်တမ်း လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အောက်ခြေ အဖွဲ့အစည်း များ၏ ရိုးသားမှန်ကန်မှုက အဓိကပါ။ […]


amatminFebruary 22, 20121min22511
ရွှေတိဂုံဘုုရားပေါ်ကို အခေါက်ခေါက်ရောက်နေပေမဲ့ သမိုင်းထဲက မှတ်တမ်းတချို့ကို မသိခဲ့တာအမှန်ပါ.။ ဒီနှစ် ရဲ့အစပိုင်းတုန်းက ကိုပေါက်တင်ဖူးတဲ့ “မြန်မာပြည်၏.. ” ဆိုတဲ့ပို့စ်မှာ ရွှေတိဂုံဘုရားပေါ်ကိုဧည့်သည်တယောက်လိုက်ပို့တော့ ဘုရားပေါ်မှာဘာရှိမှန်းမသိလို့ ဒုက္ခရောက်ရတယ်လို့ကွန်မန့်ပေးပြီးဒီလိုလေးညည်းမိတော့ကာ.. amatmin says: နှစ် ၂၆၀ဝ ပြည့်ပွဲမကြာခင်ကျင်းပမယ်ဆိုတာဘုရားရင်ပြင်မှာရေးထားတာ တွေ့မိတယ်..အဲဒါနဲ့ ဆက်စပ်ပြီး တလောလေးကအမေးခံလိုက်ရတာလေး ပြောပြချင်သား.. ဧည့်သည်တယောက်လာ လို့ ရွှေတိဂုံလိုက်ပို့ပေးတော့ ဘုရားဖူးရင်းသူကသိချင်တာလေးတွေမေးတော့ ကြားဖူးသလောက်လေးရှင်းပြရင်း ဘုရားပေါ်က နှစ်၂၆၀ဝပြည့်ပွဲတော် ဆိုတာတွေ့မိတော့ သူ့ကိုရှင်းလည်းပြလိုက်ရော. အဲဒီ နှစ်၂၆၀ဝ ထိ ထိန်းသိမ်းလာတဲ့ တစုံတရာ(ဘုရားပုံ)ကိုမြင်ဖူးချင်ပါတယ်တဲ့.. အပြင်မှာတော့ မရှိဘူး ဆံတော်ကိုအထဲမှာမြုပ်နှံလှူထားတာလို့ (ကိုယ်သိသလိုပဲ) ပြောလိုက်ရတယ်.ဒါနဲ့ဘုရားဓါတ်ပုံမှတ်တမ်းတွေမှာတော့ နှစ်ပေါင်းရာကျော် ပုံတော့ရှိမှာဘဲဆိုပြီးပြခန်းကိုခေါ်သွားလိုက်တာ ၁၉၀ဝ ကျော်က ပုံမှတ်တမ်းကအစောဆုံးတဲ့.. ဘုရားပတ်လည်ကကြားဖူးနားဝရှိတဲ့ တန်ဆောင်းတွေ ကိုပတ်ရှာတော့လည်း မထူးခြားနား. အဲဒီအချိန်အတောအတွင်းမှာခေါင်းထဲရောက်နေတာကအထောက်အထားရဲ့ အရေးပါပုံပဲ.. ကိုယ့်ယုံကြည်မှုအရတော့ ဆံတော်နှစ်ပေါင်း […]


amatminFebruary 13, 20121min19118
နာရေးကူညီမှုအသင်းမှာ လှူရင်းနဲ့ ရိုက်ဖြစ်ခဲ့ကြတဲ့တချို့ပုံလေးတွေကိုတော့ ကြည့်ပြီးကြပြီထင်ပါတယ်။ နာရေးကူညီမှုအသင်းမှာ နောက်ထပ်ထူးခြားတဲ့ ဘာပုံတွေများရှိမလဲလို့ သိချင်ကြမဲ့ သူတွေအတွက် နာရေးကူညီမှုအသင်းနဲ့ဆက်စပ်နေတဲ့ ပုံလေးတွေကို ပြန်မျှဝေပေးလိုက်ပါတယ်.. အဲယားကွန်းပါတဲ့ခေါင်းတလားပါ.. သံဃာတော်တွေအတွက်အသုံးပြုရန်ဆိုပြီးလာရောက်လှူဒါန်းခဲ့ပေမဲ့ ပိုင်ရှင်ကအမျိုးသမီးဖြစ်ခဲ့တော့သုံးဖို့ခက်ခဲသွားတာပေါ့.ဘာကြောင့်ရယ်မသိ.စည်ပင်ကလည်းသုံးခွင့်မပေးထားပါဘူးတဲ့.. ဒီအခေါင်းမှာလည်း အအေးပေးဖို့ပလပ်ပေါက်လေးတပ်ထားပေးတယ်.. ဒီခေါင်းတလားကတော့ အကျိုးပြုဆယ်လီဘရစ်တီ များအတွက်ပါတဲ့.. အတော်လေးအိစက်ညက်ညောမဲ့ အတွင်းပိုင်း အရောင်မတူပေမဲ့ ဒါလည်းခေါင်းတလားပဲ. ကတ္တီပါခင်းနဲ့ လဲလျောင်းရာ ပြောရရင်တော့ ကြည်နူးစရာအလှူကို စိတ်ရောက်နေတာနဲ့ နာရေးကူညီမှုအသင်းရဲ့လုပ်ဆောင်ချက်အကြောင်းဝန်ထမ်းတွေ ရှင်းပြနေတာကိုသေချာတောင်နားမထောင်မိခဲ့ဘူး။ စိတ်ထဲမှတ်မှတ်ထင်ထင် သတိထားမိတာလေးတွေကတော့ လာရောက်လှူဒါန်းတဲ့သူတွေက ၅မိနစ်ခြားတဦးလောက်ကိုတွေ့နေရသလို၊ ဝန်ထမ်းတွေအားလုံးကသန့်ရှင်းကြည်လင်နေကြပြီး ရှင်းပြပေးတာကလည်းတကယ့်ကိုစိတ်လက်ပါရှိကြလို့ နောက်တခါလာလှူဖြစ်ချင်အောင်ကိုဖော်ရွေကြတယ်။ နောက်ဆုံးအပေါ်က အခေါင်းတလားတွေ(tool box)အကြောင်းရှင်းပြပေးတာရော.အခေါင်းတွေကသန့်ရှင်းနေတာရောပေါင်းပြီး အခေါင်းကိုတောင်အခေါင်းလို့မမြင်နိုင်တော့တဲ့အထိပဲ.. အပြန်လမ်းမှာပြန်ခံစားရင်းတွေးမိတာကတော့..ဒီအလှူက စိတ်ချမ်းသာ စရာကောင်းသောမွန်မြတ်တဲ့အလှူ.. ပကာသန မဖက်တဲ့ သန့်ရှင်းသောအလှူ.. လူပီသသောလူတယောက်ကို အနီးကပ်အတုယူအားကျရတဲ့ ကြည်နူးစရာအလှူ.. မမြင်ဖူးကြပေမဲ့ စည်းလုံးပျော်ရွှင်ခဲ့ရတဲ့ ပထမဆုံးအလှူ..မို့ ပြန်တွေးမိတိုင်းကို..ကျေနပ်ရပါသည်ခင်ဗျားးး


amatminFebruary 9, 20121min1649
၇.၂.၂၀၁၂နေ့ညကပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ.ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဦးရွှေမန်းက ဝန်ထမ်းတွေလစာတိုးပေးဖို့နဲ့သက်ဆိုင်တဲ့ဆွေးနွေးချက်(အဆို)တခုကိုတင်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီပို့စ်မှာ ကျနော်ပြောချင်တာကတင်သွင်းတဲ့အဆိုမှာပါဝင်တဲ့ အကြောင်းအရာကိုမဟုတ်ဘဲ အဆိုတင်သွင်းခွင့်ရှိ.မရှိဆိုတာကိုပါ။ ကျနော်နားလည်မိတာက လွှတ်တော်ဥက္ကဋ္ဌနဲ့သဘာပတိ အစရှိတဲ့သူတွေဟာ ကိုယ်တိုင်အဆိုတင်သွင်းစရာမလိုဘဲ..အဆိုနဲ့ပက်သက်တဲ့ပြောဆိုဆွေးနွေးမှုတွေကိုပဲလုပ်ပိုင်ခွင့်နဲ့အညီဆုံးဖြတ်ပေးရမယ်။ ပြီးတော့လည်း လွှတ်တော်ဥက္ကဋ္ဌဆိုတာ ကြားလူအဖြစ်နေရပြီးတော့ သူ့အနေနဲ့ဆွေးနွေးချက် /အဆိုတခုအပေါ်မှာလည်းမဲပေးဖို့မလိုဘဲ လွှတ်တော်အမတ်တွေမဲခွဲတဲ့အချိန်တွင်း.. ဘက်နှစ်ဖက်အရေအတွက်တူညီသည့်အချိန်မျိုးတွင်သာ အနိုင်မဲပေးခွင့်ရှိသည်။ ဆိုတော့ကာ..အခုသတင်းတွေမှာပါတဲ ့လွှတ်တော်ဥက္ကဋ္ဌကြီးကတင်သွင်းတဲ့အရေးကြီးအဆို(ဆွေးနွေးချက်)ကို လွှတ်တော်အမတ်တွေကထောက်ခံ.ပြည်ထောင်စုလွှတ်တော်ကလက်ခံအတည်ပြုပြီး အစိုးရကိုတိုက်တွန်းတယ်ဆိုတာကြီးကို ကြည့်လိုက်တော့ တမျိုးကြီးဖြစ်နေလားလို့… လိုအပ်ရင် သက်ဆိုင်ရာဝန်ကြီးကိုယ်တိုင် ဆိုင်ရာအဆိုတင်သွင်းလည်းရလောက်တယ်ထင်တာပဲ.. ပြောရရင်အဆိုကတော့ လူကြိုက်များချင်စရာအဆိုဖြစ်ပေမဲ့.လုပ်ထုံးလုပ်နည်းတွေအရဆိုရင် လွှတ်တော်ဥက္ကဋ္ဌကြီးတွေအနေနဲ့ ကိုယ်တိုင်အဆိုတွေတင်ခွင့်ရှိမရှိ နားလည်တဲ့ရွာသူားတွေရှင်းပြပေးကြပါလို့.. PS. အဆိုကိုဝေဖန်ခြင်းမဟုတ်ဘဲ အဆိုတင်ခွင့်အပေါ်သိလိုခြင်းမျှသာဖြစ်ပါကြောင်း… (၈.၂.၂၀၁၂) ရက်နေ့ သတင်းစာပါကောက်နှုတ်ချက်တစိတ်တပိုင်း…. “အရေးကြီးအဆိုအဖြစ် ဇေယျာသီရိမဲနယ်မှပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီးဆွေးနွေးခြင်းကို…….”


amatminJanuary 30, 20121min22437
ဒီကနေ့ ၃၀.၁.၂၀၁၂ ကုန်သည်ကြီးများဟိုတယ်မှာ လုပ်သွားတဲ့ရွှေပြည်တံခွန်ကုမ္ပဏီက ၅၀၀ဝ တန်ဆင်းကဒ်ထုတ်ပြီး ဆက်သွယ်ရေးစနစ်အဆင်ပြေစေရမယ်လို့ကြွေးကြော်ထား ပြီး သူလုပ်မဲ့ တယ်လီဖုန်းဆင်းကဒ်နဲ့ ပက်သက်တဲ့နောက်ထပ်ကြေညာချက်တခုပါ စာဖတ်သူအတွက်အပ်ဒိတ်လည်းဖြစ်လောက်ပြီး နောက်ဆက်တွဲအနေနဲ့ သူတို့ဘာဆက်လုပ်မလဲလို့ စိ်တ်ဝင်စားနေကြသူလည်းအတော်များမှာမို့ thevoice ဂျာနယ်ကနေဖတ်ရတာလေးကိုသတင်းပို့စ်အနေနဲ့ပြန်တင်ပေးပါတယ်.. ရွှေပြည်တံခွန်အနေ နဲ့ကြေညာချက်တွေနဲ့တင်ပြီးမသွားဘဲ တကယ်လက်တွေ့လုပ်ဆောင်မှာကိုလဲ မျှော်လင့်ပါတယ်။ အောက်မှာတော့ သူတို့ ရဲ့ကြေညာချက် အသေးစိတ်ပါ…   မူရင်းသတင်းက The Voice Weekly ပါ။


amatminDecember 28, 20111min13910
ဒီကနေ့ညနေရုံးကနေ အိမ်အပြန်လမ်းမပေါ်မှာ ကားတစီးပျက်နေတာကိုတွေ့မိခဲ့လို့တွေးမိတာလေးပါ ။ ဒီနေ့ အိမ်မှာ လုပ်စရာလေး တခုရှိတာနဲ့ ပဲ ရုံးးကနေ ခပ်စောစောလေး ပြန်ခဲ့လိုက်တယ် ။ ဂေဇတ်မှာ ဖတ်ခဲ့တဲ့ စာလေးတွေအကြောင်း  တောင်တွေး မြောက်တွေးရင်းပေါ့ဗျာ.။ တာမွေ လောက်အရောက်မှာကားတစီး ပျက်နေတာလေးတွေ့လိုက်တယ်.. အချိန်ကလည်း ရုံးဆင်းချိန်မဟုတ်သေးတော့ အဲဒီကားပေါ်မှာ လူတော့သိပ်မကြပ်ဘူး အရမ်းမများဘူးပေါ့ဗျာ ။ ဒါနဲ့ကျွန်တော်စီးလာတဲ့ ကားကဘေးချင်းယှဉ်ရပ်လိုက်တော့ ကားပျက်တာကိုဝိုင်းတွန်း ပေးကြဖို့စပါယ်ယာက ဆော်ဩနေတာကို အတိုင်းသားကြားနေရတယ်လေ..ကားပေါ်က တွန်းအားရှိတဲ့ ယောက်ျားသားများကို ကူညီ ဝိုင်းတွန်းကြဖို့ကိုပြောနေတာ.. ကြည့်လိုက်တော့ ကားပေါ်မှာ ယောက်ျားလေး ၈ ဦးလောက်တော့ရှိမယ်ထင်တယ်..စပါယ်ယာက ပထမတခေါက် ခေါ်တော့ ၂ ယောက်တော့ဆင်းလာတယ်..တွန်းကြတယ်ပေါ့ဗျာ.မရဘူး ဒါနဲ့နောက်တခွန်းထပ်အော်တော့ နောက်၂ ယောက်ဆင်းလာတယ်.. ကျန်နေတဲ့ လူလေးဦးလောက်က ခုံပျောက်ပြီးနေရာ ပြန်မရမှာ စိုးလို့ထင်တယ် လုံးဝဆင်းမတွန်းကြ […]


amatminDecember 27, 20112min41429
ရွာသူားတွေ မုဒိတာ လေးများ ပွားပေးနိုင်ကြဖို့ အတွက် ခရစ်စမတ်နေ့တုန်းက သူငယ်ချင်းတွေနဲ့ အတူသွားပြီးလှူဒါန်းဖြစ်ခဲ့တဲ့ မိဘ မဲ့ကလေးများ ကိုစောင့်ရှောက်ထားတဲ့ သီလရှင် ကျောင်းလေးရဲ့ ဓါတ်ပုံတချို့ကို တင်ပေးလိုက်ပါတယ် ။ ရွာသူ အမ/နှမ တို့အဖို့မုဒိတာလဲ ပွားရင်း ကိုယ့်မှာ မဝတ်ဖြစ်ပေမဲ့ ကောင်းမွန်နေသေးတဲ့ အဝတ်အစား တချို့တလေများ ရှိခဲ့ ရင် သွားရောက်ပြီး ဝေငှ လှူဒါန်း နိုင်ကြဖို့ ရည်ရွယ်ပါတယ်…   ဓါတ်ပုံတွေကတော့ အဆင်ပြေသလို ရိုက်လာတဲ့ ပုံလေးတွေပါ… လှူမဲ့ အဝတ်အစား တချို့     မှတ်တမ်းပုံလေးပါ   သူတို့အတွက် စာအံနေရာ   ဒီနေရာမှာ စာသင်တယ်     ဟောင်းနွမ်းနေ တဲ့ နားခိုရာ လိပ်စာ […]


amatminDecember 20, 20111min17418
တနေ့က ကြားလိုက်ရတဲ့ စကားတခွန်းက ကျွန်တော် ကိုဆွံအ ထိတ်လန့်စေလို့ ရွာသားတွေ ကြားရင်ဘယ်လိုများနေမလဲ သိချင်လို့ဗျာ..   ဒါနဲ့ ခင်ဗျားမှာ အေအိုင်ဒီအက် ရောပါ ဖြစ်နေခဲ့ပြီဆိုပါစို့.. လူကြားထဲမှာ ဆက်လက်ရှင်သန်ရပ်တည်ဖို့အတွက်.ဘယ်လိုစိတ်မျိုးမွေးပြီး နေထိုင် မိမယ်ထင်သလဲ..?   ကျွန်တော် တနေ့ ကကြားခဲ့ရတဲ့ ရောဂါသည် ဆိုတဲ့လူကတော့ ဒီလိုနေပါသတဲ့ဗျာ.. သူကဆေးကို အချိန်မှန် အတိအကျ သောက်ပါသတဲ့..အာဟာရ ဖြစ်မယ့်အစားအသောက်တွေ ကိုဝယ်စားဖို့လည်း ဝန်မလေးပါဘူး.. ပိုက်ပိုက်တတ်နို်င်တာကိုးဗျ. ဟော..အဲဒီလို ပိုက်ဆံ တတ်နိုင်တဲ့ လူဆိုတော့ တခါတလေ စိတ်ပါလာရင် ဘီယာလေး ဘာလေး စုတ်တယ်ပေါ့ဗျာ.. ဒီအထိကတော့ အေးဆေး ပြသာနာ မရှိသေးဘူးဗျ နော်.. ဆိုးလာတာက သူက မူးလာခဲ့ပြီဆိုရင်.ယောက်ျားထဲ က တယောက်ပဲဆိုတော့ ညောင်းတတ် ညာတတ်တာပေါ့ဗျာ.. […]


amatminDecember 7, 20111min16222
ကျွန်တော့ ခြေလှမ်းတွေကို အိမ် ထဲကို မလှမ်းသေးခင် လက်ထဲမှာ ဆွဲလာသော မုန့်ထုပ်တွေ ကို ကျောပိုးအိတ်အနောက်သို့ အသာဖွက် လိုက်သည်..အိမ်ထဲ လှမ်းဝင်ပြီးမျက်လုံးဝေ့ ကြည့်လိုက်တော့ အားလုံး တီဗီ ဇာတ်လမ်းမှာမျောနေတာ မြင်လိုက်ပြီး အမေတယောက်သာ သူ့ကိုမြင်သွားလျက်.. ဟော. သားလေးပြန်လာပြီ အတော်ပင်ပန်းနေတဲ့ပုံပဲ . သမီးငယ် နင့်အကိုလေး ကိုသောက်ရေတခွက်ခပ်ပေး လိုက်ပါဦး..ခဏနားနေလိုက်ဦး ပြီးမှ ရေချိုးထမင်းစား ဒါနဲ့ လည်ပင်းအကြောညှပ်တာရော သက်သာ ရဲ့လား အိပ်ခါနီးကျရင်အမေဆေးလိမ်းပေးမယ်.. အမေပြောတာတွေကိုနားထောင်နေရင်း စိတ်ထဲသူ လမ်းမှာ ကြိုတွေးထားသလိုအမေတော့ လည်ပင်းနာတာ ကိုအိမ်ရောက်ရင်မေးအုံးမယ်ထင်ထားတာ မှန်နေသဖြင့်  အတော်ကြည်နူးသွားရင်း ခေါင်းလေး  အသာညိမ့်ကာ ထမင်းအရင်စားမယ် အိပ်ခါနီးမှ ရေချိုးတော့မယ် ရော့ဒီမှာ အိမ်အတွက် မုန့်တွေဝယ်လာတယ်အရင်စားလိုက်ကြဦး ပြီးမှတီဗီ ဆက်ကြည့်ကြပေါ့.. ဟုပြောကာ ထမင်းစားခန်းသို့ […]


amatminNovember 4, 20111min17116
စတင်ဂေဇတ်  အလွန်ခက်၍ ခင်မင်စိတ်ထဲ  ရွာကိုစွဲကာ ဖတ်၍မှတ်စရာ  ထိုထိုစာကို လောဘဇောတက်  အသေဖတ်….၊ တွေ့နေမြင်ကြား  ထိုသူများတို့ ရွာထဲဝင်ရေး  စာစုံထွေးသော် ဖတ်ရှုမဝ  မွှေးကြူလှ….၊ ဖတ်ပြီးခဏ  စိတ်တက်ကြွလာ မှတ်ကာပြန်တွေး  ကွန်မန့်ပေးရင်း ထိုထို ရက်များ လွန်များမကြာ ငါစိတ်ပါ၍ လိုက်ကာတုတွေး  ကိုယ်တိုင်ရေး….၊ ငါရေးသည့်စာ  ကွန်းမန့်လာသော် စိတ်မှာပီတိ ဝမ်းသာမိ….၊ မကြာရက်များ  နှစ်ပတ်ခြားက ဆက်သွယ်ရေးနှောက်  လိုင်းများအောက်ကာ ဝင်ထွက်ပို့စ်ရေး  အလွန်နှေးသော် ငါ့စိတ်မာန်တင်း  publish သွင်းရင်း….၊ ထိုရက်များစွာ  ပေါင်းဆက်လာ၍ ယနေ့မနက်  ရုံးသို့တက်သော် နာကျင်လွန်မင်း  ငါ့ဇတ်အတွင်း….၊ ဘေးညာဘယ်လူ  ဝိုင်းကာကူပြီး ဆေးခန်းသို့ပြေး  ကျိုးကြောင်းမေးရာ စကားပြန်ရ  ငါ့အတွက်မလှ….၊ အဖြေစစ်ဆေး အမြစ်တွေးသော် ဂေဖတ်မှတ်ဖတ် အမြတ်ထွက် ကျီးပေါင်းအလွန်တက်….၊ သို့ငြားငါမူ […]


amatminOctober 28, 20111min57
  ကိုယ်တွေ က ဒီဒေါ်လာနဲ့ပက်သတ်နေမိတော့လည်း.. ကောင်းသတင်းလေးကြားရင်ပျော်ရသလို..မကောင်းတာမြင်ရတော့လဲ ပြောချင်လာပြန်ရော.. ကျန်ခဲ့တဲ့အပတ်က ငွေလဲ ကောင်တာအသစ် အခုငါးဆယ်ထပ်ဖွင့်တယ်.. ဆိုတော့ လွယ်လွယ်ကူကူ နဲ့ လဲစရာနေရာတွေ တိုးလာတော့ အများသူငှာ(ပက်သက်နေတဲ့လူတွေ)လို ဝမ်းသာတာပေါဗျာ…ဒါနဲ့ပဲ ဒီကနေ့ (၂၈.၁၀.၂၀၁၁) ကိုယ်နဲ့အနီးဆုံး..ဆူးလေ (AGB) ကို ပြေးလိုက်တာပေါဗျာ..အသစ်ဆိုပြီး အားပေးမယ်ပေါ့လေ. ဟိုရောက်တော့လူလဲ ရှင်းပြီး ကျွန်တော့အရှေ့မှာ..ယိုးဒယား ခရီးသည်တအုပ်ပဲ တွေ့တယ်ဗျ..ဒါနဲ့ ဈေးနှုန်းလေး လှမ်းကြည့်လိုက်တော့ ဂလိုလေးရေးထားတယ်ဗျ.. (AGB) FEC 795(Buy) 802(Sell) Dollar785(Buy) 802(Sell) အဲဒီမှာ ကျွန်တော် တွေးမိလိုက်တာက ဘယ်တုန်းကမှ ဒေါ်လာကို မကျော်နိုင်ခဲ့တဲ့ FEC ကြီးဒေါ်လာကိုကျော်တက်ပြီပေါ့လေ.. ဒါနဲ့ ယိုးဒယား အဖွဲ့ပြီးသွားလို့ ကိုယ့်အလှည့်လဲ ရောက်ရော အက်အီးစီ ရောင်းချင်လို့ပါဆိုတော့. ဒီကနေ့ အရောင်းပိတ်ပါတယ်တဲ့…အဲတော့ […]


amatminOctober 25, 20111min24014
လူတိုင်း လူတိုင်းပေါ့လေ.ကျွန်တော်လည်းအပါအဝင်ပါ.. အားလုံးသောသူကိုယ်စီတိုင်းက ကိုယ်အခုရရှိထားတဲ့.ဘဝလေးကို ကိုယ်စွမ်းသလောက် နိုင်သလောက်အင်အားတွေနဲ့.အလှဆုံး ခြယ်သနေကြသူချည်းပါပဲ။ တချို့တွေက ပြောင်ပြောင်လက်လက်.. တချို့ကျတော့ မဝင်းတဝင်း.အများစုကတော့.အရောင်မထွက်နိုင်ကြသေးပါဘူး.. ဒါပေမဲ့ ခုကျွန်တော်ပြောမဲ့.မိသားစုဘဝက တော့ဘယ်သူကူလို့မှ လှပါတော့မနိုင်ဘဝ မျိုးလို့ထင်တာပဲ.. ပြောရ ရင်တော့ဗျာ..တနေ့ကမြောက်ဒဂုံမှာနေတဲ့ အဒေါ်တယောက်အိမ်ကို ကျွန်တော်ရောက်သွားတယ်..ဟို ဒီစကားလေးတွေပြောနေတုန်း.. အသက် ကြီးကြီးအဘွားအိုတယောက်အိမ်ထဲကိုဝင်လာတယ်.. သူ့ကြည့်ရတာနေပူကြီးထဲ လျှောက်လာရတာဆိုတော့ မောပန်းနေပြီး တလှမ်းနဲ့တလှမ်းကို အတော်ကိုအားတင်းပြီးလျှောက်နေရတဲ့ပုံဗျ. အိမ်ထဲ ဝင်လာပြီးဧည့်ခန်းမှာ ထိုင်နေတဲ့ကျွန်တော့ လဲ မြင်ရော ကြမ်းအောက်ခြေကော်ဇောပေါ်မှာ ထိုင်ဖို့လုပ်တယ်.. ဒါနဲ့ ကျွန်တော်က အတင်းပဲ အဘွားခုံပေါ်မှာပဲ ထိုင်ပါ ဆိုမှဝင်ထိုင်လိုက်တယ်..ကျွန်တော့် အဒေါ်က ရေတွေဘာတွေခပ်တိုက်တာပေါ့ဗျာ. ပြီးတော့ ထမင်းစားပြီး ပြီလားမေးတော့ မစားရသေးဘူးပြောတာနဲ့ အဒေါ်က ကျွန်တော့ ညီမတွေကို ခူးကျွေးခိုင်းလိုက်တယ်.. ကျွန်တော် စိတ်ထဲမှာတော့ အဲဒီအဘွားဝင်လာတာတွေ့တည်းက .. […]


amatminOctober 21, 20111min23229
တလောလေးက ဂျာနယ်အတော်များများမှာ.. မွေးစကလေးတွေကိုလူမဆန်စွာပဲ.စွန့်ပစ်တယ်ဆိုတဲ့ သတင်းတချို့ဖတ်လိုက်ရတာရယ် ပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာ. နောက်ထပ်အလားတူဖြစ်ရပ်ကလေးတွေကြားသိရတာနဲ့ပဲ..ဒီပို့စ်လေးကိုရေးဖို့ စိတ်ကူးမိတာပါ.. မွေးစကလေးတွေကို.မိဘတွေက.မလိုချင်လို့စွန့်ပစ်ကြတယ်ဆိုတာက အနီးအနားပတ်ဝန်းကျင်မှာအဆင်ပြေသလို စွန့်ပစ်ကြတာဆိုတော့.လူတွေသိပြီး.သတင်းတွေထွက်လာတာပေါ့ဗျာ.. ကျွန်တောပြောချင်တာက.အဲဒီအဆင့်ကိုမရောက်မှီပဲ.လူမဖြစ်သေးတာလေးတွေကို လွယ်လွယ်ကူကူစွန့်ပစ်နေကြတဲ့ ဖြစ်ရပ်တွေလဲအပုံအပင်ရှိလာကြပြီဆိုတာကို.ပြောချင်တာပါ.. တမြန်နေ့ကပေါ့..ငယ်သူငယ်ချင်းတယောက်ကျွန်တော့ဆီ.ရောက်လာတယ်. သူနဲ့မတွေ့တာကြာနေပြီဆိုတော့မိန်းမယူသွားပြီတောင်ထင်နေတာလေ.စကားပြောကြည့်တော့မရသေးပါဘူးတဲ့. အခုလာတာကလည်းသူ့ကောင်မလေးနဲ့ပက်သက်ပြီး တိုင်ပင်ချင်လို့ပါ ပေါ့..ဒါနဲ့ပဲ.ဟကောင်ရ မင်းမိန်းမယူဖို့ဆိုရင်မင်းမိဘတွေကိုတိုင်ပင်ပေါ့ဟ ငါကလူပျိုတိုင်ပင်လည်းဘာမှမသိဘူး (ကြော်ငြာတာမဟုတ်ပါဗျာ) ဘာမှလည်းအကြံမပေးတတ်ဘူးဆိုတော့.အဲ့ဂလို မဟုတ်ပါဘူးတဲ့ဗျာ.. အခုဟာက ဒင်းတို့နှစ်ယောက်.ကဲချင်တိုင်းကဲ.ဖြစ်သလိုနေလာကြပြီး. နောက်လူတိုးမဲ့ပြသာနာပေါ်နေလို့.. သူတို့ကလဲ မယူချင်သေးကြဘူးဆိုတော့.အဲဒါကို ဘယ်လိုရှင်းရင်ကောင်းမလဲလို့ လာတိုင်ပင်တာပါတဲ့..ပြောရရင်တော့သူခိုးသေဖော်ညှိတာပေါ့နော်.. အမှန်တော့ သူ့အသက်အရွယ်.နဲ့ ငွေကြေးပိုင်းအရဆိုရင်လည်း.ယူမယ်ဆိုယူသင့်သလို ယူလည်းယူနိုင်တဲ့အနေအထားပါ..ဒါပေမဲ့ သူတို့ကတော့လက်မထပ်ချင်သေးဘူးဆိုတဲ့.အကြောင်းကိုပြောပြီး ဒီကလေးကိုမယူဖို့တွင်တွင်ကိုငြင်းနေတာပဲ.. ကိုယ့်အနေ နဲ့ကတော့ဖြစ်ပြီးတဲ့နောက်ဆက်တွဲလေးကို. လူသားဆန်ဆန်တာဝန်ယူဖို့.ကောင်းရာကောင်းကြောင်းပဲအကြံပေးလိုက်တယ်. ဖျက်ချတယ်ဆိုတဲ့.လူမဆန်တဲ့လုပ်ရပ်ကိုတော့လုံးဝ မစဉ်းစားသင့်ကြောင်းလည်းပြောမိတယ်.. အဲဒီမှာ သူတို့ဘက်က ဘယ်လိုစကားတွေထွက်လာလဲဆိုတော့.တခြားသူငယ်ချင်းတွေတုန်းကလည်း.. အဲလိုပဲအဆင်ပြေသလို ရှင်းလိုက်ကြတာပဲ..အခုကြည့်ပါအုံး ဘယ်လောက်အေးအေးဆေးဆေးနဲ့ လွတ်လပ်နေကြသလဲပေါ့ဗျာ.. (နှစ်ယောက်.သုံးယောက်မကဘူးနော်).. သူပြောတဲ့သူငယ်ချင်းဆိုတာတွေက လည်းကျွန်တော်နဲ့ခင်မင်တဲ့ သူငယ်ချင်းတွေပါ ပဲ..အပေါင်အအသင်းတွေကြားမှာတော့ ပုံမှန်အားဖြင့် ကူညီရိုင်းပင်းချင်စိတ်ရှိတဲ့ဆက်ဆံရေးကောင်းမွန်သူတွေပါပဲ.. […]