– – ++++++++++++++++++++++++++++++++   ဂဠုန် လို့ ဆိုလိုက်တာနဲ့ ကျနော်များ မြန်မာအများစုဟာ ဂဠုန်ဆရာစံ ကို ပြေးမြင်မိကြမယ် ထင်ပါတယ် … ဆရာစံ ရဲ့ ဂဠုန်က တုတ်ပြီး၊ ဓါးပြီး ဂဠုန် လို့ ဆိုရမယ်ပေါ့ဗျာ … ကျုပ် ဂဠုန်ကတော့ ….. ဟဲ …. ဟဲ ….   ဆယ်တန်းအောင်တော့ ဘော်ဒါ တစ်ယောက်က တက်တူး ထိုးတယ် …. ဒီကောင်က ကြံကြံဖန်ဖန် နားထင်မှာ ထိုးတာ … ဇာမဏီရုပ်လေးပါပဲ … ကျုပ်လည်း သူ့တက်တူးလေး ကြည့်ပြီး သဘောတွေ လွှတ်ကြနေမိတာပေါ့ … ဒါပေမယ့် … အန်တီကို လန့်နေရတာမို့ မထိုးရဲခဲ့ပါဘူး […]


+++++++++++++++++++++++++++++++++++++++++++++++++ ပျောက်နေတာ ကြာပြီဖြစ်တဲ့ … ဘော်ဘော်ကြီး ပေါက်ဖော် (စိန်ဗိုက်ဗိုက်) ကို လွမ်းတယ် …. ဟိုတောင်မ ဗြဲမ ကိုလည်း လွမ်းတယ် … တစ်ခါတစ်ခါမှ ပေါ်လာတတ်တဲ့ ဘဲဥမ ကိုလည်း လွမ်းတယ် … မာမီခိုင် ကိုလည်း လွမ်းတယ် …. ကိုသူရဇော်ဂျီး ကိုလည်း လွမ်းတယ် …. ရှမ်းပြည် တောင်ပိုင်းသား ကိုလည်း လွမ်းတယ် …. ကိုကမ်းကြီး ကိုလည်း လွမ်းတယ် … ဦးစိန်သော့ကြီး ကိုလည်း လွမ်းတယ် … အရီးလတ် ကိုလည်း လွမ်းတယ် …. ဆြာသစ် ကိုလည်း လွမ်းတယ် …. ဦးစံလှကြီး ကိုလည်း လွမ်းတယ် …. လွမ်းတယ် […]


– – – +++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++   ရာသီက တယ်လည်း ပူလှတယ် … ဒါကို အပြစ်တော့ မဆိုချင်ပါဘူးကွယ် … သူ့ဟာသူ … ပူချင် ပူမယ်၊ အေးချင် အေးမယ် … ဒါ ဘယ်လိုများ ပြောလို့ရနိုင်မှာလဲကွယ် … အင်း …. ဒီတော့ …. ပူတဲ့ အခါလည်း ပူသင့်ပါတယ်ပေါ့ ……။   ခွေးတစ်ကောင် … လ ကို ထိုးထိုးပြီး ဟောင်နေတယ် .. အတော် ကြောင်တောင်တောင် နိုင်တာပဲ … ပြီးတော့ … အဲ့ဒီ ခွေးပေါ့ .. ငါ ရေကူးတတ်တယ် ဆိုပြီးတော့ … သမုဒ္ဒရာရဲ့ […]

xampp_wordpress_windows.gif

+++++++++++++++++++++++++++++++++++++ ဟိုတစ်နေ့က ကိုရွာစား ရဲ့ ပို့စ်ကို ဖတ်ပြီး ဒါလေးကို သတိရမိလိုက်ပါတယ် ….။ ဒါနဲ့ပဲ ဒီနေ့ နည်းနည်း ဖရီးနေဒါနဲ့ စိတ်ပေါက်တုန်း တင်လိုက်ပါတယ် ….။ ဖတ်ပြီး ဘာမှလည်း မသိဘူးလို့တော့ မပေါဂျဘာနဲ့ ….။ မသိလည်း မသိဂျောင်း ပေါတွားဂျဘာ …. ဟဲ … ဟဲ …။ ဒါဗျဲ ……….။ +++++++++++++++++++++++++++++++++++++   WordPress ကို လေ့လာနေသူတွေ အနေနဲ့ online မှာ စမ်းကြည့်ဖို့ထက် ပထမဆုံး offline မှာ စမ်းကြည့်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နှေးလွန်းတဲ့ internet connection ကြောင့် ဖြစ်သလို၊ offline မှာ […]


++++++++++++++++++++++++++++++++++++++++++++++++   ဘယ်သူ့မှတော့ မပြောကြနဲ့နော် …။ ဒါ အမှန်အကန် လျှို့ဝှက်ချက် ခင်ဗျာတို့ …။ ခင်ဗျားတို့ကို ချစ်လွန်လွန်းလို့ တိုးတိုးလေး ကပ်ပြောလိုက်တာလို့ မှတ်ပါ။ ကျုပ်ရဲ့ မှတ်တမ်းထဲမှာ ရေးထားတဲ့ အတိုင်းပဲ ပြောပြလိုက်ပါမယ်။   ++++++++++++++++++++++++++++++++++++++++++++++++   ကျွန်ုပ် မောင်အံ သည် တောင်သူ ဆင်းရဲသားတစ်ယောက် ဖြစ်သည်။ တစ်နေ့ တောင်ယာ လုပ်ရင်း မြေကြီးကို ပေါက်ပြားဖြင့် ပေါက်နေသည်။ ထိုအခါ ကျွန်ုပ် စိတ်တွင်းတွင် “ရတနာ သေတ္တာကြီး တွေ့လိုက်ရင်ဖြင့်” ဟူ၍ ကြံစည် စိတ်ကူးမိလေ၏။ ထိုအခါ တိုက်ဆိုင်လွန်းစွာပင် မာကြောသည့် အရာတစ်ခုအား ပေါက်ပြားဖြင့် ပေါက်လိုက်မိလေ၏။ ထိုအခါ ကျွန်ုပ်လည်း ထိုအရာအား သိလိုလှသဖြင့် လူသူ […]


++++++++++++++++++++++++++++++++++   ဟူး ……. သက်ပြင်းတွေက … မျက်တောင်တွေ ခဏခဏ ခတ်နေသလို …….။   လျှံထွက်နေတဲ့ ရေတွေလို … နှာခေါင်းကတင် မက တစ်ခါတစ်ခါ … ပါးစပ်ကပါ မှုတ်ထုတ်မိပြန်တယ် ….. ငါ တကယ် ရင်မောနေတယ် …..။   ကိုယ့်ကိုကိုယ် ဒုက္ခပေးမိလေသော အိုဘယ့် “အချစ်စိတ်” ရယ် … မင်း ဘာကြောင့်များ ငါ့ရင်ထဲမှာမှ ပေါက်ဖွားလာရတာလဲကွယ် …..။   သွားကြ … သွားကြ ……. ငါ အော်ဟစ် မောင်းထုတ်မိပေမယ့် နားပဲ မပါကြသလိုလို … ပေကပ်ပြီး နေနေကြတယ် … တကယ် … တကယ် … […]


++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++   Screen မှောင်နေတဲ့ ဖုန်းကလေးကို ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ သူမ ကို တွေ့ရတယ် … ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …။   သုံးနေကြ လက်ပ်တော့လေးကို ဖွင့် ပါဝါ ဘက်တန် လေးကို နှိပ် Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ် (သုံးနေတာ Windows 8 မဟုတ်ပါ) ဒီအခါ သူမ ပုံများနဲ့ ခြယ်သထားတဲ့ Wallpaper လေးကို တွေ့ရတယ် … ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။   အွန်လိုင်းပေါ် တက် ဟိုစပ်စပ် ဒီစပ်စပ် […]


++++++++++++++++++++++++++++++++++ ရွာတစ်ရွာ တည်ပြီဆိုရင် “စုန်း” ဆိုတဲ့ အမျိုးကလည်း မပါမပြီးလို့ ကြားဖူးပါတယ်။ ရွာတိုင်းမှာလည်း စုန်း ရှိကြတယ်။ သာမာန် ကြည့်ရင်တော့ စုန်းမှန်း ဘာမှန်း မသိနိုင်ဘူးပေါ့ဗျာ။ ဒါပေမယ့် … အတွင်းသိတွေကတော့ဖြင့် ဘယ်သူကတော့ဖြင့် စုန်းပဲ ဆိုပြီး သိကြသပေါ့။   အချို့ကတော့ “ဝမ်းတွင်းစုန်း” မျိုး။ မွေးကတည်းက စုန်းအတတ်ကို တတ်လာကြတဲ့လူတွေလို့ ဆိုပါတယ်။ အချို့ကတော့ သင်ပြီး တတ်လာတဲ့ “သင်တတ်စုန်း” ပေါ့ဗျာ။ စုန်း အကြောင်း ပြောရရင်တော့ အများကြီးပါပဲ။ ဒါပေမယ့် အခုဟာက စုန်း အကြောင်း မဟုတ်တဲ့အတွက် ဋီကာ မချဲ့တော့ပါဘူး။ ဒီတော့ကာ ဒီလောက်ပဲပေါ့ဗျာ။   ပြောမှာက သရဲမွေးတဲ့ အကြောင်း ….။ တိတိကျကျ […]


+++++++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် လူပျိုသိုး နဲ့ တစ်ညသ၌ – ၂ ကို ဖတ်ချင်ရင် …….. +++++++++++++++++++++++++++++++++++   ဒါ ဇာတ်သိမ်းပိုင်းပေါ့ဗျာ ……. ဟို ဒုတိယ အပိုင်းမှာ မတ်ကြီးက အေးမေ ကို ရည်းစား စကားပြော၊ အဖြေ ချက်ချင်း တောင်းဖို့အတွက် သူ့ဘော်ဘော်တွေနဲ့ လောင်းကြေးတွေ ထပ်လို့ ဖိုးသာထူး တဲထဲကနေ ယိုင်တိုင်တိုင်နဲ့ ထွက်သွားခဲ့တယ် ….   +++++++++++++++++++++++++++++++++++   မတ်ကြီး ထွက်သွားချိန်က ည ၁ဝ နာရီ ဝန်းကျင် …. တောဘက်တွေမှာ ည ၁ဝ နာရီဆိုတဲ့ အချိန်ဟာ […]


– – – – – – – – – – – – +++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင် ဒီနေရာကို ကလစ်ပါ။ +++++++++++++++++++++++++++++++ လူပျိုသိုး နဲ့ တစ်ညသ၌ – အဆက် ………..   ငတိုက်ရဲ့ ဘေးမှာ ဘိုးမင်းခေါင် ဒီဇိုင်းနဲ့ တင်ကလိမ်ချိတ်ပြီး ထိုင်နေတဲ့ တစ်ယောက်လည်း ရှိသေးတယ် …..။ ဒီကောင်ကလည်း ငတိုက်နဲ့ နင်လား ငါလားပဲ …. လူကြည့်တော့တာ ဘာမှ မဟုတ်တာ ထိုင်နေတဲ့ စတိုင်ကို က ထောင့်မကျိုးတဲ့ စတိုင် ……. နေတော့ နွားခြေရာခွက်၊ […]


– – – – – – – – – – – – +++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++    အချိန်ကား .. တောဓလေ့ အဆိုအရ “စာဥတို့ ရေခပ်ဆင်းချိန်” ပေါ့ ……..။ ဝင်လုဆဲ နေမင်းရဲ့ အရောင်ဟက်ခံရလို့ တိမ်တိုက်တွေလည်း တောက်ပနေချိန် …..။ ရွာရဲ့ ပျိုဖြူမေ တွေကလည်း ရေအိုးတွေ ကိုယ်စီရွတ်လို့ …. ရွာရဲ့ အနောက်တံခါးကနေ ထွက်ပြီး သောက်ရေကန်ဆီကို အတင်းတုပ်ရင်း ချီတက်နေကြတယ် …။ သောက်ရေကန် သွားရာလမ်းနဲ့ ခပ်လှမ်းလှမ်းဆီမှာတော့ အမိုးသာ ရှိပြီး အကာ မရှိတဲ့ တဲကလေး တစ်လုံး ….။ ဒီတဲ နာမည်ကို မသိတဲ့လူက […]


+++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++   ရွက်ဟောင်းတို့ ကြွေနေလေပြီ …….။ အပင်ထက်ဆီကို မော့ကြည့်မိတော့ ကြွေလုဆဲ ရွက်ဝါအချို့ရယ်၊ ထွက်ကာစ ရွက်နုလေးတို့ရယ်၊ ပြီးတော့ ရိုးတံညှာတွေရယ် …….။ ပင်အောက်မှာလည်း ရော်ရွက်ဝါတွေက အစီအရီ …။ ဒီမြင်ကွင်းက …..   လွမ်းတတ်သူ တစ်ယောက်အတွက် အလွမ်းတေးတစ်ပုဒ်လို …. ကဗျာဆရာ တစ်ယောက်အတွက် ကဗျာတစ်ပုဒ်လို … သန့်ရှင်းရေးသမား တစ်ယောက် အတွက် စိတ်ပျက်ဖွယ်ရာလို …. ရဟန်း တစ်ပါး အတွက် တရား ရစရာလို …… လို ….. လို ….. လို …. လို ………   ဘာပဲဖြစ်ဖြစ်ပါ ……. အသစ်တွေ လာဖို့အတွက် အဟောင်းတွေ […]


+++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++   မနက်ခင်း …. ပြတင်းတံခါးကို တွန်းဖွင့်လိုက်ချိန် … အအိပ်မက်တဲ့ နေ … ရောက် မလာသေးပေ ……..။   လေညှင်းတွေက အလုအယက် … ငါ့ကို …. ဇွတ်တိုး ဖက်ကြတယ် ……။   တိတ်ဆိတ်ဆဲ ပတ်ဝန်းကျင်ကြားက ငှက်ငယ်လေးတို့ရဲ့ တွန်ကျူးသံတွေဟာ မနက်ခင်း၏ ဟန်ပန် ခေါင်းလောင်းသံလေးတွေများလား ……။   အမှောင်တွေ ကင်း မိုးလင်းစ ကောင်းကင်အောက်မှာ စပါယ်ဖြူတွေ ပွင့်လန်းနေကြတာလည်း နှစ်သက်၊ ကြည်နူးစရာပါပဲ ……။   ဒီမနက်ခင်းလေးထဲ … သစ်ရွက်လေးတွေလည်း ငြိမ်သက် ရစ်ပတ်ဖို့ မရည်စူး ဒါပေမယ့် ချစ်တတ်ရင် မနက်ခင်းရဲ့ အလှဟာ သိမ်းပိုက် ထားချင်စရာ […]