အာဂApril 2, 20161min1867
မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။ မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။ ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။ နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။ နင်မရှိရင်ရော……ငါ……။ တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။ ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။ နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။ ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။ အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။ မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။ သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။ မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။ တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။ ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။ နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့ နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။ မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။ မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။ လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။ မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။ […]


အာဂApril 11, 20151min15911
ကျုပ် အခုအလုပ်ကထွက်တော ့မယ် ့ ဘာလို့ လည်းဆိုတော့ ဒီထက်ခွင် ကောင်း တဲ့ အလုပ်လေး ရလို့ ။ အဲ့ဒါဘာအလုပ်လည်း ဆိုတော့ ဆင်ဖြူဖမ်းတဲ့ အလုပ်ပဲ။ အကယ်လို့ ဆင်ဖြူဆိုတဲ့ အကောင် အဲ့ ဖြူဖြူ ကောင် မတွေ့ရင်လည်း ပန်းရောင် ဖြစ်ဖြစ်။ ခရုသင်းကွက်ဖြစ်ဖြစ်ပေါ့ဗျာ။ နောက်ဆုံး အဲ့လိုကောင် မတွေ့ရင်လည်း အမည်းရောင် ကောင်တွေဖမ်းပြီး တရုတ်နည်းပညာ နဲ့ ဖြူအောင်လုပ်တဲ့ဆေး ကျူပ်မှာ ရှိတယ်။ ဒီလိုလူထက်နှိမ့် တဲ့ သတ္တဝါ ကို မှာ ယုံကြည် ကိုးကွယ်နေကြသူတွေ အတွက်ပေါ့ဗျာ။ ဥပမာ ကျူပ် တို့တိုင်းပြည်က အဘ တို့ ယိုဒယား က လူတွေ ပေါ့ဗျာ။ ထားပါတော့ဒါကလည်း အရင် […]


အာဂMarch 6, 20151min17610
သို့ မိ ရွှေသိန်းအောင် နင့်ကို ကနေ့ တော်တော် တင်းသွားပြီ။ နင့်လုပ်တွေ နင်ကြည့်လေ။အစက ကောင်းမလိုလိုနဲ့ ။ ကောင်မ ။နောက်ဆုံး နင့်အမေမိကြိုင်လိုပဲ ရပ်ကွက်ထဲလူလည်ခေါင်မှာ နင့်လင်ငယ်တွေ ခေါ်ပြီး နင့် စောက်ရှက်မရှိ နင် ၂၀၁၅ မှာ နင့်လင်တို့ တသိုက် ရွှာ သူကြီးမြဲဖို့များ ဟယ်။ လုပ်ရက်ပ။ အံဩ ပါ့အေ။ သာအေးတို့ အုပ်စုက ရွာ ကျောင်းဆောက်ဖို့ ပြောတော့ နင်တို့အေးအေးလူလူ လက်ခံပါလား။ သူတို့ တောင်းနေတာ နင့် ရွာကလူတွေ စာတတ်ဖို့လေ။ နင့်တို့ လင်မယား တွေ ရွာထဲပြည်သူ တွေဆီက ကောက်ထားတဲ့ ထဲကမှ ပညာရေး အတွက် ဟယ် ဘာလဲ ငါလည်းမပြောတတ်ဘူး။ အော် […]


အာဂJanuary 8, 20151min2289
ယမန်နေ့ မနက် ၃းဝဝလောက်က ထူးခြားသောအိပ်မက်တစ်ခုကျန်ုပ် မက်လေသည်။ နာဂါးလို မြွေလိုလို အရာများ ကျွန်ပ်၏ ခေါင်းပေါ်မှာ ဝဲပျံလျက်။ ဝတ်ဖြူ စင်ကျယ်။ဝတ်ဆင်လျက် နဂါးခေါင်းတောင်ဝှေးကို ကိုင်ဆောင်ထားသူ ဘိုးတော် တစ်ပါး က ထို နဂါးများအလယ်မှ ရောင်စဉ်ရောင်ဝါများ ထိန်းညီးလျက် ပေါ်ထွက်လာ ကာ ကျွနုပ်သား“ သားတော် အာဂ သားသည် အဘနှင့် ပဌာန်းဆက်ရှိသူတစ်ဦးဖြစ်လေသည်။ အခုအဘ သားတော်ထံလာရောက်ရခြင်းမှာ အချိန်ကျလာသောကြောင့် ဖြစ်သည်။အကြောင်းက တော့ မြစ်သုံးခွနား ရေနံကြားက ခေါင်းလောင်တော်ကို ဆယ်ယူရန်ဖြစ်၏ ” ဟုမိန့်မှာကာ သူ့ရဲ့ လက်ထဲမှာ နဂါးပတ် ခေါင်းလောင်းအသေးစားလေးအား ထုတ်ကာ “သားတော် ဒီအဆောင်လေးကို ယူပြီး လိုရာသုံး၊ဉာဏ်ရှိသလို သုံး။ ဒီအဆောင်လေးက တိမ်မြုပ်နေတဲ့ ခေါင်းလောင်တော်ဆယ်ယူရာတွင်အကြိုးထူလိမ့်မည်”ဟု ပဲ့တင်လိုဏ်ခေါင်းသံလိုလို […]


အာဂDecember 24, 20141min19314
ကျွန်တော်ပုဂံသွားတုန်းက သရပါ 3 စားသောက်ဆိုင်ရဲ့ မလှမ်းမကမ်းမှာ ဒီကလေး ၂ယောက် လမ်းဘေးမှာထမင်းစားနေတာမြင်တော့ စိတ်မကောင်းဖြစ်မိပြီး ။ သူတို့ ဘဝလေးတွေအကြောင်းမေးမြန်းဖြစ်ခဲ့တယ်။ သူတို့က ညီအစ်ကို တွေပါတဲ့ ကျောင်းလည်း တက်နေပါသတဲ့။ တစ်ယောက်က ၄တန်း။ တစ်ယောက်က ၅တန်းတဲ့ ။ အခုကျောင်းပိတ်လို့လာတောင်းနေတာပါတဲ့။ ရင်ထဲ ဆို့ တက်မိသွားတယ်။ သူတို့လိမ်နေတာများလို့တွေးလည်းတွေးမိတယ်။ဒါပေမဲ့ သေချာ စိစစ်မေးမြန်းကြည့်တို့ သူတို့မလိမ်ဘူး။ရိုးသားတာသိလိုက်ရတယ်။ အဲဒီ ညီအစ်ကို နှစ်ယောက် ကျောင်းမှာ အဆင့်တွေလည်း အဆိုးကြီးမဟုတ်ဘူးဗျ။ တစ်ယောက် က အဆင့် ၅ ။တစ်ယောက် ကအဆင့် ၁ဝ လောက်ရှိတယ်။ စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်။ သူတို့ကိုများ ဖေးဖေးမမနဲ့ သေချာပညာရေးလိုက်စားခိုင်း ရင် ဒီထက် အဆင့်တွေရမယ်နောင် သူတို့ဘဝကောင်းစားမယ်ဆိုတဲ့အတွေးနဲကပေ့ါ။အခု စားနေတဲ့ ထမင်းဟင်းတွေကရောဘယ်ကရလဲဆိုတော့ […]


အာဂNovember 21, 20141min21211
တစ်ရက် ကဗျာဆရာ ကိုစောဝေနဲ့တွေ့တော့ ကျွန်တော့်ကို အအောက်ပါ ဖိတ်စာလေး မန်းလေးဂဇက်မှာ ရေးပေးပါလို့ပြော တဲ့ အတွက်အခုလို ပြန်တင်ပေးလိုက်ပါတယ်။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ CRC Day သုခရိပ်မြုံဂေဟာရှိ မိဘမဲ့ (HIV ကူးစက်ခံကလေး ၁၁၄ယောက်)နှင့် အုပ်ချုပ်သူများ၊ဝန်ထမ်းများ၊စုစုပေါင်း (၁၅၀)ခန့် နှင့် CRC Day ပျော်ပွဲရွင်ပွဲ နှင့် ကလေးများ စိတ်အင်အားမြှင့်တင်ရေးအတွက် (အလှူရှင်များ၊အနုပညာရှင်များ) မိမိတို့၏ အနုပညာ ၊ စေတနာတတ်အားသဖြင့် အချိန်အနည်းငယ်လေးပေး လှူဒါန်းပါဝင်ကြဖို့ မေတ္တာထား ဖိတ်ကြားအပ်ပါသည်။ နေရက်- နိုဝင်ဘာလ ၂၆(ဗုဒ္ဓဟူးနေ့) ၂၀၁၄ အချိန်- နံနက်(၉းဝ၀)မှ ညနေ(၄းဝ၀)ထိ နေရာ- ဗိုလ်ချုပ်ကြေးရုပ်ကျွန်း(ပြည်သူ့ခန်းမ) ကန်တော်ကြီး(နတ်မောက်လမ်း၊ ရွိုင်ရယ်ဂါးဒင်းအပေါက်မှဝင်ပါ) အဖြူရောင်သက်တံ၊သုခရိပ်မြုံ စောဝေ 0931642308၊ စုထား-092017961


အာဂOctober 2, 20141min22915
MPT အင်တာနတ် ဂုဏ်ပြူ ကြော်ငြာရိုက်ကူူးရန်အတွက်ပြင်ဆင။် အောက်တိုဘာ။၂။ရန်ကုန် မြန်မာ့ဆက်သွယ်ဝန်ကြီးဌာန လက်အောက်ရှိ mpt အင်တာနတ်ဝင်ဆောင်မှုများအတွက ် ကြော်ငြာရိုက်ကူူးရန် ် ဒါရိုက်တာ ဝိုင်းကစတင်စီစဉ်နေကြောင်း။အဆိုပါ ကြော်ငြာတွင် သရုပ်ဆောင်များအဖြစ် အိပ်မက်ဆုံရာနှင့် လောလောလတ်လတ် miss world myanmar ဆုရှင် ဝိုင်းလေး။ဝိုင်းစုခိုင်သိန်း။ဝိုင်ဝိုင်း။ကလေးသရုပ်ဆောင်အဖြစ် ဝိုင်းလမင်းအောင်။တို့က ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး them song အဖြစ် ကိုခင်မောင်တိုး၏ဝိုင်းသီချင်း။ နွဲ့ရည်ဝင်း၏ ဝိုင်းဝိုင်စက်စက် ဝလုံးကိုရေး တေးသီချင်းများအားရွေးချယ်ထားကြောင်းနှင့် ရိုက်ကူးမည့်နေရာမျ ား မှာ ု ဟံသာဝတီအဝိုင်း။ ဦးထောင်ဘို အဝိုင်း။ဦးဝိစာရ အဝိုင်း နှင့် နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးရှိ အဝိုင်းများတွင်ရိုက်ကူးမည်။အဆို ကြော်ငြာအား ကာတွန်းဆရာဝလုံး ကဒီဇိုင်းရေးဆွဲပြီး ။မူကြိုကလေးငယ်များအား ဝလုံး ရေးဆွဲစေပြီး ကောင်းဆုံး ဝလုံးရေးဆွဲနိုင်သူအား ဆုငွေ ငဝိုင်းပေါင်းများစွာကို […]


အာဂSeptember 30, 20142min41919
• ဆိုင်နာမည်လေးက သရပါ -၃ ဆိုတော့ မသိတဲ့လူတွေက ဆိုင်ကြီးကနားကြီးမှတ်ကောင်းမှတ်နေပါလိမ့်မယ်။ အမှန်တော့ သရပါဟော်တယ်ကို သရပါ ၁ လို့ အရပ်ကနာမည်ပေးထားပြီး အဲဒီအနီးပတ်ဝန်းကျင်က စားသောက်ဆိုင်တစ်ဆိုင်ကို သရပါ ၂ လို့ နာမည်ပေးပြီးတဲ့အချိန်မှာတော့ မူလလက်ဟောင်း မန်ကျည်းပင်အောက်က ထမင်းဆိုင်လေးကိုတော့ သရပါ ၃ လို့ စားသောက်သူတွေကနာမည်ပေးထားတာ ဖြစ် ပါ တယ်။ ဒီဆိုင်လေးက ကိန်းကြီးခန်းကြီးမရှိ၊ မန်ကျည်းပင်ရိပ်အောက်တွင် တာလဘက်မိုးထားပြီး ခွေးခြေခုံလေးများနှင့်သာ။ ဒါပေမဲ့ မနက် ၆း၃ဝ လောက်ကတည်းက ညနေ ၂းဝဝ လောက်အထိ လူပြတ်တယ်လို့မရှိပေ။ အဆိုပါဆိုင်လေး နာမည်ကြီးလာတာက လည်း အမျိုးမျိုးသောအကြောင်းလေးတွေ ရှိနေပါတယ်။ ပထမအချက်က အဆိုပါ ဆိုင်လေးရဲ့ လက်ရာကောင်းမှုကြောင့် လာရောက်အားပေးကြတဲ့ ဧည့်လမ်းညွှန်တွေကြောင့် ဖြစ်ပြီး အဲဒီဧည့်လမ်းညွန်တွေကြောင့် […]


အာဂSeptember 12, 20142min27916
ရန်ကုန်မြို့လယ် ၂၆လမ်း မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းထောင့် သိမ်းကြီးဈေးအနီးမှားရှိတဲ့ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်းကို ၁၈၅၄ခုနှစ်က မြန်မာပြည်က ဂျူးဘာသာဝင် လူတစ်စုကနေပြီး သစ်သားကျောင်းလေးကနေ စတင်တည်ဆောက်ခဲ့ပါတယ်။စတင်တည်ထောင်ခဲ့စဉ်ကတော့ တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခဲ့တာမဟုတ်ဘဲ။အစုအဖွဲ့နဲ့အားလုံးစုပေါင်းပြီးတော့ တည်ဆောက်ခဲ့တာပါ။အခုလက်ရှိအဆောက်ဦကတော့ ၁၈၉၃ခုနှစ်မှစတင်တည်ဆောက်ခဲ့ပြီး ၁၈၉၆ ခုနှစ်မှာပြီးဆုံးသွားခဲ့ပါတယ်။အဆိုပါ Musmeah Yeshua Synagogue ဂျူးဘုရား ကျောင်းကို ရန်ကုန်မြို့ဒေသခံတွေတောင် ရှိမှန်းသိပ်မသိခဲ့ပေမယ့် အခုဆို နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသည်တွေကတော့ သိရှိပြီးဝင်ရောက်လေ့လာနေခဲ့ကြတာ အတော်လေးကြာခဲ့ပါပြီ။ဒီလို အထင်က ဘုရားကျောင်းကို အများပြည်သူတွေသိရှိအောင် ထိန်းသိမ်းပြုပြင်ခဲ့သူတွေကတော့ မစ္စတာ ဆမ်မီဆမ်မျူရယ်တို့ မိသားစုမျိုးဆက်တွေ ပါ။ အရှေတောင်အာရှက မြန်မာနိုင်ငံမှာ ဂျူးလူမျိုးတွေဟာ ၁၉ရာစုနှစ်ကတည်း ရောက်ရှိခဲ့တာပါ။ လူဦးရေနည်းပါးသော်လည်း သူတို့ရဲ့ စုစည်းမှု၊စည်းလုံးမှု အင်အား တွေကတော့လေးစားစရာပါ။ မြန်မာပြည်ကို ရောက်ရှိလာတဲ့ ဂျူးလူမျိုးတွေရဲ့စုစည်း […]


အာဂAugust 27, 20141min32535
ခေါင်းလောင်ကြီးဆယ်ယူတဲ့အခါမှာ လေကျယ်မိတဲ့အတိုင်း ရက်ကတော့ ပြည့်သွားပြီ ။ ဒီတော့ နဂလင်းတစ်ယောက်ဘာဆက်လုပ်ရမယ်မသိဖြစ်လာသည်။ ဒီတော့ ဘယ်သူမှ သက်သေပြလို့မရတဲ့ ဟာတွေကို သက်သေတည်မည်လို့ဆုံးဖြတ်ကာ။ နဂလင်း တစ်ယောက် အပျော်ကြီးပျော်နေရှာသည်။ ဒီတော့ကြေငြာချက်ထုတ်မည်။ ☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻ ”ရက်ပြည်ပြီဖြစ်တဲ့အတွက် ကြေငြာရ ရင် ခေါင်းလောင်းကြီးအားရှာတွေပါပြီ ဒါပေမဲ့ အဲဒီခေါင်းလောင်းကို အိမ်လိုလုပ်နေကြသော နဂါးများက အိမ်ပြောင်းရမယ်” “ဒီအတွက် သူတို့ ပစ္စည်းတွေသယ်ရရွေ့ရတဲ့အခါမှာ လျပ်စစ်မီးကလည်း မရှိတော့ မီးထွန်းပြီးတော့ ပြောင်းရွေ့နေရတယ်။ ဒီတော့ အဲဒီလို သူတို့ ဖုယောင်းတိုင်မီး ထွန်းပြီးပြောင်းရွေနေ့တာ လူတွေကို မသိစေလိုဘူး” “ ဥပမာ တရုတ်ကြီးတို့ ဘာတို့ တွေ့ရင် လာဖမ်းကြ ၊ဆေးဖော်ကြမှာစိုးရိမ်တယ်။နောက် နဂါးသိုက်ဆိုတာက ကလည်း ရတနာတွေ ထွက်တာများတော့ သိုက်တူးသမား ခရိုနီ ဝါ၊ပြာ၊တွေက လာပြီး […]


အာဂAugust 6, 20141min12410
-ဘယ်တော့မှ နှင်းမကျတဲ့ -မြို့လေးထဲ …… -ကိုယ့်အလွမ်းဆွေးတွေ -ကြွေကျနေပုံများ တစ်ဖွေးဖွေးနဲ့…။ -အဝေးဆိုတဲ့ အကွာအဝေးက -သတိရမှုကို ကြိုးနဲ့သီဆွဲထားသလိုပဲ…။ -ကောင်မလေးရေ… -ဧရာဝတီ မြစ်ရေဟာ.. -ဘယ်နေရာရောက်ရောက် ပြောင်းပြန်မစီးဆင်း သလိုပေါ့..။ -ငါ့ရဲ့ အဝေး မြို့လေးမှာဖွက်ထားတဲ့ -မင်း ရဲ့ နှလုံးသားပေါ်မှာလည်း -ငါ ဘယ်တော့မှ ပြောင်းပြန်မစီးဆင်းဘူး..။ -တကယ်တော့ -သတိရတယ်ဆိုတာ ထမ်းထားရသူသာ -လေးလံကြောင်းသိတဲ့အရာပါ..။ -ငါ့လိုပဲ မင်း ရဲ့ရင်ထဲသတိရခြင်းတွေ -လေလံနေရင်… -ရန်ကုန်မှာ နှင်းတွေကျသလိုပေါ့…ငါ အရမ်းပျော်မိ..တယ်။


အာဂAugust 5, 20141min1778
ဒုက္ခ အယ်ကိုဟောတို့ စီးဆင်းကခုန်ရာ……. ပြာလိုကြွေကျရင်း ပျောက်ဆုံးမဲ့ ဘဝထဲ…။ ခပ်ညစ်ညစ်စိတ်တွေရောလို့ မော့ပစ်လိုက်….။ လောကဓံဆိုတာ ကြိုးညှိစရာမလိုပေမဲ့ အသံထွက်က ဒီမှာ ညံ့တာများတယ်။ အိပ်ကပ်ထဲ ကံတရားထက် ငွေသာထည့်ခဲ့…။ ဘဝကို ရဲရဲကြီးမူးလို့ရတယ်။ မနက်ဖြန် မနက် သေမင်းတံခါးဝကိုမရောက်ခင်အထိပေါ့။