– – ============================== အောက်ပါ စာများသည် ဘော်ဘော်တစ်ယောက်ဆီမှ မသိမသာ မ,လာသည့် စာများသာ ဖြစ်လေအိ။ ============================== ကျုပ်ကလေ သူနဲ့ ပတ်သက်လာရင် သိပ်ကို သဝန်တိုတတ်တဲ့လူ ခင်ဗျ။ ဒီအကြောင်းတွေ သူ့ကို ပြောလိုက်ရင်လည်း အရမ်းသဝန်တိုတတ်တာပဲ ဆိုပြီး ကျုပ်ကို မချစ်မှာ ကြောက်လို့မို့ မပြောခဲ့ပါဘူး။ သူနဲ့ ပတ်သက်လာတဲ့ ပုရိသမှန်သမျှကို ကျုပ်လေ အမြဲတစေဆိုသလို စိတ်ထဲက မျက်ထောင့်နီကြီးတွေနဲ့ ကြည့်ကြည့်နေတတ်တာပေါ့ဗျာ။ တစ်ခါတစ်ခါများ ဒီလိုသဝန်တိုတတ်တဲ့ စိတ်တွေကနေ ကျန်တဲ့ အတွေးတွေပါ ဝင်လာပြီး သူသာ အခြားတစ်ယောက်နဲ့ ချစ်သွားရင် ဆိုပြီးတော့ တွေးရင်းတွေးရင်းနဲ့ ယောက်ကျားကြီးတန်မဲ့ မျက်ရည်တွေတောင် ကျနေတတ်သေးတယ်။ ဒါပေမယ့် … အခုတော့ ဒီစိတ်တွေကို အတတ်နိုင်ဆုံး လျော့ပါးအောင် ကြိုးစားနေပါပြီ။ […]


– – ====================== ဘရန်ဒီ တစ်ပြားနဲ့ ခပ်ပါးပါးကျနေတဲ့ မိုးစက်တွေအောက်မှာ တစ်ယောက်တည်း လျှောက်လှမ်းနေမိတယ်။ ဘာသိဘာသာ နေနေကြတဲ့ လမ်းဘေး ခွေးတစ်အုပ်က လူကို မြင်ကာမှ တဝုတ်ဝုတ်နဲ့ ဟောင်တယ်။ “ဘားမားပြည်ကြီးဟာ အရင်လိုပါပဲလား” လို့ စိတ်အတွင်း မှတ်ချက်ပြုရင်းနဲ့ ဟောင်နေတဲ့ ခွေးတစ်အုပ်ကို မသိကျိုးကျွံပြုကာ ကိုယ်ရဲ့ ဦးတည်ရာဆီ ဆက်လက် ချီတက်လာခဲ့ပါတယ်။ “ဘိ” သံတွေ အဆက်မပြတ်ထွက်လာတဲ့ ခန္ဓာကိုယ်မှာ မန်မိုရီ ကြောင်တာထက် ဂရပ်ဖစ် ပြဿနာပဲ ဖြစ်ဖို့ များပါတယ်။ ဘီယာနဲ့ ဘရန်ဒီကို ရောချလို့ခဲ့လို့ အမြင်တွေ ဝေဝါး ရမ်းခါနေတာတော့ မဖြစ်နိုင်ကြောင်း သဘောပေါက်မိသည်။ ဘီးတပ် ယာဉ်တစ်စင်းဆီမှ “ကျွီ” ခနဲ အသံခပ်ပြင်းပြင်း နားအတွင်း ဝင်ရောက်လာတော့ ဘေးကို […]


– – ============================ ============================ ဒီနေ့ အင်တာနက်ပေါ်မှာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်းနဲ့ ဒီကဗျာလေး လာတွေ့လို့ …။ အဲ့ဒါ … မဖတ်ဖူးသူတွေအတွက် ပြန်ရှဲပါတယ်ပေါ့ ….။ စကားစပ်တုန်း ကျုပ်အကြောင်း ထည့်ပြောရရင် … ကျုပ်က ရေနံချောင်းသား စစ်စစ်တော့ မဟုတ်ဘူး ….။ ရေနံချောင်းမြို့နယ် အနီးအနားက ပုစိညှောင့်တောက် ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ ….။ နေသာတဲ့ မနက်ခင်းတွေဆို … ရွာမြောက်ဘက်ကနေ လှမ်းငေးကြည့်လိုက်ရင် ပုပ္ပါးတောင်ကြီးကို လှမ်းမြင်ရပါ့ဗျား ..။ ဆိုလိုချင်တာက … ကျုပ်က ရေနံချောင်းမြို့သား မဟုတ်ပေမယ့် …။ ရေနံချောင်း တောသား တစ်ယောက် ဖြစ်လေတော့ …။ ရေနံချောင်းနဲ့ ပတ်သက်တဲ့ ဒီကဗျာကို ရှဲတယ်ပေါ့ဗျာ …။ […]


– –  ======================== ကျနော်များ  မန်းဂဇက်မှာဆိုရင် လောလောဆယ် Media က နည်းနည်း ကွိုင်နေလို့မို့ ပုံတွေ တင်ရတာ အခက်အခဲလို ဖြစ်နေပါတယ်။ ဒီအခက်အခဲကလည်း တာရှည် မနေပါဘူး။ သဂျီး ပြင်ပြီးတာနဲ့ ကောင်းသွားမှာပါ။ အခု မကောင်းခင် စပ်ကြား ပုံတွေ တင်ချင်တဲ့ သူတွေအတွက် ပုံတင်လို့ရတဲ့ အခြား နည်းလမ်းတစ်ခုကို ပြောပါရစေဗျား။ ဒီလိုပါ …။ အင်တာနက် ပေါ်မှာပေါ့ဗျာ။ ပုံတွေကို ဝေမျှတဲ့ ဝက်ဘ်ဆိုက်တွေ များစွာရှိပါတယ်။ ဒီဆိုက်တွေမှာ မန်ဘာဝင်ဖို့အတွက်ဆိုရင်လည်း Free ပါပဲ။ ဆိုလိုချင်တာက ဒီလို ပုံဝေမျှတဲ့ ဆိုက်တွေမှာ ကိုယ် တင်ချင်တဲ့ ပုံတွေကို အရင်တင်၊ ပြီးမှ ပုံရဲ့ လင့်ခ်ကို ယူပြီး ဂဇက်မှာ […]


– – ++++++++++++++++++++++++++++ ၂၀-၀၁-၂၀၁၃ အဲ့ဒီနေ့ အဲဒီရက်က ရန်ကုန်မြို့ ကန်တော်ကြီးထဲမှာ မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲ လုပ်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ပုံရိပ်တွေကို တွေးမိတိုင်း မြင်ယောင်နေတုန်းပါပဲ။ တကယ် ပျော်စရာ ကောင်းလှပါတယ်။ ဟော … အခုလည်း ကြည့်။ “ဖိတ်စာဝေနေပါသည်” ဆိုပြီး အန်တီပဒုမ္မာက လာမယ့် ၂၁-၀၇-၂၀၁၃ ရက်မှာ ပြုလုပ်မယ့် မန်းဂဇက် ရွာသူားတွေ တွေ့ဆုံပွဲအတွက် ဖိတ်စာတွေ ကမ်းနေပြန်ပြီ။ ဒီတစ်ခါ မလာလိုက်ရ မရှိလေအောင် သွားရောက်လို့ စာရင်းလေး သွားပြီး တို့ကြပါလို့ တိုက်တွန်းပါတယ်။   မန်းဂဇက်ချစ်သူများစာပေဆု ဒီစာပေဆု က မန်းဂဇက် ဆိုတဲ့ အွန်လိုင်းရွာကြီးကို အခြေတည်ပြီး ဖြစ်လာခဲ့တယ်။ လစဉ် တက်လာသမျှ ပို့စ်တွေထဲကမှ […]


– – – +++++++++++++++++++++++++++++ ကျုပ်တို့ တွေးတတ်ကာစ ကတည်းက ကမ္ဘာကြီး ပြားတယ်၊ လုံးတယ် ဆိုတာနဲ့ စပြီး ပြဿနာ တက်ခဲ့ကြတယ်။ စာထဲမှာ သင်ရတာက ကမ္ဘာကြီးဟာ လုံးဝန်းတယ်။ ကျုပ်တို့ မျက်မြင် ကိုယ်တွေ့ တွေ့နေရတာက ကမ္ဘာကြီးက ပြားနေတယ်။ ဒီလို လုံးတယ်၊ ပြားတယ်နဲ့ ပတ်သက်ပြီး ကျုပ် ငယ်ရွယ်စဉ်က စာသင်ကျောင်းမှာ ငလုံး၊ ငပြား ဇာတ်လမ်းတောင် ဖြစ်ခဲ့သေးတယ်။ (ကွန်မန့် 200 – ရရင် ပြောပြမယ်။) အဓိက ကျုပ် ဆိုလိုချင်တာကတော့ လူတွေဟာ တွေးတတ်လာကတည်းက ပြဿနာနဲ့ တည့်တည့် တိုးတာပဲ။ အတွေး ဆိုတာ ဝင်လာ ကတည်းက ဒွိဟ သံသယနဲ့ စိတ်တွေဟာ […]


– – +++++++++++++++++++++++++ ” ဟူးးးးးးးးးးးး (မောလိုက်ဒါ) “ ဟုတ်တယ်။ ကျုပ်လည်း အမှီလာတာပဲ။ ဒါမယ့် ခညားတို့လည်း သိဒေါ်မူဂျဒဲ့ အတိုင်းဘဲ။ မြို့ဒေါ် ရန်ကုန်မှာ ဂုံးကျော် တံတားတွေကဆောက်၊ လမ်းတွေက ကြပ်၊ ကားတွေက ကြပ်၊ အရင်ကတည်းက ထုံးစံ လူတွေကလည်း တိုးဝှေ့လို့ ကြပ်ပါဘိသနဲ့။ (နောက်ခါ အလျဉ်းသင့်ရင် “ကြပ်၊ ကြပ်၊ ကြပ်” ဆိုပြီး သီချင်းတီးအုံးမယ်။) ရှိပါစေတော့။ သဘာဝ တရားကြီးက ကြပ်ခြင်း အရသာ သိအောင် ဖန်တီးထားတာဆိုတော့ ရှိပါစေတော့။ အခု ပြောဂျင်တာက အိုက်လိုတွေ ကြပ် ကြပ် ကြပ် နေလို့ မဲရုံဖွင့်ဖို့ တာဝံကျဒဲ့ ကျီနုတ်တစ်ယောက် အချိန်မှီ ရောက်မလာဘဲ နောက်ကျနေရဒါဂို […]


– – ++++++++++++++++++++++++++++++++++++ စကားချပ် ……. ကျွန်ုပ်သည် အရာစူး နှစ်ခု ရေးဖူးပြီ။ ထို အရာစူး များအား ပြန်လှန် ဖတ်ရှုလိုသော မိတ်ဆွေတို့အတွက် လွယ်လင့်တကူ ပြန်ဖတ်နိုင်စေရန် လင့်ခ် များဖြင့် လမ်းညွှန်လိုက်ရပါပေ၏။   ==> အရာစူး – ၁ ….. အား ဖတ်ရှုရန် နှိပ်ပါ။ ==> အရာစူး – ၂ ….. အား ဖတ်ရှုရန် နှိပ်ပါ။   ++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++   ကျွန်ုပ်သည် ဂန်ထရီဦးထုပ် ဖြစ်လေ၏။ ကျွန်ုပ်သည် သက်တမ်း ထောင်ကျော်နေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လင့်ကစား ရုပ်ရည်အားဖြင့်မူ ငယ်ရွယ်နုပျိုနေမြဲ ရှိနေသူ တစ်ဦးလည်း ဖြစ်ပေသည်။ ကျွန်ုပ်သည် […]


– – ++++++++++++++++++++++++++++++++++++   တစ်နေ့သ၌ လွန်စွာမှ ဝဖိုင့်သော လူကြီးတစ်ဦးနှင့် လွန်စွာမှ ပိန်ညှောင်သော လူကြီးတစ်ဦးတို့သည် ကျဉ်းမြောင်းလှသော တစ်ယောက်သွား လမ်းကြပ်လေးအတွင်း ရင်ဆိုင် တိုးမိကြလေ၏။ ထိုအခါ လူဝကြီး မှ ….. “……….. ဟေ့ကောင် နံပိန်၊ ဘေးကို ကပ်စမ်း ……..” – ဟူ၍ အမိန့်ဆန်ဆန် လေသံဖြင့် ဆိုလေရာ လွန်စွာမှ ပိန်ညှောင်သော လူပိန်ကြီးမှ ခပ်မာမာ လေသံဖြင့် ဤသို့ ခွန်းတုံ့ပြန်လေ၏။ “……….. ဟေ့ကောင် ဝက်ကြီး၊ မင်းသာ ထိုင်လိုက်စမ်း၊ ငါ မင်းအပေါ်က ကျော်ခွသွားမလို့ ……..”   ထို့နောက်  ၎င်းတို့ နှစ်ယောက်သည် ဤသို့ အချေအတင် ပြောကြလေ၏။   […]


– – +++++++++++++++++++++++++++++++ တစ်နေ့သ၌ “သွားရေကျ” မည်သော လက်ဖက်ရည်ဆိုင်လေး၏ လွန်စွာ ချောင်ကျသော စားပွဲဝိုင်း တစ်ခုတွင် ဆိုင်နံရံအား ကျောမှီလျက် (၂၀) တန် ဆေးပေါ့လိပ်အား ဇိမ်ခံ ဖွာရှိုက်လျက် ရှိသော အသက်အားဖြင့် (၃၀) ဝန်းကျင်ရှိ လူရွယ်တစ်ဦးအား တွေ့ရလေ၏။ ထိုလူရွယ်သည် ခြေကလိန်ချိတ် ထိုင်နေခြင်း ဖြစ်ပြီး ၎င်း၏ မျက်လုံးများကိုလည်း မှေးစင်းထားကာ တစ်စုံတစ်ခုသော အကြောင်းအရာအား လေးနက်စွာ တွေးတောနေလျက် ရှိသည်ကို တွေ့ရလေ၏။ များမကြာမီ အချိန်တွင် လွန်စွာမှ အသားမည်းနက်လှသော လူတစ်ဦးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးအတွင်းသို့ ဝင်ရောက်၍ လာပြန်လေ၏။ ထိုလူသည် လူရွယ်ထိုင်နေလျက်ရှိသော စားပွဲဝိုင်းသို့ သွားရောက်ကာ ထိုင်လေ၏။ ပြီးနောက် စားပွဲပေါ်တွင် လူရွယ်တင်ထားဟန်ရှိသော (၂၀) […]


– – +++++++++++++++++++++++++++ ဒီနေ့ (Mon, May 20)  ဟာဆိုရင် ကျွန်တော့်ဘဝ အတိတ်သမိုင်း စာမျက်နှာများထဲမှ ထင်ရှားသော နေ့စွဲတစ်ခုပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်လို့တော့ဖြင့် နောက်များအခါ အလျဉ်းသင့်ပါက ရေးပြသွားပါ့မယ်။ ကျွန်တော့် အနေနဲ့ အခု ဒီလို နေ့ရက်မှာ၊ ဒီ မန်းဂဇက် ဆိုတဲ့ (အွန်လိုင်း) ရွာကြီးထဲက မြင်ဖူး၊ မမြင်ဖူးပါကုန်သော ခင်မင်ရပါသည့် မိတ်ဆွေအပေါင်းအား တောင်းပန်ချင်ပါ၏။ ဒီရွာကြီးထဲမှာ စတင် ကျင်လည် ကတည်းက ယနေ့ အချိန်အခါအထိ မိတ်ဆွေတို့အပေါ်မှာ အမှားများ ရှိခဲ့ပါက ဒီနေရာကနေပြီးတော့ ကျွန်တော်က တောင်းပန်ပါသည့် အကြောင်း။ ကျွန်တော့် အနေနဲ့ကလည်း ရွာထဲ ပို့စ်မှန်သမျှ ပေါက်ကရ ပြောတတ်တဲ့ အကျင့်ကြောင့်မို့ အမှားများစွာလည်း ရှိခဲ့မှာပါ။ […]


– – ++++++++++++++++++++++++++++ ++++++++++++++++++++++++++++   ချစ်ခြင်း၏ အရှင်သခင် ကျွန်ုပ် တိုင်တည်ပါရစေ … အသင် ထည့်ပေးထားခဲ့သော ကျွန်ုပ်၏ ရင်ဘတ်တွင်းမှ အသင်၏ ကျေးကျွန်များအား ပြန်လည် ခေါ်ငင်လှည့်ပါ … အသင် အသက်သွင်းခဲ့သော ကျွန်ုပ်၏ ရင်ခုန်သံ ယန္တရားအား လာရောက် ရပ်တန့်ပေးလှည့်ပါ … အသင် တည်ဆောက်ပေးခဲ့သော ကျွန်ုပ်၏ အိပ်မက် ကမ္ဘာအား ပြန်လည် ဖျက်ဆီးပစ်လှည့်ပါ … အသင် ယူဆောင်သွားခဲ့သော ကျွန်ုပ်၏ ညများစွာကိုလည်း ပြန်လည် အသက်သွင်းလှည့်ပါ … အသင် တပ်ဆင်ပေးခဲ့သော ကျွန်ုပ်၏ ကဗျာရေးတတ်သည့် လက်ကိုလည်း ပြန်လည် သိမ်းဆည်းလှည့်ပါ … အို … သခင် အပင်များ အစိမ်းရောင် […]


+++++++++++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++++++++++ အိုက်စက်ပြီး ပူလောင်နေတဲ့ ရာသီဥတုကို ကြုံတွေ့နေရတဲ့ အခါ အေးမြမှုရဲ့ တန်ဖိုးဟာ ပိုပြီး တိုးလာခဲ့သလိုပါပဲ။ ဒါပေမယ့်လို့လည်း အေးမြမှုကတော့ သူ့ရဲ့ နဂိုရှိရင်း တန်ဖိုး အတိုင်းပါပဲ။ အေးစက်ပြီး တောင့်ခဲသွားမလား ဆိုတဲ့ အခြေအနေများကို ကြုံတွေ့ရတဲ့ အခါမျိုးမှာ ပူနွေးခြင်းရဲ့ တန်ဖိုးဟာ ပိုပြီး တိုးလာမှာပါပဲ။ ဒါပေမယ့်လို့လည်း ပူနွေးခြင်းကတော့ သူရဲ့နဂိုရှိရင်း တန်ဖိုး အတိုင်းပါပဲ။ ဗိုက်ပြည့်နေသူ တစ်ယောက်အတွက် ထမင်းတစ်လုပ်ဟာ ဟင်းစော်နံတယ်ကွာလို့ အပြစ်ဖို့ချင်စရာပါပဲ။ ဒါပေမယ့်လို့လည်း ငတ်မွတ်နေသူတစ်ယောက် အတွက်တော့ ဒီထမင်းတစ်လုပ်ဟာ နတ်သုဒ္ဓါတမျှပါပဲ။ ဒီလိုမျိုး အခြေအနေ မတူပေမယ့်လည်း ထမင်းတစ်လုပ်ဟာ သူ့ရဲ့ နဂိုတန်ဖိုးအတိုင်းပါပဲ။ အရာရာဟာ သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါပဲ …..။ အခြေအနေ အချိန်အခါအလိုက် […]