ဟိုရောက်ဒီရောက် ဒီဇင်ဘာ ဒီဇင်ဘာ … မင်းရဲ့ ရင်ခွင်မှာ ခိုဝင်လာသူတွေကို အေးမြ ကြည်နူးမှုတွေ ပေးတတ်တယ် …..။ ဒီဇင်ဘာ … မင်းရဲ့ ရင်ခွင်မှာ နှင်းငွေ့ဖြူဖြူလေးတွေလည်း ရှိနေတယ် … လူကို အေးမြစေတဲ့ လေနုအေးလေးတွေလည်း ရှိတယ် … နောက်တော့ မေးရပါဦးမယ် .. မင်း .. အဲဒီ အအေးဓါတ်ကို ဘယ်က ယူဆောင်ခဲ့တာလဲ ???? ဒီဇင်ဘာ … မင်းရဲ့ ရင်ခွင်မှာ နှစ်သက်ကြည်နှုးမှုနဲ့ ခိုဝင်နေသူတွေ ရှိတယ် .. ငါ … ထင်တယ် .. မနှစ်သက်တဲ့ လူတွေလည်း ရှိကောင်း ရှိလိမ့်မယ် …..။ ဒီဇင်ဘာ … မင်းရဲ့ ရင်ခွင်မှာ […]


+++++++++++++++++++++++++++ “Hack” … “ဟက်” .. တယ် ဆိုတဲ့ စကားကို ကြားလိုက်တာနဲ့ ကျနော်တို့တတွေဟာ မကောင်းတဲ့ဘက်ကို ပြေးမြင်မိကြမှာပါ။ အမှန်အားဖြင့် “ဟက်” ဆိုတဲ့ နေရာမှာ ကောင်းတာရော၊ မကောင်းတာပါ ဒွန်တွဲပြီး ရှိနေပါတယ်။ လောကကြီးရဲ့ ဒွန်တွဲခြင်း သဘောတရား အတိုင်းပေါ့ ခင်ဗျာ။ “Black Hacker” , “White Hacker” ဆိုပြီး ရှိပါတယ်။ ဘလက်ဟက်ကာ ကတော့ ဝက်ဘ်ဆိုက်တွေ၊ ပက်စ်ဝှက်တွေ ဘာညာသာရကာတွေကို လိုက်ဟက်ပြီး ဖျက်ဆီးတာ၊ ကိုယ်ကျိုးအတွက် အသုံးပြုတာပေါ့ဗျာ။ ဝှိုက်ဟက်ကာ ကတော့ အွန်လိုင်း၊ ကွန်ပျူတာ တွေဆီကို ဗိုင်းရပ်စ်တွေ မဝင်နိုင်အောင် ကာကွယ်ပေးပြီး အကျိုးပြုပေးတာပေါ့ဗျာ။ ဒါနဲ့ စကားစပ်တုန်း ထပ်ပြောရရင် အချို့သော ဟက်ကာတွေဟာ […]


++++++++++++++++++++++++++ “ခွပ်” ခနဲ …. လွတ်ကျ ကွဲအက်သံကို ကြားလိုက်ရတဲ့အခိုက်မှာ နှလုံးသားထဲမှာ အောင့်သက်သက် ဝေဒနာတစ်ခုဟာ မခံမရပ်နိုင်အောင်ပဲ ထိုးဆွလာခဲ့တယ် ………။ အမှတ်တမဲ့ ကောင်းကင်ဆီ မော့ကြည့်မိခိုက်မှာ ထိန်ထိန်သာနေတဲ့ လတစ်စင်းဟာ တိမ်ညို၊ တိမ်မည်းတွေနောက် ပျောက်ရှသွားခဲ့တယ် ……….။ အဝေးဆုံးထိ ငေးကြည့်မိပေမယ့် ပုံရိပ်များကတော့ဖြင့် ဝိုးတဝါး … အရင်နဲ့ (လုံးဝ) မတူတဲ့ ပူနွေးမှုတစ်ခုကတော့ဖြင့် ငါ့ရဲ့ ပါးပြင်တွေထက် ခုန်ပေါက် ဆော့ကစားလျက် ………။ ဟန်ဆောင်မှုတစ်ခုကို သံယောင်ပြုမိခဲ့တာလား ??? ရိုးရိုးလေး အဆုံးသတ်သွားတဲ့ နှုတ်ခမ်းမဲ့မဲ့ တစ်စုံဆီက ပုံပြင်တစ်ပုဒ်ကို ခုံမင်စွာ နားဆင်ခဲ့မိတာလား ??? မဝေခွဲတတ်တော့ ……။ နှေးကွေးမှု၊ လေးလံမှု ဒီချိုင်းထောက်နှစ်ခုကို အားပြုလို့ လျှောက်လှမ်းလာခဲ့တဲ့ အိမ်အပြန် […]


          မန်းဂေဇက်မှ ရွာသူရွာသား အပေါင်းတို့ရေ … ပြောရမှာ စိတ်တော့ မကောင်းလှပါဘူး။ ဒါပေမယ့်လို့လည်း မပြောလည်း မပြီးမယ့် အတူတူ ပြောရပါတော့မယ်။ ဒီလိုပါ .. ခင်ဗျားတို့ သိတဲ့ “အံစာတုံး” ဆိုတဲ့ ကျွန်တော့်ရဲ့ အချစ်ဆုံး ဘော်ဒါတစ်ယောက် မနေ့ညက ယင်တိုက်မှုဖြစ်ပြီး ဂန့်သွားပါတယ်။ (ဂန့် = ကြွ = သေ) ။ ဂန့်တယ်လို့ သုံးရတာလည်း စိတ်တော့ မရှိပါနဲ့ဗျာ။ ကျွန်တော် သုံးတတ်သလို သုံးလိုက်ရတာမို့ပါ။ သူ မဂန့်ခင်မှာ ဒီမန်းဂေဇက် (https://myanmargazette.net/) က သူ့ရဲ့ Username နဲ့ Password ကို ကျွန်တော့်ကို ပြောသွားခဲ့ပါတယ်။ ဒါကြောင့်လည်း […]


ကျေးဇူးတင်လွှာ ။     ။ ကျနော် ရေးသားတဲ့ “တောင်ပေါ်က တယောသံ” ဝတ္ထုဆန်ဆန် ဇာတ်လမ်းပို့စ်များတွင် လာရောက်ကာ အားပေးသွားကြပါကုန်သော “ကြည်ဆောင်း၊ Mon Kit ၊ Candle. ၊ ရောင်းရင်းကြီး၊ မခိုင်ဇာ၊ မောင်ဗိုက်၊ မရွှေအိ၊ ဦးကြီးမိုက်၊ ဖေပေါက်ကြီး၊ အန်တီအိ၊ ကိုရွာစား၊ အန်တီမမ၊ မမွန်မွန်၊ ဂျီးဒေါ်ပုချ်၊ ကိုလင်းဆက်၊ အရီးလတ်၊ Guest ၊ ရွှေအိမ်စည်၊ မနိုဗွီ၊ ဦးဆာမိ၊ ရာဇဝင်လူဆိုး၊ ဦးကြောင်ကြီး၊ ဦးမာဃ၊ ဂျူးဂျူးမ၊ အန်တီဝေ” တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ မှတ်ချက် (comment) မရေးသွားကြပါသော်လည်း တိတ်တိတ်ကလေး ဖတ်ရှုကာ ထွက်သူများကိုလည်း ကျေးဇူး တင်ရှိပါကြောင်း။ ပန်ကြားလွှာ ။     ။ “တောင်ပေါ်က […]


++++++++++++++++++++++++ မန်းဂဇက်၏ လက်ရှိ အက်ဒမင် ဖြစ်သူ အများသိကြသည့် ရွာသဂျီး ဥခိုင်မှ အောက်ပါ စည်းကမ်းချက် များအား ၎င်းပိုင်ဆိုင်သည်ဟု ယူဆရသော (အမှန်ဂ .. ဓါးပြတိုက်ပြီး လုယူထားဒါ) ရွာကြီးအတွင်း ရွာသူားများ လိုက်နာရန် ပြဋ္ဌာန်းတော့မည် ဖြစ်လေသည် ….။ အဆိုပါ စည်းကမ်းချက်များကို ၎င်းအနေဖြင့် တိတ်တိတ်ပုန်း ကြံစည် ရေးဆွဲနေခြင်း ဖြစ်ပေသည်။ သို့ရာတွင် ယင်း အခြင်းအရာကို ရိပ်မိနေသည့် ကျွန်ုပ်မှ မနေ့ညက သွားရောက် ခိုးယူ (အမှန်က … သမီးကို သွားခိုးတာပဲ။ သမီး ခိုးမရသေးတာနဲ့ ရရာ ခိုးလာတာ) ခဲ့ရာ “သတင်းစကားဟူသည် ဖုံးလေဖိလေ ပို၍ ထွက်တတ်လေ” ဟူသော စကားကဲ့သို့ အဆိုပါ သတင်း […]


အင်တာနက်ပေါ်မှာ ပုံရှာနည်း ဆိုပေမယ့် Google Images မှာ ပုံရှာနည်းပါပဲ။ Google Images က ပုံရှာရတာ တော်တော် အဆင်ပြေ၊ မြန်ဆန်၊ လွယ်ကူပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ Google Images ကို အသုံးပြုပြီး ပုံရှာတတ်တဲ့ ပုံစံလေးကို ပြန်လည် ဝေမျှချင်ပါတယ်။ Google Images မှာ ပုံရှာတဲ့အခါ …. အချိန်အကန့်အသတ် ဆိုက် (size) အရွယ်အစား ကာလာ အသွင်သဏ္ဍာန် ပုံတူရှာ …. စတာတွေထဲကမှ ကိုယ်လိုချင်တာကို ရွေးချယ်ပြီး လွယ်လင့်တကူ ရှာဖွေနိုင်စွမ်းရှိပါတယ်။       ၁။ အချိန်အကန့်အသတ် Google Images မှာ ကိုယ်လိုချင်တဲ့ ပုံတစ်ပုံကို အချိန် သတ်မှတ် […]


တလောက နည်းနည်း ညစ်နေတာနဲ့ ဆက်မရေးဖြစ်ဘူး ဖြစ်သွားတယ်။ ဒီအတွက် ချော်တီးဘာ။ ခုလည်း ရေးထားတာလေး တင်လိုက်ဘာဒယ်။ နည်းသည် များသည် မဟူ အားပေးဒေါ် မူဂျဘာအုံးလို့။ အဟီးးးးး ++++++++++++++++++++++++ တောင်ပေါ်က တယောသံ – ၁ တောင်ပေါ်က တယောသံ – ၂ တောင်ပေါ်က တယောသံ – ၃ ++++++++++++++++++++++++ သူတို့ ချီတက်ကြလေပြီ တစ်နေ့သ၌ ညသန်းခေါင်ယံ အချိန်ခန့်တွင် လူတစ်စုသည် တယောသံ ထွက်ပေါ်လာတတ်သည်ဟု နာမည်ကြီးနေသော ရန်အောင်တောင် ရှိရာဆီသို့ ဦးတည် လျောက်လှမ်းလာကြသည်ကို တွေ့ရလေ၏။ အဆိုပါ လူစုမှာ ငါးယောက်ပါသော လူစု ဖြစ်ကြောင်းကို လမိုက်ည ဖြစ်သော်လည်း ကြယ်ရောင်တို့၏ လင်းအားဖြင့် မြင်တွေ့နေရပေ၏။ ၎င်းတို့သည် […]


နိဒါန်း “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်” ဟု ဆိုပါက ကျွန်ုပ်သည် “မသူတော်” ပင် ဖြစ်ချေတော့မည်။ သို့တစေ ထို “မသူတော်” မည်ခေါ် ကျွန်ုပ်၏ အကြောင်း မစုံမလင်အား ပြသ၊ ရေးရပေဦးတော့မည် ဖြစ်၏။ ထို့အတွက်ကြောင့် တစ်ပါးသူတို့၏ မိမိဂုဏ် မိမိ ဖော်ထုတ်ရေးသားသော အကြောင်းအရာများအား စိတ်ဝင်စားခြင်း၊ မနှစ်သက်ခြင်း စသည့် စိတ်နှလုံး ရှိသူများအတွက် အကျိုးမဲ့ခြင်း မဖြစ်စေရန် ယခု နိဒါန်းအား ရေးသားရခြင်းပင် ဖြစ်ပါပေ၏။ +++++++++++++++++++++++ စာကိုယ် – ၁ ကျွန်ုပ်၏ ဘဝ အခိုက်အတန့်တစ်ခုတွင် လွန်စွာ ကြီးကြီးကျယ်ကျယ်နိုင်လှသော၊ လွန်စွာ ဂွကျလှသော “ပန်းချီဆရာ” ဆိုသူ လူတစ်ဦးနှင့် တွေ့ခဲ့ရဖူးလေသည်။ ထိုသူသည် ပန်းချီ ရေးဆွဲခြင်း အတတ်ပညာ၌ […]


  ++++++++++++++++++++++++++++ တောင်ပေါ်က တယောသံ – ၁ တောင်ပေါ်က တယောသံ – ၂ ++++++++++++++++++++++++++++ သူတောင်းစားတစ်စု ရောက်လာခြင်း တစ်နေ့တစ်၌ ရွက်လှရွာသို့ သွားရာ တောလမ်းကလေးအတိုင်း လူတစ်စုသည် လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် နွမ်းလျနေပြီဖြစ်သော အဖြူရောင် အဝတ်များကို ဝတ်ဆင်ထားပြီး ၎င်းတို့၏ ဦးခေါင်းကိုလည်း အဖြူရောင် အဝတ်များအား ခေါင်းပေါင်းသဖွယ် ပြုလုပ်ကာ ဝတ်ဆင်ထားကြသည်ကို တွေ့ရလေ၏။ ၎င်းတို့ထဲမှ အချို့သည် အိတ်ကြီးနှစ်လုံးအား တောင်းသဖွယ်ပြုကာ တံပိုးဖြင့် လျှို၍ ထမ်းထားကြသည်ကို တွေ့ရလေသည်။ ၎င်းလူစုသည် ရန်အောင်တောင်နှင့် ခပ်လှမ်းလှမ်းတွင် ရှိသော လမ်းနံဘေး ဇရပ်လေးသို့ ရောက်သောအခါ ဇရပ်ပေါ်သို့ တက်ရောက်၍ အပန်းဖြေနေကြသည်ကို တွေ့ရလေ၏။ ၎င်းတို့မှာ တောအရပ်ဒေသများတွင် တစ်ရွာဝင် […]


++++++++++++++++++++++++ တောင်ပေါ်က တယောသံ – (တစ်) အား ဖတ်ရှုလိုပါက ကလစ်ပါ ….။ ++++++++++++++++++++++++ ထန်းရည်ဝိုင်း တစ်နေ့သ၌ ရွက်လှရွာလေး၏ အနောက်ဖက်ရှိ ကိုကြက်ကြီး ပိုင်ဆိုင်သော ထန်းတောအတွင်း လူရွယ်တစ်စုသည် ဝိုင်းဖွဲ့ပြီး ထန်းရည်သောက်လျှက် ရှိသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် လူပျို ကာလသားများ ဖြစ်ကြသည့် အားလျော်စွာ မည်သည့် မိန်းကလေး လှကြောင်းပကြောင်း၊ မည်သူနှင့် မည်သူကတော့ဖြင့် သမီးရည်စား ဖြစ်သွားကြပြီဖြစ်ကြောင်း၊ ရွာအတွင်းမှ မည်သည့် အပျိုမလေးကတော့ဖြင့် ချစ်စရာ အလွန်ကောင်းကြောင်း၊ မိမိ ကြိုက်နေမိကြောင်း … စသည့် မိန်းမနှင့် ဆက်စပ်သော စကားများအား ထန်းရည်သောက်ရင်း ပြောဆိုလျက် ရှိကြလေ၏။ အချို့သော လူရွယ်များကမူ ရွာအတွင်းမှ မည်သူ၏ ကြက်ဖကြီးသည် အခွပ် […]


+++++++++++++++++++++++ ထိုတောင် ထိုတောင်သည် အမြင့်အားဖြင့် မနိမ့်လွန်း၊ မမြင့်လွန်းပေ။ ထိုတောင်ပေါ်၌ ထုံးဖြူဖြူ စေတီတစ်ဆူလည်း တည်ထားလေ၏။ သို့ရာတွင် ထိုတောင်ပေါ်သို့ တက်ရောက်၍ ဘုရား ဖူးမြော်သူမှာ နည်းပါး၏။ အဘယ်ကြောင့် ဆိုသော် ထိုတောင် ပတ်လည်တွင် ချုံပုတ်များ၊ ဆူးရှိသည့် အပင်များ များစွာ ပေါက်ရောက်နေသည့် အပြင် လူသွားလမ်း ဟူ၍ ကောင်းစွာ မရှိသောကြောင့်လည်း ဖြစ်ပေသည်။ ထိုတောင်၏ မြောက်အရပ် နှစ်မိုင်ခန့် အကွာတွင်မူ ရွာငယ်တစ်ရွာ ရှိလေသည်။ ထိုရွာငယ်၏ အမည်မှာ ရွက်လှရွာ ဟူ၍ တွင်လေ၏။ ထိုရွာမှ ရွာသူရွာသားများမှ ထိုတောင်အား ရန်အောင်တောင် ဟူ၍ ခေါ်တွင်ကြလေ၏။ ယင်းအမည်တွင်ရခြင်း အကြောင်းမှာလည်း ယခင်က ထိုတောင်ပတ်လည်တွင် တည်ရှိသော မြေပဲ၊ နှမ်းများ […]


                                                  ဟိုအထက်က ဟာဒွေဂဒေါ့ဖြင့် .. ဟိုရောက်ခိုက်မှာ .. ဟိုရိုက်၊ ဒီရိုက် ရိုက်လာတဲ့ ပုံဒွေ ဖစ်ဘာဂျောင်း …..