angelFebruary 20, 20111min611
“ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။” တဲ့ ဒါပေမဲ့တင်ကြတာပဲနော် နားမလည်တော့ဘူး ရွာထဲမှာအဲလိုပဲလားဟင် ရှင်းပြကြပါဦး မသိလို့နော် နောက်ဆိုရင်တင်လို့ရမရ


angelFebruary 18, 20111min878
ကွင်းစ်တောင်းက မင်းအကြောင်းကို စဉ်းစားမိတော့… အိစ်ကုတ်မှာ ငပိဖုတ်နဲ့တူတဲ့ မင်းမျက်နှာကို  သတိရမိတယ် ။ မရီနာဘေးမှာ မဒီကညာလေးနဲ့ အထင်လွဲတော့ ဒီတခါဝေးပြီလို့ မင်းပြောခဲ့တာလေ ။ ဂျူယောင်းမှာ မင်း.. ပူဖောင်း လိုချင်တယ်ဆိုလို့ ကို စုဆောင်းထားတဲ့ ငွေလေးနဲ့ ဝယ်ပေးခဲ့တယ်လေ..။ ပြီးတော့ အတန်းသွားမတက်ဘဲ.. စမ်းမားဆက်မှာ မရမ်းပြားအစပ် ဝယ်စားမိလို့ လဗမ်းဒါးမှာဝမ်းသွားတာတွေရော မေ့ပြီလား ။ အောချက်ရောက်တော့ ငါ့ကို အပြောမညက်လို့ဆိုပြီး မင်း တစ်ချက်ကန်လိုက်တာ အခုထိ အကြောညက်နေတုန်းပဲကွယ် ။ တခါ..ဒိုဗာမှာ ချိန်းထားတုန်းက အကိုမလာလို့ဆိုပြီး ငိုရှာတော့ ဟာသအတိုအထွာနဲု့ ဂျိူကာလို လုပ်ပြီး ချော့ခဲ့တာ မှတ်မိသေးရဲ့လား ။ အဲဒီတုန်းက ငိုလိုက်တာများ.. ကလက်ကီးဘက်ကျတော့ နှပ်ချီးထွက်ကျလို့ဆိုပြီး မင်း အရှက်ကြီးရှက်ရတယ်လေ..၊ ကိုယ်အလိုက်မသိဘဲရယ်မိလို့ […]