anewgenerationboneJune 11, 20111min15511
ကျေးဇူးပြုကြပါခင်ဗျား နယ်မှာပါ အသက် သုံးဆယ်ကျော်ကျော် လူတစ်ယောက်ပါ အိမ်ထောင်ရှိပါတယ် ကလေးတစ်ယောက်နှင့်ပါ ယနေ့မှ ဆိုလျှင် နှစ်နှစ်ခန့်တော့ရှိပါပြီ မိုးတွင်းဖက်ကြီးပါ မနက်ရေချိုးပြီးတာနဲ့ အဝတ်စားလဲနေတုန်း ဘုန်းဆိုလဲကျပြီး လေဖြတ်သွားတာပါ ကိုယ်တစ်ခြမ်းဖြတ်သွားတယ်လို့ဆိုရမလားခင်ဗျား ပါးစပ်ရွှဲ့သွားပါတယ် လက်တွေခြေတွေ ရွှဲ့သွားပါတယ် လမ်းကိုတော့ အဲ့သည်လိုဘဲ ရွှဲ့စောင်းရွှဲ့စောင်းနဲ့ဘဲ တော်တော်ခက်ခက်ခဲခဲလျှောက်ရပါတယ် အပေါ့အပါးသွား အိမ်သာတက်တာတို့ ဆို သူ့တွက် ရော သူ့မိသားစုတွက်ပါ တော်တော်ကို ဒုက္ခရောက်ကြရပါတယ် ဒါ့ကြောင့် ဘယ်လို သမားတော်တွေကို ပြသပြီး ဘယ်လိုဆေးဝါးတွေကို မှီဝဲသင့်ပါသလဲဆိုတာ ကို ကျေးဇူးပြုကြပါခင်ဗျား ဆိုလိုတာက ဆေးညွှန်း သမားညွှန်းကို လမ်းညွှန်ပေးကြစေလိုပါတယ်ခင်ဗျား


anewgenerationboneApril 2, 20111min30933
ဒီပုံတွေတက်လာကတည်းက ကျွန်တော်ကြည့်နေတာပါ ဘယ်သူ ဘယ်လို မှတ်ချက်ချမလဲလို ့ပါ ဝမ်းနည်းစရာကောင်းလောက်အောင် ဘယ်သူမှ ဘာမှမပြောကြပါဘူး အမှန်မှာ ဒီပုံဟာ ကျွန်တော်တို ့တွက် အလွန်စကားပြောတဲ့ပုံတစ်ပုံဖြစ်ပါတယ် ကျေးဇူးပြုပြီး တစ်ခုခု မှတ်ချက်ချကြပါခင်ဗျ နောက် အရေးကြီးတဲ့အချက်လို ့ဆိုရပါမယ် ကျွန်တော်ဟာ ဆိုရင်ဖြင့် စာဖတ်ခြင်းအားနဲသူတွေကို စာဖတ်ခြင်း အလေ့အကျင့်ရှိစေဘို ့ ဖော်ပြပါ စာစောင်တွေကို ဖြန် ့ဝေနေသူတစ်ယောက်လည်းဖြစ်ပါတယ် အားလုံးရဲ ့ဝေဖန်မှု ့တွေဟာ ကျွန်တော်နှင့်တစ်ကွသော သူတွေအတွက် အလွန် အရေးကြီးပါတယ် အမှန်တိုင်းပြောရလျှင် ဒီပုံတွက် တစ်ယောက်သောသူမှလွဲ၍ အားလုံးကို အထင်သေးမိပါတယ်။ https://myanmargazette.net/45432/travel/photography-pictures-galleries-wallpapers-photo-tips ဒါက ကျွန်တော် ဖြန် ့ဝေနေတဲ့ ပုံစံလေးပါခင်ဗျ ANGB-2011-WEEK-13-1 ဒါကတော့ စာဖတ်သူတွေရဲ ့ထင်မြင်ယူဆချက်တွေဟာ အခြားသော သူတွေအတွက် အရေးပါတဲ့ […]


anewgenerationboneMarch 24, 20112min28714
အကယ်စင်စစ် ကျွန်ုပ်သည် စာရေးဆရာတစ်ယောက်လည်းမဟုတ်ပါ စာရေးဆရာဖြစ်ခြင်သူလည်းမဟုတ်ပါ ဖြစ်ရန်လည်းလုံးဝ မရည်ရွယ်ပါ သို ့သော် စာရေးဆရာတို ့ရေးသားကြပါကုန်သော စာအုပ်များကိုမူ လက်လှမ်းမှီသ၍ ဖတ်ခဲ့ဘူးပါ၏။ သို ့ပါ၍ ကျွန်ုပ် သိသမျှသည် ကျွန်ုပ်ဖတ်ခဲ့ဖူးသော စာအုပ်များပင်ဖြစ်လေတော့သည်။ (သိသည်ဆိုသည်မှာ တတ်သည်ဟု လုံးဝ ဝန်မခံပါ ) သို ့ပါ၍ ကျွန်ုပ် အနည်းငယ် သိရှိနားလည် ထားသည့် အကြောင်းရာ တစ်ချို.ကို စာဖတ်ခြင်း၏သဘောဖြင့် သာမန်မျှ ဆွေးနွေးတင်ပြခြင်းသာလျှင်ဖြစ်ပါသည် ဟူမူ၍ သဘောပိုက်ကြစေလိုပါသည်၊ ကျွန်ုပ်တို ့လူသားများအားလုံးတွင် စား။ဝတ်။နေရေး ဟူသော အကြောင်းသုံးပါးရှိသည့်အနက် အစာစားခြင်းတည်းဟူသော အကြောင်း တစ်ရပ်ကိုမူ မည်သူမဆို မဖြစ်မနေလုပ်ဆောင်ရမည့် အလွန်အရေးကြီးပါလှသော အကြောင်းတစ်ခုဟု ဆိုခြင်ပါ၏။ ဆိုလိုသည်မှာ လူတိုင်းသည် အသက်ရှင်နေထိုင်ရေးတွက် အစာကို နည်းအမျိုးမျိုး […]


anewgenerationboneMarch 20, 20112min1103
     ပညာကို လူဆိုးတို ့ ယူခိုးလို ့ပါ ပါ့မယ် ဟူသော စကားအဆိုကို ကျွန်ုပ်တို ့အားလုံး ကြားဘူးကြပေလိမ့်မည်။ မိမိတို ့၏ အတတ် ပညာတို ့ကို သူတစ်ပါးတို ့သည် ခိုးယူ၍ မရတန်ရာဟု ဆိုလိုခြင်းဖြစ်ပေတော့သည်။ မှားသည်ဟူ၍ မဆိုသာသော်လည်း မှန်သည်ဟူ၍မူ မှတ်ချက်ချရန် ဝန်လေးလှပါတော့သည် အကြောင်းမှာ ယနေ ့သိပ္ပံပညာတို ့ လွန်စွာတိုးတက်နေကြပါသော IT ခေတ်ကြီးတွင် အတတ်ပညာပေါင်း မြောက်များစွာကို ခိုးယူနေကြကုန်သည်မှာ ကြောက်ခမန်းလိလိ် ပင် ဖြစ်ခြင်းကြောင့်တည့်။      ကျွန်ုပ်တို ့လွယ်ကူစွာသိရှိနိုင်သည့် အကြောင်းအချို ့မှာ လူသုံးကုန်ပစ္စည်း တံဆိပ်အမျိုးမျိုးကို ခိုးယူအတုပ ပြုလုပ်ပြီး ကော်ပီ ဟူ၍ ရောင်းချနေကြခြင်းကြောင့် လူမှုပြဿနာ အမျိုးမျိုး ပေါ်ပေါက်နေကြခြင်းသည် […]