အေတြးေလးJune 16, 20161min944
ဆန္ဒနဲ့ဘဝထပ်တူကျရင် အညတရဆိုတာဘယ်ရှိပါ့မလဲ ကိုယ့်လိပ်ပြာကိုယ်တောင် မနည်းလုံအောင်ထိန်းတဲ့လောကမှာ ခဏခဏအမှားတွေလည်းများခဲ့လေရဲ့။ မကြားတကြားပုတ်ခတ်မှုတွေကြားလည်း အမှားမှားအယွင်းယွင်းလဲပြိုဖူးတယ် ဘဝဟာခဏဆိုတာလည်းသိရဲ့ ထိုခဏဆိုတဲ့အရာတွေကြားထဲ . . . ကြုံဖူးပါရဲ့ . . .     တစ်ဘဝစာလို့ယူဆထားပေမယ့် ခဏလေးနဲ့နှုတ်ဆက်ရတဲ့အခိုက်အတန့်တွေ ဝေးကွာမှုတွေကိုတော့ခြေရာကောက်မနေတော့ပါဘူး တွေးနေတာတစ်ခုက . .အတ္တတွေရဲ့အထုပ္ပတ္တိ ဟုတ်တိပတ်တိတွေးကြည့်တော့ . . . အတ္တဆိုတာ တခါတခါ တော့ချိုမြိန်တတ်တာပဲလေ ဘဝဆိုတဲ့ဝေါ ဟာရကြား  .. ဖြစ်သင့်တာတွေရွေးချယ်ကြတဲ့လောကမှာ ဖြစ်ချင်တာတွေကပျက်ရယ်ပြုခြင်းခံကြရတယ်။ ဆန္ဒဆိုတာ အိပ်မက်ဖြစ်နေရင်တောင် အိပ်မက်မက်နေသရွေ့ဆန္ဒတွေအသက်ရှင်မယ်။ စိတ်ဟာ ကိုယ်မဟုတ်တော့ လျှောက်ချင်တဲ့လမ်းကစမ်းတဝါးဝါး တခမ်းတနားမရှိတဲ့ ဘဝတွေကိုလည်း ပန်းများလို လန်းဆန်းစေချင် .. . . . လမ်းမှားတွေကိုမလျှောက်မိဖို့လည်း ဆုတောင်းပေးမိရဲ့ . . . တစ်ခါတစ်ခါတော့  . […]


အေတြးေလးJanuary 22, 20161min15710
တွေးချင်ရာတွေး ငေးချင်ရာ ငေး သစ်ပင်တွေဟာ အေးချမ်းလွန်းတယ်။ သူတို့မှာ . . . . အမုန်းတွေမရှိဘူး . .အငြိုးတေးလည်းမရှိ် အတ္တကင်းတယ် . . .အပူပင်မဲ့တယ် အပြုံး အငိုသူတို့မသိ . .နတ္ထိဆိုမှနတ္ထိရယ်ပါ။ ကြည့်ပါအုံး . . . . ငှက်ကလေးတွေလည်းဝဲပျံလို့ လေနှင်ရာလွင့်တယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းဆိုသလိုပဲ . . နားတဲ့အခါနား . . ပျံသွားတဲ့အခါပျံသွားလေရဲ့။ သစ်ပင်တွေဟာ . .သူတို့ရဲ့နားခိုရာလေးပါ။ ထာဝရအတွက်မဟုတ်ပေမယ့် တခဏတာနားခိုကြလေရဲ့။ အစာဝလို့ ဌာနကိုပြန်ထွက်သွားတော့ ့နားခိုခဲ့တဲ့ ကိုင်းဖျားလေးကိုခြေနဲ့ခတ်ခဲ့လေရဲ့ ကိုင်းဖျားလေးတွေမှာတော့တဆတ်ဆတ်နာလို့။ နားကြည်းမိသလိုမဲ့ပြုံးတစ်ချက်ပြုံးတယ် ဒီလိုပါပဲ အဖြည့်ခံဘဝဆိုတာ။ သစ်ရွက်စိမ်းလေးတွေမှာနှင်းစက်တွေတွဲလဲခိုနေပြီလေ ဪ . . .ဆောင်းတောင်ယွန်းပါပေါ့လား။် တောင်ခိုးတဝေဝေနဲ့တောင်စဉ်တန်းတွေလည်းအေးချမ်းလှရဲ့။ မြူမှုံတွေသိုင်းရစ် […]


အေတြးေလးDecember 27, 20141min1238
အလှမ်းကျယ်ရင် အလယ်လပ်သတဲ့ . . . ကိုယ်ဟာ အလှမ်းလည်းမကျယ်သလို အစွမ်းလဲမရှိသူ မပြည့်စုံချင်းတွေနဲ့ပြည့်နေလို့လားမသိ တပ်မက်မှုတွေ က ခြောက်ခမ်းလာတယ် ပေးပါ စဉ်းစားတတ်တဲ့လက်တစုံ ကျွန်တော်ကိုပေးပါ စိတ်ကူးတွေနဲ့ အသိဉာဏ်တွေဟာ တဖြည်းဖြည်း ဝေးသွားသလိုပဲ ခပ်ခါးခါးအတ္တတစ်ခွက်ကို ကော်ဖီနဲ့အတူမျောချလိုက်တယ် ပူနွေးစွာစီးဝင်သွားတဲ့ အာခေါင်မှာခါးသက်လို့ ကိုယ်ပျိုးခဲ့တာအဆိပ်ပင်ဖြစ်ရင်တောင် အရွယ်ရောက်အောင်ပြုစုလိုက်မယ် Sometime တစုံတခုကိုတောင့်တမိပေမယ့် တစုံတခုက ဘာမှန်းရေရေရာရာမသိ တွေးမိတယ် စိတ်အစဉ်ဟာ ပုံမှန်ဟုတ်၏မဟုတ်၏ အလှမ်းကျဉ်းရင် အလယ်မဟာဘူးတဲ့ မွေးတယ် သတ္တိတွေမွေးတယ် ဘဝအတွက်အနာဂါတ်တခု ကိုယ်လျှောက်နေတဲ့လမ်း ဟာ မှန်လားမှားလား မသိသေး ဘဝလှေကိုလှော်နေချိန် တက်ကျိုးရင် လက်နဲ့လှော်လိုက်မယ် ပြပါ ကျွန်တော့ကိုလမ်းမှန်တခု ပြပေးပါ တိုက်ပွဲဝင်ဖို့လက်နက်တစုံ ထုတ်ပေးပါ Please ကျွန်တော်လျှောက်နေတဲ့လမ်းမှာ ခလုတ်ကန်သင်းတွေထပ်မတွေ့ပါရစေနဲ့။ အတွေးလေး (ပြင်ဦးလွင်)


အေတြးေလးSeptember 29, 20141min863
တရိပ်​ရိပ်​နဲ့ တက်​လာတဲ့​ဝေဒနာက ကိုယ်​့ရဲ့အား​ပေး​ဖော်​လား ​မေတ္တာ အစစ်​အမှန်​ကဘယ်​မှာ သံ​ယောဇဉ်​က​ရော​အေးမြရဲ့လား ပူ​လောင်​​နေ တဲ့ စိတ်​မှာ​တော့ ကိုယ်​့လိပ်​ပြာ​လေးငို​နေတယ်​မိုင်​ တကယ်​​တော့ကိုယ်​ရူးတယ်​လို့ပဲဆိုချင်​ဆို ကိုယ်​ဟာ အတ္တ တစ်​ခုကိုဦးစား​ပေးသူပါ မိုင်​ နှစ်​​ယောက်​တူတူ​လျှောက်​ခဲ့​ပေမယ်​့ လမ်​း​တွေက ပြဒါးနဲ့ သံ​လေ မိုင်​ ဦး​နှောက်​သုံးပြီး ​ရွေးချယ်​ခဲ့တုန်​းက ကိုယ်​့အတ္တ​တွေ ခါးခဲ့တယ်​။ အရိပ်​​တွေဟာ ကိုယ်​့စိတ်​ကို​နှောင်​့ယှက်​​နေတယ်​ မိုင်​။ အလွမ်​း​တွေနဲ့ နွမ်​း​ကြွေ​နြေပြီပဲ အနမ်​း​တွေကိုမတမ်​းတ​တော့ပါဘူး။ အဆုံးသတ်​ဘဝ တခုမှာ ​တော့ ခပ်​စိမ်​းစိမ်​းပဲ​နေမယ်​မိုင်​။ အ​တွေး​လေး (ပြင်​ဦးလွင်​) 29-9-2014


အေတြးေလးMay 25, 20131min1076
အိုဘယ့် ခရီးသည်…………. လောကအမှန်လောကဓံကို ရင်ဆိုင်နိုင်ဖို့.. ချွေးစို့စို့နှင့် ရုန်းကန်လှုပ်ရှား.. မျက်မပွားဘဲ … လေးပါး ဗြဟ္မာစိုရ်.. အထိုထိုကို တွင်တွင်ရှုမှတ်.. အဆက်ဆက်တွင် .. သင်သာမောပန်းခဲ့လေပြီ.. အိုဘယ့်ခရီးသည်….. မွေးဖွားကာ စ မိနှင့်ဖကို ပြုစုလုပ်ကျွေး မလုပ်ပေးလည်း ယခု လူ့ဘောင်လူ့တန်ဆောင် တွင်.. သင်သာအရွယ်ရောက်ခဲ့ပြီမို့ မွေးမိဖခင် ကျေးဇူးရှင်ကို သင်သာလုပ်ကျွေးအပ်ပေပြီ..။ အိုဘယ့်ခရီးသည်… လူဟူသည်ကား လူတရားနှင့် အိမ်ထောင်သားမွေး ပြု လုပ် ရေးကို သင်သာ မသွေပြုလုပ်ပေမည်.. လင်သားမယား ဝတ္တရားလည်း.. သင်သာမသွေ ကျေပါလေ…။ အိုဘယ့်ခရီးသည်….. အိမ်ထောင်ပြုငြား သားနှင့် သမီး အသီးသီးနှင့် မိသားစုဘဝ သင်တောင့်တမည်.. သားသမီးများရ ရင် သော်ငြား… မိဘ ဝတ္တရားကျေပါလေ…. အိုဘယ့်ခရီးသည်…… သင်သာ […]


အေတြးေလးMarch 28, 20132min16410
မနေ့ကရွှေစာရံကိုသွားကြတယ်ကျတော် တို့ ခြောက်တက်ကွေ့ကိုရောက်တော့ ပြင်ဦးလွင်ရာသီ ဥတုဘာလို့အဲလောက်ပူနေရလဲဆိုတာကို သိလိုက်ရတယ်။ဒီပုံတွေကိုကြည့်လိုက်ကြပါနော်။အပင်တွေအားလုံး ကမီးလောင် ပြင်ကိုဖြစ်လို့ ကျွန်းပင် တွေဆိုတာလေ အရွက်တောင်မမြင်ရတော့ဘူး ။ ဟိုတုန်းက အဲဒီနေရာကနေရိုက်လိုက်ရင်မြင်ရတာကဒီလိုတွေလေ။နေရာတွေကမတူပေမယ့် ဒီနေရာတွေမှာလဲ ခြောက်ကပ်လို့နေပါတယ် ။ဒါကတော့ အဝေးကိုရိုက်ထားတာလေ။အပေါ်ကပုံတွေကတော့ ကားနဲ့မို့ လွတ်လွတ်လပ်လပ် မရိုက်ခဲ့ရတော့သေချာမရိုက်လိုက်ရတာကိုတော့နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။


အေတြးေလးFebruary 5, 20131min452
အမေ……………. သားတွေ သမီးတွေကိုတော့ မွေး ပေး ကျွေးပေးခဲ့တယ်….။ အမေ့ကိုရော………. ဘယ်သား ဘယ်သမီး ကများ ပြန်ပြီး လုပ်ကျွေး ပြီလဲ……… မေးလို်က်ချင်တယ်အမေ……… အမေလေ……. သားတို့ ကိုမွေး ခဲ့စဉ်က.. ဘာတွေ မျှောလင့်ခဲ့ ဖူးလဲ.. ဘာတွေကိုရော………. အမေလိုချင်ခဲ့လဲ.. သားလေ………. အမေ့ကို ချစ်တယ် အမေ……. အမေ………. အမေ့ဝမ်းမှာ သားကိုလွယ်တော့… အမေပျော် မှာပေါ့နော်……… အဲလိုပဲထင်ပါတယ် အမေ ……….. မွေးဖွားခါနီး နာကျင်မှုကိုခံ ရတော့ရော……….. အမေ သားကို အပြစ်မမြင်ခဲ့ ဘူးမဟုတ်လား……… သားတွေကို အပြစ်မမြင်ခဲ့တဲ့ အမေကို.. သားတွေသမီးတွေကတော့ …… လိုချင်တာမရ ရင် …… အပြစ်မြင် တာကို….. အမေက အချစ်နဲ့ ဖုံးခဲ့တယ်နော်……….။ […]


အေတြးေလးJanuary 2, 20131min1228
သားသူု မင်း ဒီစာတွေကဘာတွေလဲ “ မေမေ၏မေးလိုက်သံ ။ ကျတော် လန့်သွားရတယ်ရုတ်တရက်ကြီးမေမေ ဘာဖြစ်လို့မေးတာပါလိမ့် ။ဧကန္တမေမေ ကတော့ ကျတော်ကို မမိုင် ပေးထားသောစာတွေကိုတွေ့သွားခဲ့သည်ထင်ပါရဲ့ ….။ကျတော် ဘယ်လိုဖြေရှင်း ရပါ့ မလဲ။မေမေက ကျတော်ကို မိန်းကလေး ကိစ္စနှင့်ပတ်သတ်လျှင်ဘယ်တုန်းကမှအလိုမလိုက်ခဲ့ပေ။ကျတော် က ဆယ်တန်းကျောင်းသားသာ ရှိသေးတာကြောင့်ရည်းစားသနာထားမှာကိုမလိုလားခဲ့ ခြငိ်းလည်းဖြစ်ပေလိမ့်မည်။ကျတော်ဘယ်လိုဖြေရှင်းရမယ်မသိခင်မှာပင်မေမေကသူ့လက်ထဲကစာရွက်ထပ်ကြီးကိုကျတော်ရှေ့မှာအပုံလိုက်ပစ်ချလာသည်။ကျတော် ဇောချွေးများပြန်လာသည်။မေမေကိုညာလို့ရမည်မဟုတ်အမှန်တိုင်းပြောရင်ရောမေမေကယုံမှာတဲ့လား။ကျတော်မေးခွန်းတွေနှင့် ချာချာလည်နေမိသည်။ကြောက်စိတ်နှင့်အတူ စိတ်ကအတိတ်ဆီသို့…….။ ကျတော်တို့ ရတနာမောင်လူငယ်အဖွဲ့သည် ရပ်ကွက် ၏သာရေးနာရေး များတွင် လုပ်အားဖြင့် တတ်နိုင်သလောက် ကူညီ ကြရသည်။လူငယ်အဖွဲ့ဆိုသည်နှင့်အညီ အဖွဲ့ထဲတွင် တဝက်လောက်က  လူငယ်များသာပင်။လူငယ်များထဲတွင်  (၇)တန်းမှသည် ကျတော်တို့ (၉)တန်း အထိပါဝင်ခဲ့ကြသည် ။လူငယ်များဖြစ်သော်လည်း  အလုပ်ကိုမညီးမငြူခဲ့ကြပါပဲ နှင့် လုပ်စရာရှိလျှင်လည်းတတ်ညီလက်ညီ စားစရာရှိလျှင်လည်းတတ်ညီလက်ညီ နှင့် စည်းလုံးပျော်ရွှင်စွာနေလာခဲ့ ကြပေသည်။ကျတော်သည်လည်း မေမေက စာကိုထိခိုက်မည်စိုး၍အတန်တန်တားနေသည့်ကြားမှ ထိုအသင်းကိုဝင်ခဲ့သည်။ဒီလိုနှင့် […]


အေတြးေလးDecember 28, 20121min1097
(၁)ဟေ့ကောင်တွေ ဟေ့ကောင်တွေ ဟာ ဒီကောင်တွေငါခေါ်နေတာကို ဘာလို့လှည့်မကြည့်တာပါလိမ့် ကျတော်စိတ်တိုသွားသည်။ သူတို့တွေ ကျတော်ခေါ်နေတာက်ိုဂဂုမစိုက်ပဲနှင် သူတို့တွေူက မြစ်ကမ်းပါးဘက်ကိုစိတ်ဝင်တစားကြည့်နေကြသည်။ သူတို့တွေဘာကိုကြည့်နေတာပါလိမ့်ကျတော်လည်းစိတ်ဝင်စားကြည့်လိုက်တော့ အလို မြစ်ကမ်းပါမှာလူတွေစုပြုံပြီး မြစ်ထဲကိုငေးနေကြတယ် ရင်ဘက်ကို လက်နှင့်ဖိတဲ့သူကဖိလို့ပေါ့။ အဲဒီအချိန်မှာ ပန်ပန်ရဲ့ စိုးရိမ်တကြးီအော်လိုက်သံကို ကြားလိုက်ရတယ်။ “ဟဲ့ကောင်း ဘယ်ရာက်သွားလဲ ကောင်းဘယ်ရောက်သွားတာလည်း” ဟင်ဒီကောင်တွေဘာတွေဖြစ်နေလဲမသိပါဘူးငါ့ကိုတောင်မမြင်ကြဘူးလားမသိဘူး။ ဟား ဟား ဟား….. ဘာလို့မမြင်တာလဲမသိဘူးနော်”ဟေ့ ငါဒီမှာလေ နင်တို့ကလည်း ကန်းနေလားဟဲ့ငါဒီမှာလေ ” ကျတော သူတို့ကိုအော်ရလွန်းလို့အာခေါင်တွေလည်းနာလာသည်။သူတို့ကတော့ မကြားကြသေးပေ။ သူငယ်ချင်းတွေအားလုံးက ကျတော်နာမည်ကို သာအော်ခေါ်ပြီ မြစ်ကမ်းပါးကို ပြေးသွားကြပြီ ကျတော်လည်း သူတို့နော်ကကူနေ လိုက်ရတော့ တာပေါ့။ မြစ်ကမ်းပါးကိုရောက်တော့ သူတို့တွေကအနားကလူတစ်ယောက်ကို မေးနေကြတယ် “ဦးလေး ဒါဘာလုပ်နေတာလဲဟင်”ညိမ်းရဲ့မေးလိုက်တဲ့အသံပါ။နောက်ပြီးသူကပဲ ဆက်ပြီးတော့ “ဟို ဟိုလေ ဦးလေး ဒီနာ းမှာလေ […]


အေတြးေလးSeptember 26, 20121min1078
ကျွန်မလေ…ကျွန်မ  ရင်ကွဲရတော့မယ်ထင်ပါရဲ့ ကျွန်မရဲ့ကလေးတွေလေ  ကျွန်မရှာလိုု့မတွေ့တော့ဘူး။ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ကျွန်မရင်ကိုမီးစနဲ့အထိုးခံရသလိုပါပဲရှင်။ကျွန်မသတိထားမိတဲ့နေရာမှန်သမျှကျွန်မ ရှာနေပေမယ့် မတွေ့ဘူး ရှင်အိတ်ကြိုအိတ်ကြား  ချောင်ကလောင်တွေမကျန် အကုန်ရှာတာကိုမတွေ့ဘူးရှင်  တွေ့သမျှအပေါင်းအသင်းအကုန်အကူအညီတောင်း ကြည့်နေတာမတွေ့ရသေးဘူးတဲ့။ဟော  တွေ့ပြီတွေ့ပြီ ကျွန်မကလေးတွေတော့မဟုတ်ဘူး။ကောင်လေးတစ်ယောက်လေ  ကောင်လေးတစ်ယောက်ပေါ့ သူ သေတ္တာလေးဘေးငုတ်တုတ်လေးထိုင်လို့လေ  ပါးစပ်ကလည်းဘာတွေပြောနေသည်မသိ ဘူး။ကျွန်မအနီးကပ်သွားကြည့်လိူုက်တယ်  သူ့လက်ထဲမှာအိတ်လေးတစ်လုံးတော့  ကျွန်မသေသေချာချာကြည့်လိုက်တယ်။ဟယ်ဝမ်းသာလိုက်တာအိတ်ထဲမှာကျွန်မကလေးတွေလေ။ ဒါပေမဲ့….. ဒါပေမဲ့ရှင်သူကကျွန်မကလေးတွေကိုဘာလုပ်မလို့ပါလိမ့်။ကျွန်မလဲစိုးတထိတ်ထိတ်နဲ့ချောင်လေးထဲကပဲကြည့်နေလိုက်တယ်။ “ကြွက်မကြီးရေ” ဟော ကောင်လေးကျွန်မကိုခေါ်နေတယ်ထင်တယ်။ဘာပြောဦးမလဲမသိဘူး စောင့်ကြည့်ဦးမှဘဲ။ “နင့်ရဲ့ကလေးတွေကို ငါဒီထဲမှာရွှေ့ထားလိုက်တယ် နော် နင့်ကလေးတွေကိုငါမသတ်ပါဘူး  ငါ့ပစ္စည်းတွေက်ိုတော့ဘာမှမလုပ်ပါနဲ့နော်” ကောင်လေးကမျက်နှာငယ်လေးနဲ့တိုင်တည်နေရှာတာပါ။ဟုတ်ပါရဲ့   ဟိုတုန်းကဆိုရင်ဒီအဆောင်ကြီးပေါ်မှာ ဒီကောင်လေးအပါအဝင် လူပေါင်း13ယောက်နေကြတာလေ။ကျွန်မမှတ်မိတာပေါ့  ။ဒီကောင်လေးနာမည်တောင် ကြားဖူးပါရဲ့ ဘာတဲ့ အတွေးလေး ဆိုလား ဘာလား ကောင်လေးကတော့ခပ်နွဲ့နွဲ့ခပ်ငယ်ငယ်ပါ။အဆောင်ပေါကလူတွေထဲမှာသူကငယ်တယ်လို့ထင်ရတာပဲလေ။ ဒီအဆောင်ပေါ်မှာနေရတာကကျျွန်မအတွက်အရမ်းဇိမ်ကျတာရှင့်  ကျွန်မကလေကျွန်မအဖော်တွေလိုမျိုး မြေကျင်းတူးပြီးနေရတာဆိုပေမဲ့ အစားအသောက်အတွက်ကျတော့ပူစရာမလိုဘူးရှင့်  ။ဘာလို့လဲလို့မေးမလို့လား ပြောမှာပေါ့ရှင်  ဒီအဆောင်မှာက တချိုု့ကောင်လေးတွေကညနေပိုင်းဆို ရင် အရက်ဝိုင်းဖွဲ့ကြတယ်လေ။အမြည်း အစုံအလင်ပေါ့ရှင် ။အဲသူတို့ကသောက်ပြီးပြီဆိုရင်ဘယ်တော့မှ […]


အေတြးေလးSeptember 21, 20121min9010
အပြစ်မဲံ့တဲ့လရောင် ပင်လယ်ကြီးကိုနှုတ်ဆက်ခဲ့ ကျရှုူံးမှုနဲ့အတူ လူတစ်ယောက်လဲကျပြီ ကူကယ်ရာမဲ့တဲ့ဘဝ ကမ်းမမြင်လမ်းမမြင်ပေါ့ နာကျည်းမှုတွေနဲ့အတူ အတ္တခါးခါးတစ်ခွက်သောက်ရင်း ချည့်နဲ့စွာပြုံးလေရဲ့ ထိုအပြုံးကြောင့်ထင်ရဲ့ ကြယ်လေးတွေပုန်းကွယ်ကုန်လေပြီ။