အသက်ရှူသံတွေကြားမှာ ပေါက်ဖွားလာခဲ့တဲ့ ရင်ခုန်သံတစ်စုံဟာ အဲဒီ အသက်ရှူသံတွေကြားမှာပဲ ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် …. အိပ်မက်တစ်ခုကို မက်လိုက်ရသလိုပါပဲ … နိုးထလာချိန်မှာ ဖမ်းဆုပ်မရတော့ပေမယ့် ဝေဒနာ ဒဏ်ချက်တွေကတော့ ယနေ့အချိန်ထိပဲ ငါ့ နှလုံးသားကို ရိုက်ခတ်ဆဲ …..။ မောင်ရွာ (သူမ မဖတ်ခဲ့သော ကဗျာများ)


ပြီးခဲ့တဲ့ ပို့စ်ဖြစ်တဲ့ “အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၃” မှာ table တစ်ခုကို အကြမ်းဖျင်း တည်ဆောက်ပုံကို ပြောခဲ့ပြီးပါပြီ။ ဒီအခါမှာတော့ အချော တည်ဆောက်ကြည့်ကြရအောင်။ အကျယ်နဲ့ အမြင့် ဇယားကွက် အကြမ်းမှာတော့ အကျယ်အဝန်းလည်း မသတ်မှတ်ခဲ့သလို အမြင့်ကိုလည်း မသတ်မှတ်ခဲ့ပါဘူး။ ဇယားကွက် (table) ရဲ့ အကျယ်နဲ့ အမြင့်ကို သတ်မှတ်ပေးဖို့ ဆိုရင် width နဲ့ height ဆိုတာကို table အဖွင့် tag ထဲမှာ ထည့်သွင်း ရေးသားပေးရပါတယ်။ အဲလို သတ်မှတ်ပေးတဲ့ အခါမှာတော့ ကျနော်က pixel အနေနဲ့ ပြပေးသွားပါမယ်။ pixel ကိုတော့ အတိုအနေနဲ့ […]


“အိတ်ချ် … ထီ … အန်မ် … အယ်လ်” ဆိုတဲ့ ပထမဆုံးပို့စ်မှာ HTML အခြေခံလေးကို ပြောခဲ့ပါတယ်။ ဒုတိယဖြစ်တဲ့ “အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၂” ဆိုတဲ့ ပို့စ်မှာတော့ စာလုံးပုံစံတွေနဲ့ ပုံထည့်သွင်းတာကို ပြောခဲ့ပါတယ်။ အခုပို့စ်မှာတော့ Web Page ပေါ်မှာ ဇယားကွက် (table) တည်ဆောက်တာကို ပြောပေးသွားပါမယ်။ WebPage ပေါ်တွင် ဇယားကွက်(table) တည်ဆောက်ပုံ ကျနော်တို့ Webpage ပေါ်မှာ ဇယားကွက် တစ်ဆောက်ဖို့အတွက်ဆိုရင် <table> </table> ဆိုတဲ့ Tag ကို အသုံးပြုပါတယ်။ ဒါပေမယ့်လို့ ဇယားကွက် ဆောက်တဲ့အခါ အဲဒီ tag […]


အိတ်ချ် … ထီ … အန်မ် … အယ်လ် – ၁ နံပါတ် (၁) ပို့စ်မှာ HTML နဲ့ မိတ်ဆက်ခြင်း၊ အခြေခံ ရေးနည်းကို ပြောခဲ့ပြီးပါပြီ။ အခုပို့မှာတော့ စာလုံးပုံစံ (Font) နဲ့ အရောင်ခြယ်တာ၊ ပုံထည့်တာတွေကို ရေးသားပေးသွားပါမယ်။ စာလုံးပုံစံ ကျနော်တို့ Word သုံးတဲ့အခါ စာလုံးကို ထင်ရှားအေင် အနက်ခြယ်တာ (bold)၊ စာလုံး အစောင်းလေး ထားတာ (italic) နဲ့ အောက်က မျဉ်းတားတာ (underline) တို့ ပြုလုပ်ပါတယ်။ ဒီလိုပဲ Web Page ပေါ်မှာ စာလုံးကို အနက်ခြယ်တာ၊ စာလုံး အစောင်းထားတာ၊ မျဉ်းတားတာတွေကို လုပ်လို့ ရပါတယ်။ စာလုံး […]


  ဒီပို့စ်ဟာ ရွာထဲက သိပြီးသား ရွာသူားတွေအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ ခင်ဗျာ။ မသိသေးသူတွေ၊ စိတ်ဝင်စားသူတွေအတွက် ဗဟုသုတ ရစေခြင်းငှာ ကျနော် သိထားသလောက် ပြန်ရှဲခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော် ရေးသားတဲ့ထဲမှာ အမှားတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ထိုထိုသော အမှားများကို သိထားသူများက ထောက်ပြပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ …. အံစာတုံး HTML (အိတ်ချ်ထီအန်မ်အယ်လ်) မိတ်ဆက် HTML ဆိုတာ Web Pages တွေ ရေးတဲ့အခါမှာ အသုံးပြုတဲ့ Hyper Text Markup Language ပဲ ဖြစ်ပါတယ်။ Programming Language တော့ မဟုတ်ပါဘူး။ သူ့ကို ရေးတဲ့အခါ angle bracket (ထောင့်ကွင်း) ထဲမှာ ထည့်သွင်း […]


  ကျွန်ုပ်သည် မင်းအဖြစ် ဘိသိက် ခံယူပြီး ဖြစ်သော်လည်း မိဖုရားကား မရှိသေးပေ။ ယင်းကြောင့် ကျွန်ုပ်၏ မှူးကြီးမတ်ရာ သေနာပတိများနှင့် တိုင်ပင်၍ ကျွန်ုပ်အတွက် ကြင်ဖော် ကြင်ဖက် မိဖုရားမြတ်ကို ရှာဖွေရလေသည်။ ထို့သို့ ရှာဖွေရာတွင် သူတို့လည်း သူတို့နည်း သူတို့ဟန်နှင့် ရှာဖွေကြရန်၊ ကျွန်ုပ်လည်း ကျွန်ုပ်နည်း ကျွန်ုပ်ဟန်ဖြင့် ရှာဖွေရန် ရည်ရွယ်ထားလေ၏။ သို့ရာတွင်မူ မိဖုရား ဖြစ်မည့်သူ၏ အရည်အချင်းများ ကိုမူကား ဤသို့ဤနှယ် သတ်မှတ်ထားလေသည်။ ရုပ်ရည် မချောလွန်း၊ မဆိုးလွန်းခြင်း (ရုပ်ချောပါက သူများနောက် ထပ်ပြီး ပါသွားနိုင်၍၊ ရုပ်ဆိုးလွန်းပါက တစ်ရေးနိုးသည့်အခါ သရဲဟု ထင်မှတ်၍ လန့်ဖြတ် အသတ်ထွက်သွားနိုင်၍ …) အသက် (ဆံမဖြူ၊ သွားမကျိုး၊ ပါးမတွန့်၊ ခါးမကိုင်းသေးပါက […]


ရွာပြန်တုန်းက တောထဲ ထင်သွားရှာရင်း အပြန်မှာ ထန်းတဲထဲ ဝင်နားရင်းနဲ့ ရွာထဲက မသိသေးတဲ့ ရွာသူားတွေအတွက် ကျုပ်တို့ အညာမှာ ထန်းလျက် ကျိုချက်ပုံကို မြင်ဖူးအောင်လို့ နည်းနည်းပါးပါး ရိုက်လာတာပါ … အော် .. ဒါနဲ့ … ကျုပ်တို့ ရွာမှာ ထန်းရည်ခါး ကို တင်စားခေါ်တာက တစ်မျိုးဗျ။ “ရေအေးအေးလေး တစ်ခွက်လောက်” .. တဲ့။ အဲဒါဆို အထာသိပြီ ထန်းရည်ခါး ကို ပြောတာ။ ကဲဗျာ .. အောက်မှာ ကြည့်ကြပါဗျာ ….။                   နောက်ဆုံး အဆင့်ပြီးတာနဲ့ ထန်းလျက်ခဲတွေကို အခြောက်ခံလိုက်တာပါပဲ ……. […]


ပုရွက်ဆိတ်တွေက ကမ္ဘာကိုကြီးစိုး ပုတ်သင်ညို ဂေါ်ဇီလာလို ဖြစ်တဲ့အခါ မင်း ငါ့ကို မေ့သွားမှာလား … သစ်ပင်တွေ ခြေထောက်ပေါက်လို့ ရောက်တတ်ရာရာ လမ်းသလားနေကြတဲ့အခါ မင်း နှလုံးသားထဲမှာ ငါ တည်မြဲခွင့် ရှိပါ့မလား … နေက အေးပြီး လက ပူ သန်းခေါင်ယံ ဆူညံပြီး နေ့အခါ တိတ်ဆိတ် မျက်လုံးကို စွတ်မှိတ် အိပ်ကြရတဲ့အခါ မင်း ငါ့ကို ပစ်ထားပြီး အခြားတစ်ယောက်နဲ့ ချစ်သွားမှာလား … လူထွင်တဲ့ စက်ရုပ်က လူတွေကို ပြန်တီထွင် ဆေးဝါးဆိုတာ မလိုအပ် တစ်ယောက်သေရင် ဆယ်ယောက် မွေးပေးနိုင်တဲ့ စက်ယန္တရားကြီးတွေ ပေါ်ပေါက်လာခဲ့ရင် တို့နှစ်ယောက်ကြားက သံယောဇဉ် မင်း လွယ်လွယ်နဲ့ ဖြတ်ချင်မှာလား … ကမ္ဘာကြီးက လေ့ထောင့်ကျ […]


ဒီတစ်ခေါက် ရွာပြန်ရောက်တော့ သူငယ်ချင်း တစ်ယောက်နဲ့ သရဲ ဖမ်းဖို့အတွက် ကြိတ်ပြီး စီစဉ် ခဲ့ကြတယ်။ ရွာထဲက သရဲ ခြောက်ခံခဲ့ရဖူးသူတွေရဲ့ ပြောစကားအရဆိုရင်တော့ သရဲ ဆိုတာ နီစုပ်စုပ်ကြီး၊ မဲမဲကြီး၊ မျက်လုံး ပြူးပြူးကြီး၊ ဆံပင် ဖားလျားကြီး၊ မျက်နှာပြောင်ကြီး စသည်ဖြင့် အသွင်သဏ္ဍာန် အမျိုးမျိုး ရှိတယ်လို့ ပြောကြတာပဲ။ ကျုပ် သူငယ်ချင်းရဲ့ ကိုယ်တွေ့အရ ဆိုရင်တော့ သူ့ကို ခြောက်တဲ့သရဲက မျက်လုံးပြူးပြူးနဲ့ အဘွားကြီး။ အဲဒီကောင်က ကြောက်တတ်တဲ့ကောင် မဟုတ်တော့ အေးဆေးပဲ။ သူ့နေရာမှာ ကျုပ်ဆိုရင်တော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ ပြောရတော့မှာပဲ။ သူ ခြောက်ခံခဲ့ရတာက နွားစာအတွက် မြက်ရိတ်သွားရင်း ခြောက်ခံခဲ့ရတာ။ ရွာရဲ့ အနောက်ဘက် အတော်လှမ်းတဲ့ နေရာမှာ အနောက်ကုန်း […]


ကျနော် ငမျောက် ရွာပြန်ရောက်တုန်း ကမျင်းထားတဲ့ ပုံလေးတွေပါ …                               ဘာရယ် ဟုတ်ပါဘူး … ရွာရောက်တုန်း လက်ကမျင်းကြောထခဲ့တာလေးတွေပါ လို့  ……………  


ဒီပို့စ်လေးဟာ ကျွမ်းကျင်သူ၊ သိပြီး တတ်ပြီးသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ပါ။ မသိသေးသူများ သိစေရန်အတွက် တစ်နည်းအားဖြင့် အထောက်အကူ ရစေရန်အတွက် ကျနော် အနေနဲ့ မျှဝေခြင်း ဖြစ်ပါတယ်။ မျှဝေတယ် (share) ဆိုကတည်းက ဆရာကြီး လုပ်တာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။ အချို့သော သူများက ဒီလို နည်းပညာ မျှဝေတာကို ဆရာကြီး လုပ်ချင်တယ်လို့ ထင်တတ်ကြလို့ပါ။     မျှဝေခြင်း တစ်နည်း share ခြင်းကို ဥပမာ အနေနဲ့ အနည်းငယ် ပြောချင်ပါသေးတယ်။ တစ်နေရာမှာပေါ့ လူငါးယောက် စုပြီး စကားပြောနေကြတယ်။ အဲဒီအချိန်မှာ လူတစ်ယောက်က သူတို့ဆီ ပြေးလာပြီး အကိုတို့ရေ ဟိုဘက်ရပ်ကွက်မှာ မီးလောင်နေတယ်ဗျို့ လို့ ပြောပြီး ပြေးထွက်သွားပြန်ပါရော။ စုပြီး […]


လ မသာတဲ့ ညအခါ စီးကရက်ကို ဖွာ အပြီးသတ်ခဲ့တဲ့ဇာတ်ကို ပြန်လည် တွေးတောရင်းနဲ့ ငါ ‘အချစ်ဆိုတာ ဘာလဲ’ လို့ မေးဖြစ်ခဲ့တယ် … ရင်ထဲမှာ တစ်ယောက်တည်း ရှိခဲ့တာပါ ‘အချစ်ဦး’ ပါ လို့လည်း အကြိမ်ကြိမ် အခါခါ ပြောခဲ့ဖူးတယ် … ဟူး းးးးးးးးးးးးးးးး မင်းအတွက် ငါတကယ် ခံစားခဲ့ရဖူးတယ် … ရင်နှင့်အမျှ ချစ်ခဲ့ပါတယ် အသစ်တွေလည်း မနှောင်ဖွဲ့ ဒီကောင်ရဲ့ အချစ်တွေဟာ မင်းအတွက် သီးသန့်ထားခဲ့တာပါ ဒါကို မင်း မမြင်တတ် ဇာတ်လမ်း ဖြတ်ဖို့ပဲ မင်း တတ်ခဲ့တယ် … အော် …. ဘာလိုလိုနဲ့ တစ်နှစ်တောင်ကျော်လွန်ခဲ့ အိုဘယ့် .. အချစ်ဟောင်းလေးရယ် ခုထိလည်း ငါ […]


@http://www.time.com/time/potw __________________________________________________________ @http://photo.net/gallery/ ဘာရယ် ဟုတ်ပါဘူး … ကျနော် ကြိုက်နှစ်သက်တဲ့ ပုံလေးတွေရှိတဲ့ လင့်လေး နှစ်ခုကို နမူနာပုံလေးတွေနဲ့ ညွှန်းလိုက်တာပါ … နှစ်သက် ကြလိမ့်မယ်လို့ ထင်ပါတယ် … ခင်တဲ့ .. အံစာတုံး