– – – – ဟော  တော့  .. ဒီတစ်ခါလဲ  လမ်းမှားပြန်ပြီထင်ပါရဲ့တော်… ကျုပ်မှာက ပဲပြုတ်တစ်တောင်းခေါင်းရွက်ပြီး ကိုးကြောင်းကိုးကျင်းလှည့်နေကျဟာကို.. တခြားဘယ်ရွာဖြစ်ဖြစ်  မျက်စေ့မှိတ်သွားတောင် ရောက်တာချည်းပါတော်…. ဟောသည်  မန်းဂဇက်ဆိုတဲ့ရွာကြီးဘက်သွားမိပြီဆိုမှဖြင့် အရင်အိမ်တွေလဲမတွေ့.. အရင်လူတွေလဲမရှိသလောက်.. အရင်လမ်းတွေလဲ မမှတ်မိ.. ပေါ်လာလိုက်  ပျောက်သွားလိုက်နဲ့ … ကြည့်ရတာ  ငယ်ငယ်ကကြားဖူးတဲ့  ကြပ်တွေတည်တဲ့  ကြပ်ရွာကြီးများလားမသိပေါင်တော်.. ဒါဆိုလဲ  ကြပ်ရွာကြီးပဲဆိုဦးတော့  ရွာတစ်ရွာ သူကြီးတစ်ဦးတော့ ရှိရိုးမဟုတ်လား.. အဲ့ သူကြီးကိုက  ပေါ်လိုက်ပျောက်လိုက်ဆိုတော့  ကြပ်သူကြီးပဲဖြစ်မယ်ထင်ရဲ့.. အဲဒါ ဘာဖြစ်ဖြစ်ပါတော်.. ဒီရွာဘက်ရောက်မှတော့  ကျုပ်ဘဝါဘဝက ပြုပြုသမျှ ကုသလတွေကို မိတ်ဆွေရွာသား  ကြပ်အများကို အမျှ .. အမျှ .. အမျှရစေ   မေတ္တာဝေပါရဲ့ .. ကျန်းမာ ချမ်းသာ လန်းဖြာကြပါစေ… […]


        ရေလေးတခွက်သောက်လိုက်ရမှ  ရင်ထဲကိုအေးပြီး အမောပြေသွားတာပါပဲတော်… ကျုပ်လဲ ရွာတကာလှည့် ပဲပြုတ်ရောင်းပြီးလို့ လမ်းကြုံရင်  ဒီရွာလေးမှာ ဝင်ဝင်နားမိနေတာ… တော်တို့ရွာကလဲ အေးအေးချမ်းချမ်းနဲ့ ပျော်စရာကောင်းတာကိုး… ပြီးတော့ ဆိုင်းသံဗုံသံတခြိမ့်ခြိမ့်နဲ့  အလှူအတန်းများလဲ  ပေါပါဘိနဲ့…. တနေ့ကတောင်  လော်သံကြီးကြားလိုက်မိသေး…. သာဓုပါတော်…. သမ္မာဇီဝ ၊  လာဘမမျှော်၊ ချိန်တော်သင့်မြတ်၊ ပေးအပ်ကောင်းစွာ၊ လွတ်လွတ်ခွာ ….တဲ့ ဘုန်းကြီးရွှေဘ ဟောထားတာပဲ…။ အော်.. ဘုန်းကြီးရွှေဘဆိုတာ  တောင်ဘက်ရွာက ဦးစန္ဒိမာလေ…။ ကျုပ်တို့ကတော့ တောသဘာဝ နှုတ်ကျိုးနေလို့ ဒီလိုပဲ ခေါ်ခေါ်နေမိတယ်…။ သမ္မာအာဇီဝနဲ့လဲ ရှာဖွေထားတဲ့ လှူဖွယ်ဖြစ်ရမယ်.. အလှူကိုအကြောင်းပြုပြီး အခြားအကျိုးစီးပွားကို မမျှော်လင့်တဲ့ အလှူမျိုးလဲဖြစ်ရမယ်.. လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့အရာကို ပေးလှူတဲ့ အသုံးဝင်အကျိုးရှိတဲ့အလှူမျိုးလဲ ဖြစ်ရမယ်.. အလှူအပေါ်ရော၊ အလှူပစ္စည်းအပေါ်ရော၊ […]


        နေကောင်းရဲ့လား…..တော့ အဲ..  အဲ..   တော်ကြီး အရမ်းကို နေကောင်းနေမှန်း  သိပါသတော်.. ခြေလက်တွေကွေးပြီး  မျက်ဖြူလန်နေလို့  မေးတာမဟုတ်ပါဘူး… ဒီစကားက  ကျုပ်တို့လူမျိုးတွေ အချင်းချင်းတွေ့ရင်  နှုတ်ဆက်ကြတဲ့စကားပါ.. ဒါကိုတောင် ဖေါဒိန်းနေတွေ၊ ဖေါဒိန်းပြန်တွေက  အထင်သေးအမြင်သေးနဲ့  အပြစ်တင်ချင်ကြသေးတာ… ဒီလူမျိုးတွေက..တဲ့  ..၊ စပ်စပ်စုစုနိုင်တယ်..တဲ့  ..၊ သူများကိုယ်ရေးကို်ယ်တာကို စွက်ဖက်ချင်တယ်..တဲ့  ..၊ တယောက်ကိုတယောက်နှုတ်ဆက်တာတောင် နေကောင်းရဲ့လား  တို့  ထမင်းစားပြီးပြီလားတို့  နဲ့နှုတ်ဆက်တာတဲ့…။ ကျုပ်က  ရင်ထဲ အောင့်တောင့်တောင့်ဖြစ်ပေမယ့်  မနိုင်တဲ့သူတွေကိုတော့  ပြန်မငြင်းပါဘူးတော်.. တလောက  မဗိုက်ကြီးသား  မလေးရှားနိုင်ငံကြီးမှာ  ရှိုးဂျော့ ဆိုတဲ့ရာထူးကြီးနဲ့ အလုပ်သွားလုပ်ပြီး ရွာခဏပြန်လာတော့တောင် ထရေဝိုင်းမှာ ပဲကြီးလှော်ဒကာခံရင်း အဲသလိုပြောတော့ ကျုပ်လဲ နားစွန်နားဖျားကြားတာနဲ့  ပြန်ပြောထည့်ပစ်တယ်…။ “ ဟဲ့ကြွက်နီရဲ့… […]