အာဂJuly 25, 20131min26821
“ရချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။” နန်းတော်ရှေ့ဆရာတင် မန္တလေးဈေးချိုကနေ နောက်ထပ်သွားမိတဲ့နေရာလေးကတော့ တောင်သမန်အင်းက ဦးပိန်တံတားပါ။ အချက်အလက်များအရ ဦးပိန်တံတားက သက်တမ်းနှစ် ၁၅ဝ ကျော်ရှိပြီလို့လည်းသိရပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ မြန်မာသက္ကရာဇ်၁၂၁၁ နှစ် (ခရစ်သက္ကရာဇ် ၁၈၅၁ ခုနှစ်)ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန်ဘိုင်ဆပ်ရဲ့ မြို့စာရေးဦးပိန် တည်ဆောက်ခဲ့တာကြောင့်ဦးပိန်တံတားလို့ အမည်တွင်ခဲ့ပါတယ်။ ယခင်ကတော့ တောင်သမန်အင်းကိုဖြတ်ပြီးဆောက်ထားတဲ့အတွက် တောင်သမန်တံတားလို့ အမည်ပေးခဲ့ပါတယ်။ တံတားတည်ဆောက်ခဲ့သူဦးပိန်က တောင်သမန် ၁၂ ရပ်မှလူများ မိုးတွင်းကာလမှာ သွားလာရလွယ်ကူစေရန်ရည်ရွယ်ပြီးတော့ စစ်ကိုင်း၊အင်းဝနန်းတော်၊ အိမ်တော်များမှ သစ်သားဟောင်းများကို ဘုရင်ထံလျောက်ထားတောင်းယူရသမျှ သစ်သားများနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဦးပိန်တံတားကို တည်ဆောက်ရာမှာ ၂ နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ဦးပိန်တံတားကို မြန်မာအင်ဂျင်နီယာများက ကေးအချိန်မှန်မပါဘဲ။ ခြေလှမ်းအတိုင်းတာနဲ့သာတည်ဆောက်ခဲ့တဲ့မြန်မာ့မူစစ်စစ် တံတားလည်းဖြစ်ပါတယ်။ ရှေးမှတ်တမ်းများအရတော့ ဦးပိန်တံတားမှာ […]


အာဂJuly 25, 20131min39324
ကျွန်တော် အိမ်မပြန်ချင်ဘူး အဖေ x အမေ x ကျွန်တော် x ညီမလေး x အစ်မ x ကိုယ့်အတ္တနဲ့ ကို်ယ် ကြက်ခြေခတ် မိသားစု တေးသွားက အသံကြောင်တယ် ဂီတာ တစ်လက်က မိသားစု ဆိုရင် ဘယ်တော့မှ ကြိုးမညီတဲ့ အိမ် တစ်ယောက်တစ်သံနဲ့ ဘဝ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း သံစဉ် တစ်ခု ဖြစ်မလာဘူး…။ ကျွန်တော်လိုချင်တာက ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်။ ဒါ…. မိသားစုပဲ။ Draft လုပ်ထားတာကြပြီ..။ မနေ့ကတင်လိုက်တာ ပေါ်မလာလို့ ပြန်တင်မိပါတယ်ခင်ဗျာ.။


အာဂJuly 17, 20131min892
အဖေ x အမေ x ကျွန်တော် x ညီမလေး x အစ်မ x ကိုယ့်အတ္တနဲ့ ကို်ယ် ကြက်ခြေခတ် မိသားစု တေးသွားက အသံကြောင်တယ် ဂီတာ တစ်လက်က မိသားစု ဆိုရင် ဘယ်တော့မှ ကြိုးမညီတဲ့ အိမ် တစ်ယောက်တစ်သံနဲ့ ဘဝ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း သံစဉ် တစ်ခု ဖြစ်မလာဘူး…။ ကျွန်တော်လိုချင်တာက ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်။ ဒါ…. မိသားစုပဲ။


အာဂJuly 17, 20131min1213
ရှင်သန်နေရတာကို က သေနေတာပဲ….. လောက အမှားတွေက မှန်နေတယ်။ အတုတွေက စစ်နေသရောင် နောက်ခံတေးဂီတနဲ့ ငါ့တို့ ဇာတ်လမ်းအမှားတွေ ရိုက်ခဲ့သူတွေပဲ..။ ခေတ်ရဲ့ ခွဲစိတ်တွေထဲ လက်တွေ့ဘဝ ပန်းချီမှာ အပြုံးတု စေတနာတု ဂရုဏာတု အချစ်တု တွေနဲ့ ငါ့တို့ ……… ရေးဆွဲလို့ကောင်းနေကြဆဲ…။ ၂၁ ရာစု…. ဘဝ….။


အာဂJuly 15, 20131min1196
မြန်မာပြည်ဟာလူသားတစ်ဦး ဆိုပါစို့ သူ့မျာ သွေးထွက်သံယို ဒဏ်ရာတွေများ ခဲ့တယ်။ အနော်ရထာ ကအစ သီပေါအထိ မြေရှင်ပဒေသရာဇ် နွံထဲ သက္ကရာဇ်များစွာတိုင်… ဘုံဘေ ဘားမားက စတယ်ပြောပြော ကျွန်သက်တမ်းက နှစ် ၁၀၀ ရွှေအတု ကိုပေးတဲ့ ဂျပန်ကြီးရဲ့ ခြေတော်တင်ခံရတာက ၅ နှစ်။ ကိုအောင်ဆန်းရဲ့ ဈာပန အပြီး တို့လူမျိုးလို ပိုးတွေ ကိုယ့်အသားကိုယ်စားခဲ့ကြ ပြည်တွင်းစစ် ဆိုရှယ်လစ်လမ်းစဉ်ပါတီ တော်လှန်ရေးကောင်စီ အခု…လူသတ် နအဖ ကောင်စီ ဦးသန့်၊ ဩဂုတ် ၈ ၊ စက်တင်ဘာ ၁၉ ၊ စသဖြင့် ခေါင်းစဉ်တွေအောက် သွေးစွန်းကွက်များနဲ့ မြန်မာပြည် နာဂစ်ဆိုတဲ့ မြွေပါးပြင်းထောင်လို့ မွေပြန်ရော့ မြန်မာဆိုတဲ့ လူလည်း အောက်ပိုင်းသေပြန်ရော..။ မြန်မာ့မြေပုံလို့ မြန်မာပြည်ဟာ […]


အာဂJuly 11, 20131min25618
ကကြီး ခခွေး ပြန်ရေးချင်တယ်။ ကလေး ဘဝဆိုတာ အဖြူရောင် ပန်းတောထဲ လျှောက်ရတဲ့ ခြေဖဝါး နုနုလိုပဲ ဖြူစင်နုညံ့လှတယ်။ လိုချင်တာမရရင် ဖြူစင်စွာ ငိုမယ်။ နို့ချိုဖြူတွေ စို့လို့ လွတ်လပ်စွာ ရယ်နိုင်တယ်။ အနာဂတ်အတွက် မရိုးဖြောင်တဲ့ ဇာတ်ညွှန်းတွေ မရေးဘူး..။ အတိတ်ကို ဝါပြီးသား ပီကယ်လို ထွေးထုတ်နိုင်တယ်။ လိုချင်တာကို စိတ်ကောက်လို့ ပစ္စုပ္ပန်ကို အရုပ် လိုကစားနိုင်တဲ့….. ဟန်ဆောင်ကင်းကင်း ပျော်စရာခရီး… မို့… အချိန်တွေ ပြောင်းပြန်စီးတဲ့ မြစ်ထဲ ပြန်ခုန်ချခွင့်ပြုပါ……။ ကြီးရင့်လာလေလေ စိတ်အပင်က သောကတွေ သီးပွင့်လာလေလေမို့ ပြန်ငယ်ပါရစေ…ကလေးသဖွယ်..။


အာဂJuly 10, 20131min1908
ဟိုး ကမ္ဘာဦးကတည်းက သစ်ရွက်တွေ အသံမထွက်ဘဲ ကြွေကြတာပါကွယ် လူ့ယဉ်ကျေးမှုစတည် စ ကတည်းက ပါးနီလှလှလေးတွေဟာ ပန်းဖြစ်နေတယ်။ ဒါပေမဲ့ ကို်ယ့်လို ခိုးဝှက်၊ စိတ်အံဆွဲထဲပျိုးကြဲသူအတွက် ကိုယ့်နှလုံးသားကြွေသံ အမြန်နှုန်းဟာ လူမသိ သူမသိတောက်လောင်လွန်းလှတယ်။ ချမ်းတတ်ရင်ဆောင်းကို မထိနှင့် အို……နေရယ် ကမ္ဘာကြီးတိမ်းစောင်းသွားရလောက်အောင်တော့ ဘယ်သူမှ….မဆော့ခဲ့ပါဘူး…။ လှမ်းခူရင် ဆူးမယ်မှန်းသိပေမယ့် ကိုယ့်လက်တွေက သွေးထွက်ရဲချင်နေတယ်။ သေချာတာက…. ကိုယ့် လက်ဆော့ခဲ့တာမဟုတ် နှလုံးသား ဆော့ကစားခြင်းသာ။ အတန်းလိုက် စိုက်ထားတဲ့ မင်းရယ်သံ အုပ်အုပ်ကလေးဟာလည်း သောကတွေအရိပ်ထိုးလို့ ရိုးတံကျဲရဦးမှာပါ….။ မြစ်ထဲရေမရှိမှ ဒုက္ခတွေရွက်လွှင့်ခြင်းကင်းမှာ စမ်းချောင်းပေါ်ကြွေရုံနဲ့… ပန်းတွေ ပင်လယ်ထိမရောက်ဘူး…။ ကိုယ့်ရင်ထဲ… သောကငွေ့ငွေ့နှင့် စိုးရိမ်ခြင်းသတင်းစာ မင်းနာမည် အကြောင်း အထပ်ထပ်ဖတ်ရတာ မောလျတယ်…။ မင်းနဲ့ ပတ်သက်သမျှ ရဲရဲကြီး ခပ်ထုတ်နိုင်မှ ကိုယ့်ရဲ့ […]


အာဂJune 27, 20131min22911
မကြီးစန်းရဲ့ မိတ်ကပ်လက်ဦးဆရာက မိတ်ကပ်ဆန်နီနော် ၊ သူနဲ့တွေဆုံဖြစ်သွားပုံလေးကရော….။ ဆရာမိတ်ကပ်ဆန်နီက မကြီးစန်းဆီကို ဆံပင်လာလာညှပ်တယ်။ သူက တော်ရုံတန်ရုံဆိုရင် သူ့ခေါင်းကို ဘယ်သူမှ ပေးမကိုင်ဘူး။ မကြီးစန်း ဆံပင်ညှပ်တော်တယ်ဆိုတာသိလို့ သူက လာစမ်းညှပ်တာ။ အဲဒီမှာ သူက သဘောကျပြီး ငါ့ဆံပင်ကို နောက်နင်ပဲညှပ်ဆိုပြီး ဖြစ်သွားတယ်။ မာမဆန်က ဆံပင်အားနည်းတယ်လေ။ အဲဒီလို ညှပ်ပေးရင်းနဲ့ သူက မကြီးစန်းကို နင်အားလို့ရှိရင် င့ါဆိုင်လာလည်လေလို့ ခေါ်တယ်လေ။ သူက အဲဒီအချိန်မှာ မို့မို့မြင့်အောင်ကိုလိမ်းတဲ့ မိတ်ကပ်ဆန်နီဆိုပြီး နာမည်ကြီးနေပြီလေ။ ကိုယ်ကလည်း နာမည်ကြီးမင်းသမီးရဲ့ မိတ်ကပ်ဆရာဆိုတော့လည်း သူ့ကိုလေးစားအားကျတယ်လေ။ အဲဒီအခါကျတော့ မကြီးစန်းက ကိုတူးရဲ့တပည့် ဖြစ်နေတဲ့အခါကျတော့ သူ့တပည့်တစ်ယောက်ရဲ့ သံယောဇဉ်နဲ့ ကိုယ့်အပေါ်ကို သူကနွေးနွေးထွေးထွေး ဆက်ဆံ ခဲ့ပါတယ်။ အဲဒီတုန်းက မကြီးစန်းဆိုင်ပိတ်ပြီဆိုရင် အိမ်မပြန်သေးဘဲ မာမီဆန်ဆီဝင်ပြီး […]


အာဂJune 25, 20131min32916
ဒါဆိုအဲဒီတုန်းက အခက်အခဲပေါ့။ ခုနကလို ချောက်တွန်းတာမျိုးကို ဘယ်လိုစိတ်ထားပြီး ကျော်ဖြတ်ခဲ့လဲ။ အမှန်တော့ ငယ်ငယ်ကတည်းက တစ်သမတ်တည်းထားခဲ့စိတ်က အခုထက်ထိလည်း ဒီစိတ်ပါပဲ။ အခက်အခဲပဲဖြစ်ဖြစ် ၊ ကိုယ့်ကို ရန်လိုတာဘဲဖြစ်ဖြစ် ၊ အဆင်မပြေတာပဲဖြစ်ဖြစ် ၊ ကိုယ်မဖြစ်ရသေးတဲ့ အရာပဲ ဖြစ်ဖြစ် သည်းခံစိတ်နဲ့ ဇွဲနဲ့ ကျော်ဖြတ်ခဲ့တာပါပဲ။ အဲဒီအချိန်တုန်းကလည်း တတ်နိုင်သလောက် သည်းခံခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သည်းခံတယ်ဆိုတာ ကောင်းပါတယ်။ မုန်းတဲ့လူလည်း တစ်ချိန်ကျရင် ချစ်လာနိုင်တာပဲလေ။ ရန်ကို ရန်ခြင်းမတုံ့ပြန်ဘဲနဲ့ မေတ္တာပဲထားခဲ့တယ်။ နောက် ကိုယ့်ရဲ့ အနှိမ်ခံနေရတဲ့ဘဝကနေ အနှိမ်မခံရအောင် ငါဘယ်လို ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်ရယ် ဒီသည်းခံတဲ့စိတ်ဓါတ်ရယ်နဲ့ပဲ အရာအားလုံးကို အောင်မြင်ခဲ့တယ်။ မကြီးစန်း အဲဒီကိုတူးဆိုင်က ထွက်ဖြစ်သွားတဲ့ အကြောင်းလေးကရော… .။ ထွက်ဖြစ်တာက ဒီလိုပါ။ ယနေ့အထိ မကြီးစန်းရဲ့ […]


အာဂJune 24, 20131min38329
လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက် မဂ္ဂဇင်းတစ်ခုမှာပန်းပွင့်များပြောတဲ့ အတိတ်ရနံ့များအကြောင်း ခေါင်းစဉ်နဲ့ ရေးခဲ့တဲ့ အင်တာဗျူးလေးပါ။ အခြောက်အားပေးတာရယ်၊ဘာရယ်လို့တော့ မဟုတ်ပါဘူး။ လူသားဆန်တဲ့ လူသားတစ်ယောက်ရဲ့ ဘဝနဲ့အတိတ်လေးတွေကို တူးဆွကြည့်မိယုံလေးဖြစ်ပါတယ်။ စာဖတ်သူများ လက်မခံဘူးဆိုရင် ဆက်မတင်တော့ဘူးလို့ ကြိုတင်မေတ္တာရပ်ခံချင်ပါတယ်။ အာဂ။ မိတ်ကပ်ခင်စန်းဝင်းရဲ့ ကိုယ်ရေးအကျဉ်း။ မကြီးစန်းကို ၁၉၆၅ ခုနှစ် ၊ ဇွန်လ (၈)ရက်နေ့မှာ မွေးပါတယ် ၊ ဇာတိကတော့ ရန်ကုန်မှာပဲ ၊ ဒဂုံမြို့နယ် မှာပေါ့။ မကြီးစန်းအဘိုးက ကျောင်းအုပ်ကြီးဆိုတော့ ဒဂုံအ.ထ.က (၂) ကျောင်းဝန်းထံမှာပဲ ငယ်ငယ်ကတည်းက နေထိုင်ခဲ့ပါတယ်။ မွေးချင်းမောင်နှမ (၄)ယောက်ရှိပါတယ်။ မကြီးစန်းကတော့ (၄)ယောက်မြောက်ပါ။ ၁၉၈၃ ခုနှစ်မှာ (၁၀)တန်းဖြေတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ (၁၀)တန်းကျတဲ့အတွက် နောက်နှစ်မှာ ဆက်မဖြေဘဲ ဒီမိတ်ကပ် လောကထဲ […]


အာဂJune 20, 20131min1013
သစ်ပင်တစ်ပင်အတွက် အသီးမသီးတာ ဘဝ ဆိုးခဲ့ပါသလား…။ ပန်းတစ်ပွင့် မှာ ရနံ့မရှိရင် သိမ်ငယ် နေခဲ့မလား။ ကြယ်မရှိတဲ့ ညဟာ သာယာပါ့မလား။ ချစ်သူမရှိတဲ့လူဟာ ဆိုပြေပါ့မလား။ လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။ အမေမရှိတဲ့ ခလေး နို့ဝပါ့မလား။ မိတ်ဆွေ ငွေ မရှိတဲ့ ဘဝဆိုတာ လူသားတစ်ယောက်အတွက် အကြိမ်ကြိမ် သေဆုံးပြီးသားသစ်ပင်လို အကြိမ်ကြိမ် သီးပွင့်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့ ဘဝ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။


အာဂJune 19, 20131min18714
‘သေရင်ပြီးပြီ ‘ ဒီစကားဘယ်သူပြောခဲ့သလဲ နပိုလီယံလို လူပိန်လူညှက်ကလေးက ကမ္ဘာကိုအရက် နဲ့ တစ်ဝှက်စိမ်သောက်ခဲ့သေးတာပဲ..။ ဟစ်တလာ လို ကောင်ငယ်ကလေးကရော သူ့ ဘဝ အတွက် ဂျူးတွေကို သတ်ခဲ့သလား။ သူတို့ နာမည်အတွက် သူတို့သမိုင်းကို သူတို့ရေးခဲ့သလား.။ ဗိုလ်ချုပ်ကတော့ အများဘဝ အတွက် သူ့သမိုင်းကိုသွေးစွန်းတဲ့ စာရွက်နဲ့ ရေးခဲ့တယ်။ ယနေ့ဘဝ ဆိုတာ နောင်သမိုင်းပါပဲ..။ သေချာတာကတော့ မိသားစု သမိုင်းလှဖို့ကျွန်တော့် ဘဝ ယခုထိ မစတေးခဲ့ဘူးသေး….။ ကျွန်တော်က ဘဝမှာ အမှားခပ်များများကလွဲလို့ ဘာဆို ဘာမှမပိုင်ခဲ့တဲ့ကောင်။


အာဂJune 17, 20131min915
ဘဝဆိုတာ စိတ်ကူးနဲ့ရေးလို့မရတဲ့ ပန်းချီကားတစ်ချပ်လိုပဲ….။ ကံဆရာ ဇာတ်ညွှန်းမှာ ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာအောက် အသက်ဝင်အောင် သရုပ်ဆောင်ရမယ့် …မင်းသား။ ငိုခန်းတွေ ပါမယ် ရယ်ခန်းတွေ ပါမယ် ချမ်းသာမှု၊ ပြည်စုံမှုတွေပါမယ်။ ဆင်းရဲမှု၊ လိုအပ်မှုတွေပါမယ်။ အခုသေချာတာက ဘဝဆိုတာ ငယ်ငယ်ကလို ကျောက်သင်ပုန်းပေါ်မှာ ဆရာမ ချရေးပြသလို ဘကုန်းနဲ့ ဝ ဟာ သိပ်မရိုးရှင်းတော့တာကတော့ သေချာတယ်။ သမိုင်းအဆက်ဆက် ငါ့တို့ ဆိုငြီးတဲ့ တေးသွားက ဘဝ ကလာတယ်။