asiamastersNovember 4, 20101min1205
လူသားတွေဟာ ကိုယ်ခန္ဒာ နဲ့ စိတ်နှစ်မျိုးရှိတယ်လို့ ဆိုကြပါတယ်။ ကိုယ်ခန္ဒာ က ထိတွေ့မြင်တွေ့နိုင်ပါတယ်။  စိတ်ကလက်ဆုပ် လက်ကိုင် ပြလို့ မရပါ။ ဒါပေမဲ့ စိတ် (Mind) ဆိုတာကလူသားတွေကိုဦးဆောင်သူဖြစ်ပါတယ်။ ဒီစိတ်ကြောင့်ပဲံလူသားတွေဟာ ပျော်ရွှင်ကြတယ်။ ဝမ်းနဲကြတယ်။ ကျိုုးစားကြတယ်။ အားလျှော့ကြတယ် အစရှိသည်ဖြင့် ခံစားမှုအမျိုးမျိုးနဲ့ရှင်သန်နေကြတာဖြစ်ပါတယ်။ လူသားတွေရဲ့စိတ်ဟာ အလွန်ထူးဆန်း လွန်း တဲ့အတွက်ကြောင့် ဆောင်းပါးတစ်ပုဒ်၊ စာအုပ်တစ်အုပ်လောက်နဲ့တော့ ပြည့်စုံအောင် မဖော်ပြနိုင်ပါဘူး။  ဒါပေမဲ့ ဒီစိတ်တွေကို လေ့လာရာမှာ အများအားဖြင့် Faith, Passion နဲ့ Perseverance ဆိုတဲ့စကားလုံး (၃) လုံးကိုတော့ သေသေချာချာနားလည်သဘောပေါက်ရန်လိုပါတယ်။ လူသားတွေ စိတ်ဓါတ်ခွန်အားများ ဖွံဖြိုးတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေက ဒီစကားလုံးတွေအပေါ်မှာအများကြီး မူတည်တာဖြစ်ပါတယ်။ ပထမစာလုံးတစ်လုံးဖြစ်တဲ့ Faith ဆိုတာကို အင်္ဂလပ်စကားနဲ့ပြောရင် Great trust […]


asiamastersNovember 3, 20101min1363
လူသားတွေမှာ ခွန်အားကြီးတာကောင်းသလား၊ ခွန်အားနဲတာကောင်းတာလားလို့ ဆိုတဲ့မေးခွန်းကို ဖြေတဲ့နေရာမှာ ခွန်အားနဲတာကောင်းတယ် လို့တော့ ဘယ်သူမှမဖြေကြပါဘူး။ ဒီတော့ခွန်အားကြီးတာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ လူသားတွေမှာရှိတဲ့ခွန်အားတွေကိုကိုယ်ကာယ ခွန်အား နဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားဆိုပြီး နှစ်ပိုင်းခွဲနိုင်ပါတယ်။ ဒီခွန်အားနှစ်မျိုးစလုံးတိုးတက်လာမှသာ အမှန်တကယ်ခွန်အားကြီးသူတွေ ဖြစ်လာ ကြပါတယ်။ ဒီနေ့ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန် အားကောင်းလာတဲ့အတွက် ခွန်အား နဲပါးသူတွေ၊ ခွန်အားယုတ်လျှော့နေသူ တွေဟာ ဆက်ပြီးရှင်သန်ဖို့တောင်သိပ်မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုဆိုတဲ့နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်းပြိုင်ရမှာပဲ။ လုပ်ငန်းကြီးတွေလည်းပြိုင်ရမှာပဲ။ အဖွဲ့အစည်းတွေလည်းပြိုင်နေရတာဖြစ်ပါတယ်။ မပြိုင်နိုင်သူတွေဟာ ပြုတ်ပြတ်ပြီး ကျန်နေခဲ့တာပါပဲ။ ပြိုင်နိုင်မဲ့အနေအထားမျိုး သန်စွမ်းမှာသာလျှင် ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်ဆိုရိုးလေးတစ်ခု ပြောရင် Survival of the fittest လို့ဆိုရမှာဖြစ်ပါတယ်။ သန်စွမ်းသူသာ ရှင်သန်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ကိုယ်ကာယခွန်အား ရော၊ စိတ်ဓါတ်အင်အားပါ အမြဲတိုးပွားနေအောင်လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ကိုယ်ကာယခွန်အားဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကစကြရအောင်။ […]


asiamastersNovember 1, 20101min2405
Knowlege ဆိုတာဘာလဲလို့မေးရင် အတော်များများက ဗဟုသုတပေါ့လို့ အလွယ်တကူပဲပြန်ဖြေနိုင်ကြပါတယ်။ ဒါပေမဲ့ ဗဟုသုတဆိုတာဘာလဲလို့ဆက်မေးရင်တော့ တစ်ချို့က အသိပညာလိုပြောလိုပြော၊ အတတ်ပညာလိုပြောလိုပြော ရေထွေးနေကြ တာများပါတယ်။ ဒါကြောင့် Knowledge ဆိုတာဘာလဲဆိုတာကို တိတိကျကျ နားလည်သဘောပေါက်ဖို့လိုလာပါတယ်။ Knowledge ဆိုတာ ဗဟုသုတလို့ပြောရင်မှန်ပါတယ်။ ဗဟု ဆိုတာက များတာကို ဆိုတာဖြစ်ပါတယ်။ သုတဆိုတာက သိတာကို ဆိုခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ များများသိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ များများသိရင်ကောင်းလား၊ နဲနဲသိရင်ကောင်းလားလို့ မေးခွန်းတစ်ခုရှိပါတယ်။ ကျွန်တော့် အယူအဆအရဆိုုရင်တော့ များများသိတာပိုကောင်းတာဖြစ်ပါတယ်။ မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပါပဲ။ များများသိခြင်းဆိုတော့ ဘယ်လိုသိတာလဲလို့မေးလာစရာအကြောင်းရှိပါတယ်။ သက်ရှိတွေ သိပုံက အာရုံငါးပါးကစတယ်လို့ပြောရမှာဖြစ်ပါတယ်။ အာရုံငါးပါးဆိုတာက အာရုံခံ တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ ကစတာဖြစ်ပါတယ်။ […]


asiamastersOctober 31, 20101min1669
မြန်မာနိုင်ငံရဲ့အဆင့်အတန်းကို ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ မြန်မာနိုင်ငံဟာ အခုအခြေအနေမှာ ကမ္ဘာပေါ်မှာ အစုတ်ချာဆုံးနိုင်ငံလို့ပြောလို့ရပါတယ်။ ထပ်ပြီးတော့လဲ နူနေရာမှာ ထပ်ပြီး ဝဲမစွဲဖို့ကိုပဲ ဆုတောင်းရမှာဖြစ်ပါတယ်။ တစ်ချို့ကလည်းဒီထက်လေးများပိုပြီးကောင်းလာမလား ဆိုပြီးမရဲတရဲလေးတွေးနေတာတွေရှိတယ်။ တစ်ချို့ကလည်း ဘယ်သူသေသေငသေမာရင်ပြီးရောပဲ ခေတ်ပျက်ကြီးမှာ ကျန်အောင်သာလုပ်ပေတော့လို့ ယူဆသူတွေကလည်းရှိတယ်။ သေချာတာတစ်ခုရှိပါတယ်။ ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးကိုလေ့ကျင့်သင်ကြားပေတဲ့ စနစ်ကြီးကို မပြင်ဆင်နိုင်သရွေ့ ဘယ်တော့မှ ကောင်းလာမယ်လို့ မစဉ်းစားပါနဲ့။ ဘယ်ခေါင်းဆောင်တွေဖြစ်ဖြစ်ဒီစနစ်ကိုပြင်မှရမယ်။ အခုလွတ်လပ်ရေးရပြီးနှစ်ပေါင်း (၆၂)တိုင်အောင် ပြောင်းလဲဘို့ အရိပ်အယောင်လေးတောင်မမြင်ရသေးပါဘူး။ အဲဒါကတော့ Education ဖြစ်ပါတယ်။ Education ကိုမြန်မာဘာသာဖြင့် ပညာရေးဟုဘာသာပြန်ပါသည်။ အစတဲကယဉ်သကိုယ် ဆိုသလို အဆိုပါဘာသာပြန်ခြင်းကပင် စမှားနေပါသည်။ Education ဆိုသည့်စကားရပ်မှာ လက်တင်ဘာသာစကား Educatio ဟူသောစကားရပ်မှ ဆင်းသက်လာပါတယ်။ Educatio ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပါယ်ကတော့ ငယ်ရွယ်သူတွေကို ပုံစံသွင်းသင်ကြားပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Rearing […]


asiamastersOctober 31, 20101min1496
သင်ဟာ အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်ပြီဆိုတာနဲ့ အရေးကြီးဆုံးသိသင့်တာ နှစ်ခုရှိပါတယ်။ ပထမအချက်က ယခုရှိနေတဲ့ ဘဝကိုဘယ်လိုအသုံးချမယ်ဆိုတာရယ်၊ နောက်လူ့ဘဝမှာ ဘာတွေကအရေးကြီးတယ်ဆိုတာတွေဖြစ်ပါတယ်။ လူ့ဘဝဟာတန်ဘိုးရှိပါတယ်။ လူသားတွေအတွက် လူ့ဘဝဆိုတာက တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်ပြီး မိမိရှင်သန်ခွင့်ရတဲ့အချိန်အတွင်းမှာ အပြည့်ဝဆုံးအခြေအနေကိုရောက်ရှိသွားရန်ဖြစ်ပါတယ်။ ဒါကြောင့် ဘဝကိုဘယ်နေရာကပဲစရစရ တစ်နေ့ထက်တစ်နေ့ ပိုသိလာအောင်၊ ပိုနားလည်လာအောင် အချိန်နဲ့အမျှကျိုးစားသွားရမှာဟာ လူသားတစ်ဦးချင်းစီရဲ့တာဝန်သာဖြစ်ပါတယ်။ Purposeful လို့ခေါ်တဲ့ ရည်ရွယ်ချက်အပြည့်အဝရှိရန်လိုပါတယ်။ အင်္ဂလိပ်လိုနဲ့ပြောရင်တော့ လူသားတွေအားလုံးလက်ကိုင်ထားစဉ်းစားရမှာက Change for the better ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်အောင် ကျိုးစားသွား ရမှာဖြစ်ပါတယ်။ ဒီနေ့ဟာ မနေ့ကထက်ကောင်းအောင် ကျိုးစာရမလို၊ မနက်ဖြန်ဟာလည်းဒီနေ့ထက်ပိုကောင်းအောင် ကျိုးစားနေကြရမှာဖြစ်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ နယ်သာလန်နိုင်ငံက Phillips ကုမ္ပဏီရဲ့ Motto (ဆောင်ပုဒ်) ကလေးတစ်ခုရှိပါတယ်။ ဒီဆောင်ပုဒ်ကလေးကတော့ let make things better ဖြစ်ပါတယ်။ ဆိုလိုတာက […]


asiamastersOctober 30, 20101min1174
ဝင်ငွေလိုလား ငွေလိုလား လူ့ဘဝမှာ ဘာအရေးကြီးဆုံးလဲလို့မေးတတ်ကြပါတယ်။ ယနေ့ခေတ်လူသားတစ်ဦးရဲ့ ဘဝမှာ အရေးကြီးဆုံးအရာတွေဟာ  Income (ဝင်ငွေ)၊ Knowledge (ဗဟုသုတ)၊ Strength (ခွန်အား)၊ Technology (နည်းပညာ) နဲ့ ့Humanity (လူသားဆန်မှု) တို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ငွေက ပထမဦးဆုံးအချက်ဖြစ်ပါတယ်။ ဒီလိုပြောလိုက်ရင် အများအားဖြင့် ဝင်ငွေကို ငွေနဲ့ မှားယွင်းတတ်ကြပါတယ်။ ဝင်ငွေနဲ့ ငွေလုံးမမတူပါ။ ဝင်ငွေဆိုတာက မိမိကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားနဲ့ ရရှိလာတဲ့ ငွေကို ဝင်ငွေလို့ခေါ်ပါတယ်။ ငွေဆိုတာကတော့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ကို လဲလှယ်တဲ့နေရာမှာ အသုံးပြုတဲ့ကြားခံပစ္စည်းတစ်မျိုးသာဖြစ်ပါတယ်။ ဒါကြောင့် ဝင်ငွေနဲ့ ငွေဟာလုံးဝမတူပါဘူး။  ဝင်ငွေကြောင့် လူသားတွေ ဟာ ပိုကောင်းတဲ့ဘဝတွေရလာကြတယ်။ ငွေကြောင့် လူသားတွေဟာ ဆွံ့အ၊ နားမကြားတွေဖြစ်လာတာများပါတယ်။ မျက်လုံးတွေရှိသော်လည်း မျက်ကန်းတွေဖြစ်လာတယ်။ နားတွေရှိလျှက်နဲ့ […]


asiamastersOctober 24, 20101min25124
ရတနာပုံဂေဖက်ရဲ့  facebook မှာ “ဗမာစာသည်တို့စာ ဗမာစကားသည်တို့စကား“ လို့ရေးထားတာကို ဖတ်လိုက်ရတဲ့အတွက် အတော်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဟုတ်ပါတယ်။ ဗမာစကားမရှိတော့ရင် ဗမာလူမျိုးဆိုတာ ဘယ်ကျန်ပါတော့မလဲ။ ဒါကြောင့် ဗမာစကားဟာအတော်အရေးကြီးပါတယ်။ လူသားတွေအသုံးပြုတဲ့ ဘာသာစကားတွေဟာ အသုံးပြု  သူရဲ့ အဆင့်အတန်းကိုဖြစ်စေသလို၊ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အဆင့်အတန်းနဲ့ ဆက်သွယ်မှုတွေကိုပါပြပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘပေါ်မှာ ဘာသာစကားအမျိုးအစားပေါင်း ၆၀၀ဝ လောက်မှာ အသုံးပြုနေတဲ့နေရာမှာ အများဆုံးအသုံးပြုတာက တရုတ်ဘာသာစကားဖြစ်ပြီးတော့ နိုင်ငံအများဆုံးအသုံးပြုတာက အင်္ဂလိပ်ဘာသာစကားဖြစ်ပါတယ်။္ဘ  ဗမာဘာသာစကားဟာ Parli ဘာသာစကားမှာ အခြေခံထားတာဖြစ်ပါတယ်။ Parli ဘာသာစကားဟာ Dead Language ဖြစ်တော့ ဗမာဘာသာစကားဟာလည်း မသေ့တသေပါပဲ။ ဗမာဘာသာစကားမှာ ကြွယ်ဝတဲ့ ဝေါဟာရတွေရှိပါတယ်။ ဒါပေမဲ့ ပညာရပ်ပိုင်း ဆိုင်ရာ ဝေါဟာရတွေနဲ့ပတ်သက်ရင် Borrow Word တွေနဲ့အသုံးမပြုပဲ ဘာသာပြန်လိုက်တဲ့အတွက် အဓိပါယ်များ […]


asiamastersOctober 24, 20101min16515
မနေ့က (အောက်တိုဘာ ၂၄) ကျွန်တော်အိမ်ပြန်ရောက်ချိန်မှာ တယ်လီဗေးရှင်းမှာ ပြသနေတဲ့ MNL ဘော်လုံးပြိုင်ပွဲကို တစ်ချက်ကြည့်လိုက်မိပါတယ်။ ပွဲက ပြီးပါတော့မယ်။ ၈၅ မိနစ်ဖြစ်နေပါပြီ။ ကန်နေတဲ့ အသင်းနှစ်သင်းက ရတနာပုံနဲ့ ရန်ကုန်အသင်းဆိုတော့ စိတ်ဝင်စားသွားပြီး ခဏထိုင်ကြည့်ဖြစ်ပါတယ်။ ရန်ကုန်အသင်းက သုံးဂိုး-ရတနာပုံအသင်းက ၁ ဂိုးနဲ့ ကစားနေစဉ်ဖြစ်ပါတယ်။ အားကစားသမားတွေဟာ အားအင်အတော်အင်အားကုန်ခန်းနေပုံရပါတယ်။ ရန်ကုန် အသင်းက နောက်ထပ်တစ်ဂိုးထပ်သွင်းလိုက်တော့ လေးဂိုးတစ်ဂိုး ဖြစ်လာပါတယ်။ ဒီလိုကစားနေစဉ်အတွင်းမှာ အရှေ့ဘက်ပွဲကြည့်စဉ် အလယ်လောက်မှာ ရတနာပုံအသင်းဆွဲယူလာတာကို ရန်ကုန်အသင်းက ဖျက်လိုက်ပါတယ်။ အဲဒီမှာ ပွဲကြမ်းတော့တာပါပဲ။ ရတနာပုံ အသင်းက အားကစားသမားတစ်ဦးက ရန်ကုန်တိုင်း က အားကစားကို လိုက်လံကန်ကျောက်တော့ တာပါပဲ။ ရန်ကုန်တိုင်း ကစားသမားက ပတ်ပြေးနေချိန်မှာ နောက်မှာ ဒိုင်လူကြီးတွေရော တခြားအားကစားသမားတွေရော တစ်ပြုံကြီးပြေးလိုက်နေတာတွေ့ရတော့် အတော်ကို […]


asiamastersOctober 23, 20101min1416
မော်တော်ကားနဲ့ ပတ်သက်ရင် မြန်မာလူမျိုးတွေရဲ့ ခံစားနေရတာ အဆိုးဆုံးပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မော်တော်ကားဈေးအကြီးဆုံး စံချိန်တင်ထားရတာဖြစ်ပါတယ်။ မော်တော်ကားရဲ့ အဓိက Purpose ကခရီးသွားခြင်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေဟာ ခရီးသွားခြင်းအလွန်နည်းပါးပါသေးတယ်။ ဒိအပြင် မော်တော်ကားကိုလဲ အဆင့်အတန်းပြပစ္စည်းတစ်ခုအနေနဲ့သာ သုံးစွဲနေသေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ မော်တော်ကား အတော် စောစောထုတ်လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခု မော်တော်ယာဉ် ထုတ်လုပ်နေတဲ့ အမှတ် (၂) စက်မှုဝန်ကြီး ဌာနမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်ခဲ့တဲ့ကားတွေဟာ ဂျပန်နိုင်ငံ စစ်လျှော်ကြေးရရှိခဲ့တဲ့ Mazda Company မှ B-360, B-600 (Pickup/saloon) နဲ့ Mazda Jeep များကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ B-360 နဲ့ B-600 တွေကို Public Transportation အများပြည်သူခရီးသွားလာရေးအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Mazda […]


asiamastersOctober 23, 20101min1365
ဒေါ်အောင်ဆန်းစုကြည် (ခေါ်) Mrs. Michael နဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေရှိပါတယ်။ သာမန် နိုင်ငံသားတစ်ဦးအနေနဲ့ အယူဝါဒတွေနဲ့ပတ်သက်လို့ကတော့ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကို အခုမဝေန်နိုင်လို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ မဝေဖန်ပါဘူး။ တစ်ခုပဲရှိပါတယ်။ လူသားတွေကိုအရင်ပြောင်းလဲမှာလား၊ အစိုးရကို အရင်ပြောင်းလဲမလားဆိုတာပါပဲ။ အစိုးရကြောင့်လူသားတွေပြောင်းလဲရတယ် ဆိုတဲ့အယူအဆ ထက် လူသားတွေကို အရင်ပြောင်းလဲနိုင်မှ ကောင်းမွန်တဲ့အစိုးရဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုလူသားတွေကို ပြောင်းလဲလိုသူတွေအများကြီးရှိတယ်။ ဒီလူတွေနဲ့မပူးပေါင်းပဲ၊ လူသားတွေကို မလေ့ကျင့်ပေးပဲ၊ အခု တွင်တွင်ပြောနေတဲ့ဒီမိုကရေစီကို ပြောင်းလို့မရနိုင်ဘူး။ ပြောင်းရင်လဲ ကလိမ်ကကျစ်တွေနဲ့ နင်းကြမ်းပြည့်နေတဲ့ ငရဲဘုံပဲဖြစ်မှာပဲ။ လူသားတွေကိုပြောင်းလဲဘို့ က ကိုယ်တိုင်က ဘဝမှာ Purposeful ဖြစ်ရမှာဖြစ်တယ်။ ရည်ရွယ်ချက်မရှိပဲ စိတ်ကောက်နေသလိုနေလို့မရဘူး။ အချိန်တွေ ကုန်သွားပြီ။ လူတွေဟာ သေခါနီးလူနာတွေလိုဘာမှ မတုန့်ပြန်နိုင်ကြတော့ဘူး။ မျှော်လင့်ချက် မှိန်မှိန်လေးတော့ရှိသေးတယ်။ ဒါက Information Technology […]


asiamastersOctober 19, 20101min940
ကျွန်တော်တို့ Asia Masters ဆိုတာက မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ မြန်မာလူမျိုးများ ပြည်တွင်း/ပြည်ပ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ လေကြောင်းလိုင်းများ နဲ့ Cruise Line တွေမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ဝင်ငွေကောင်းကောင်း အလုပ်များရရှိနိုင်ရန် ရည်ရွယ်ပြီး လေ့ကျင့်သင်တန်းပေးခြင်းတွေ၊ အလုပ်အကိုင်အချက်အလက်တွေကို စုဆောင်ပေးအပ်ခြင်းတွေ၊ နဲ့ ယုံကြည်စိတ်ချရတဲ့ဝန်ဆောင်မှုတွေကို ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံသားအချင်းချင်း အပြန်အလှန်အကာအကွယ်ပေးနိုင်ရန်ဖွင့်လှစ်ထားတဲ့ သင်တန်းစင်တာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နဲ့ အင်္ဂလန်နိုင်ငံ Confederation of Tourism and Hospitality (CTH) တို့မှ အသိအမှတ်ပြုစင်တာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အာမခံချက်အရှိဆုံးသင်တန်းတစ်ခုလည်းဖြစ်ပါတယ်။ သင်တန်းရဲ့ တည်နေရာကတော အမှတ် ၂၇ရ ဗိုလ်ချုပ်လမ်း၊ အာရှပလာဇာဟိုတယ်( မြေညီထပ်)၊ ရန်ကုန်မြို့မှာ တည်ရှိလို့ သွားလာရအလွယ်အကူဆုံး နေရာမှာ တည်ရှိတာဖြစ်ပါတယ်။ဆက်သွယ်ရန်ဖုန်းကတော့ ၃၇၉၃၁၁၊ ၃၉၁၃၇၈ […]


asiamastersOctober 17, 20101min27415
ကျွန်တော်တို့ Asia Masters ဆိုတာက မြန်မာလူမျိုးများမှ အလုပ်အကိုင်ရှာဖွေလိုသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခုလုပ်လိုသူတွေ၊ လေ့လာသင်ယူလိုသူတွေအတွက် ဖွင့်လှစ်ထားတဲ့ Center တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Mission Statement (ခံယူထားတဲ့တာဝန်) ကတော့ Change for the better ဖြစ်ပါတယ်။ ကျွန်တောတို့တန်ဘိုးထားတာက Income, Knowledge, Strength, Technology, humanity တို့ဖြစ်ပါတယ်။ အသင်းဝင်ဖြစ်ပြီး အခွင့်အရေးများရယူပါ။