asiamastersMarch 2, 20121min1065
  ဒီနေ့ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြလေတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဒီမိုကရေစီအကြောင်းကို နဲနဲပြောရန်လိုလာပါတယ်။ ဒီမိုကရေစီ ဆိုတာက Political System ဖြစ်ပါတယ်။ မူရင်း အဓိပယ်ကတော့ အများသဘောနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းပါပဲ။ တကယ်တော့ ဒီကနေ့ပြောနေတဲ့ ဒီမိုကရေစီဆိုတာက မြန်မာနိုင်ငံအတွက် အသစ်အဆန်းကြီးတော့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက မြန်မာ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်။ ၁၉၆၂ ခုနှစ် တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲတဲ့အချိန်ထိပါပဲ။ ဒီတော့ အခုပြောနေတဲ့ ဒီမိုကရေစီဟာ ဒုတိယဒီမိုကရေစီဖြစ်ပါတယ်။ ၁၉၄ရ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း တို့ မလုပ်ကြံခံရမီ အချိန်မှာ မြန်မာလူငယ်ခေါင်းဆောင်တွေ၊ ငွေရှင်အရင်းရှင်တွေ၊ ကွန်မြူနစ်လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရလာရင် ဘယ်လိုရှေ့ဆက်သွားကြမယ်ဆိုတာကို ဆွေးနွေးကြပါတယ်။ မြန်မာမျိုးချစ် […]


asiamastersFebruary 24, 20121min962
ကျွန်တော်တို့ရဲ့ Education System ထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစကတဲက မှားယွင်းလာခဲ့တဲ့ အမှားအယွင်းတွေ အမြစ်တွယ်နေတယ်။ Education ဆိုတဲ့နေရာမှာ Education ဆိုတာကိုလည်းနားလည်ဖို့လိုတယ်။ Education ဆိုတာက လက်တင်ဘာသာစကား Educatio ကနေလာတယ်။ အနက်ကတော့ မိမိထက်ငယ်ရွယ်သူတွေကို လိုချင်တဲ့ပုံကိုသွင်းတာပါပဲ။ Education လို့ပြောတဲ့နေရာမှာတော့ Formal education ဆိုတာနဲ့ Informal Education လို့တော့ ခွဲလို့ရတယ်။ Formal Education ဆိုတာကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်နဲ တက္ကသိုလ်အထိ စနစ်တကျဖွဲ့စည်းထားတဲ့ကျောင်းတွေမျိုးဖြစ်တယ်။ Informal Educationဆိုတာကတော့ အသက်မွေးသင်တန်းတွေဖြစ်တဲ့ Vocational Education တွေလိုမျိုးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာက ဒီနှစ်မျိုးလုံးမှာ အားနဲခဲ့တာ လွတ်လပ်ရေးရပြီးကတဲကပဲ။ Formal Education မှာအားနဲနေတာက လူသားတွေရဲ့စွဲမြဲခိုင်မာတဲ့ နှလုံးသားကို လေ့ကျင့်ပေးရမဲ့အစား […]


asiamastersFebruary 24, 20121min440
ကျွန်တော်တို့ရဲ့ Education System ထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစကတဲက မှားယွင်းလာခဲ့တဲ့ အမှားအယွင်းတွေ အမြစ်တွယ်နေတယ်။ Education ဆိုတဲ့နေရာမှာ Education ဆိုတာကိုလည်းနားလည်ဖို့လိုတယ်။ Education ဆိုတာက လက်တင်ဘာသာစကား Educatio ကနေလာတယ်။ အနက်ကတော့ မိမိထက်ငယ်ရွယ်သူတွေကို လိုချင်တဲ့ပုံကိုသွင်းတာပါပဲ။ Education လို့ပြောတဲ့နေရာမှာတော့ Formal education ဆိုတာနဲ့ Informal Education လို့တော့ ခွဲလို့ရတယ်။ Formal Education ဆိုတာကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်နဲ တက္ကသိုလ်အထိ စနစ်တကျဖွဲ့စည်းထားတဲ့ကျောင်းတွေမျိုးဖြစ်တယ်။ Informal Educationဆိုတာကတော့ အသက်မွေးသင်တန်းတွေဖြစ်တဲ့ Vocational Education တွေလိုမျိုးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာက ဒီနှစ်မျိုးလုံးမှာ အားနဲခဲ့တာ လွတ်လပ်ရေးရပြီးကတဲကပဲ။ Formal Education မှာအားနဲနေတာက လူသားတွေရဲ့စွဲမြဲခိုင်မာတဲ့ နှလုံးသားကို လေ့ကျင့်ပေးရမဲ့အစား […]


asiamastersDecember 5, 20111min1939
  ၁။         တည်ကြည်ဖြောင့်မတ်တဲ့ လူသားတစ်ဦးဖြစ်လာဖို့၊ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်မှုအတွက် လိုအပ်တဲ့ အခြေခံမူ တွေထဲက ရိုးသားခြင်းဟာ အလွန်အရေးကြီးတယ်။ လူတွေမှာ ရိုးသားသူများနဲ့ ရိုးရှင်းသူများဆိုပြီးနှစ်မျိုးရှိတယ်။   ၂။         ရိုးရှင်းသူဆိုတာကို အင်္ဂလိပ်လိုအားဖြင့် Simple လို့ခေါ်ပါတယ်။ Simple ရဲ့ အနက်ကတော့ A person who doesn’t want to think and change လို့ဆိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ စဉ်းကိုမစဉ်းစားလိုတော့ သူတွေ၊ အပြောင်းအလဲ တစ်ခုလည်းမလုပ်လိုတော့သူတွေကို ခေါ်တာဖြစ်ပါတယ်။ တစ်ချို့ လူသားတွေဟာ စဉ်းစားပြီးလုပ်ရမယ့် ကိစ္စမျိုး ဆိုရင် ဘာမှမလုပ်လိုတော့ပါ။ သူတစ်ပါးပြောတာကိုအကုန်ယုံတယ်။ သူတစ်ပါးခိုင်းတာ အကုန်လုပ်တယ်။ မိမိက ဦးဆောင်ဖို့မစဉ်းစား။ သူများနောက်လိုက်အဖြစ်နဲ့သာ နေလိုသူများဖြစ်ပါတယ်။ တစ်ချို့လူများကတော့ အပြောင်းအလဲ ဆိုလို့ […]


asiamastersDecember 2, 20111min752
    ၁။       ရှင်သန်နေတဲ့အရာတွေဟာ လှုပ်ရှားမှုနဲ့ကြီးထွားမှုရှိတယ်။ ရှင်သန်နေတဲ့လူသားတွေဟာ အမြဲတမ်း ပြောင်းလဲ နေတယ်။ ပြောင်းလဲနိုင်တဲ့အလျှောက်လေ့ကျင့်ပေးလို့ရတယ်။ လေ့ကျင့်ထားတဲ့အတိုင်းသာပြုမှုကြလေ့ရှိတယ်။ လေ့ကျင့်ပေးမှု တွေဟာတစ်ခါတစ်ရံ ရည်ရွယ်ပြီးလုပ်တာတွေရှိသလို မရည်ရွယ်ပဲနဲ့သဘာဝအလျှောက် လေ့ကျင့် ပေးသလို ဖြစ်နေတာမျိုးတွေလည်းရှိတယ်။ အများအားဖြင့် တံငါနားနီးရင် တံငါအဖြစ်များတယ်။ မုဆိုးနားနီးရင် မုဆိုးအဖြစ်များတယ်။ လူတစ်ဦးတစ်ယောက်မှာသော်လည်းကောင်း၊ မိသားစုတစ်ခုမှာသော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းတစ်ခုမှာသော်လည်းကောင်း လက်ခံထားတဲ့ တန်ဖိုးတွေ၊ အစဉ်အလာတွေ၊ ကိုးကွယ်မှုတွေနဲ့ ရှင်သန်မှုပုံစံတွေရှိတယ်။ ဒါတွေကို ကားချာလ် (Culture) လို့ခေါ်တယ်။ လူ့အသိုင်းအဝိုင်းတွေအမျိုးမျိုးရှိသလို ကားချာလ် (Culture) တွေလည်းအမျိုးမျိုးရှိတယ်။ ငယ်ရွယ်တဲ့လူတွေကို မိမိတို့လူ့အသိုင်းအဝိုင်းရဲ့ လိုချင်တဲ့ ပုံစံကိုရအောင် ပုံသွင်းလေ့ကျင့်သင်ကြားပေးတာကို အက်ဂျူကေးရှင်း (Education) လို့ခေါ်တယ်။ လူသားတွေဟာ ဝင်ငွေဆင်းရဲခြင်း၊ အတတ်ဆင်းရဲခြင်းတို့ဖြစ်လာပြီဆိုရင် ဒီလူ့အသိုင်းအဝိုင်းရဲ့ လိုချင်တဲ့ပုံစံမှားယွင်း နေတာ လည်းဖြစ်နိုင်သလို ပုံသွင်းလေ့ကျင့်ပေးခြင်း […]


asiamastersDecember 1, 20111min893
  ၁။         လူသားတွေမှာ ခွန်အားကြီးမားလာတာကောင်းတယ်။ မိမိရှင်သန်ခွင့်ရတဲ့အချိန်အတွင်းမှာ ခွန်အားရှိအောင် အမြဲကြိုးပမ်းနေရမယ်။ လူသားတွေမှာရှိတဲ့ ခွန်အားတွေကို ကိုယ်ကာယခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားဆိုပြီး နှစ်ပိုင်း ခွဲနိုင်တယ်။ ဒီခွန်အားနှစ်မျိုးစလုံး တိုးတက် လာမှသာ အမှန်တကယ် ခွန်အားကြီးသူတွေဖြစ်လာကြတယ်။ ဒီနေ့ ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန်ကြီးမားလာတဲ့အတွက် ခွန်အားနည်းပါးသူတွေ၊ ခွန်အားယုတ်လျှော့ နေသူတွေဟာ ဆက်ပြီးရှင်သန်ဖို့တောင် သိပ်မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုဆိုတဲ့ နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးချင်း ပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်း ပြိုင်နေရပါတယ်။ လုပ်ငန်းကြီးတွေလည်း ပြိုင်ရပါတယ်။ အဖွဲ့ အစည်းတွေလည်း ပြိုင်နေရတာဖြစ်ပါတယ်။ မပြိုင်နိုင်သူတွေဟာ ပြုတ်ပြတ်ပြီးကျန်နေခဲ့တာပါပဲ။ ပြိုင်နိုင်မဲ့အနေ အထားမျိုး သန်စွမ်းမှာသာလျှင် ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။  Survival of the fittest. ခွန်အားရှိမှ ရှင်သန်မှာဖြစ်တယ်။   ၂။         လူသားတစ်ဦးဖြစ်လာရင် […]


asiamastersNovember 30, 20111min711
  ၁။       လူသားတွေအတွက် ကောင်းခြင်းဘက်နဲ့ ဆိုးခြင်းဘက်ဆိုပြီး နှစ်မျိုးရှိတယ်။ ကောင်းခြင်းဘက်ဟာ အလင်း ရောင်နဲ့ တူပြီး၊ ဆိုးခြင်းဘက်ဟာ အမှောင်ထုနဲ့တူတယ်။ လူ့လောကဆိုတာက အမှောင်ဖုံးနေတဲ့ ဆိုးခြင်းဘက် နဲ့သာအစပြုတယ်။ အလင်းရောင်နဲ့တူတဲ့ကောင်းခြင်းဟာ သေးငယ်သော်လည်း ကြီးစွာသော အမှောင်ထုကို ဖြိုခွင်း နိုင်လေ့ရှိတယ်။ ကောင်းခြင်းဘက်ကိုလိုလားသူများဟာ အမြဲတစေ ပြင်းထန်တဲ့ စမ်းသပ်မှုများကို ခံရစမြဲဖြစ်တယ်။   ၂။       လူသားတွေရဲ့ ကောင်းခြင်းဘက်ဆိုတာက လူသားတွေရဲ့ ကောင်းကျိုး ကိုလိုလားခြင်းပဲဖြစ်ပါတယ်။ လူသား တွေရဲ့ကောင်းကျိုးကိုလိုလားခြင်းဆိုတာက လူသားတစ်ဦးကို ရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာ အရသော်လည်းကောင်း ကျန်းမာရေးကောင်းစေလိုခြင်း၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ခွန်အားတိုးတက်စေလိုခြင်း၊ အရေအတွက်တိုးပွားလာစေလိုခြင်း၊ နာကျင်မှုနှင့် ဝေဒနာနည်းပါး စေလိုခြင်း၊ သက်တမ်းစေ့အောင် နေရစေလိုခြင်းတွေဖြစ်တယ်။   ၃။       လူသားတွေရဲ့ […]


asiamastersNovember 29, 20111min815
၁။         များများသိတာ ပိုကောင်းတယ်။ မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပဲ။ များများ သိခြင်းဆိုတော့ ဘယ်လို သိတာလဲလို့ မေးလာစရာ အကြောင်းရှိတယ်။ သိတဲ့ပုံစံ နှစ်မျိုးရှိတယ်။ ပထမသိတဲ့ပုံစံက လူသတ္တဝါတွေမှာပါတဲ့ အာရုံခံကိုခန္ဒာအစိတ်အပိုင်းတွေက တစ်ဆင့်သိတာ။ ဒါကို အာရုံသိလို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ ဉာဏ်သိဖြစ်တယ်။ ဉာဏ်သိဆိုတာကို အသိဉာဏ်လို့လဲခေါ်တယ်။ အာရုံငါးပါး ဆိုတာက အာရုံခံတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ ကစတာ ဖြစ်ပါတယ်။  မျက်စိက မြင်ခြင်းကို ဖြစ်စေတယ်။ နားက ကြားခြင်းကိုဖြစ်စေတယ်။ နှာခေါင်းက အနံ့ကို သိတယ်။ လျှာက အရသာကို ခွဲခြားနိုင်တယ်။ ကိုယ်ခန္ဒာက အထိအတွေ့ကိုသိတယ်။ ဒီလိုသိတာကို အာရုံးငါးပါးနဲ့ သိခြင်းလို့ ခေါ်ပါတယ်။ အသိဉာဏ်ဆိုတာကတော့ လက်ဆုပ်လက်ကိုင်တော့ပြလို့မရဘူး။ ဒါပေမဲ့ […]


asiamastersNovember 28, 20111min1298
  ၁။         ဝင်ငွေဆိုတဲ့ အဓိပ္ပ္ပာယ်က မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် အလုပ်တစ်ခုလုပ်ပြီးရရှိတဲ့ လုပ်အားခဖြစ်တယ်။ ဒီနေ့ ခေတ်မှာ ရှင်သန်နေတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ စဉ်းစားရမှာက ဝင်ငွေ ဖြစ်တယ်။ နေ့လည်ပိုင်းစဉ်းစားရမှာကလည်း ဝင်ငွေပါပဲ။ ညအိ်ပ်ယာဝင်ခါနီးစဉ်းစားရမှာကလည်း ဝင်ငွေဖြစ်တယ်။  ဝင်ငွေလမ်း ကြောင်းတစ်ခုမရှိတဲ့ လူသားတစ်ဦးဟာ မကြာခင်မှာ အခက်အခဲများတွေကြုံရမယ်၊ စိတ်ပင်ပန်းဆင်းရဲမှုများကြုံရမယ်၊ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်းခံရမယ်၊ အဆင့်အတန်းခွဲခြားခံရမယ်၊ ယုံကြည်မှုတွေပျောက်ကွယ်သွားမယ်၊ မိမိချစ်ခင်မြတ်နိုးသူများရဲ့ စွန့်ပယ်ခြင်းကအစ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာကလည်း ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံ ဟာလည်း ဝင်ငွေကင်းမဲ့တဲ့နိုင်ငံဖြစ်လာမယ်။ ဝင်ငွေမရှိတဲ့ နိုင်ငံဟာ ဆင်းရဲပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေပါကင်းမဲ့သွားမယ်။ ဒီလို နိုင်ငံမျိုးက လူတွေကိုလည်း တစ်ခြားနိုင်ငံသားတိုင်းက အထင်အမြင်အလွန်သေးကြတယ်။ […]


asiamastersNovember 10, 20111min946
ရှင်သန်ရသည့်အကြောင်း (Purpose of Life)   ၁။       ရှင်သန်နေတဲ့လူသားတွေမှာ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး၊ ဟုတ်တိပတ်တိလုပ်တတ်တဲ့လူမျိုးနဲ့ မရေမရာနဲ့  အဓိပ္ပာယ်မဲ့စွာ နေသူဆိုပြီး နှစ်မျိုးရှိပါတယ်။ စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး ဟုတ်တိပတ်တိလုပ်တတ်သူများ ဟာ အလုပ် ကြိုးစားသူများဖြစ်ကြတယ်။ အလုပ်ကြိုးစား သူများဖြစ်လို့ ပိုကောင်းတဲ့ဘဝတွေကိုရလာကြတယ်။ ကတိသစ္စာ တည် ကြည်ပြီး၊ ဥပဒေကိုလေးစားလိုက်နာသူတွေဖြစ်လာကြတယ်။ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့စွာနေထိုင်သူများဟာအပျင်း ထူသူများဖြစ်လာကြတယ်။ အလုပ်မကြိုးစားပါ။ ဖြတ်လမ်းကိုသာ လိုက်လိုတယ်။ လွယ်လွယ်ရတာကို သာလျှင်လိုလား ပါတယ်။ အမြဲတမ်းလိမ်လည်ဖို့၊ အချောင်ရဖို့သာကြိုးစားနေသူများဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရမှာကို လည်း ဝန်မလေးသူများဖြစ်လာတယ်။ စိတ်ပိုင်းဖြတ်ချက်ခိုင်မာတဲ့လူတွေများတဲ့လူ့အသိုင်းအဝိုင်းဟာ သန့်ရှင်းနေ လေ့ရှိ တယ်။ ဖွံ့ဖြိုးတိုးတက်မှုမြင့်မားတဲ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။ မရေမရာနဲ့ အဓိပ္ပာယ်ကင်းမဲ့သူများတဲ့ လူ့အသိုင်း အဝိုင်းဟာ ညစ်ပတ်ပြီး ဆင်းရဲနုံခြာတဲ့လူ့အသိုင်းအဝိုင်းတွေဖြစ်လာတယ်။   ၂။       လူသားတွေကို စိတ်ပိုင်းဖြတ်ချက်ခိုင်မာပြီး […]


asiamastersAugust 24, 20111min21211
ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ တာဝါလိန်းလမ်းက အိမ်ကိုသွားခဲ့တာ ၁၉၉၈ ခုနှစ်ကဖြစ်ပါတယ်။ ယခင်ဂျပန်ခောတ်မှာဆေးရုံကြီးဖြစ်ခဲ့တဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေချိန် ဂျပန်ခောတ်ဆေးရုံကြီးစာအုပ်ကိုဖတ်နေချိန်လဲဖြစ်ပါတယ်။ သိလိုသေးတဲ့ကွင်းဆက်တွေက အများကြီး ကျန်သေးတော့ ဗိုလ်ချုပ်ပြတိုက်ကိုသွားဖို့ရည်ရွယ်ခဲ့တာပါပဲ။ အိမ်ဝကိုရောက်ရောက်ခြင်းမှာပဲ ဂိတ်ရဲ့ညာဘက်မှာရပ်ထားတဲ့ ဗိုလ်ချုပ်အသုံးပြုခဲ့တဲ့ကားကိုတွေ့ရပါတယ်။ ဒီကားပေါ်မှာရပ်ပြီး ဗိုလ်ချုပ်စကားပြောနေတဲ့ ဓါတ်ပုံလေးတစ်ပုံရှိဖူးပါတယ်။ ဗိုလ်ထွန်းလှပြောပြတဲ့ ဗိုလ်ချုပ်ရဲ့ ဒရိုင်ဘာအကြောင်းလေးကို သတိရမိပါတယ်။ ပြီးတော့အိမ်ပေါ်ကိုတက်ခဲ့တော့ အောက်ထပ်မှာပဲ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့နဲ့ စာအုပ်ဘီရိုလေးကို သတိထားမိပါတယ်။ စာအုပ်ဘီရိုလေးက မှန်နဲ့သစ်သားလုပ်ထားတဲ့ဘီရိုလေးပါ။ ဒီအထဲမှာတော့ စာအုပ်အတော်များများတော့ရှိပါတယ်။ အများစုကတော့ အင်္ဂလိပ်စာပေတွေများပါတယ်။ ကျွန်တော်ဟာ စာဖတ်ဝါသနာပါသူမို့ စာအုပ်ဘီရိုလေးကိုကြည့်ပြီး ဗိုလ်ချုပ်ကိုအောက်မေ့မိပါတယ်။ ကျွန်တော်က ဗိုလ်ချုပ်ကို ဓါတ်ပုံမှာပဲမြင်ဖူးခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ်နဲ့သိမှီခဲ့တဲ့လူတိုင်းကို ဗိုလ်ချုပ်အကြောင်းမေးမြန်းခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့သမျှကို တစ်လုံးမကျန်အကုန်ဖတ်ပါတယ်။ ဗိုလ်ချုပ်ရဲ့အဝတ်အစားအချို့ကိုကြည့်တော့ ဗိုလ်ချုပ်ဟာ ခန္ဒာကိုယ်သေးငယ်တာကို သတိထားမိပါတယ်။ အိမ်ပေါ်ကနေတောင်ဖက်အောက်ကို ကြည့်လိုက်တော့ ဗိုလ်ချုပ်သားလေးရေနစ်သေဆုံးခဲ့တဲ့နေရာလေးကိုတွေ့ရပါသေးတယ်။ အလိုလိုနေရင်း ကျွန်တော့်ရဲ့မျက်လုံးထဲမှာ မျက်ရည်များဝေ့တက်လာသလိုခံစားရပါတယ်။ […]


asiamastersAugust 23, 20111min26517
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ လောက်က ရန္တပိုစာချုပ်အပြီးမှာ အောက်မြန်မာနိုင်ငံကို  အင်္ဂလိပ်တို့က သိမ်းပိုက်ထားပြီး ဖြစ်ပါ တယ်။ မအူပင်မြို့မှာ ထောင်တစ်ခုရှိပါတယ်။ မအူပင်ထောင်ရဲ့ ထောင်မှုးဖြစ်သူဟာ ပေါ်တူဂီလူမျိုးဖြစ်ပါတယ်။ သူဟာ ဒေသခံမြန်မာအမျိုးသမီးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ သမီး (၇) ယောက်ထွန်းကားပါတယ်။ အငယ်ဆုံးသမီးလေးဟာ ပေါ်တူဂီကဗျားမလေးဖြစ်တာမို့ အလွန်ချောမောလှပပြီး ရတနာပုံနေပြည်တော်မှ အင်္ဂလိပ်စာသင်ဆရာလေးတစ်ဦးနဲ့ အကြောင်းပါပါတယ်။ အိမ်ထောင်ရာသားကျပြီးချိန်မှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူနေပြည်တော်မှာလိုက်နေပါတယ်။ သားလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ တစ်ဦးက မောင်ဘသော်ဖြစ်ပြီး၊ နောက်တစ်ဦးမှာ မောင်ဘမော်ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားကို အင်္ဂလိပ်စာသင်ပေးရပါတယ်။ မိသားစုဘဝလေးဟာအလွန်ကို အေးချမ်းသာယာနေပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ မမျှော်မှန်းထားတဲ့ ကြမ္မာဆိုးကြီးကျရောက်လာပါတော့တယ်။ မြင်ကွန်း၊ မြင်းခုံတိုင် အရေးအခင်းလို့လူသိများပါတယ်။ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားနှစ်ပါးက အာဏာသိမ်းရန်ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်းခြင်း မအောင်မြင်ပါ။ မင်းသားနှစ်ပါးနဲ့ နောက်လိုက် နောက်ပါ […]


asiamastersAugust 23, 20111min1596
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကနေ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲချိန်မှာ လွတ်လပ်ရေးတိုက်ပွဲအတွင်း ပါဝင်ခဲ့သူအားလုံးဟာ တပ်မတော်မှာနေရာပြန်မရကြပါဘူး။ တစ်ချို့ကလည်း ကိုယ့်အိမ် ကိုယ်ပြန်ကြပေမဲ့ တစ်ချို့ကလည်း ပြန်စရာနေရာမရှိသလို စားစရာနေစရာကအစ အဆင်မပြေပါဘူး။ ဒီတော့ ဒီလူတွေဟာ ဗိုလ်ချုပ်ကို နည်းအမျိုးမျိုးနဲအပူကပ်ကြပါတယ်။ ဗိုလ်ချုပ်ကလည်း လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်နေတော့ အတော်လုပ်ရ ကိုင်ရ ခက်ပါတယ်။ ဒါကြောင့် သူတို့ကို ပြည်သူ့ရဲဘော် (People Volunteer Organization) ဆိုတဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်ပါတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ဟာ တဖြည်းဖြည်းနဲ့အင်အားများလာပါတယ်။ လက်နက်မကိုင်ရသော်လည်း လက်နက်မဲ့ စစ်ရေးလေ့ကျင့်ခြင်းတွေ၊ ရပ်အကျိုးရွာအကျိုးဆောင်ရွက်ခြင်းတွေလုပ်ကြပါတယ်။ တစ်ချို့နိုင်ငံရေးသမား တွေကလည်း မျက်စိနောက်တာပေါ့။ ခက်တာက ပြည်သူ့ရဲဘော်အဖွဲ့ထဲ ဝင်လာသူတွေကို တိတိကျကျ မစစ်ဆေးနိုင်ပါဘူး။ ကောင်းသူတွေလည်းပါသလို မကောင်းသူတွေလဲပါလာတာပါပဲ။ တစ်ချို့ကိစ္စတွေမှာ မကောင်းသူတွေကြောင့် ပြည်သူ့ရဲဘော် အဖွဲ့ရဲ့ ပုံရိပ်ကိုထိခိုက်လာစေတာမျိုးလဲရှိပါတယ်။ ဂဠုန်ဦးစောဟာ […]