parparaziApril 2, 20101min1555
ပရိုအဆင့်မှာ သူများလူနဲ့ နိုင်ငံတကာပွဲ ဝင်ပြိုင်ရတယ် ဆိုတာ မဖြစ်သင့် ပါဘူး ~ ဦးခင်မောင်ကြိုင် ကမော္ဘဇ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က ပြည်တွင်း ကလပ်များ နိုင်ငံတကာ ပြိုင်ပွဲ ဝင်ရာတွင် ကစားသမား လိုက်လံ ငှားရမ်း၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ပြစ်တင် ရှုံ့ချ သွားခဲ့သည်။ “အခုလို ပရိုအဆင့် ရောက်နေတဲ့ အချိန်မှာ ပြည်တွင်းကလပ် အသင်း တစ်သင်း အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲကို ကိုယ့်လူ နဲ့ကိုယ် ဝင်ပြိုင်တာပဲ ဖြစ်သင့်ပါတယ်။ ဥပမာ မန်ယူက ချန်ပီယံလိဂ် ဝင်လို့ ချယ်လ်ဆီး ကစားသမား ငှားပြီး ပြိုင်တယ် ဆိုတာ မရှိပါဘူး။ ကျွန်တော် ဘဏ္ဍာအခွန်ကို ကိုင်ခဲ့တုန်း ကတောင် […]


parparaziApril 1, 20101min15710
ဘီယာသည်ပထမဆုံးအရက်ပါသော အဖျော်ယမကာတစ်မျိုးဖြစ်ပြီး၊ ပထမဆုံးဘီယာမည်သူစ တင် သောက်ခဲ့သည်ကိုမူ မသိရှိပေ။ သမိုင်းပညာရှင်များက လူသားများသည် ဘီယာနှင့်တခြားယမကာ များကို နှစ်ခြိုက်ခဲ့ကြကြောင်းကောက်ချက်ချခဲ့ကြသည်။ ဂျုံ၊ စပါးစသည့်  နှံစားပင်နှင့်  ရေကိုအသုံးပြု၍ ပေါင်မုန့်မထုတ်လုပ်နိုင်ခင် ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစနစ်   အမျိုးမျိုးပေါ် ထွက် လာပြီးနောက် အသုံးပြုသည့် နှံစားပင်လည်းကွာခြားခဲ့သည်။ ဘီယာ ထုတ်လုပ်ရာတွင် အာဖရိက လူမျိုးများက လူး၊ ဆပ်၊ နှံစားပြောင်း၊ ပီလောပီနံ ကို အသုံးပြုကြသည်။ တရုတ် လူမျိုးများကမူ ဂျုံကိုအ သုံးပြုကာ ဂျပန်လူမျိုးများကဆန်ကိုအသုံးပြုကြသည်။ အီဂျစ်လူမျိုးများက ဘာလီစေ့ကိုအသုံးပြုကြပြီး၊ ယနေ့ခေတ်ဘီယာထုတ်လုပ်ရာတွင်အဓိက အသုံးပြုသောဗျစ်ပန်း(Hop)  များ ကိုမူ အေဒီ ၁,၀၀ဝ တိုင် အောင်အသုံးမပြုပေ။ ယနေ့ခေတ်ဘီယာချက်လုပ်ရာတွင် ခေတ်မီနည်းစနစ်များ ဖြင့်ချက်လုပ်ကာအလို အလျောက် ပုလင်းထဲထည့်ခြင်း၊  ပိုးသတ်ခြင်းများကို  ဆောင်ရွက်သည်။ […]


parparaziApril 1, 20101min1055
မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည့် ၂ရ ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် မိုးလုံလေလုံအားကစားရုံ ငါးရုံနှင့် အားကစားရွာကိုလည်း သီးသန့်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။ သို့ဖြစ်၍ယ ခုအခါ နိုင်ငံတကာအဆင့်မီ ပရိသတ် ၃၀၀၀ဝ ဆံ့ ဇေယျာသီရိအားကစားကွင်းနှင့် ဇမ္ဗူသီရိ အားကစားကွင်းတို့ကို Max Myanmar ကုမ္ပဏီက တစ်နှစ်ခွဲအတွင်း အပြီး တည်ဆောက် လျက်ရှိသည်။ “၂ရ ကြိမ်မြောက် ဆီးဂိမ်းကို နေပြည်တော်မှာ ၂၀၁၃ ဒီဇင်ဘာလုပ်ဖို့လျာ ထားတယ်။ ပြိုင်ပွဲလုပ်တဲ့အခါ ပြိုင်ပွဲဝင် အားကစားသမားတွေ သီးသန့်နေဖို့ အားကစားရွာ တည်ဆောက်ဖို့ စီစဉ်ထားတယ်။ ဟိုတယ်တွေလည်းထပ်ပြီး ဆောက်ဖို့ရှိတယ်” ဟု မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီတွဲဖက်အထွေထွေအတွင်းရေးမှူးဦးခင်မောင်လွင်က ၁၇-၃-၂၀၁ဝ ရက်တွင် ပြောကြားသည်။ […]


parparaziMarch 31, 20101min1339
သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုက သူမရဲ့ သားလေး၊ အောင်ဗိုကောင်းသန့် ရဲ့ လေးနှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် သရုပ်ဆောင် ကျော်သူရဲ့ နာရေးကူညီမှု အသင်းမှာ အလှူဒါန ပြုခဲ့တယ်လို့ သိရပါတယ်။ ထွန်းအိန္ဒြာဗိုဟာ ဒီနှစ်သင်္ကြန်မှာ မြစ်ကြီးနားမှာ ဖျော်ဖြေဖို့ ရှိတယ်လို့ ဆိုပါတယ်။


parparaziMarch 31, 20101min1263
နာရေးကူညီမှု အသင်းကို ထူထောင်သူ၊ သရုပ်ဆောင် ကျော်သူက သရုပ်ဆောင် သင်တန်း ဖွင့်လှစ် ပို့ချနေပြီလို့ သိရပါတယ်။ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်တာလို့ ကျော်သူက ဆိုပါတယ်။ ဒီသင်တန်းမှာ ကျော်သူနှင့်အတူ ဆုရွှန်းလဲ့၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး ၊ ဦးချစ်ပြုံး၊ ညီဂျော် တို့က ကူညီ သင်ကြားပေးနေပါတယ်။