ashinindakaDecember 19, 20101min33217
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဇနီးမောင်နှံနှစ်ဦးက ဘုရားရှင်ကို လျှောက်တယ်။ ဒီဘဝမှာလဲ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့ သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတယ်။ နောင်ဘဝမှာလဲ ပြန်လည်ဆုံဆည်းလိုလှတယ်။ ဒီအတွက်ကျင့်ဆောင်ရမဲ့နည်းလမ်းလေးရှိရင် ညွှန်ပြစမ်းပါတဲ့။ ဒီတော့ ဘုရားရှင်က ဒီအတွက် လိုက်နာရမဲ့အချက်က နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။ (အရင်ပို့စ်မုှာ ရှင်းပြပြီး) နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လိုပါတယ်။ သမသဒ္ဓါဆိုတာ သဒ္ဓါ – ယုံကြည်မှု၊ သမ – တူညီတာ၊ ဆိုတော့ သမသဒ္ဓါဆိုတာ ယုံကြည်မှုတူညီတာကို ပြောတာ။ လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံဘို့ နောက်အရေးကြီးတဲ့အချက်တစ်ချက်က သမသဒ္ဓါ – လင်မယားအကြား ယုံကြည်မှု တူညီရပါမယ်။ တကယ်ပျော်ရွှင်တဲ့အိမ်ထောင်သည်တွေဖြစ်ဖို့ သက်ဆုံးတိုင်အိုအောင်မင်အောင်ပေါင်းဆုံဘို့ နိုင်ငံရေးယုံကြည်ချက်တွေ၊ စီးပွါးရေးယုံကြည်ချက်တွေ လူမှုရေးယုံကြည်ချက်တွေ […]


ashinindakaDecember 16, 20101min1357
အိမ်ထောင်ကျခြင်းဆိုတဲ့ပို့စ်တစ်ခု တင်ဖြစ်တယ်။ အိမ်ထောင်မပြုဘဲ ရဟန်း (သို့) သီလရှင်ဝတ်ပြီးကျင့်ကြံမှ ဗုဒ္ဓဘာသာတို့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ကို ရနိုင်ပါသလား ဆိုတဲ့ မေးခွန်းကို ဖြေကြားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ရေးပြီး ဖတ်ကြည့်လိုက်တော့ ငါရေးတဲ့ပို့စ် ကျဉ်းများကျဉ်းလွန်းနေသလား၊ တိုများတိုလွန်းနေသလား၊ ဒီပို့စ်ကို ဖတ်ပြီး လူတွေဇဝေဇဝါများဖြစ်နေမလားလို့ စိတ်စနိုးစိတ်နှောင့်ဖြစ်နေမိတယ်။ ထင်ထားတဲ့အတိုင်းပဲ။ ဒကာလေး ကိုပြည့်စုံအောင်က ဒီပို့စ်နဲ့ပတ်သက်ပြီး ဒီလိုနိဒါန်းခံပြီး မေးထားပါတယ်။ ဘုန်းဘုန်း၊ သိချင်တာလေးတွေနဲ့ အမြင်လေးတွေ ရေးလိုက်တယ် ဘုရား၊ တစ်မျိုးမထင်ပါနဲ့.. သိချင်ရုံသက်သက်ပါပဲဘုရား။ ဒကာလေးကိုပြည့်စုံအောင်ရေ။ ဒကာလေးမေးတာကို တစ်မျိုးမထင်ပါဘူး။ ဒကာလေးမေးတာကို ကျေးဇူးတောင်တင်မိတယ်။ ဒါ့ကြောင့် ဒီလိုမေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့ တင်ကြိုပြောပါရစေ။ ဒါက ပို့စ်ထဲမှာ ဘုန်းဘုန်းရေးထားတဲ့စကားလေး။ {ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။} အောက်ကဟာက ဒကာလေး ကိုပြည့်စုံအောင်ရေးထားတာ။ မေးထားတာ။ […]


ashinindakaDecember 15, 20101min67326
ဟိုတစ်နေ့က တရုတ်ဗုဒ္ဓဘာသာဝင်တစ်ဦးရောက်လာတယ်။ ဟိုအကြောင်း ဒီအကြောင်းစပ်စုပြီး ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်အကြောင်းမေးပါတယ်။ တချိန်တည်းမှာဘဲ ဒီနိဗ္ဗာန်ကို ရောက်ဖို့ ရဖို့ ခံစားရဖို့ တွေ့ကြုံရဖို့ ရဟန်းမဖြစ်မနေပြုရပါသလား။ ဗုဒ္ဓဘာသာရှုဒေါင့်က အိမ်ထောင်ပြုမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ ဆက်မေးပါတယ်။ အိမ်ထောင်ပြုခြင်း ဆိုတာ လူ့မှုလုပ်ငန်းတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။ ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။ လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။ ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး၊ အိမ်ထောင်ပြုတာ ကောင်းတယ်၊ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ ဒီထက်ရှင်းရှင်းပြောရရင် အိမ်ထောင်ပြုတာဟာ ဘာသာရေးနဲ့လုံးဝ မပတ်သက်ပါဘူး။ အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ လူဖြစ်လာလို့ လူ့လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်လိုက်တာပါဘဲ။ ဗုဒ္ဓဘာသာက […]


ashinindakaDecember 13, 20101min872
ပီနန်း၊ မြန်မာဘုန်းတော်ကြီးကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက်အစော  ကွာလာလမ်ပူကို ခရီးဆက်ရမှာပါ။ ဒီအတွက် မအိပ်ခင် ခရီဖော်လေးဦး ဆွေးနွေးဖြစ်ပါတယ်၊ အရုဏ်ဆွမ်းဘုန်းပေးပြီး နေ့ဆွမ်းဘယ်မှာ ဘုန်းပေးမလဲ။ ခရီးသွားတဲ့အခါ ဆွမ်းရေး ကွမ်းရေးကိစ္စက ထည့်သွင်းစဉ်းစားရမယ်လေ။ အားတဲ့အချိန် ကြုံတဲ့နေရာမှာ စားလို့က မဖြစ်ဘူးမို့လား။ ဘုန်းကြီးဖြစ်နေတာကိုး။ ဒါကို ကွာလာလမ်ပူကနေ ပီနန်းကို အလာတုန်းက ဝင်ခဲ့တဲ့ Ipoh နားက Pandai Remis လို့ ခေါ်တဲ့ တံငှာရွာလေးမှာ ကျောင်းထိုင်နေတဲ့ ခရီးဖော်တစ်ဦးလဲဖြစ်တဲ့ ဆရာတော် ဦးမဏ္ဍလ က အပြန်ခရီးမှာလဲ သူ့ရွာမှာပဲ နေ့ဆွမ်းဘုန်းပေးဘို့ပြောတာကို အားလုံး သဘောတူညီကြပါတယ်။ သဘောတူညီမှုရတော့ ဆရာတော်ဦးမဏ္ဍလက သူ့ရွာကို အကြောင်းစုံ ဖုန်းဆက်အကြောင်းကြားတယ်။ စေတနာရှင်တစ်ဦးက အိမ်ပင့်ပြီး ပရိတ်တရားတော်နာလိုကြောင်း၊ နေ့ဆွမ်းဆက်ကပ်လိုကြောင်း၊ နေ့ဆွမ်းဆက်ကပ်တဲ့အခါ ဆရာတော်များ […]


ashinindakaDecember 11, 20101min1162
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာ့ပြတိုက်ကြည့်ပြီးတော့ သင်္ဘောဆိပ် (Jetty) ကို သွားဘို့ တစ်ယောက်က သတိပေးတယ်။ ပီနန်းကို ပြန်ဘို့ သင်္ဘောအချိန်က ညနေ ၅ နာရီခွဲ။ အခုလေးနာရီ ကျော်ကျော်ပဲ ရှိသေးတော့ သင်္ဘောဆိပ်ကို တန်းမသွားပဲ သင်္ဘောဆိပ်နားက စားသောက်ဆိုင်ကို သွားတယ်။ အဲ့စားသောက်ဆိုင်မှာ ပါကြီးဆိုတဲ့ ဗမာဒကာလေးရှိတယ်။ စားသောက်ဆိုင်တစ်ဆိုင်လုံး သူ့ခြေ သူ့လက်ပါပဲ လို့ လျှောက်တယ်။ အဲ့မှာ နာရီဝက်လောက်နားပြီး သင်္ဘောပေါ်တက်ဖို့ အချိန်ကလဲ စောနေသေးတာနဲ့ သင်္ဘောဆိပ်ဘေးမှာ ရှိတဲ့ သိန်းငှက်ရုပ်တုကြီးနားသွားပြီး ဓာတ်ပုံရိုက်ကြတယ်။ ဒီသိန်းငှက်ရုပ်ကြီးက အတော်အသက်ဝင်တာပါကလား။ တကယ့်သက်ရှိ သိန်းငှက်ကြီးကျနေတာပဲ။ သိန်းငှက်ဆိုလို့ အရင်ရေးခဲ့တဲ့အထဲမှာ သိန်းငှက်တွေကို အစာကျွေးတဲ့နေရာကို လှေသမားက လိုက်ပို့တယ်ဆိုတဲ့အကြောင်း ပြောခဲ့ပြီးပြီ။ ရှေးရှေးတုန်းက ဒီလင်္ကာဝီကျွန်းမှာ သိန်းငှက်တွေ အတော်ပေါခဲ့ပုံပေါက်တယ်။ အခုလဲ […]


ashinindakaDecember 10, 20101min1637
ကားဆရာဒကာလေးလိုက်ပို့လို့ ၃ နာရီခွဲလောက်မှာ ဒေါက်တာမဟာသီယာပြတိုက်ကို ရောက်ပါတယ်။ ဒေါက်တာမဟာသီယာဆိုတာ မလေးရှားကို ကမ္ဘာကိုသိအောင် လုပ်ပေးတဲ့ပုဂ္ဂိုလ်လို့ ပြောရင်မှားမယ်မထင်ဘူး။ ဒေါက်တာမဟာသီယာရဲ့ နာမည် အပြည့်အစုံက Mahathir bin Mohamad ဖြစ်တယ်။ ၁၉၂၅ – ခုနစ် ဇူလိုင် ၁ဝ ရက်မှာ မွေးတယ်။ အခုသက်ရှိထင်ရှားရှိသေးတယ်။ (လောလောယ်ဆယ် ဩစတေးလျနိုင်ငံမှာ ဆေးကုသမှု ခံယူနေပါတယ်။) သူ့အရင် ဝန်ကြီးချုပ် (၃) ယောက်ရှိခဲ့တယ်။ (1) Tunku Abdul Rahman (2)  Tun Abdul Razak (3) Hussein Onn သူဟာ မလေးရှားနိုင်ငံရဲ့ လေးယောက်မြောက်ဝန်ကြီးချုပ်ဖြစ်တယ်။ ၁၉၈၁ – ခုနစ်က ဝန်ကြီးချုပ်စဖြစ်လာပြီး ၂၀၀၃ -ခုနစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့လို့ […]


ashinindakaDecember 9, 20101min1546
တစ်နေကုန် လျှောက်လည်ပြီး ပင်ပင်ပန်းပန်းနဲ့ ဟိုတယ်ပြန်အိပ်လိုက်တာ မနက် ၈ နာရီခွဲလောက်မှ နိုးတယ်။ ရေမိုးချိုးပြီး ရှိတဲ့ကော်ဖီလေးတွေဖျော်၊ မုန့်လေးတွေကို စားရင်း ကားဆရာဒကာလေး လာအခေါ် စောင့်နေရတယ်။ မောင်မင်းကြီးသား ကားဆရာဒကာလေးက ၁ဝ နာရီခွဲလောက်မှ ရောက်လာတယ်။ အခုသွားမဲ့ခရီးစဉ်က စားသောက်ဆိုင် သိပ်အဆင်မပြေလို့ ဆွမ်းစားပြီးမှ ဆက်သွားဘို့ ကားဆရာ ဒကာလေးက လျှောက်တယ်။ ဆွမ်းစားဘို့ စောနေသေးတော့ ဆရာတော်တွေ အင်းမလုပ်၊ အဲမလုပ်။ ဆိပ်ဆိပ်ငြိမ်နေကြတယ်။ အရှင်ဘုရားတို့ လင်္ကာဝီရောက်တုန်း လင်္ကာဝီငါးကင်လေးလည်း ဘုန်းပေးသွားရအောင် ငါးကင်ကောင်းတဲ့ဆိုင်ကို ပို့ပေးမယ်လို့ ဆက်လျှောက်တယ်။ ဆွမ်းစားဘို့ စောနေသေးလို့ စိတ်မပါပဲဖြစ်နေတဲ့ဆရာတော်တွေ ငါးကင်သံကြားတော့ အလိုလို ခေါင်းထောင်လာမိတယ်။ ဆရာတော်တစ်ပါးကဆို ငါးကင်ဆိုလုပ်ပါဟ လို့တောင် အော်ပြောလိုက်မိသေးတယ်။ အော်၊ လျှာကို အမှီပြုပြီး တောင့်တ […]


ashinindakaDecember 7, 20101min1385
ပင်လယ်ထဲ ဟိုကျွန်း ဒီကျွန်း ဟိုနေရာ ဒီနေရာလည်ပတ်ပြီး တည်းခိုမဲ့ဟိုတယ်ကို သွားကြတယ်။ အစောက ပြောခဲ့တဲ့ ဒကာလေး မောင်ဇေယျာကျော်ဝင်း ကားနဲ့ပဲ။ လှေဆိပ်နဲ့ ဟိုတယ် ကားအချိန်တော်တော်ကြာ မောင်းရတော့ ကားသမားလေးနဲ့ စကားပြောဖြစ်တယ်။ စကားပြောရင်း သူ့အကြောင်းတွေ သိခဲ့ရတယ်။ သူရောက်တာ (၃) နှစ်ရှိပြီဖြစ်ကြောင်း၊ စားသောက်ဆိုင်မှာ စားဖိုမှူးလုပ်နေကြောင်း၊ မလေးရှားအမျိုးသမီးနဲ့ အိမ်ထောင်ကျနေကြောင်းစသည်။ ဒီနိုင်ငံမှာ အခြေခံဥပဒေက မလေးရှားလူမျိုးကို ဘယ်လူမျိုးက အိမ်ထောင်ပြု ပြု၊ အထီးကပဲ ဖြစ်ဖြစ်၊ အမကပဲဖြစ်ဖြစ် မလေးလူမျိုးကို အိမ်ထောင်ပြုမယ်ဆိုရင် မွတ်စလင်ဘာသာကို ပြောင်းရပါတယ်။ ရှင်းအောင်ပြောရရင် ဗုဒ္ဓဘာသာ ယောက်ကျားက မလေးရှားအမျိုးသမီးကို ယူလဲ မွတ်စလင်ဘာသာပြောင်း၊ ဗုဒ္ဓဘာသာအမျိုးသမီးက မလေးရှား အမျိုးသားကို ယူလဲ မွတ်စလင်ဘာသာပြောင်း။ ဒါ အခြေခံဥပဒေ။ ချိုးဖောက်လို့မရဘူး။ […]


ashinindakaDecember 6, 20101min1134
ပီနန်းကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈နာရီ ၁၅ မိနစ်မှာ လင်္ကာဝီကျွန်းကို ဘုတ်သင်္ဘောနဲ့ ခရီးဆက်ဖြစ်တယ်။ မနက် ၈ နာရီ ၁၅ မိနစ် ပီနန်ကျွန်းက စထွက်တာ၊ သင်္ဘောခရီး။ မလေးရှားငွေ ၆ဝ ကျတယ်။ မလေးရှားငွေ ၆ဝ ပေးရတာနဲ့စာရင် သင်္ဘောက အကောင်းကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာပြည်က ငယ်ငယ်တုန်းက ရန်ကုန်က သန်လျင်ကို သွားတဲ့ သင်္ဘောတွေနဲ့တော့ တခြားစီပဲ လို့ပြောစရာလိုမယ်မထင်ဘူး။ ၁၁ နာရီ ဆွမ်းစားမီ လင်္ကာဝီကျွန်းကို ရောက်တယ်။ မြန်မာပြည် ရန်ကုန်၊ ကြည့်မြင်တိုင်ကလာပြီး လင်္ကာဝီကျွန်း၊ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃ဝ ဝန်းကျင်ရှိတဲ့ မောင်ဇေယျာကျော်ဝင်း ဆိုတဲ့ဒကာလေး ကားနဲ့လာကြိုတယ်။ ဆွမ်းစားချိန်ဆိုတော့ ထမင်းဆိုင် အရင်ပို့တယ်။ […]


ashinindakaDecember 5, 20101min1317
၂၈၊ ၉၊ ၂၀၁ဝ အင်္ဂါနေ့ က လင်္ကာဝီကျွန်းကို ခရီးထွက်ဖြစ်တယ်။ ဘာရယ်လို့တော့ မဟုတ်ဘူး။  ဘာမှ အစီအစဉ်မရှိပဲ ခရီးထွက်ဖြစ်တာ။ Petaling Jaya မှာ နေနေတဲ့ ဘုန်းကြီးဦးဥတ္တမ က သူ့တရုတ်ဒကာ (ဟင်းရွက်ရောင်းတဲ့သူ) ကားအဟောင်း (Second Hand) တစ်စီးဝယ်ထားကြောင်း အဲ့ကားလေးနဲ့လင်္ကာဝီသွားမှာဖြစ်ကြောင်း ပြောပါတယ်။ မရောက်ဖူးလို့ ကားအဆင်ပြေမယ်ဆိုရင် လိုက်ချင်ကြောင်းပြောတာနဲ့ အဆင်ပြေတာနဲ့ပဲ လိုက်ဖြစ်သွားတယ်။ ဟင်းရွက်ရောင်းတဲ့သူဝယ်ထားတဲ့ကားက မာစီဒီး ပါ။ မြန်မာပြည်က လုပ်ငန်းရှင်ကြီးများစီးနေတဲ့ ကားထက်တောင် ကောင်းနေသေးတယ်လို့ ထင်မိပါတယ်။ အင်း၊ စဉ်းစားပြီး ကိုယ့်နိုင်ငံကို သတိရမိလို့ မရှိပြုံးပြုံးမိပါသေးတယ်။ မနက် ၈ နာရီ ၁၅ မိနစ်မှာ စထွက်တယ်။ Ipoh မြို့နားက Pandai Remis ဆိုတဲ့ […]