– – – – – ============================= နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ပြောင်းတော့မယ်။ ဒီလို အခါမျိုးမှာ တစ်နှစ်စာ အတိတ်စာမျက်နှာကို လှန်ကြည့်မိပြန်တော့ ရင်ထဲမှာ ဖီလင်တစ်မျိုး ဖြစ်ရပြန်တယ်။ ဘာဖြစ်ဖြစ် ကျေနပ်စရာပါပဲ။ တစ်နှစ်တာအတွင်း ရေးခဲ့တဲ့ ပို့စ်တွေ အများစုကို ပြန်စုစည်းလိုက်တယ်။ ဒါကိုပဲ ခင်ဗျားတို့ကို ပြသရင်းနဲ့ နှစ်သစ်နှစ်မြတ် ဖြစ်ပါစေကြောင်း ချစ်စွာသော မိတ်ဆွေအပေါင်းအတွက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါကြောင်း ………….။   ချစ်ခြင်းများဖြင့် …. မဟာရာဇာ အံစာတုံး =============================   1. ကျုပ်ကို ………. (https://myanmargazette.net/162172) ” ကျုပ်ကို … တချို့က ပြောကြတယ် ….. ဆံပင်က ဖြစ်သလိုထား အဝတ်ကလည်း မသားနား […]


– – – – – ========================== ==========================   ကျုပ်အဘိုး ဦးမိုး က ထန်းသမားကြီး။ ကျုပ်အဘိုး ထန်းတက်တုန်းက ကျုပ်အဖေက မြေအိုးကောက်။ ကျုပ်အဘွား ကတော့ ထန်းလျက်ကျိုပေါ့ဗျာ။ အခု ကျုပ်အဘိုး အနားယူသွားတော့ သူ့သားဖြစ်တဲ့ ကျုပ်အဖေက ထန်းသမား လုပ်တယ်။ ကျုပ်အမေက ထန်းလျက်ချက် (ကျို) တယ်။ ကျုပ်ကတော့ မြေအိုးကောက် ဖြစ်လာတော့တာပေါ့။   မြေအိုးကောက် ဆိုတာ မြေအိုးတွေ ထမ်းရတာကို ပြောတာ။ မြေအိုး အလွတ်တွေကို သုံးလုံးဆို သုံးလုံး၊ ငါးလုံးဆို ငါးလုံး၊ ဒီလို ကျုပ်အဖေ တက်မယ့် ထန်းပင်တွေရဲ့ ခြေရင်းမှာ လိုက်ပြီး ချထားပေးရတယ်။ ကျုပ်အဖေက ဒီမြေအိုးလွတ်တွေကို ခါးမှာ […]


– – – – – =============================   ငါးလ ကြာခဲ့ပြီ အရာရာဟာ လှပဆဲ ထာဝရအမြဲအတွက်ပေါ့ …..။   တွဲလက်တွေ မဖြုတ်ဘူး လောကဓံ က ဘယ်လိုပင် ရှုပ်ပါစေ ရင်ဆိုင်ဖို့ လှမ်းကြမယ်လေ …..။   ကြမ်းချင်ကြမ်းမယ် အတူတူ ပင်ပန်းကြရင်း အတူတူ ပျော်ရွှင်ကြမယ် …..။   စိတ်ဆိုးတဲ့အခါ ရှိမယ် အခန့်မသင့်တာတွေ ရှိမယ် သိပ် မကြာပါဘူး နားလည်မှုနဲ့ ရှေ့ကိုဆက် ပျော်စရာနေ့ရက်တွေလှိုင် နောင် ….. နှစ်ပေါင်းများစွာတိုင်သို့ …..။   ============================= Credit >>> Tel Lay =============================


– – – – – ====================== ကျုပ်တို့ရွာရဲ့ အနောက်တံခါးနားမှာ ဖိုးငိုရီ ဆိုတဲ့ အရူးကြီးတစ်ယောက် နေတယ်ခင်ဗျ။ ဒီလူကြီး က အရူးဆိုပေမယ့် အရူးစာတတ်ကြီးလို့ ပြောရမလားပဲ။ သူ့ကိုများ အရူးကြီးလို့ သွားမပြောလိုက်လေနဲ့။ “နင်တို့လည်း ပုထုဇဉ် အရူးတွေပဲ၊ ငါကမှ အရူးမို့ အရူးလို နေသေးတယ်၊ နင်တို့ကမှ အရူးကို အရူးလို့ မသိကြတဲ့ အရူးတွေ” ဆိုပြီး လက်ညှိုးကြီး ငေါက်ငေါက်ထိုးလို့ ဟားတိုက်ပြီး ရီနေတတ်သေးတယ် ခင်ဗျ။ ဒါကြောင့်မို့ အရူး စာတတ်ကြီးလို့ ပြောတာပါ။ ဖိုးငိုရီ ရဲ့ နာမည်အရင်းက ဖိုးခင်အောင်ပါ။ ကျုပ်တို့ရွာက ကာလသားတွေက ဖိုးငိုရီ ဆိုပြီး နာမည်ပြောင် မှည့်ထားပေးကြတာ။ ဒီလို မှည့်ရတာကလည်း အကြောင်းရှိတယ်။ […]


– – – – – ========================== လူ့ဘောင်လောကမှာတော့ “မုသားမပါ လင်္ကာမချော” ဆိုတဲ့ စကား ရှိပါတယ်။ လူ့ဘောင်လောကမှာ မုသား ဆိုတဲ့ လိမ်လည်တဲ့ စကားမပါရင် ပြောရဆိုရ ပေါင်းရသင်းရတာဟာ အဆင်ပြေ ချောမွေ့မှု မရှိတတ်ပါဘူးတဲ့။ သစ်ပင်ဖြောင့်ရင် တက်ရခက်သလို မုသားမပါတဲ့ စကားဟာလည်း ကြားရတာ ကိုးလို့ကန့်လန့် ဖြစ်နေတတ်ပါတယ်။ လူ့လောကမှာ မှန်သောစကားကို ဆိုသူ အများစုဟာ နာမည်ကောင်း မရတတ်ကြပါဘူး။ ဒီကောင်က အဖြောင့်သမားကြီး၊ လူ့ဂွစာကြီး ဆိုပြီး ပြောခံရတတ်ပါတယ်။ ဒီလို အဖြောင့်သမားတွေဆို ပေါင်းရသင်းရလည်း ခက်လှပါတယ်။ ဥပမာအားဖြင့် နိုင်ငံရပ်ခြား ဘောင်းဘီဂွရှည်၊ ဂွတိုတွေပဲ ဝတ်ဆင်လေ့ရှိတဲ့ နိုင်ငံများမှာ ပုဆိုးကြီး တကားကားနဲ့ လမ်းသလားနေတဲ့ လူတစ်ယောက်လို မုသားကို […]


ညဉ့်နက်လေ ဗိုက်ဆာလေ ညဉ့်နက်နက်မှာ မအိပ်စက်နိုင်သူတွေဟာ များသောအားဖြင့် ဗိုက်ဆာလာတတ်ပါတယ်။ မယုံရင် လက်တွေ့ စမ်းသပ်ကြည့်နိုင်ပါတယ်။ ကျနော်များ စနေ၊ တနင်္ဂနွေ နဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး နောက်ကျတဲ့ ဘောပွဲတွေကို စောင့်ပြီး ကြည့်ရှုကြသူတွေကို မေးကြည့်ပြီး သက်သေယူနိုင်ပါသေးတယ်။ မအိပ်စက်နိုင်သူအတွက် ညဉ့်နက်လေ ဗိုက်ဆာလေပါပဲ။ ညဉ့်နက်လေ ဗိုက်ဆာလေ ဆိုတာဟာ ပုံမှန်အမြင်နဲ့ ကြည့်မယ်ဆိုရင် လူ့ခန္ဓာကိုယ် လည်ပတ်မှု စနစ်အရ ဗိုက်ထဲက အူတွေ၊ ကလီစာတွေ၊ ပိုးမွှားတွေရဲ့ အလုပ်တစ်ခုပါပဲ။ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ သာမန်အားဖြင့် တွေ့ရမြင်ရဖန် များလာတဲ့အခါ ချစ်ခင်ခြင်း ဆိုတာ ဖြစ်လာတတ်တယ်။ ဗိုက်ဟာ ဆာလွန်းမက ဆာပြီးတဲ့အခါမျိုးမှာဆိုရင် မဆာတော့ဘဲ ဖြစ်သွားတတ်တယ်။ မယုံရင် စမ်းကြည့်ကြပါ။ ဒီလို အဆာလွန်ပြီး မဆာတော့တဲ့ […]


– – – – – ================================ ================================ ယနေ့ပို့စ် (နိုဝင်ဘာ၊ ၂၀၁၃) ပို့စ်အမည် ရေးသူ ဖတ်ရှုရန် (လင့်ခ်) 30-11-2013 ညှို့ငင်အားပြင်းတဲ့ အမျိုးသမီး နိုင်ငံရေးသမားများ ဇေယျာစံ Click Here နံပြားနဲ့လန်ဘား watch out ဦးကြောင်ကြီး Click Here စနေည ပွဲစဉ်များ ခန့်မှန်း Myo Thant Click Here တနင်္ဂနွေည ပွဲစဉ်များ ခန့်မှန်း Myo Thant Click Here ဝမ်းဘဲအင်း မိုး မင်းသား Click Here အလွမ်းပြေ အလွမ်းမပြေ အဘရဟူဒီ Click Here 29-11-2013 မျက်စောင်းထိုးခံရတော့မဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်…။ […]


ဒီလိုဗျ …။ လောကမှာ ရသ မြောက်တဲ့ အရာတွေ အများကြီးရှိတယ်။ “ရသ” ဆိုတဲ့ အသုံးအနှုန်းကလည်း စာပေ ဘက်မှာ အသုံးများပေမယ့် သူ့နေရာနဲ့သူ အများကြီး အများကြီး ပါပဲ။ ဥမပါ – ဘောလုံးကန်တဲ့နေရာမှာ ရသ မြောက်တာ၊ ဟင်းချက်တဲ့အခါ ရသ မြောက်တာ … စသည်ဖြင့် သူ့နေရာနဲ့သူ ရသ မြောက်ကြပါတယ်။ ရသပေါင်း စုစုပေါင်း အကုန်ပေါင်း (၉) မျိုး ရှိပါတယ် …..။ ဒီရသတွေကို ဒီစာရဲ့ အဆုံးမှာ ဖော်ပြပေးထားပါတယ်။ “ရသမြောက်တယ်” …. ဆိုတော့ကာ … “ရသ တောင်တာ” .. မဟုတ်လို့ပါပဲ။ ဒါဟာ အတိအကျပါပဲ။ ရသ မှာ ဟိုဒင်း မရှိလေတော့ကာ […]


လောက၌ တူမျှသော ချစ်ခြင်းမေတ္တာဟူသည်ကား ပေးတိုင်းလည်း ပြန်မရတတ်ပေ။ ထိုနည်းတူ ရှေးလူတို့အဆိုအတိုင်း စေတနာ ဟူသည်လည်း ဝေဒနာ ဖြစ်တတ်၏။ ပြဒါး သုတ်လိမ်းထားသော မှန်တစ်ချပ်ကဲ့သို့လည်း မိမိမှ ညာဘက် လက်ကို မြှောက်ပြပါလျက် မှန်အတွင်း ထင်းနေသော ပုံရိပ်က ဘယ်ဘက် လက်ကို ပြန်လည် မြှောက်ပြသကဲ့သို့ မိမိမှ တူညီသည် ထင်မှတ်သော အရာများသည်ကား စေ့စေ့ တွေးကြည့်သောအခါ သွေဖီ ဆန့်ကျင်ခြင်းတို့သည်သာ ဖြစ်နေတတ်ပေ၏။ သာမန် အသံတို့ ကင်းဆိတ်သော ညခင်းအခါတွင် လွန်စွာ တိုးညှင်းသော အသံတို့သည် ထင်ရှားလာတတ်သကဲ့သို့ အပေါ်ယံ အပြုံးတုတို့အား ဖယ်ရှား၍ ခေါင်းအေးအေးထား စဉ်းစား သုံးသပ်ကြည့်သော အခါတွင်ကား အမှန်တရား ဟူသည် ထင်စွာ ပြုလာတတ်လေသည်။ တိမ်ဖုံးသော လမင်းကဲ့သို့ […]


– – – – – ======================== မန်းဂဇက်မှ မြန်းဂဇက်သို့ ပြောင်းလဲခြင်းနှင့်အတူ ရွာမှ မြို့သို့ ပြောင်းလဲအပြီး ယခင် သူကြီးဟု သမုတ်ခံရသူ ဦးခိုင် ဆိုသူမှာ မြို့ပိုင်မင်းကြီး ဟူသော အခေါ်အဝေါ်ကြောင့် မြှောက်ပေးမှန်းမသိ မြှောက်သွားပြီးနောက် နှုတ်ခမ်းမွေးကြီး တကားကားနှင့် ဖင်လှန်၍ ချီးပါစဉ်အခိုက် ၎င်း၏ ဖင်မဲကြီးအား ချီးတွင်းထဲက မြွေမှ ကိုက်လိုက်သည် ဟူသတတ်။ ======================== ရွာ့နှာဗူးကြီး သို့မဟုတ် မြို့နှာဗူးကြီး အဖြစ် ကင်ပွန်းတပ်ခံထားရသူ ဦးကြောင်ကြီး ဆိုသူမှာ လိင်တူချစ်သူကြီး ဟု သတင်းကြီးလှသူ မိုက်ကယ်ဂျော်လကီအောင်ပု အား လမ်းခုလတ်၌ မတော်မတရားကြံရာမှ လဥထုသတ်မှု ဖြစ်ပွားခဲ့ကြောင်း …။ ======================== ချော ချော မချော ချော […]


ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် Gmail ကို မိမိရဲ့ ဖုန်းနဲ့ ချိတ်ထားတဲ့ နည်းလမ်းပါပဲ။ Google 2-Step Verification လို့ ခေါ်ပါတယ်။ သူက ဘာတွေ စွမ်းသလဲ ဆိုရင် တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Gmail Password ကို သိသွားတယ်။ ပြီးတော့ ဖွင့်ကြည့်တယ်ပေါ့ဗျာ။ Username လည်း မှန်တယ်။ Password လည်း မှန်တယ်။ ဒါပေမယ့် Gmail က ပွင့်မလာဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေတယ်။ ဒီအဆင့်ကတော့ မိမိရဲ့ ဖုန်းကို ပို့ပေးတဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းရခြင်းပါပဲ။ ဒီလို လုပ်ထားဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ အောက်မှာ ပုံတွေနဲ့တကွ ရှင်းပြထားပါတယ်။ http://www.google.com/landing/2step/ ကို […]


အခွေ ဆိုတော့ အကောက် မဟုတ်ဘူး။ အဖြောင့်လည်း မဟုတ်ပြန်ဘူး ….။ ဒီတော့ကာ … အခွေကို အခွေလိုဘဲ မှတ်ဂျဘာ ….။ အံချာဒုံး တစ်ယောက် ဘာအခွေ ရောင်းတာတုန်း ….။ ဟက်ကဲ့ …. ပြီးဂဲ့ဒဲ့ ဒုတိယအကြိမ် ဂဇက်မင်ဘာများ တွေ့ဆုံပွဲမှာ …. ကမှော် ရိုက်ကူးခဲ့တဲ့ ဓာတ်ရှင်ခွေကို ရောင်းနေဒါဘာ ….။ လာထား …….. တစ်ခွေ …… ၅ ထောင် …. ဂလိုဘာ …။ အိုက်ပွဲ တက်တုန်းက အခွေ မရသေးတဲ့ လူဒွေရော … ကျန်ဒဲ့ စိတ်ဝင်စားတဲ့ ဂဇက် မန်ဘာတွေပါ … ကျော့်ဆီမှာ တောင်း … အဲ .. […]