ရွှေကြည်တင်သော “ဝါသနာအရ ဖန်တီးထားတဲ့ အနုပညာပါတဲ့” ပို့စ်ကို ဖတ်အပြီး လက်ရာမြောက်လှစွာသာ ရွံ့စေးပန်းပုရုပ်ထုများကို မြင်သိရကြားသိရတော့ ကျွန်တော်ရဲ့ စိတ်ဝယ် အတိတ်သယံဆီက ငယ်ရွယ်စဉ်ပုံရိပ်လေးတွေ ပြေးလွားပေါ်ပေါက်လို့ လာတော့တာပေါ့။ ဒါကြောင့် ကွန်းမန့် လဲရေးချင်သလို ပို့စ်လေးလဲ တင်ချင်စိတ်ပေါ်လာလို့ အခုလို ကဗျာလေးရေးလိုက်မိတာပါ။ ပန်းပုဆရာရေ ရွံ့စေးကို နယ်ကာဆုပ် အံ့မခန်း ထုလုပ်လိုက်ပုံများ… တို့တောရွာ ငယ်ဘဝက နွားရုပ်နဲ့ ရွှေချိုးကူ အပြိုင်ယူ ရွံ့တွေလုံး မြန်ဓလေ့ ဖွဲ့ကာထုံးတဲ့ လူကြီးနဲ့ တူအောင်ရှုန်းတယ် ဘယ်နွားရယ် သူမတူပိုလို့လှ ဝင့်ကြွားခဲ့တယ်…. ခုများတကယ် ဂလိုဗယ်မှာ နောင်မျိုးဆက် ပုခက်ရယ်ထွက်တော့ လက,်မ ရယ်မော်မဆုံးအောင် မြန်နှုန်းနဲ့ ခလုပ်တွေရွေ့ ထမင်းမေ့ မျက်တွင်းဝေ့အောင် ဂိမ်းဘောင်ကစွယ်…. လက်မှုသယ် ကိုပန်းပုရွံ့စေး သူ့လက်ရာမြင်သူငေးရလောက် ကမာ္ဘမှီ […]


ချစ်သူ… မင်းရဲ့မျက်ဝန်းက ရွှေသမင်လိုလှတယ် လမ်းလျှောက်သွားပုံက ကြောင်ကတောင်အရှုံးပေးရမယ် မင်းရဲ့တွန့်လိမ်တဲ့အလှက မြွှေတွေကတောင်မှီမယ်မထင်ဘူး စူးရှတဲ့မင်းအကြည့်တွေကို သိမ်းငှက်က ဆရာတင်ရမယ် မင်းရဲ့ကိုယ်သင်းရနံ့ကို အနံ့ခံကောင်းတဲ့ခွေးတွေက ဆလံသရတယ် မင်းစကားပြောရင်လဲ မိုးဆွေငှက်လိုအသံသာတယ် လျှင်မြန်တဲ့ရှောင်တိမ်းတတ်မှုမှာ တောယုန်တွေက အမေခေါ်ရမယ် မင်းရဲ့အပြုံးကို `လင်းတတွေက မနာလိုတော့ဘူး တိုးညည်းတဲ့စကားသံမိန့်ဆိုရင် ပုရစ်အော်သံလို တဆစ်ဆစ် မင်းကိုချစ်မိသွားရင် ခါချဉ်ကိုက်ခံရသလို ဆန့်ငင် ဆန့်ငင် မင်းရဲ့ပါးဖောင်းဖောင်းလေးတွေကို ဝက်မကြီးက ကထိကတင်ရတယ် မင်းနှာတံလေးတွေက ဆင်ကလေးမိုမို လိုက်မမှီဘူး နှင်းဆီရောင် နှတ်ခမ်းလေးတွေကိုမြင်ရင် ကြက်တူရွေးငိုရလိမ့်မယ် ရှေးကဗျာဆရာကြီးများမင်းကိုတွေ့သွားရင် စပါးကြီးလောက်ကလောင်တံကိုင်ဆွဲပြီး မင်းကိုဒီလို ဧရာမ တင်စားခြင်းတွေနဲ့ အိပ်ရေးပျက်ကြလိမ့်မယ် မင်းဟာမိုးပေါ်က လမင်းကြီးထက် အဆ ၄၆-ဆလောက်ကျက်သရေရှိတယ် ၁၄-ရက်လဝန်းကဲ့သို့ အံ့ဘွယ်ရှိတယ် မင်းရဲ့မည်းနက်တဲ့ဆံနွယ်တွေက မြွှေဟောက်မများနဲ့တူတယ် နုတ်ခမ်းများက သွေးရဲရဲထွက်နေတဲ့ ဓားရှရာနဲ့တူတယ် အသားအရေက […]


လမ်းဆုံကဂျမ်းပုံဆိုတာ ဟိုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ထင်ပါတယ်။ ကျွန်တော်မကြည့်ဘူးလို့ အဲဒီ ရုပ်ရှင်ထဲက ဂျမ်းပုံရဲ့အကြောင်းကျွန်တော်မသိပါဘူး။ ရေဒီယို အသံလွှင့်အစီစဉ်တခုရဲ့ နာမည် ဖြစ်လို့လဲ ကြားဖူးနေမိတာပါ။ ကျွန်တော်ရဲ့ ဂျမ်းပုံကတော့ အဲဒီ့ရေဒီယိုရုပ်ရှင်ကားထဲက ဂျမ်းပုံနဲ့တော့ လားလားမှ တူမှာမဟုတ်ဘူးလို့ထင်ပါတယ်။ ဘာပဲပြောပြော ဂျမ်းပုံကတော့ ဂျမ်းပုံပါပဲ။ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ မိုးလင်း မျက်စိဖွင့်ချိန်ကနေ ညအိပ်လို့ မျက်စိမှိတ်တဲ့ အချိန်အထိ ရွေးချယ်စရာတွေနဲ့ အချိန်များကိုဖြတ်သန်းစီးဆင်းကြရပါတယ်။ ဘဝဆိုတာ လူသာမန်တွေအတွက် ကန့်သတ်ချက်တွေနည်းသကိုး။ ဆိုလိုတာက အစားကို ဘယ်အစားအစာမျိုးမှစားရမယ်။ အဝတ်အစားဆို ဘယ်အရောင် အဆင်ဒီဇိုင်းပဲ ဝတ်ရမယ်။ အဲဒီလိုမှမရှိတာ။ ရယ်စရာကတ်သတ်ပြောရရင်ဖြင့် အသက်ရှူသွင်းနေတာကိုတောင် အတိုအရှည် ဝင်ချိန်ထွက်ချိန် လူတိုင်းလွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဒီတော့ ဥပမာပြောရရင် နိုးပြီဆိုကတည်းက ချက်ခြင်းအိပ်ယာကထမလား၊ ခဏဆက်ပြီး မှိန်းမလား၊ […]