ဒီကနေ့ မနက် ကျနော် ကားလက်မှတ် သွားဖြတ်တယ် …. လာမည့် ရ ရက်နေ့ကို ကြိုဖြတ်တာပါ … ထုံးစံအတိုင်း သင်္ကြန်နားနီးတော့ နေရာတွေက အဲဒီနေ့ရော နောက်ရက်တွေပါ ပြည့်နေတာပေါ့ဗျာ … ဒါ တကယ် ပြည့်တာလား၊ သူတို့ ဖန်ထားတဲ့ အကွက်တွေလားတော့ မပြောတတ်ဘူး … ကျနော် ဖြတ်တဲ့နေ့ မရဘူးတဲ့ … ကားဂိတ် နံမည်က ‘နန်းထိုက်တော်ဝင်’ … တကယ်ဆို ကျနော် ဒါတွေကို ကြိုသိလို့ အစောကြီး ပြီးခဲ့တဲ့ လလယ်လောက် ကတည်းက သွားပြီးတော့ အဲဒီ ကားဂိတ်မှာပဲ လက်မှတ် ဖြတ်ဖို့ သွားခဲ့တာပါ … အဲဒီ အချိန်တုန်းက ရ ရက်နေ့ကို ကြို ဖြတ်လို့ […]


ခုဆို သင်္ကြန်ကျဖို့ သိပ်မလိုတော့ပါဘူး။ ဒီသင်္ကြန်မှာလည်း ရွာပြန်ဦးမယ်။ တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ချစ်ရတဲ့ အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့ ခွဲခွာပြီး နေခဲ့ရတော့ လွမ်းတာပေါ့ဗျာ။ မနှစ် သင်္ကြန် ရုံးပိတ်ရက်တုန်းကလည်း ရွာဆီကို ပြန်ခဲ့ပါတယ်။ အဲဒီတုန်းက ကင်မလာလေး တစ်လုံး ပါသွားတာဆိုတော့ မရိုက်တတ်၊ ရိုက်တတ်နဲ့ ဟိုရိုက်ဒီရိုက် လျောက်ရိုက်ခဲ့တယ်။ အဲဒီ ပုံလေးတွေကို ဒီနေရာမှာ ပြန်လည် ဝေမျှချင်ပါတယ် ခင်ဗျာ။                                 “ရွှေကို မလို၊ ရေကိုသာ လိုသည်” ဆိုတဲ့ […]


ကျွန်ုပ် ဂန်ထရီ ဥူးဦးထုပ် သည် မြေသို့ လျှိုး၍ မိုးသို့ ပျံတက်နိုင်သော မန္တာန်ကို ကျွန်ုပ်၏ လေစားရပါသော အဘဆရာ ရသေ့ကြီး ဥူးကွက် ထံမှ တတ်သိခဲ့ရလေ၏။ ထိုဂါထာ မန္တာန်၏ စာသားများမှာ ခက်ခဲခြင်း အလျဉ်းမရှိ။ သို့ရာတွင် မန္တာန်အား အသက်သွင်းရန်မှာမူ လွန်စွာ ခက်ခဲလှသည်ဟု ဆိုရပေမည်။ ဤနေရာတွင် အလျဉ်းသင့်၍ အဆိုပါ ဂါထာမန္တာန်အား ထုတ်ဖော်ပြရပေဦးမည်။ မြေလျှိုးမိုးပျံ ဂါထာမန္တာန် (စာသား) ဥုံ …. အထက်မှာ ကောင်းကင် အောက်မှာ မြေကြီး … ငါကား အလယ်တည်း …. ဥုံ …. မှန်စေ … မှန်စေ … ငါကိုယ်တော် မြေလျှိုး မိုးပျံစေ … […]


လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ခန့်က ကျွန်ုပ်သည် မိုးပေါ်တွင် ပျံနိုင်သည့် ယာဉ် တစ်မျိုးမျိုးအား တီထွင်ရန် ကြံဆခဲ့ဖူးလေသည်။ ထိုအခါ ကျွန်ုပ်၏ ပတ်ဝန်းကျင်မှ လူများက ကျွန်ုပ်အား ဒီကောင် “အရူး” ဟု ဝေဖန်ခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အမြင်၌ တန်ခိုးရှင် များသာလျှင် မိုးပေါ်ပျံနိုင်လိမ့်မည် ဟူသော အယူအဆ လွှမ်းမိုးနေခဲ့သောကြောင့်ပင် ဖြစ်လေသည်။ ယနေ့ခေတ် ကာလအား ကြည့်လိုက်ပါ။ လေယာဉ်ပျံတွေ မိုးပေါ်မှာ ပလူပျံနေသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံကို နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ကူးသန်း သွားလာနိုင်၏။ အာကာသ သို့တိုင် တက်ရောက် နိုင်ခဲ့လေပြီ ဖြစ်သည်။ ကျွန်ုပ်၏ အသက်မှာ နှစ် (၂၀၀၀) ကျော်ခဲ့လေပြီ ဖြစ်၏။ အတိအကျ ရေတွက်ပြရလျှင် […]


အချို့သော စာတို့သည် လွန်စွာ လေးနက်သော အတွေးတို့ ပါရှိနေသည်။ ယင်းကြောင့် အဆိုပါ စာမျိုးအား လေးလေးနက်နက်၊ ထဲထဲဝင်ဝင် ဖတ်မှသာလျှင် ဆိုလိုရင်း အဓိပ္ပါယ်မှာ ပေါ်လွင်တတ်လေသည်။ ထိုနည်းတူ လောက၌ အချို့သော အကြောင်းအရာတို့သည် လေးနက်သော အဓိပ္ပါယ်တို့ဖြင့် ပြည့်နှက်နေလေသည်။ ထို အကြောင်းအရာများမှာ လေးလေးနက်နက်၊ ထဲထဲဝင်ဝင် တွေးတတ် လုပ်ဆောင်တတ်မှသာ ဆိုလိုရင်း အနက်ကို မှန်ကန်စွာ သဘောပေါက်တတ်လေသည်။ သို့တည်းမဟုတ်မူ မှားယွင်းသော အယူအဆတို့ စွဲကပ်သွားတတ်လေ၏။ သူများ ဖိနပ်ကို ကိုင်ဖူးမှသာ ကိုယ့်ဖိနပ်ကို ကိုင်ပေးမယ့်သူ ရှိမယ် ….. တဲ့ ကျီးကန်းက ဗျိုင်းကို မေးတယ် … “မင်း ဘာလို့ ဖြူတာလဲ” …. တဲ့ ဗျိုင်းက ပြန်ဖြေတယ် […]


အချစ်ဆိုတာ လူတကာ ကောက်စားလို့ရတဲ့ သစ်သီးတစ်လုံး ဖြစ်ပေမယ့် အခန့်မသင့်ရင် အဆိပ်မိတတ်တယ် … အချစ်ဆိုတာ နှလုံးသားရဲ့ အာဟာရဖြစ်ပေမယ့် မျှတရုံထက် ပိုရင်လည်း လူကို အရူးတစ်ယောက်လို ဖြစ်စေတယ် … အချစ်ဆိုတာ ကြည်နူး နှစ်သက်စရာဖြစ်ပေမယ့် စိုက်ပျိုးသူကို အပူတွေလည်း ပေးတတ်တယ် … အချစ်ဆိုတာ တံတိုင်းကြီးတွေ ကာဆီးထားလို့ မရပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အခါ ရင်မှာ ဝေဒနာတွေသာ ဖြစ်စေတယ် … အချစ်ဆိုတာ လွှင့်ပစ်ဖို့ ခက်ခဲတဲ့အရာ ဖြစ်ပေမယ့် တယုတယနဲ့ သိမ်းဆည်းပြန်ရင်လည်း အနိုင်ယူတတ်တယ် … အချစ်ဆိုတာ မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့် တစ်ခါတစ်လေမှာ သူ မပါဘဲနဲ့ အသက်ရှင် နေထိုင်သင့်ပါတယ် …. ။   ကျနော် […]


စကားတော့ ‘အ’ နေတဲ့ လူတွေကလွဲပြီး လူတိုင်းနီးပါး ပြောတတ်ကြတာပဲ …။ စကားပြောတာများ အဆန်းလုပ်လို့ …… နော့ … 😀 အခု ကျနော် ဆိုလိုချင်တာ စကားကို ပြောရုံ ပြောတတ်တာကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ကျနော့် ပတ်ဝန်းကျင်က လူအများစု စကားပြောတာကို သတိထားပြီး ကြည့်ကြည့်တဲ့အခါ များသောအားဖြင့် စကားကို ‘လု’ ပြောနေကြတာက များပါတယ်။ တစ်ယောက်က စကားစ မပြတ်သေးဘူး။ နောက်တစ်ယောက် က ‘ဖြတ်’ ပြောပြီ။ ဒီလူမျိုးကို အများနဲ့ စကားပြောတတ်သူလို့ ပြောလို့ မရပါဘူး။ သူက တစ်ယောက်တည်းပဲ စကားပြောတတ်သူလို့ ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။ တစ်ချို့များကျတော့ သူတစ်ယောက်တည်းပဲ ပြောနေတယ်။ အခြားသူတွေကို စကားပြောဖို့ အခွင့်မပေးပါဘူး။ […]


ဒီနေ့ ခပ်ပျင်းပျင်း ရှိတာနဲ့ … ခပ်ပျင်းပျင်း ပုံလေးတွေ တင်ပေးလိုက်ပါတယ် ….. ကျနော်နဲ့ ထပ်တူထပ်မျှ ပျင်းနိုင်ကြပါစေလို့ ………………     ခင်တဲ့ .. အဲ .. ပျင်းတဲ့  … ငပျင်း … အံစာတုံး


ကျနော်တို့ ကွန်မန့်တွေ ပေးကြတဲ့အခါ ပြုံးမဲ့နေတဲ့ ပုံလေးတွေထည့်ဖို့ကတော့ လွယ်ကူပါတယ်။ ကျနော်တို့ တကယ့် ပုံကို ထည့်ချင်တဲ့အခါကျတော့ ထည့်လို့မရပါဘူး။ ထည့်လည်း မထည့်တတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး “သဂျီးကို စိတ်ဆိုးနေသည်” ဆိုတဲ့ ပို့စ်နဲ့ သဂျီးကို အတိအလင်း မေးခဲ့ပါတယ်။ အဲဒီမှာ သဂျီးက အကျိုးသင့် အကြောင့်သင့် ပြောပြသင့်ပေမယ့် မပြောခဲ့ပါဘူး။ အင်တာနက် ဝက်ဘ်ဆိုက်တွေထဲမှာ ပုံထည့်ချင်တဲ့အခါ သူ့ရဲ့ code က <img src=”ပုံရဲ့တည်နေရာ(URL)”> ဖြစ်ပါတယ် …။ အစ ပထမက ကျနော် ဒီ code နဲ့ ကွန်မန့်ထဲမှာ ထည့်ပြီး မန့်ကြည့်ခဲ့တယ်။ သို့ပေသိ ပုံက ပေါ်မလာပါဘူး။ အလျဉ်းသင့်တုန်း ပြောရရင် ကိုယ့်ရဲ့ ကွန်မန့်ထဲမှာ စာလုံးကို […]


ကျနော်တို့ ရွာမှာပေါ့ …။ ဦးထွန်းမြင့် ဆိုတဲ့ လူကြီး တစ်ယောက်ရှိတယ်။ ရွာရဲ့ ညနေခင်း အချိန်တိုင်းမှာ ဦးထွန်းမြင့်တို့ အိမ်ကို လာနေကျ လူတစ်ယောက်လည်း ရှိတယ်။ သူက ဦးနီ …။ ညနေဆိုရင် ဦးနီ က ဦးထွန်းမြင့်ရဲ့ အိမ်ကိုလာပြီး ရေနွေးသောက်ရင်း စကား စမြည် ပြောလေ့ ရှိပါတယ်။ ဦးနီ တစ်ယောက် နေထိုင် မကောင်းဖြစ်တဲ့ အချိန်မှာ ဦးထွန်းမြင့် တစ်ယောက်တည်း ဖြစ်နေပါတယ်။ အင်း .. မောင်နီ တစ်ယောက် နေမကောင်းလို့ များလား မသိပါဘူး … ဆိုပြီး ဦးထွန်းမြင့် မျှော်နေမိတာပေါ့။ အဲလို ဦးနီ နေမကောင်း ဖြစ်ပြီး တစ်ပတ် ကျော်ကျော်လောက် အကြာ တစ်ခုသော […]


သဂျီး ကောင်းဘူးကွာ .. ဒီမှာ သများက တအား သိချင်လို့ မေးတဲ့ဟာကို .. သဂျီးက လျှိုထားတယ် .. ဘာမှလည်း ပြန်ပြောဘူးရယ် .. 🙄 အကျိုးသင့်၊ အကြောင်းသင့်တော့ နည်းနည်းပါးပါး ပြန်ပြောသင့်တာပေါ့လို့ .. သများက ကလိရတာ ဝါသနာပါမှန်း သိရဲ့သားနဲ့ .. သဂျီး လူချိုး .. သွား .. ရေလည်း ချိုးဘူး ….. 😀 ဒါကြောင့် အခု အကုန်လုံးသိအောင် ပေါ်တင် မေးလိုက်တယ်ဂျာ .. ဘာဖစ်လဲ …. 😀 အခုလို မေးတာတောင် သဂျီး မသိချင်ယောင် ဆောင်နေလို့တော့ ………….. 😀     Post : […]


အရင်က ဂေဇက်ရဲ့ ညာဘက်အခြမ်းက Lastest Comments တွေကို ကြည့်လိုက်တိုင်း စိန်ပေါက်ပေါက် (ပေါက်ဖော်) ဆိုတဲ့ အမည်ကို အများကြီး တွေ့ရပါတယ်။ အခုတော့ မတွေ့ရ …။ မတွေ့ရတာမှ တစ်ပတ်ကျော်ပင် ကြာခဲ့ရပေါ့။ သူ မရှိတော့ ပျင်းခြောက်ခြောက်နဲ့ ….. ။ ဂေဇက်က လူတွေက သူ့ကို ချစ်ခင်ကြတယ်။ သူ့ရဲ့ ကွန်မန့်တွေကလည်း ဟာသဆန်တယ်။ ဖတ်လိုက်တိုင်း ပြုံး၊ ရယ်၊ ဟား စေတယ်။ မွန်းကြပ်နေတဲ့ စိတ်တွေကိုလည်း လွတ်လပ်စေပါတယ် …။ တကယ်လို့ ဂေဇက်ဟာ အငြိမ့်ပွဲတစ်ခု ဖြစ်ခဲ့ရင် သူက ပြောင်မြောက်တဲ့ လူရွှင်တော် တစ်ဦး …။ တကယ်လို့ ဂေဇက်ဟာ ဟင်းတစ်ခွက် ဖြစ်ခဲ့ရင် သူက ဆားကလေးပေါ့။ […]


***New Version (still working) *** ++++++++++++++++++++++++++++++++++ ဂေဇက်မှာ မန်ဘာဝင်ထားသူပေါင်း ၇၀၀ဝ ကျော် ရှိတယ်လို့ သိရပါတယ်။ အခု ကျနော် တင်ထားတဲ့ ပို့စ်ထဲမှာ ဂေဇက် မန်ဘာ ၁၃ဝ လောက်ပဲ ရှိနေပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျနော် သိသလောက် တွေ့မိသလောက်သာ စာရင်း ပြုစုထားခြင်း ဖြစ်လို့ပါပဲ။ ဒီစာရင်းထဲ မပါတဲ့သူများလည်း အောက်က ကွန်မန့်ထဲမှာ ပြောထားခဲ့နိုင်ပါတယ်။ ကျနော် ထပ်ပြီး ဖြည့်ပေးသွားပါ့မယ်။ (အနည်းဆုံး ပို့စ် (၁) ပုဒ် တင်ပြီးသူ ဖြစ်ပါက ပိုကောင်းပါမည်။) ပြီးတော့လည်း ကျနော့်အနေနဲ့ အမျိုးမျိုး ပြောင်းလဲလို့ ရနိုင်တဲ့ နာမည်ကို မြင်ရုံနဲ့ သူ့ရဲ့ မန်ဘာလင့်ခ် ကို ရှာဖွေဖို့ […]