zaw mgAugust 4, 20101min490
အီရန်သမ္မတအာမက်ဒီနီဂျက်၏ရုံးခန်းအတိုက်ခံခဲ့ရသည်မှာ….မဟုတ်မှန်ကြောင်းအီရန်နိုင်ငံပိုင်သတင်း အေဂျင်စီတခုမှဗုဒ္ဒဟူးနေ့ကပြောကြားလိုက်သည်။အီရန်နိုင်ငံ၏သမ္မတအာမက်ဒီနီဂျက်၏ရုံးခန်းအားမော်တာဖြင့်ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသည်ဟုဆိုကာအနောက်မီဒီယာများမှထုတ်လွင့်ခဲ့မှု့အပေါ်အီရန်နိုင်ငံသမ္မတရုံး၏သတင်းထုတ်ပြန် ချက်ကိုကိုးကား၍ နိုင်ငံပိုင် Presstv သတင်းအေဂျင်စီမှထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံသည်နူကလီးယားလက်နက်ပိုင်ဆိုင်ရန်ကြိုးစားနေသည်ဟူသောစွပ်စွဲချက်ဖြင့်အနောက်အုပ်စု၏ထပ်မှန် ဒဏ်ခတ်အရေးယူမှု့ကိုခံနေရကြောင်းသိရသည်။ ကိုးကား။ အေအက်ပီ


zaw mgAugust 4, 20101min753
ရန်ကုန်တိုင်းသုဝဏမြို့နယ်၊အသင်းတိုက်မှတ်တိုင်မရောက်ခင်လမ်းဆုံမီးပွိုင့်မှာတနင်္လာနေ့(၂.၈.၂၀၁၀) ည၈နာရီခွဲခန့်မှာရန်ကုန်မြို့ထဲမှသင်္ဃန်းကျွန်းဘက်သို့မဆင်မခြင်အရှိန်ပြင်းစွာပြိုင်မောင်းလာတဲ့ ၃၉အထူးယာဉ်လိုင်းမှ၆ခ/………………၏ဝင်တိုက်မှု့ကြောင့်အပြစ်မဲ့လမ်းဖြတ်ကူးသူတစ်ဦးပွဲခြင်းပီး သေဆုံးခဲ့ရပါတယ်။အဆိုပါယာဉ်တိုက်မှု့အားမျက်မြင်တွေ့ရှိခဲ့သူမနေခြည်ဖြိုးမှ…..ကျမမနက်ကအလုပ်ကိစ္စ နဲ့သင်္ဃန်းကျွန်းဘက်သွားရင်းတွေ့ကြုံခဲ့ရတာပါ..တော်တော်ကိုထိတ်လန့်ဇွယ်ရာမြင်ကွင်းတခုပါ…သူတို့ ကားကိုအပြိုင်မောင်းလာကြလို့အခုလိုအရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိတာပါ…..လမ်းဖြတ်ကူးသူကအရှိန်နဲ့ယာဉ် မောင်းရဲ့တစ်ဘက်ခြမ်းမှန်ကိုဝင်ဆောင့်မိပြီး…ပွဲခြင်းပီးဘဲ……..ဟုဆိုပါတယ်။ ထိုကဲ့သို့ရန်ကုန်မြို့တွင်းရှိအထူးယာဉ်လိုင်းများတစ်စီးနှင့်တစ်စီးအပြိုင် မောင်းနှင်မှု့များကြောင့်ခရီးသွားပြည်သူများမှထိရောက်သောအရေးယူမှု့များပြုလုပ်စေလိုတယ်လို့သိရပါတယ်။


zaw mgAugust 4, 20101min641
နာကြင်ခြင်း….အိမ်မက်တွေကနိုးတဲ့အချိန်………. ပျော်ရွင်ခြင်း…..စိတ်ကူးတွေနဲ့ငါအိပ်နေတုန်း………… ရင်ခုန်သံအပိုင်းအစတွေနဲ့ငါအကြိမ်ကြိမ်လွဲချော်ခဲ့ရတယ်။ ငါ့ရင်ဘတ်ထဲက…..လူမသသူမသိတဲ့အလွမ်းတွေလောက်..ဘယ်မီးတောက်မှပိုမလောင်ကျွမ်းနိုင်ပါဘူး။ ငါငိုနေတဲ့………မျှော်လင့်ချက်တွေအတွက်……..မင်းရင်မှာသတိရခြင်းတွေဖြစ်ပေါ်ပါစေလို့ဆုတောင်းရင်း…….