ashinindakaApril 22, 20111min16010
အမ္ဗပါလီရဲ့ ဘဝက စိတ်ဝင်စားစရာကောင်းသလို စိတ်လှုပ်ရှားစရာလဲ ကောင်းပါတယ်။ အမ္ဗပါလီမှာ အဖေလဲ မရှိဘူး။ အမေလဲ မရှိဘူး။ တခြားလူသားတွေလို အမိဝမ်းတွင်းမှာ ပဋိသန္ဓေတည်ပြီး မွေးဖွားလာတဲ့သူမဟုတ်ဘူးတဲ့။ သစ်ပင်၊ ကြာတိုက်စတဲ့ စိမ်းစိုတဲ့ အရာတွေကို အမှီပြုပြီး တဖြေးဖြေးကြီးထွားလာကာ ၁၆ နှစ်သားအရွယ် လူထင်ရှားဖြစ် မွေးဖွားလာတာကို ဥပပတ်ပဋိသန္ဓေလို့ ခေါ်တယ်။ အမ္ဗပါလီဟာ ဒီ ဥပပတ် ပဋိသန္ဓေနဲ့ မွေးဖွားလာသူဖြစ်တယ်ဆိုဘဲ။ စာပေလာအရပြောရရင် အမ္ဗပါလီဟာ အရင့်အရင်ဘဝတွေတုန်းက ကုသိုလ်ကောင်းမှု မြောက်များစွာပြုလုပ်ခဲ့ပြီး တစ်ခုသောဘဝမှာ ရဟန်းမ (ဘိက္ခုနီ) တောင် ဝတ်ခဲ့ဘူးတယ်။ ရဟန်းမဘဝတုန်းက စေတီတစ်ဆူကို သွားရောက်ဖူးမျှော်ပါတယ်။ စေတီယင်ပြင်ပေါ်မှာ ရဟန္တာမကြီးတစ်ပါး ချောင်းဆိုးရင်း အမှတ်မထင် လွင့်စင်ကျသွားခဲ့တဲ့ သလိပ်ခဲကို (အမ္ဗပါလီဖြစ်မဲ့) ရဟန်းမက တွေ့တော့ `ဒီယင်ပြင်ပေါ်မှာ သလိပ်ခဲကို […]


ashinindakaApril 21, 20111min471
ဗုဒ္ဓဘာသာဝင်အတော်များများ ဗုဒ္ဓဘာသာအကြောင်း စေ့စေ့ငုငုမသိပေမဲ့ ဗုဒ္ဓဘာသာစာပေထဲမှာပါတဲ့ နာမည်အတော်များများနဲ့ ရင်းနှီးကြတယ်။   ကျောင်းထဲမှာဆို ဇေတဝန်ကျောင်း၊ ဝေဠုဝန်ကျောင်း   ဘုန်းကြီးထဲမှာဆို ရှင်အာနန္ဒာ၊ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်   လူထဲမှာဆို အနာထပိဏ်၊ ဝိသာခါ   ရှင်ဘုရင်ထဲမှာဆို ကောသလ၊ ဗိမ္ဗိသာရ   အကြောင်းစုံ အကုန်မသိပေမဲ့ ဒီနာမည်တွေနဲ့ ရင်းနှီးပြီးသား။   ဒီ့အပြင် ဗုဒ္ဓဘာသာဝင်အတော်များများ သိတဲ့သူ တစ်ယောက်ရှိသေးတယ်။ သူက အမ္ဗပါလီ   အမ္ဗပါလီကို ပြည့်တန်ဆာတစ်ယောက်လို့ အကြမ်းဖျင်း သိထားကြတယ်။   ပြည့်တန်ဆာဆိုတဲ့ဝေါဟာရကို အင်္ဂလိပ်လိုတော့ prostitute, courtesan လို့ဆိုတယ်။ အငယ်တုန်းက ဒီ prostitute ကို အင်္ဂလိပ်ဗန်းစကား (Slang) လို 44 လို့ခေါ်ကြောင်း […]


ashinindakaApril 20, 20111min15713
သစ္စာလေးပါးမှာ နောက်ဆုံးသစ္စာက မဂ္ဂသစ္စာ တဲ့။ မဂ္ဂဆိုတာ လမ်း၊ သစ္စာဆိုတာ အမှန်တရား၊ ဒါ့ကြောင့် မဂ္ဂသစ္စာဆိုတာ လျှောက်လှမ်းရမဲ့လမ်းမှန်။ စဉ်းစားမိတာက (မဂ္ဂ) လမ်း လို့အဓိပ္ပါယ်ရတဲ့ နောက်ပါဠိတစ်ပုဒ်က ပထ တဲ့။ ပထ – လမ်း။ ဒါကို Romanized Letter နဲ့ရေးတော့ patha၊ ဒီ patha ရဲ့ နောက်ဆုံး a ကို ဖြုတ်လိုက်ရင် path ဖြစ်တယ်။ လမ်းကို ပါဠိလို patha အင်္ဂလိပ်လို path ပေါ့။ ဒီမဂ္ဂသစ္စာကို အရကောက်တော့ မဂ္ဂင်ရှစ်ပါးဖြစ်တယ်။ မဂ္ဂင်ရှစ်ပါးကို အင်္ဂလိပ်လိုဘာသာပြန်တော့ Noble Eightfold Path တဲ့။ မဂ္ဂသစ္စာကို အင်္ဂလိပ်လို The Truth of […]


ashinindakaApril 11, 20111min905
ဗုဒ္ဓဘာသာခေါင်းဆောင်များဖြစ်ကြတဲ့ ရဟန်းသံဃာတို့အလုပ်ဟာ အကြမ်းအားဖြင့် (၁) ပရိယတ်လုပ်ငန်းနဲ့ (၂) ပဋိပတ်လုပ်ငန်းလို့ နှစ်မျိုးရှိပါတယ်။ နားလည်သလိုပြောရရင် (၁) သင်ခြင်းအလုပ်နဲ့ ကျင့်ခြင်းအလုပ်ပေါ့။ စာသံပေသံ၊ စာလာပေလာစကားနဲ့ပြောရရင် (၁) ဂန္ထဓူရနဲ့ (၂) ဝိပဿနာဓူရတဲ့။ နံပါတ် (၁) လုပ်ငန်းဖြစ်တဲ့ ဂန္ထဓူရလို့ခေါ်တဲ့ ပရိယတ္တိလုပ်ငန်း၊ စာသင်စာချခြင်းလုပ်ငန်းကို မြန်မာပြည်အနယ်နယ်အရပ်ရပ် မြို့ကြီးမြို့လေးတွေမှာရှိတဲ့ ပရိယတ္တိစာသင်တိုက်တွေက ထမ်းဆောင်ကြပါတယ်။ သာသနာကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ပေးနေတာ ဒီပရိယတ္တိစာသင်တိုက်တွေပါ။ ပရိယတ်သမားမရှိဘဲ နည်းမှန်လမ်းမှန်ညွှန်ပြပေးနိုင်တဲ့ ပဋိပတ်သမား ပေါ်ထွက်လာနိုင်စရာ အကြောင်းမရှိဘူးဆိုတာ အားလုံးတညီတညွတ်တည်း လက်ခံထားပါတယ်။ ဒါ့ကြောင့်မို့ ပရိယတ်မကင်းတဲ့ ပဋိပတ်ဖြစ်ရေး၊ ပဋိပတ်မကင်းတဲ့ ပရိယတ်ဖြစ်ရေးမူတွေကို တတ်သိနားလည်တဲ့ဆရာတော်ကြီးများက လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက စတင်ချမှတ်လာခဲ့ပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်လာတယ်လို့ ပြောလို့ရပေမဲ့ လိုအပ်တာတွေ ရှိနေဆဲပါ။ နိုင်ငံတကာမှာ စာသင်ဌာန […]


ashinindakaApril 11, 20111min855
ဆရာတော် ကဲ၊ ဒုတိယပြဿနာ ရှင်းသွားပြီဆိုရင် တတိယပြဿနာဖြစ်တဲ့ နိဗ္ဗာန်ဟာ  မည်သည့်တရားနဲ့ တူပါသလဲဆိုတဲ့ အချက်ကို ဆက်ရှင်းကြရလိမ့်ဦးမယ်။ နိဗ္ဗာန်ဆိုတဲ့တရားဟာ အထက်က ရှင်းပြခဲ့သလိုဘဲ ဒီလောကကြီးနဲ့ သတ္တိ၊ အရည်အချင်း၊ အသွင်အပြင်၊ ဂုဏ်လက္ခဏာတို့မှစ၍ ဘယ်ဘက်ကမျှ မတူဘဲ လုံးလုံးဆန့်ကျင်နေတဲ့တရား ဖြစ်နေလေတော့ နိဗ္ဗာန်ကို ယခုတွေ့မြင်နေကြတဲ့ အရာဝတ္ထုတွေ၊ ရုပ်ဝတ္ထုတွေနဲ့ ဘယ်လိုမှနှိုင်းယှဉ်ပြလို့တော့ မဖြစ်ပေဘူး ဒကာကြီးရဲ့။ ဒါပေမဲ့ ဥပမာကလေးတစ်ခုနဲ့တော့ ရှင်းပြရလိမ့်မယ်။ ဒကာကြီးနားထောင်ပေတော့။ ဒကာကြီး မှန်ပါ့၊ နာလျက်ပါဆရာတော် ဆရာတော် ရှေးက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဒီဘုရင်ကြီးဟာ အခြားဘုရင်အဆူဆူက ကြောက်ရွံ့ ရိုသေပြီး လက်ဆောင်ပဏ္ဏာတွေ ကြို့ရလောက်အောင် ဘုန်းတန်ခိုးကြီးသတဲ့။ ရွေငွေ ကျောက်သံပတ္တမြားတွေဆိုတာကလဲ ခန့်မှန်းရေတွက်လို့ မရနိုင်အောင် ပေါသတဲ့။ စစ်သည်အင်အားကလဲ အလွန်ကြီးမားတောင့်တင်းသတဲ့။ သူ့ကို လုပ်ကျွေးပြုစုကြတဲ့ […]


ashinindakaApril 9, 20111min904
ဆရာတော် အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့တရားဟာ အဟုတ်အမှန်ရှိကြောင်းကို ယုံယုံကြည်ကြည်နဲ့လက်ခံပါပြီဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့တရားဟာ ဘယ်နေရာမှာ ရှိပါသလဲဆိုတဲ့ ဒုတိယအဆင့် မေခွန်းကို ဖြေကြားရဦးမယ်။ အထက်က ဦးပဉ္ဇင်းရှင်းပြခဲ့တဲ့အချက်အလက်များအရ နိဗ္ဗာန်ဆိုတဲ့တရားကိန်းဝပ်ဘို့ရာ နေရာဌာနရှိလို့ မဖြစ်တော့ဘူး။ အကယ်၍ နေရာဌာနတစ်ခုရှိခဲ့လျှင် ထိုနေရာဌာနရဲ့ မူလဗီဇတရားရှိရမယ်။ မူလဗီဇတရားရှိတာနဲ့ တပြိုင်နက် ထိုတရားဟာ ပျက်စီးချုပ်ငြိမ်းသွားရမယ်။ အမှန်ကတော့ နိဗ္ဗာန်ဆိုတဲ့တရားဟာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဆိုတဲ့ မဟာဘုတ်ကြီးလေးပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။ ဒီမဟာဘုတ်ကြီးလေးပါးနဲ့ ကင်းလွတ်လိုက်တာနဲ့ တပြိုင်နက် ဘာတရားမျှ မရှိဘူး။ ဘာရုပ်ဝတ္ထုမျှ မရှိဘူး။ ဘာအသွင်သဏ္ဍာန်မှလဲ မရှိဘူး။ ဘယ်နေရာဌာနမှလဲ မရှိဘူး။ ဒီမဟာဘုတ်ကြီးလေးပါးစုပေါင်းဖြစ်ပေါ်ရတဲ့တရားဟူသမျှမှာ ပျက်စီးချုပ်ငြိမ်းရတာချည်းဘဲ။ ဘာပြုလို့လဲဆိုတော့ စတင်ဖြစ်ပေါ်ခြင်း (ဇာတိ)၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ချုပ်ငြိမ်းခြင်းဆိုတဲ့တရားတွေဟာ […]


ashinindakaApril 9, 20111min1196
ဒကာကြီး နိဗ္ဗာန်ဟူသောတရားသည် တကယ်ပင် ရှိပါသလားဘုရား။ အကယ်၍ ရှိပါက ထိုတရားသည် အဘယ်မှာနည်း။ မည်သည့်တရားနှင့် တူပါသနည်းဘုရား။ ဆရာတော် ဒကာကြီးရဲ့ အမေးပုစ္ဆာဟာ တစ်ချက်ခုတ် သုံးချက်ပြတ် မေးခွန်းဘဲ ဒကာကြီးရဲ့။ မေးခွန်းကို ဖြေရာမှာ ဦးပဉ္ဇင်းဟာ တာဝန်သုံးခုကို တခါတည်း ထမ်းဆောင်ရလိမ့်မယ်။ ပထမတာဝန်က နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်း ပြဘို့ဖြစ်တယ်။ ဒုတိယတာဝန်ကတော့ နိဗ္ဗာန်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာပြဘို့ ဖြစ်တယ်။ တတိယတာဝန်ကတော့ နိဗ္ဗာန်ရဲ့အသွင်အပြင်လက္ခဏာကို ဖော်ထုတ်ပြဘို့ဖြစ်တယ်။ ပထမဆုံးတာဝန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်း ပြဘို့ရာ ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်ပြီး မေးရလိမ့်ဦးမယ်။ ကဲ ဒကာကြီးကလဲ ဖြေပါဦး။ ဆရာတော် ယနေ့ကမ္ဘာပေါ်မှာ ရှိနေကြတဲ့လူတွေ အားလုံးဟာ အသက်တစ်ရာထိအောင် နေကြရပါ့မလား။ ဒကာကြီး အသက်တစ်ရာထိအောင် နေကြရမှာ မဟုတ်ပါဘူးဆရာတော်။ […]


ashinindakaApril 7, 20111min634
သစ္စာလေးပါးထဲမှာ တတိယမြောက်သစ္စာက နိရောဓသစ္စာတဲ့။ နိဗ္ဗာန်အမှန်တရားပေါ့။ ဗုဒ္ဓဘာသာဝင်တို့အဖို့ နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါတယ်။ ကကြီး ခခွေး မဆိုတတ်ခင် မရေးတတ်ခင်ကတည်းက ဩကာသကန်တော့ချိုးထဲမှာပါတဲ့ “နိဗ္ဗာန် တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဆိုတာကို မိဘတွေနဲ့အတူ လိုက်ဆိုတတ်နေပြီ။ ကလေးသဘာဝ နိဗ္ဗာန်ဆိုတာကြီးက ဘယ်လိုဟာကြီးလဲ၊ ဘာကြီးလဲ လို့ စပ်စုကြည့်တော့ အလွန်ချမ်းသာတဲ့တရားကြီးပေါ့ကွယ် လောက်သာ မိဘတွေ ဖြေဆိုတတ်တယ်။ ဒီထက်ပို မဖြေတတ်တော့ဘူး။ ဒါပေမဲ့ နိဗ္ဗာန်ဆိုတာ ရယူရမဲ့ လိုအပ်တဲ့ ရှိရမဲ့အရာတစ်ခုလို့တော့ ခံစားမိသလိုပဲ။ ကိုရင်ပေါက်စဘဝ (အဘိဓမ္မာ) သဂြိုဟ်သင်တော့ စာချဘုန်းကြီးက ပရမတ်တရား (၄) ပါးကို ပြောပြပါတယ်။ ပရမတ်တရား (၄) ပါးဆိုတာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တဲ့။ စာချဘုန်းကြီးပြောတဲ့ စိတ်၊ […]


ashinindakaApril 5, 20111min921
ဘုရားရှင်က ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား – The Truth of Suffering) ကို အသေးစိတ် ကွက်ကွက်ကွင်းကွင်း ပြောပြပါတယ်။ နားထောင်သူ (Listener) အနေနဲ့ “ဒီဆင်းရဲတွေက ဘယ်ကဖြစ်ပေါ်လာတာလဲ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ” ဆိုတဲ့အတွေး ဦးဏှောက်ထဲရောက်လာမှာ အမှန်ပဲ။ ဒါကို သိတဲ့ဘုရားရှင်က “ဒီလိုဆင်းရဲရတာဟာ တခြားကြောင့် မဟုတ်ဘူး၊ တဏှာကြောင့်ဟေ့” လို့ ဆက်ပြောပါတယ်။ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ မွေးဖွားခြင်းဆင်းရဲ စတဲ့ ဆင်းရဲခြင်းအမျိုးမျိုးတွေရဲ့ လက်သည်တရားခံက တဏှာ ပါတဲ့။ တဏှာဟာ ဆင်းရဲဒုက္ခအားလုံးရဲ့ မူလဘူတအကြောင်းတရားပါ။ အရှိတရား သဘဝတရား အမှန်တရားဖြစ်တဲ့ ဒီတဏှာကို သစ္စာလေးပါးမှာ သမုဒယသစ္စာ (The Truth of the cause of suffering) လို့ […]


ashinindakaApril 4, 20111min653
ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးတို့ကို ဇာတိဒုက္ခ – ပဋိသန္ဓေတည်နေရခြင်းဆင်းရဲ (Birth is suffering) ကို ပြောပြပြီး ဇရာပိ ဒုက္ခာ – အိုခြင်းကလဲ ဆင်းရဲတယ် (Decay is suffering) လို့ ဆက်ပြောပါတယ်။ ဒီအိုခြင်းဆင်းရဲကလဲ အတော်လေး ထင်သာမြင်သာရှိပါတယ်။ လူတိုင်းနီးပါး အိုတဲ့အကြောင်း၊ အသက်ကြီးတဲ့အကြောင်းကို မပြောလိုကြပါဘူး။ မေးခွန်းတွေထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ ဆိုတဲ့မေးခွန်းကို မဖြေချင်ဆုံးပဲလို့ ဒကာမကြီးတစ်ယောက်ပြောဘူးတာ ကြားဘူးပါတယ်။ ဒီမေးခွန်းကို ဒကာကြီးတွေ ဒကာမကြီးတွေတင် မဖြေချင်တာ မဟုတ်ပါဘူး။ အချို့ဘုန်းကြီးများလဲ မဖြေချင်ကြပါဘူး။ ဒကာမကြီးတစ်ယောက်က ဘုန်းကြီးတစ်ပါးကို သက်တော်ဘယ်လောက်လဲလို့ မေးတော့ ဒကာမကြီး၊ ဘုန်းကြီးကို ထညက် (ထန်းလျက်) လဲ မကျွေးနဲ့၊ အသက်လေးမမေးနဲ့ လို့ ပြောတာကို နားနဲ့ဆတ်ဆတ်ကြားဘူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ […]


ashinindakaApril 2, 20111min755
Ashinindaka သို့ လျှောက်ထားလွှာဆိုပြီး Researcher ဆိုသူရေးလိုက်တဲ့စာထဲက ဒုက္ခသစ္စာနဲ့ပတ်သက်လို့ သူ့အမြင်မှာ ဗုဒ္ဓဝါဒဟာ အဆိုးမြင်ဝါဒများဖြစ်နေသလားဆိုတဲ့ သံသယကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ သူ့စာပါ နောက်အကြောင်းအရာတစ်ခုကို ဆက်ဆွေးနွေးကြည့်ရအောင်။ သူရေးထားတာက ရဟန်းတွေသည် လောကီကို တကယ်စွန့်ခွါနိုင်မှ ရဟန်းဝတ်သင့်တယ်လို့ တပည့်တော်ထင်ပါတယ်။……. …..လောကီကို အမှန်တကယ် မစွန့်လွှတ်နိုင်လျှင် ရဟန်းမဝတ်သင့်ဟု တပည့်တော် ထင်ပါတယ် တဲ့။ ဒီစာပိုဒ်ထဲက လောကီ ဆိုတာ ဘယ်လိုဟာမျိုးကို လောကီလို့ ဆိုလိုပါသလဲ။ ပရဟိတလုပ်ငန်းအပါအဝင် လူ့အလုပ်ဆို ဘာမှ မလုပ်ပဲ (ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားကဲ့သို့) တကယ့်ကို အကုန်စွန့်ပြီး သစ်တစ်ပင်အောက် ဝါးတစ်ပင်အောက်ကို သွားပြီး တရားထိုင်နိုင်မှ ရဟန်းဝတ်သင့်တယ်လို့ ဆိုလိုပါသလား။ ဒီလိုမျိုးနည်းနဲ့မှ ရဟန်းဝတ်ရမယ်ဆိုရင် ဗုဒ္ဓဘာသာသာသနာ ဒီလောက်ကြာ တည်တန့်နိုင်စရာ အကြောင်းမရှိပါဘူး။ ဘာလို့လဲ? မြန်မာနိုင်ငံရှိ လေးသိန်းခန့်မျှသော […]


ashinindakaApril 1, 20111min16516
Ashinindaka သို့လျှောက်ထားလွှာ ဆိုပြီး မန္တလေးဂေဇက်မှာ Researcher ဆိုသူ ရေးထားတဲ့ စာတစ်ဆောင်ဖတ်လိုက်ရပါတယ်။ Ashinindaka ရေးတင်လိုက်တဲ့ “ဘုန်းကြီး၊ ငွေ၊ နိဗ္ဗာန်၊ ကာ”း ဆိုတဲ့ Post ကိုဖတ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ဆန္ဒကို ဖွင့်ပြောချင်လို့လို့ သူကဆိုပါတယ်။ သူတင်ပြထားတဲ့ အချက်အလက်တွေက အတော့်ကို ကောင်းပါတယ်။ ကိုယ်ရှိခိုးနေတဲ့ဘုန်းကြီး၊ ကိုယ်ကိုးကွယ်နေတဲ့ဘုန်းကြီးကို သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်စုံစေချင်တာ သဘာဝအင်မတန်ကျပါတယ်။ သူ့ရဲ့ လျှောက်ထားချက်စာပါအရဆိုရင် သူဟာ ဗုဒ္ဓလမ်းစဉ်ကို စဉ်းစားချင့်ချိန်ပြီးမှ ဝေဘန်ုပိုင်းခြားပြီးမှ ကြိုက်လို့ နှစ်သက်သဘောကျလို့ လက်ခံယုံကြည်သူတစ်ဦးဖြစ်တယ်လို့ နားလည်မိပါတယ်။ သို့တစေ၊ Researcher နားလည်အောင် ပြောပြစရာတွေ အများကြီးပဲ။ Researcher ဆိုသူရေးထားတဲ့စာကို တစ်ရစ်ချင်း ဖြည်ကြည့်ရအောင်။ ပထမဦးဆုံး အဆိုးမြင်ဝါဒ၊ ဒုက္ခသစ္စာတွေအကြောင်း ပြောကြည့်ကြစို့။ […]


ashinindakaMarch 31, 20111min1465
ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးကို သူ့ခေတ်က ခေတ်စားနေတဲ့ အစွန်းရောက်ကျင့်စဉ်နှစ်မျိုးကို သုံးစားမရအောင်ပြောဆိုပြီး အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) နဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးမှ သစ္စာတရားကို ဟောကြားတော်မူပါတယ်။ သစ္စာဆိုတာ ပါဠိစကားပါ။ အမှန်၊ အရှိ၊ သဘာဝ လို့ မြန်မာလိုပြန်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။ ဘာပြုလို့လဲဆိုတော့ သစ္စာ ဆိုတဲ့စကားလုံးအောက်မှာ အမှန်တရား၊ အရှိတရား၊ သဘာဝတရားတွေချည်း ဘုရားရှင်က ဟောထားလို့ပါ။ သစ္စာဆိုတဲ့ အမှန်တရား၊ အရှိတရား၊ သဘာဝတရားက လေးမျိုးရှိတယ်။ (၁) ဒုက္ခ (၂) ဒုက္ခ၏အစ၊ ဒုက္ခဖြစ်ပေါ်ရခြင်းအကြောင်း – သမုဒယ (၃) ဒုက္ခ၏ချုပ်ငြိမ်းရခြင်း – နိရောဓ (၄) ဒုက္ခ၏ချုပ်ငြိမ်းရာသို့သွားရာလမ်း – မဂ္ဂ တဲ့။ (၁) ဒုက္ခ ဘုရားရှင်က ပဉ္စဝဂ္ဂီငါဦးကို သစ္စာတရားဟောတဲ့အခါ […]