asiamastersJuly 2, 20131min31215
ကျွန်ုပ်တို့လို့ဆိုလိုက်တာက Demographic segmentation အရဆိုရင်တော့ ၁၉၄ဝ ခုှနှစ်က နေ ၁၉၇ဝ ခုနှစ်လောက်အတွင်း မြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့ မြ န် မာ လူမျိုးတွေကို ဆိုလိုပါတယ်။ ဘာဖြစ်လို့ဒီလိုပိုင်းခြားလေ့လာကြည့်လဲဆိုရင် လူသားတွေမှာက သက်တမ်းရှိတယ်။ ဒီသက်တမ်းအထဲရှင်သန်နေချိန် ခွန်အားတွေ၊ မှတ်ဉာဏ်တွေ၊ ထိုးထွင်းသိမြင်မှုတွေ မဆုတ်ယုတ်သွားတဲ့ အချိန်မှာပဲ အကောင်းဆုံးအလုပ်တွေကို လုပ်ကိုင်နိုင်ပါတယ်။ ၁၉၄ဝ ခုှနှစ်မှာမွေးဖွားခဲ့သူတစ်ဦးဟာ ဒီနေ့မှာ အသက် (၇၃) နှစ်ရှိပါပြီ။ ဒါဟာလူသားတစ်ဦး ရဲ့အကောင်းဆုံးလုပ်ကိုင်နိုင်တဲ့ အသက်ရဲ့ နောက်ဆုံးအချိန်ပါပဲ။ ဒါကြောင့် အစိုးရပိုင်း အလုပ်တွေက ပင်ရှင်ပေးတဲ့ အသက်ကို (၆၀) မှာထားတယ်။ တစ်ချို့နိုင်ငံတွေကလည်း (၆၅) နှစ်ကိုထားတယ်။ ဒါပေမဲ့ တစ်ချို့ခေါင်းဆောင်တွေကတော့ ကိုယ့်အသက်ဘယ်လောက်ရောက်ရောက် ဂရုမစိုက်ဘူး။ သေတဲ့အထိ ခေါင်းဆောင်အနေနဲ့ပဲနေချင်သူတွေကများပါတယ်။ ထားပါတော့။ တစ်ချို့ခေါင်းဆောင်တွေက ကျားမီးဆွဲထားရသလိုဖြစ်နေတာကိုး။ […]


asiamastersMarch 30, 20131min802
၂၆။   မိတ်ဆွေအပေါင်းအသင်းပေါများသူတို့ဟာ ခိုင်မာတဲ့မြို့ရိုးများ အကာအကွယ်ပေး ထားတဲ့မြို့များနဲ့တူတယ်။ မသမာသူတို့ လွယ်လွယ်နဲ့ မဝင်ရောက်နိုင်။ မိတ်ဆွေအပေါင်း အသင်းနည်းပါးသူများဟာ မြို့ရိုးမရှိတဲ့မြို့များနဲ့တူတယ်။ မသမာသူတို့ ဝင်ရောက် လုယက် ဖျက်ဆီးခြင်းကို အမြဲခံရတယ်။   ၂၇။ ခင်ပွန်းများဟာ ရတနာကြုတ်ကိုစောင့်ရှောက်ပေးတဲ့မြွေဟောက်များနဲ့တူတယ်။ ဇနီးသည်များဟာ ရတနာတွေကို ထုတ်လုပ်၊ထိန်းသိမ်းပေးတဲ့ ရတနာကြုတ်များနဲ့တူတယ်။ မြွေဟောက်များဟာရတနာကြုတ်တို့ကိုအမြဲစောင့်ရှောက်ပေးရတယ်။ ၂၈။ မိဘများအတွက်သားသမီးများဟာ ရတနာများဖြစ်တယ်။ ဒီရတနာတွေကို တန်ဖိုးရှိလာအောင် လုပ်ပေးရတယ်။ သားသမီးများကို အချစ်ပိုပြီး ရွှေလိုဥထားခြင်းဟာ ထောင်ချထားခြင်းနဲ့တူပြီး၊ အသိဉာဏ်နည်းပါးသွားစေတယ်။ အန္တရာယ် အမျိုးမျိုးှရှိနေတဲ့ လူ့လောကကြီးမှာ ကြာကြာမရှင်သန်နို်င်တော့ဘူး။ အလိုလိုက်လွန်းသော သားသမီးများမှာ လူအများလိုက်နာတဲ ဥပဒေတွေကို ချိုးဖေါက်သူများဖြစ်လာတယ်။ အရွယ်ရောက်လာတဲ့ သားသမီးများကို ကိုယ်ပိုင်ဝင်ငွေရှာတတ်အောင်၊ စုဆောင်းတတ်အောင်၊ တိုးပွား အောင် လုပ်တတ်အောင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့သဟဇာတဖြစ်ဖြစ်နေတတ်အောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ အကျင့်သိက္ခာနဲ့ […]


asiamastersMarch 29, 20131min1022
၂၁။ သန့်ရှင်းစင်ကြယ်မှုဟာ ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကျဉ်းနိုင်တယ်။ လူသားတွေမှာက ကိုယ်ခန္ဒာနဲ့ စိတ်နဲ့ရှိနေတော့ ကိုယ်ခန္ဒာလည်းသန့်ရှင်းဖို့လိုသလို၊ စိတ်ထားလည်း သန့်ရှင်းစင်ကြယ်နေဖို့လိုတယ်။ ကိုယ်ခန္ဒာသန့်ရှင်းစင်ကြယ်ခြင်းဆိုတာကတော့ ရေကို အသုံးပြု၍ဆေးကြောခြင်းပါပဲ။ ဆံပင်တွေကို အမြဲသန့်ရှင်းအောင်ထားရမယ်။ ခံတွင်းကိုသန့်ရှင်းအောင်ထားရမယ်။ အရေပြားကို သန့်ရှင်းအောင်ထားရမယ်။ လိင်အင်္ဂါများကို သန့်ရှင်းအောင်ထားရမယ်။ စိတ်ထားမှာလည်း မနာလိုစိတ်၊ လောဘစိတ်၊ အလကားလိုချင်စိတ်များများကို ရှင်းပစ်ရမယ်။ ညစ်ပတ်နေနေရာများသည် ရောဂါများကို ဖြစ်စေတယ်။ ညစ်ပတ်သော နိုင်ငံတိုင်းဟာ ဆင်းရဲတဲ့နိုင်ငံတွေဖြစ်တယ်။ မိမိအိပ်ယာနေရာ၊ အိမ်ယာတို့ကို သန့်ရှင်းရမယ်။ မြောင်း၊ စမ်းချောင်းများဟာ ရေစီးနေရမယ်။ ကိုယ်အလုပ်လုပ်မဲ့နေရာကိုလည်းအစဉ်သန့်ရှင်းနေစေရမယ်။ ၂၂။ လူသားတစ်ဦးဖြစ်လာရင် လူသားဆန်ဖို့လိုတယ်။ လူသားဆန်တယ်ဆိုတာ လူသားတွေကို နားလည်သဘောပေါက်ခြင်းဖြစ်တယ်။ လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီပါ။ ကျား၊ မ ကွဲပြားသလို မိမိတို့မွေးဖွားလာရာပတ်ဝန်းကျင်နဲ့အသိုင်းအဝိုင်းပေါ်မူတည်ပြီး နားလည်သဘောပေါက်နိုင်မှုအဆင့်ဆင့်ဖြစ်သွားတယ်။ အသိဉာဏ်အနုအရင့်ကွဲပြားသွားတယ်။ မှားယွင်းမှုတွေဖြစ်ခဲ့ရင် မှားယွင်းသူဟာ အသိဉာဏ်ဘယ်လောက်ရှိလဲဆိုတာကို […]


asiamastersMarch 29, 20131min1222
၁၆။ ရုပ်ခန္ဒာကိုယ်ကို အသား၊ အရိုး၊ သွေးတွေနဲ့ဖွဲ့စည်းထားတယ်။ အသားတိုးပွားပြီးလှပလာဖို့အတွက် သန့်ရှင်းလတ်ဆတ်သော အသားများကို စားသုံးရမယ်။ သေနေပြီးသော အသေကောင်များကို မစားရ။ အသားမစားသူများအနေနဲ့ ပဲကို များများစားရမယ်။ အသားလည်းမစားသူ၊ ပဲလည်းမစားသူများဟာ ချိနဲ့ပြီး လူစဉ်မမီသူများဖြစ်လာတယ်။ ၁၇။ လူသားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ကြံ့ခိုင်မှုနဲ့ မြင့်မားသောအရပ်အမောင်းများရှိဖို့ဆိုရင် အရိုးများ သန်မာကြီးထွားဖို့လိုတယ်။ အရိုးများသံမာကြီးထွားဖို့အတွက် နွားနို့နဲ့ နို့ထွက်ပစ္စည်းများကို များများ စားသုံးရမယ်။ ဒိန်ချဉ် ကို အမြဲသောက်ရမယ်။ အသက်ကြီးသူတွေအတွက် အဆီထုတ်ထားတဲ့ နွားနို့ကိုသောက်နိုင်တယ်။ ကလေးသူငယ်ကအစ နွားနို့နဲ့ ဒိန်ချဉ်ကို များများတိုက်ရမယ်။ ၁၈။ လူသားတွေမှာလိုအပ်တဲ့ အမြှင်ဓါတ်၊ ဗီတာမင်ဓါတ်များနဲ့ သတ္တုဓါတ်များရနိုင်ဖို့အတွက် အသီးအရွက်များကို များများစားပေးရမယ်။ အသီးအရွက်များစားသုံးရာမှာ ရေစင်စင်ဆေးပြီးမှာသာစားသုံးရမယ်။ ကစီဓါတ်ရဖို့အတွက် ဂျုံ၊ ဆန်၊ပြောင်း၊လူး၊ဆပ်အစရှိသည်တို့ကိုစားသုံးရမယ်။ စားအုန်းဆီစားသုုံးခြင်းမှရှောင်ကျဉ်ရမယ်။ ဆီကိုနဲနဲပဲစားရမယ်။ […]


asiamastersMarch 28, 20131min831
၁၁။ ဘယ်အလုပ်ပဲလုပ်လုပ် အချိန်ကအရမ်းအရေးကြီးတယ်။ အချိန်လွန်သွားရင်တော့ဘာမှတန်ဖိုးမရှိတော့ဘူး။ တန်ဖိုးတွေဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာသာရှိတယ်။ အချိန်အတိအကျဖြစ်အောင်လုပ်ရမယ်။ ၁၂။ လူသားတစ်ဦးဖြစ်လာရင် များများသိအောင်ကြိုးစားရမယ်။ များများသိသူများမှာ များများရွေးချယ်နိုင်တယ်။ သိတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးရှိတယ်။ ပထမသိခြင်းက လူ့ကိုယ်ခန္ဒာအာရုံခံ အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့နဲ့သိတဲ့အာရုံသိဖြစ်တယ်။ ဒီလိုသိခြင်းမျိုးတွေက လူတွေရော တိရိစ္လာန်တွေရောမှာရှိတယ်။ တိရိစ္ဘာန်ဆိုတာက အိပ်၊ စား၊ ကာမ အလုပ်သုံးခုပဲလုပ်တဲ့သတ္တဝါကိုခေါ်တယ်။ လူတွေဟာ အိပ်၊ စား၊ကာမ ပဲလုပ်ရင် လူ့တိရိစ္ဆာန်တွေဖြစ်တယ်။ နောက်တစ်ခုသိခြင်းက ဉာဏ်သိ (သို့) အသိဉာဏ်ဖြစ်တယ်။ ဒီအသိဉာဏ်ကတော့ တိရိစ္ဆာန်အချို့မှာ အနည်းငယ်ရှိနိုင်ပေမဲ့ လူသားတွေမှာ အကြီးမားဆုံးဖြစ်တယ်။ ဒီအသိဉာဏ်ကြောင့် လူသားတွေဟာ မဟာလူသားတွေဖြစ်လာတယ်။ အသိဉာဏ်ထဲမှာဘာတွေပါလဲဆိုရင် ၁) သင်ယူနိုင်ခြင်း၊ ၂) စဉ်းစားနိုင်ခြင်း ၃) မှတ်သားနိုင်ခြင်း […]


asiamastersMarch 28, 20131min1315
၆။     ကောင်းသောအကြောင်းအရာမဟုတ်သော်လည်း လူသားများနှင့် အမြဲထိတွေ့ နေရ သည့် ကိစ္စတစ်ခုမှာ “အကြွေး” ဖြစ်သည်။ အကြွေးဟူ၍ကြားလိုက်သည်နှင့် မင်္ဂလာမဲ့ သွားသည်ဟုခံစားကြရသည်။ သို့သော်လူသားတို့သည် အကြွေးနှင့်ကင်းသည်ဟူ၍မရှိပါ။ အကြွေးကို ကြောက်ရန်မလိုပါ။ သူ့ကြွေး ရှိသည်များကို ဆပ်ရမည်သာဖြစ်သည်။ အကြွေးဟုပြောလိုက်လျှင်ကပ်ပါလာသည်မှာ ” အတိုး” ဖြစ်သည်။ အကြွေး ယူလိုက်သော ငွေသည် ပြန်ဆပ်ရန်အတွက်သာရည်ရွယ်ထားရမည်။ အတိုးနှုံးကြီးမားသော ချေးငွေများကို မချေးခင်ကတည်းက သတိထားရမည်။ လုပ်ငန်းလုပ်လျှင်၊ တိုးချဲ့လျှင် ငွေလိုပါက ချေးရသည်။ အတိုးထဲတွင်နစ်မွန်းသွားနိုင်မည့် အခြေအနေမျိုးကို သိထားရမည်။ ငွေချေး၍ သုံးဖြုံးပစ်လိုက်လျှင်ကား ကုရာနတ္ထိဖြစ်ပြီး ဒုက္ခပင်လယ်ဝေမည်။   ၇။ လူသားတွေရဲ့ ပိုင်ဆိုင်မှုများ ပျက်စီးပျောက်ဆုံးခြင်း၊၊ မိသားစုများပြိုကွဲခြင်း၊ မိတ်ဆွေအပေါင်းအသင်းများပျက်ခြင်း၊ ဘဝပျက်ခြင်းများကို ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုကတော့ လောင်းကစားခြင်းဖြစ်တယ်။ ဒါကြောင့် […]


asiamastersMarch 27, 20131min1324
၁။     အရွယ်ရောက်လာတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ ဒီစာကို ဖတ်နေချိန်မှာ ကိုယ့်မှာ ဝင်ငွေ လမ်းကြောင်း တစ်ခုခိုင်ခိုင်မာမာ ရှိနေပြီလား ဆိုတာ မေးရမယ်။ အချိန်တိုင်းမှာ တစ်ခုတည်းသောစိတ်ကို ဒီဝင်ငွေအပေါ်မှာသာထားရမယ်။ မိမိရဲ့လုပ်ဆောင်မှုတိုင်းဟာ ဝင်ငွေကို ဖန်တီး၊ တိုးပွားနိုင်တဲ့ လုပ်ဆောင်မှုများသာဖြစ်ရမယ်။ စားလည်း ဝင်ငွေ၊ သွားလည်း ဝင်ငွေသာဖြစ်ရမယ်။ မနက်အိပ်ယာထချိန်ရွတ်ဆိုရမှာက ဝင်ငွေဖြစ်တယ်။ ညအိပ်ယာဝင်ခါနီးအချိန်ရွတ်ဆိုရမှာကလည်းဝင်ငွေဖြစ်တယ်။ ဝင်ငွေဆိုတာ မိမိရဲ့ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ တရားဥပဒေနဲ့အညီ အလုပ်တစ်ခုလုပ်လို့ ရလာတဲ့ အခကျေးငွေဖြစ်တယ်။ ဝင်ငွေရှိလာသူများဟာ စုဆောင်းရမယ်။ စုဆောင်းမိနေသူများဟာ တိုးပွားအောင်လုပ်ရမယ်။ တစ်ပြား၊ တစ်ကျပ်၊ တစ်ရာ၊ တစ်ထောင်၊ ငါးထောင်၊ တစ်သောင်း အစရှိသည့် ငွေကြေးတို့သည် မိမိ၏ စစ်သည်တော်များနှင့်တူသည်။ ရှုံးနိမ့်မည့် တိုက်ပွဲများအတွက် မိမိတို့၏စစ်သည်တော်တို့၏ အင်အားကို အချည်းနှီး […]


asiamastersMarch 19, 20131min1504
    ဒီစာကို ရေးခြင်းဟာ ဒီနေ့ နိုင်ငံတော်ကို ခေါင်းဆောင်နေသူများအနေနဲ့ သတိထားမိအောင်ရေးထားတာပါ။ ဒီနေ့ ဒီအချိန်က  ခေတ်ပြောင်းစနစ်ပြောင်းကာလဖြစ်ပြီး မြန်မာတစ်မျိုးသားလုံးအတွက် အကောင်းဆုံးအခွင့်အခါကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ နောက်တစ်ခါပြန်မရနိုင်တော့မဲ့ ဒီအခွင့်အခါကောင်းကို အကောင်းဆုံးအသုံးချပြီး ဆင်းရဲ၊စုတ်ပြတ်ပြီး  နိမ့်ပါးတဲ့ အလုပ်တွေကို ပဲလုပ်နေရတဲ့လူမျိုး၊ နိုင်ငံတကာလူ့အဆင့်အတန်းမှာပင်မရှိတော့ပဲ၊ သူတစ်ပါးလှုဒါန်းမှ အလုပ်လုပ်နိုင်တော့လူမျိုးတစ်မျိုး၊ ကိုယ့်အကြွေးကိုယ်မဆပ်နိုင်တော့လို့ သူတစ်ပါးကလျှော်ပေးမှ အကြွေးကင်းနိုင်တဲ့လူမျိုးတစ်မျိုးအဖြစ်မှ လွတ်မြောက်အောင်ကြိုးစားကြရတော့မယ်။ ဒီနေ့အခြေအနေမှာတော့ နိုင်ငံတကာက ပိတ်ဆို့မှုတွေ၊ ရုပ်သိမ်းပြီ။ အကူအညီတွေအများကြီးရပြီ။ ဒါပေမဲ့ဒီအကူအညီတွေဟာ မူဝါဒနဲ့လမ်းစဉ်မရှိရင် ဘယ်လိုမှ အကောင်အထည်မဖေါ်နိုင်ပါဘူး။ မြန်မာလူမျိုးတွေလိုနေတာက အကူအညီတွေထက်စာရင် နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုတွေလိုနေတာပါ။ အပေါ်ယံနဲ့ အလကားလိုချင်စိတ်တွေကို ဖျောက်ပစ်မှရမှာပါ။ အရေးကြီးတာက လွှတ်တော်ပဲဖြစ်ဖြစ်၊ ဥပဒေပြုတဲ့နေရာမှာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် ရေးသားကြတဲ့နေရာမှာ မြန်မာစာပေ ကို အသုံးပြုတာထက် အင်္ဂလိပ်စာပေကို အသုံးပြုမှသာလျှင် […]


asiamastersMarch 5, 20131min1343
မပြောမဖြစ်လွန်းလို့ပြောရတာပါခင်ဗျာ။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင် ရည်  အကဲဖြတ်အဖွဲ့မှ အကြံပြုရေးသားပါရန် နှိုးဆော်ထားသဖြင့် ရေးသားခြင်း လည်းဖြစ်သည်။ ကျွန်တော်သည် မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီး၊ မြန်မာနိုင်ငံ တွင်နေထိုင်နေသည့် မြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာလူမျိုးများ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံခိုင်မြဲရေး၊ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း၍ အရေအတွက် တိုးပွားနေရေး၊ အလုပ်အကိုင်ဝင်ငွေပုံမှန်ရှိ၍ ဂုဏ်သိက္ခာရှိရှိနေနိုင်ရေး၊ မျှမျှတတနှင့် မဖေါက်ပြန်သောလူမျိုးများဖြစ်ရေး အတွက်ကိုသာယုံကြည်၍ မိမိလုပ်ဆောင် နိုင်သည်များကို လုပ်ဆောင်နေသူလည်းဖြစ်သည်။ ယခုကဲ့သို့ အကြုံတင်ပြချက်များ ရေးသားခြင်းမှာ ယခု အစိုးရတာဝန်ယူလုပ်ကိုင်နေသူတို့ကို မကောင်းမြင်ဝါဒဖြင့် ဆက်ဆံလို၍မဟုတ်၊  မနာလိုဝန်တိုဖြစ်၍လည်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင် ကလည်း အငြိမ်းစားဝန်ထမ်းတစ်ဦးသာဖြစ်သည်။ ကျွန်တော်ရေးသားရခြင်းတွင် ရည်ရွယ်ချက်ရှိပါသည်။ တစ်ချို့အကြောင်းကိစ္စတို့ကို ရေရှည်အတွက် စဉ်းစားကြရ သည်။ တစ်ချို့သောအကြောင်းကိစ္စတို့မှာ အခုချက်ချင်းလုပ်ဆောင်ရမည့် ကိစ္စများရှိသည်။ ယနေ့မြန်မာနိုင်ငံ၏အခြေအနေမှာ တစ်ပါတီအုပ်ချုပ်သည့် စနစ်ဖက်သို့ ပြန်လည်ဦးတည်သွားရန်များစွာအကြောင်းမရှိပါ။ […]


asiamastersMarch 3, 20131min1766
မော်တော်ကားအမောင်းသင်တစ်ဦးသည် တစ်နေ့တစ်ရက်ထဲနှင့် တတ်မြောက်မောင်းနှင်ရန် မဖြစ်နိုင်ပါ။ မော်တော်ကားမောင်းတတ်လာသူများ၊ ကားမောင်းတတ်လာသည့် ပုံစံအမျိုးမျိုးရှိသော်လည်း အခြေခံ (Principle & practices) တို့ကို စနစ်တကျ သင်ပေးထားသူတို့နှင့် မသင်ခဲ့ရသူတို့မှာ များစွာကွာခြားသွားသည်။ စနစ်တကျ မော်တော်ယာဉ်မောင်းနှင်သင်ကြားပေးရာတွင် လုပ်ဆောင်ရမည့် အလုပ်များကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့်သင်ကြားပေးရသည်။ ထို့အပြင် မော်တော်ယာဉ်မောင်းတစ်ဦးတွင်ရှိသင့်သည့် ကိုယ်ကျင့်သိက္ခာ နှင့်တာဝန်သိတတ်မှု (Ethic & Responsibility) ကိုပါသင်ပေးရသည်။   ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် (Political System) ကို ဒီမိုကရေစီစနစ်သို့ပြောင်းလဲခဲ့သည်မှာ (၂) နှစ်ခန့်ရှိလာပါပြီ။ ကျွန်တော့် အမြင်မှာကား နိုင်ငံတော်အစိုးရသည် လုပ်သင့်လုပ်ထိုက်သည်များကို ဘာမျှ မလုပ်ဆောင်နိုင်သေးပဲ ယခင် စနစ်ပုံစံအတိုင်းသာ ဟိုယောင်ယောင်၊ သည်ယောင်ယောင်ဖြစ်နေသည်။ ဒီမိုကရေစီစနစ်နှင့် ပတ်သက်သမျှ ကို အများပြည်သူများ၊ လူငယ်လူရွယ်များကို […]


asiamastersMarch 1, 20131min26814
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည်အကဲဖြတ်မှုအဖွဲ့ကို ဖွဲ့စည်းပြီး ပြည်သူများအနေနှင့် အကြံပြုကြပါရန် ၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့ တွင်နိုင်ငံတော်သမ္မတရုံး Facebook မှ တရားဝင်ဖေါ်ပြလာပါသဖြင့် နိုင်ငံသားတစ်ဦး၏ အကြံပြုတင်ပြချက်များကို စတင်ရေးသားသည်။ ပြည်သူ့ဝန်ဆောင်မှု၏ စွမ်းဆောင်ရည် နှင့်ပတ်သက်၍ နိုင်ငံသူ/နိုင်ငံသားတို့မှ ပွင့်ပွင့်လင်းလင်းအကြံပြုနိုင်သဖြင့် နိုင်ငံတော်အစိုးရတွင်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံးနှင့် ဆုံးဖြတ်ချက်တို့သည် အများပြည်သူတို့အတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။ တကယ်တမ်းအားဖြင့် ယနေ့နိုင်ငံတော်အစိုးရသစ်ပေါ်ထွက်လာသည့် ကာလအတွင်း ကောင်းမွန်သည့် ပြုပြင်ပြောင်းလဲမှုတို့ပေါ်ထွက်လာခဲ့သော်လည်း၊ အချို့သောလုပ်ဆောင်မှုများမှာ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ဝိသမလုပ်ငန်းရှင်လေးများ၏ အဆင့်အတန်းလောက်သာရှိနေပါသေးသည်။ အရေးတကြီးအမြန်လုပ်ရမည့် တစ်ချို့အလုပ်များမှာ စပင် မစရသေးပါ။ တစ်ချို့လုပ်ငန်းများမှာ မူဝါဒမရှိပါ။ တစ်ချို့လုပ်ငန်းများမှာ အယူအဆပိုင်း Concept များပျောက်နေပါသည်။ (၂) နှစ်တာကာလအတွင်း ထိုမျှလောက်ပြောင်းလဲနိုင်သည်ကို ပင်အလွန်ကျေးဇူးတင်ရမည်ဖြစ်သည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာ […]


asiamastersFebruary 22, 20131min782
သားနဲ့သမီးတို့မှတ်သားဖို့ ၁။ လူ့ဘဝမှာအရေးကြီးဆုံးဟာ ငွေဖြစ်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ငွေနောက်မလိုက်ရဘူး။ ၂။ လူ့ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ မိမိကိုယ်ခန္ဒာဖြစ်တယ်။ မိမိကိုယ်ခန္ဒာ ညစ်နွမ်းအောင်၊ ပျက်စီးအောင် မလုပ်ရဘူး။ ၃။ ကျန်းမာရေးကို နားမလည်သူများ မကြာမီ ငရဲကျတယ်။ ၄။ ဝင်ငွေမရှိသူများဟာ အမြတ်နိုးဆုံးအရာများ စွန့်လွှတ်ရမယ်။ ၅။ မိတ်ဆွေမရှိသူများ ခံတပ်မရှိတဲ့ မြို့များကဲ့သို့ လုယက်ဖျက်ဆီးခံရမယ်။ ၆။ အတတ်ပညာတစ်ခုကို ဆုံးခန်းတိုင်အောင် မတတ်သရွေ့ သူတပါး၏ ဆဲဆိုနိုပ်စက်မှုကိုခံရမည်။ ၇။ အရေအတွက်တိုးပွားအောင်လုပ်ရမယ်။ မတိုးပွားရင် လူမျိုးခြားသွားမယ်။ ၈။ ဝင်ငွေရှာရမယ်၊ စုဆောင်းရမယ်၊ တိုးပွားအောင်လုပ်ရမယ်။ ၉။ သမာသမတ်ရှိမှ ဘယ်လုပ်ငန်းမဆို ရေရှည်ရပ်တည်နိုင်တယ်။ ၁၀။ ကောင်းခြင်းဘက်ကို ပျင်းပြစွာယုံကြည်ပါ။


asiamastersFebruary 21, 20131min1846
(၁၀)တန်းအောင်ပြီးရင် မိမိတို့ရဲ့ သားသမီးတွေကို ဘာလုပ်ခိုင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေတဲ့မိဘများ၊ သားသမီးများ မြန်မာနိုင်ငံမှာများစွာရှိပါတယ်။ ၁၉၆ဝ ခုနှစ်တွေလောက်ကစပြီး အမြစ်တွယ်လာတဲ့ ပုံသဏ္ဌန်ကတော့ Professional လိုင်းတွေဆိုရင် ဆရာဝန်အမျိုးမျိုး၊ အင်ဂျင်နီယာအမျိုးမျိုး၊ စစ်ဗိုလ်အမျိုးမျိုး၊ သင်္ဘောသာအမျိုးမျိုးလောက်ပဲ အလုပ်လို့သတ်မှတ်လာကြတာများပါတယ်။ ဒီလိုဖြစ်ရတာကလည်း မြန်မာနိုင်ငံဟာ Burmese way to socialism လို့ဆိုတဲ့ အယူဝါဒကို စွဲကိုင်ထားတာကတစ်ကြောင်း၊ နိုင်ငံတကာနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တာကတစ်ကြောင်း၊ မြန်မာလူမျိးအများစုရဲ့ ဇရိုက်ဖြစ်တဲ့ မြို့လယ်လူစုလူဝေးတွေနဲ့ဝေးရာမှာနေလိုပြီး၊ စောစောစီးစီးအနားလူ့ဘဝမှ အနားယူတတ်တဲ့အကြောင်း၊ လူ့ဘဝမှာ မိမိနဲ့ မိသားစု အေးအေးဆေးဆေးနေရရင်ပြီးရောဆိုတဲ့ အယူအဆ၊ လူသားအားလုံး ဆင်းရဲသူမရှိစေရ၊ ချမ်းသာသူမရှိစေရ၊ ပြည့်တံဆာမရှိစေရဆိုတဲ့အတွေးအခေါ်၊ ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ သင်္ဘောသားဖြစ်မှ၊ စစ်ဗိုလ်ဖြစ်မှ ဂုဏ်ရှိတယ်ဆိုတဲ့မိဘတွေရဲ့ အယူအဆတွေပေါ်မူတည်ပြီး ပေါ်ထွက်လာခဲ့တဲ့ လူ့အသိုင်းအဝိုင်းပုံစံတစ်ခုသာဖြစ်ပါတယ်။ ၁၉၆ဝ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ လုပ်ငန်းမှန်သမျှကို […]