parparaziApril 9, 20101min29613
သန်လျင်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အလောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အင်္ဂါများ ပျက်စီးသည့် အနေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွားနေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ကြောင်း ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။ အဆိုပါသတင်းအရ လက်ရှိအချိန်တွင် အလောင်း ၁၈လောင်းခန့်မှာ လက်များ၊ ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်ကို တွေ့ရသည့်အတွက် တာဝန်ရှိသူများက အထူးစောင့်ကြပ်နေသော်လည်း ဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။ ယခုလ ၄ရက်နေ့ညတွင်လည်း အလောင်းနှစ်လောင်းကို ထားရှိရာ တလောင်းမှာ နားရွက်တဖက် ပျက်စီးနေပြီး ကျန်တစ် လောင်းမှာ ပေါင်သားများ ပျက်စီးနေသဖြင့် ထိုသို့ ပျက်စီးသွားသော ရုပ်အလောင်းအချို့၏ ပိုင်ရှင်များက ဆေးရုံအုပ်ချုပ်သူ […]


parparaziApril 2, 20101min642
နှစ်ပေါင်း(၄၀)ကျော်ကာလအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဟု သိရသည်။ ၁၉၇ရ ခုနှစ်တွင် ကျွန်းဆွယ် အားကစားပြိုင်ပွဲ မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမည်အဖြစ် ပြောင်းလဲလိုက်ပြီးနောက် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး ယခုအိမ်ရှင်အဖြစ် (၂၈)ကြိမ်မြောက် ကျင်းပမည့် ပြိုင်ပွဲ ဖြစ်လာမည် ဟု လည်း ဥဿာယူနိုက်တက်အသင်းမန်နေဂျာ ယခင် တံခွန် အားကစားဂျာနယ်၏ တာဝန်ခံဟောင်းတစ်ဦး ဖြစ် သူ ဦးထွန်းထွန်းလင်းထံမှ သိရသည်။ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် ယင်းပြိုင်ပွဲကို လက်ခံကျင်းပမည် ဖြစ် ကြောင်း အားကစားဝန်ကြီးက အတည်ပြု ပြောကြားခဲ့သည်ဟု ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီမှ ဒေါက်တာ စိုင်းဆမ်ထွန်းက အတည်ပြုပြောကြားသည်။ “သက်ဆိုင်တဲ့အားကစားအဖွဲ့ချုပ်တွေနဲ့ ညှိနှိုင်း စည်းဝေးမှုတွေ […]


parparaziApril 2, 20101min580
ရန်ကုန်မြို့တွင် မီးလာသော်လည်း ရေမရ၊ မီးပျက်ပြန်လည်း ရေမရသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောသည်။ ထိုသိုု့ ရေမရမှုသည် တကြိမ်ဖြစ်ပွားပါက (၁၀) ရက်ခန့်ဆက်တိုက် ရေမရသည့်အတွက် ပြည်သူများမှာ ပုဂ္ဂလိက မီးစက်များက တနာရီ ကျပ် (၅,၀၀၀) ဖြင့် စုပ်ယူရောင်းချသည့် အဝီစိတွင်းရေများကို ဝယ်သုံးနေရကြောင်း သိရသည်။ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် နေသူတဦးက “မီးလာချိန်ကျပြန်တော့ အခန်းတွေအားလုံးက ဝိုင်းပြီး ရေတင်ကြတော့ မီးအားမနိုင်တော့ဘဲ ရေမရပြန်ဘူး။ ရေတင်တဲ့အခါ ရေသံက တက်လာတယ်၊ အပေါ်ထိမရောက်ဘူး၊ ပြန်ကျသွားပြန်ရော။ မီးပျက်ချိန်ကျတော့လည်း ရေတင်လို့မရ။ ကျနော်တို့ မိသားစုဆိုရင် ည ည မအိပ်ဘဲ ရေစောင့်တင်ရတာ။ အဲဒီလို ဖြစ်နေတာ ကြာပြီ” ဟု ပြောသည်။ ယင်းသို့ ရေအခက်အခဲဖြစ်နေသည်ကို […]


parparaziApril 2, 20101min761
ကို Poetic ခင်ဗျား။ ပို. စ်များတူညီနေတာကို တွေ့နေပါတယ်။ “ဖိုင်ဘာကေဘယ်လ်သုံးအင်တာနက်စနစ်ကို ကျပ်ကိုးသိန်းဖြင့် တပ်ဆင်နိုင်တော့မည်” By poeticcloseAuthor: poetic Name: Poetic Site: About: See Authors Posts (3), on April 2nd, 2010 |Reads 3 နှင့် နေပြည်တော် – တောင်ကြီး (ယာဉ်ချောက်ထဲကျ) ၆ ဦး သေဆုံး (ဦးပိုင်မှ ကားဖြစ်)ဟာ ယခင် ပို့စ်များ နှင့် တူညီနေတာတွေ့ရပါတယ်။ အတတ်နိုင်ဆုံး မကူးဘဲ တူညီအောင်တင်ပေးပါရန်။ ယခင်ပို့များ – https://myanmargazette.net/?p=2803 by Bayote https://myanmargazette.net/?p=2654 by Bayote 


parparaziApril 2, 20101min562
အာဖရိကတိုက် ဂီနီဗစ်ဆောနိုင်ငံ စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိများအကြား၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်၍ ဗိုလ်ချုပ်ကြီး အန်တိုနီယို အင်ဒဂျေး ခေါင်းဆောင်သော အဖွဲ့က ကာကွယ်ရေး ဦးစီးချုပ်အား ဖမ်းဆီး ထိန်းသိမ်းပြီးလျှင် ဝန်ကြီးချုပ်ကိုပါ ခေတ္တ ထိန်းသိမ်းထားခဲ့သည်။ နောက်ပိုင်းတွင် ပြည်သူအများ၏ဆန္ဒအရ ဝန်ကြီးချုပ်အား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ယခုဖြစ်ရပ်သည် စစ်တပ်အတွင်း ပြဿနာ သာဖြစ်၍ အစိုးရအဖွဲ့နှင့် သက်ဆိုင်မှုမရှိဟု နိုင်ငံသမ္မတက ထုတ်ဖော်ပြောဆိုသည်။ ယခင် အုပ်ချုပ်သူဖြစ်ခဲ့သော ပေါ်တူဂီနိုင်ငံနှင့် ပြင်သစ်နိုင်ငံ တို့က အာဏာသိမ်းမှုသဘောဆောင်သော လုပ်ရပ်ကို ပြစ်တင်ရှုံ့ချ၍ ဖွဲ့စည်းပုံနှင့်အညီ အုပ်ချုပ်ရေးစနစ်သို့ အမြန်ပြန်ပြောင်းရန် တောင်းဆိုကြ သည်။ ဂီနီဗစ်ဆောနိုင်ငံသည် ၁၉၇၄ခုနှစ် ပေါ်တူဂီလက်အောက်မှ လွတ်လပ်ရေးရရှိပြီးနောက်အာဏာသိမ်းမှု အကြိမ်များစွာဖြစ်ပေါ်သည်။ (ဘီဘီစီ)


parparaziApril 2, 20101min813
မြန်မာစာလုံးကို ရိုက်ထည့်ပြီးဖြစ်စေ၊ အင်္ဂလိပ်အဓိပ္ပာယ်သိလိုလျှင်ဖြစ်စေ၊ အင်္ဂလိပ်စာလုံး၏ မြန်မာဘာသာဖြင့် အဓိပ္ပာယ်ကို သိလိုလျှင်ဖြစ်စေ ၂ ဘာသာလုံးကို တစ်နေ့တည်းတွင် ကြိုက်ရာရိုက်ထည့်ရှာနိုင်သော အင်တာနက်အဘိဓာန်ကို Myanmar’s NET က မတ်လ ၂၉ ရက်တွင် စတင် လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ Internation Service အဖြစ်ပြုလုပ်ထားသော ယင်းအင်တာနက်အဘိဓာန်တွင် စာလုံးပေါင်း ၃၃၀၀ဝ ကျော်ပါဝင်ပြီး Myanmar NLP.org.mm ၏ Windows English-Myanmar Translator ဆိုသည့် ဆော့ဖ်ဝဲကို အခြေခံထားကြောင်း Myanmar’s NET မှ ဦးသန့်ဇင်ဦးက ပြောကြားသည်။ “မြန်မာ Font နဲ့ရှာမယ်ဆိုရင် Unicoad Standard ကသတ်မှတ်ထားတဲ့ Font ပဲရတယ်။ အခုလို လွှင့်တင်တယ်ဆိုတာ Dictionary မရှိတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဘာသာပြန်ဖို့အခက်အခဲရှိရင်ပဲဖြစ်ဖြစ်၊ […]


parparaziApril 2, 20101min40940
အချစ်ရေး နှင့် အိမ်ထောင်ရေး အကြောင်းတွေကို ဖုံးကွယ်ထားတဲ့ မော်ဒယ် ခရစ္စတီးနာရဲ့ စုံတွဲပုံတွေ ယိုထွက်လာပါပြီ။ မော်ဒယ် ခရစ္စတီးနာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အိမ်ထောင်ပြုခဲ့သူလို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဒီစုံတွဲပုံတွေက ခရစ္စတီးနာ သူမခင်ပွန်းရှိရာ Australia သို့သွားရောက်ခဲ့စဉ် ပြီးခဲ့တဲ့ သုံး၊ လေး လလောက်က ရိုက်ကူးခဲ့တာလို့ သိရပါတယ်။ 2009 အောက်တိုဘာလ အတွင်းမှာ ပြည်တွင်းက ဂျာနယ်တွေမှာတော့ ခရစ္စတီးနာဟာ ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား သုံးနိုင်ငံကို သူငယ်ချင်းတွေနဲ့ အတူ လည်ပတ်နေတယ်လို့  ဖော်ပြခဲ့ကြတာမို့ ခရစ္စတီးနာတစ်ယောက် ပရိသတ်နဲ့ မီဒီယာကို လိမ်တာလား ဆိုတာတော့ မေးခွန်းထုတ်စရာပါ။ ကောလဟာလလား တကယ်လားဆိုတာ. . . Mandalay Gazette ပရိတ်သတ်ကြီးကော […]