zaw mgFebruary 23, 20111min571
ကျေးဇူးခံ မိတ်ဆွေကျင့်ဝတ် ၅-ပါး မေ့လျော့စောင့်လာ၊ ဥစ္စာစောင့်ရှောက်၊ ဘေးရောက်ကိုးကွယ်၊ ဘေးတွယ်မပစ်၊ သားမြစ်စဉ်ဆက်၊ မပျက်ချီးပင့်၊ ဝတ် ငါးဆင့်၊ ပြုကျင့်မိတ်ဆွေများ။ (၁) မေ့လျော့နေသော ဥစ္စာများကို စောင့်ရှောက်ရခြင်း၊ (၂) တစ်ဘက်မိတ်ဆွေ၏ ဥစ္စာများကို စောင့်ရှောက်ရခြင်း၊ (၃) မိမိမိတ်ဆွေ ဘေးဒုက္ခရောက်သောအခါ အားကိုးရာ ဖြစ်ရခြင်း၊ (၄) ဘေးဒုက္ခရောက်သောအခါ ပစ်ပယ်စွန့်ခွာ၍ မသွားရခြင်း၊ (၅) သားစဉ်မြေးဆက် အဆက်ဆက် မိတ်ဝတ်မပျက်ဘဲ ပေးကမ်းချီးမြှင့်ရခြင်း။


zaw mgFebruary 23, 20111min976
ဦးတေဇ ကယ်ရန် ထိုင်းက ရဟတ်ယာဉ်ငှား Wednesday, 23 February 2011 15:15  ကချင်ပြည်နယ် ရေခဲတောင်ပေါ်တွင် ပိတ်မိနေသည့် ဦးတေဇကို ကယ်နိုင်ရန် ထိုင်းနိုင်ငံမှ ငှားရမ်းထားသည့် ရဟတ်ယာဉ်တစီး ချင်းမိုင်မြို့မှနေ၍ မန္တလေးမြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အမြင့်ပေ ၁၂၀၀ဝ အထိ ပျံသန်းနိုင်သည့် ရဟတ်ယာဉ် ဖြစ်သည်ဟု ဆိုသည်။ မြန်မာ့တပ်မတော် (လေ) ရှိ ရုရှားလုပ် ရဟတ်ယာဉ်များသည် အမြင့်ပေ ၁၀၀၀ဝ ခန့်သာ ပျံသန်းနိုင်သည်ဟု သိရသည်။ ကယ်ဆယ်ပြီးပါကလည်း ဦးတေဇနှင့် အဖွဲ့သည် ယနေ့ညနေတွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ ပူတာအိုမြို့သို့သာ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း တပ်မတော် (လေ) အသိုင်းအဝိုင်းက ပြောသည်။


zaw mgFebruary 23, 20111min1096
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ စီးနင်းလိုက်ပါလာသည့် ရဟတ်ယာဉ် သည် ကချင်ပြည်နယ် အနောက်မြောက်ပိုင်း ဖုန်ကန်ရာဇီ  ရေခဲတောင်တွင် ဆင်းသက်ရာ ရေခဲပြင်အတွင်းသို့ ကျွံကျသွားကြောင်း  အင်တာနက်သတင်းများအရသိရသည်။ ၂၂ ၊၂ ၊၂၀၁၁ ရက်နေ့နံနက် ပိုင်းတွင်  ဦးတေဇ အပါအဝင် ထူးကုမ္ပဏီမှ ဝန်ထမ်း ၆ ဦးသည် ပူတာအိုမြို့မှ ဖုန်ကန်ရာဇီ ရေခဲတောင်သို့ ယူရိုကော့တာ (Eurocopter) အမျိုးအစား  ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားကြောင်း၊ ထို့နောက် ဆင်းသက်ရာ ရဟတ်ယာဉ် တဖက်ခြမ်းသည် ရေခဲပြင် အတွင်း၌ နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း၊ မည်သူမျှ ထိခိုက်ဒဏ်ရာ ရခြင်းမရှိကြောင်း တပ်မတော် (လေ) အသိုင်းအဝိုင်းက ပြောကြားချက်အား ကိုးကား ၍အင်တာနက်သတင်းများမျက်နှာများတွင်ဖေါ်ပြကြသည်။ ထို့အပြင် ယင်းရဟတ်ယာဉ်သည် ဦးတေဇ၏ ကိုယ်ပိုင် ရဟတ်ယာဉ်ဖြစ်ပြီး […]


zaw mgFebruary 17, 20111min1416
မိတ်ဆွေကျင့်ဝတ် ၅-ပါး ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။ (၁) မိမိတတ်နိုင်သလောက် ပေးကမ်းချီးမြှင့်ခြင်း၊ (၂) ကိုယ့်အောက်သို့ မနှိမ့်ချမူ၍ ကိုယ်နှင့်တန်းတူထားကာ ဆက်ဆံခြင်း၊ (၃) နှစ်ဦးနှစ်ဝ ကြီးပွားရန်အတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရခြင်း၊ (၄) ပြောဆိုဆက်ဆံရာ၌ စကားအရာ ပြေပြစ် ချိုသာစွာ ပြောရခြင်း၊ (၅) စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် သစ္စာဖောက်ဖျက်မှု မရှိဘဲ မှန်ကန်တိကျခြင်း။


zaw mgFebruary 15, 20111min570
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖေဖော်ဝါရီ ၁၈ မှာ နေအိမ်သစ်ပြောင်းမည် ဟုဆို မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လာမဲ့သီတင်းပတ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကစလို့ ကာကွယ်ရေးဝန်ကြီးဌာနဝင်း အပြင်ဖက်က နေအိမ်သစ်မှာ ပြောင်းရွှေ့ နေထိုင်တော့မည်ဟု အင်တနက် သတင်းစာမျက်နှာများတွင်ရေးသားဖေါ်ပြနေကြကြောင်းသိရသည်။ ဗိုလ်ချုပ်မှူးကြီးနဲ့ မိသားစုဟာ လက်ရှိနေထိုင်တဲ့ နေပြည်တော် စစ်ရုံးချုပ်ဝင်းအတွင်းနေအိမ်ကနေ နေပြည်တော် မြို့လယ် ပုဗ္ဗာသီရိမြို့ ဟိုတယ်ဇုံအနီး တည်ဆောက်ထားတဲ့ နေအိမ်ကို ပြောင်းရွှေ့မှာ ဖြစ်ပြီး ပြောင်းရွှေ့ ရန် အတွက် နေ့ကောင်းရက်သာ ရွေးချယ်နေခြင်းဖြစ်ကြောင်းသိရသည်။ “အဲဒီ ဝင်းထဲမှာ ဒီ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိမ်ရှိတယ်၊ သူ့အိမ်က ဒီအိမ်ရှေ့မှာလည်း အဝိုင်းကြီး ရှိတယ်ပေါ့နော်။ ပြီးတော့ ရေကူးကန်တို့၊ အိမ်ကြီးရဲ့ ဘေးမှာလည်းပဲ […]


zaw mgFebruary 15, 20111min872
(အကယ်၍) အကယ်၍ မင်းအသိုင်းအဝိုင်း တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . . အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . . အကယ်၍ စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . . ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . . ဒါမှမဟုတ် မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . . […]


zaw mgFebruary 14, 20111min1035
မြန်မာတိုင်းမ်စ်ကို တည်ထောင်သူ ဒန်ကလေ ကိုစစ်အစိုးရက ဖမ်းဆီးထိမ်းသိမ်းထားလိုက်တယ် လို့ ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်းများက သတင်းရရှိပါတယ်။ သူဟာတချိန်က မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကောင်းကြောင်း တွေကို နိုင်ငံတကာမှာ ရွန်းရွန်းဝေအောင်ပြောခဲ့သူ၊ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ဓာတ်ပုံတွေကို သူရဲ့ သတင်းစာထဲမှာ ဝေဝေဆာဆာဖော်ပြခဲ့တဲ့သူပါ။ သူဟာ အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်မြို့ ဂျွန်ဟော့ခ်ကင်း တက္ကသိုလ် မှာ အမေရိကန်အစိုးရ ရဲ့ နအဖ စစ်အုပ်စုပေါ်ထားရှိတဲ့ မူဝါဒတွေ ပြောင်းလဲဖို့ တိုက်တွန်းခဲ့တဲ့ သူလည်းဖြစ်တယ်။ သူကိုယ့် သူ မြန်မာ့ အရေးကျွမ်းကျင်သူ တစ်ဦးလို့ သွေးနထင်ရောက် နေတဲ့ နိုင်ငံခြားသားတွေထဲမှာ သူတစ်ယောက်ပါတယ်။ မြန်မာ့ အရေးလှုပ်ရှားသူတွေကတော့ ခပ်ကြောင်ကြောင် မျက်နှာပြောင်တဲ့ ကောင်လို့ ပဲသတ်မှတ်ထားတယ်။ အခုတော့ မြန်မာပြည် မှာ ( Dog […]


zaw mgFebruary 11, 20111min520
အမေ…………လူတော်တော်များများကပြောကြတယ်………..ကျွန်တော့ကို အလိုလောဘ..အလုပ်လောဘနည်းတယ်တဲ့………….. ကျွန်တော့ကို……………..ငယ်ငယ်က အမေကလည်းပြောပါတယ်……….. ပညာလောဘ မရှိဘူးတဲ့…………. အမှန်အတိုင်းပြောရရင် ကျွန်တော့ ဘဝမှာ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာ တယ် ဆိုတာ အတော့ကိုနည်းပါး ခဲ့ပါတယ်။ ခဏခဏ မျှော်လင့် ထားတဲ့ အတိုင်း ဖြစ်မလာတော့ ဘာကိုမှ မမျှော်လင့်ရဲလောက် အောင်ဖြစ်ခဲ့ရတာပါ။ ………..အမေ…………………ဒီနေ့ အမေ့ကို သားတမ်းတလွမ်းဆွတ် ခေါ်ဆိုမိတာ… ဒီတစ်ပတ်အတွင်း ဒုတိယအကြိမ် ထက် မက ခေါ်ဆိုခြင်းပါအမေ………. ကျွန်တော် တိုင်ပင်ဆွေးနွေး နေတဲ့ မိသားစု ကုထုံးဆရာမက ကျွန်တော့ကို………မေးတယ်အမေ……….ငယ်ငယ်က မိသားစုဝင်တွေအားလုံး အတူတူ ပျော်ပျော် ရွင်ရွင် နေခဲ့ဖူးတဲ့ အချိန်တွေ ဘယ်နှစ်ခါလောက် မှတ်မိတာရှိလဲတဲ့………….. ……….ပြီးတော့ …….ကိုယ် ချစ်ခင်နှစ်သက်ခဲ့တဲ့ သူဘယ်နှစ်ယောက်လောက် နဲ့ ဝေးကွာတဲ့ ပူဆွေးမှု ဒဏ်ခံစားခဲ့ရလဲတဲ့………….. ကျွန်တော် […]


zaw mgFebruary 11, 20111min1170
ရဲချုပ်ရာထူးကို ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းအား ခန့်အပ် ရဲချုပ်ရာထူးကို ရန်ကုန်တိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းအား လည်းကောင်း ရဲအထူးသတင်းတပ်ဖွဲ့ ညွှန်ချုပ် ရာထူးအား ဗိုလ်မှူးကြီးတင်စိုးအား လည်းကောင်း လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ref;internet


zaw mgFebruary 10, 20111min450
alaygazette.com/40697/health-fitness/attachment/dsc02626″>[/caption]ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံ အသီး သီး တွင် ကြိုးစား ရုန်းကန် လှုပ်ရှား အ သက်ရှင် ရသူများ သည် စိတ်ဖိစီးမှု များနှင့် အတူ မိသားစု အတွင်း လို အပ် လစ်ဟာ လေ့ရှိသော လူနေမှု ဘဝ ပုံစံ တို့ကို အနည်းနှင့် အများကြုံ တွေ့ ခံစား ရကြောင်း သိရသည်။ ထို ကဲ့သို့ ကြုံတွေ့ ခံစား ရသူများ အား ကျန်းမာ ပျော်ရွှင်သော မိသားစု ဘဝ နှင့် ပိုမို ကောင်းမွန်သော လူမှု အသိုင်း အဝန်း တစ်ခု အဖြစ် ပြောင်းလဲ နေ ထိုင် နိုင်ရန် အတွက် […]


zaw mgFebruary 8, 20111min620
ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း ၁၆ရပ်ကွက် အပိုင်း ၄ တွင်မီးလောင်ကျွမ်းနှု ဖြစ်ပေါ်နေကြောင်း မီးသတ်ဌာ နမှစုံစမ်းသိရှိရသည်။


zaw mgFebruary 4, 20111min17918
အာဆီယံနှုန်းနှင့်အညီ ဝန်ထမ်းလစာ များရရှိတော့မည် မကြာမီဖြစ်ပေါ်လာမည့် အစိုးရအသစ်မှ ဝန်ထမ်းများကို အာဆီယံနှုန်းထားနှင့်အညီ လစာများပေးမည်ဟု နေပြည်တော် ဝန်ထမ်း အသိုင်းအဝိုင်း များအကြား နှင့် စစ်တပ်အသိုင်းဝိုင်းများမှစုံစမ်းသိရှိရသည်။ အာဆီယံနှုန်းထားအရ အနိမ့်ဆုံးလစာမှာ ကျပ် တသိန်း ဖြစ်ပြီး လက်ထောက် ညွှန်ကြားရေးမှူး တဦး ၏ လစာသည် ကျပ် ခြောက်သိန်း ခန့် ရမည် ဖြစ်ကြောင်း အစိုးရဝန်ထမ်းအရာရှိတစ်ဦး၏ပြောကြားချက်အရသိရသည်။ ထိုကဲ့သို့ လစာများတိုးပေးနိုင်ရန် ဝန်ကြီးဌာန ၄ဝ ခန့်ရှိသည့်အနက် ၁၈ ခုခန့်အထိ လျှော့ချသွားမည်ဖြစ်ပြီး ဝန်ထမ်းအရေအတွက် ကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ အစိုးရသစ်အတွက် သမ္မတ အသစ်၏ လစာ သည် ကျပ် သိန်း ၅ဝ ရရှိမည်ဖြစ်ပြီး ဒုတိယ သမ္မတမှာ လစာ […]


zaw mgFebruary 3, 20111min693
နိုင်ငံတော်သမ္မတအဖြစ် အများထင်ထားသည့်အတိုင်း ကြံ့ဖွံ့ကိုယ်စားလှယ် ဦးသိန်းစိန် ကိုရွေးချယ်မည်မှာသေချာနေ Thursday, 03 February 2011 18:00 ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးမှ ဒုတိယ သမ္မတများအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးသိန်းစိန်နှင့် ဒေါက်တာ စိုင်းမောက်ခမ်း တို့အား ရွေးချယ်လိုက်သော်လည်းနောက်ဆုံးစာရင်းပိတ် နိုင်ငံတော်သမ္မတ မှာ လက်ရှိဝန်ကြီးချုပ်ဦးသိန်းစိန် ကိုသာရွေးချယ် မည်မှာသေချာနေကြောင်းသိရသည်။ ထိုကဲ့သို့ နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်  ဖြစ်လာလျှင် ဒုတိယသမ္မတအဖြစ် သီဟသူရတင်အောင်မြင့်ဦးဖြစ်နိုင်ကြောင်းနိုင်ငံရေးလေ့လာ သူများ၏ အဆိုအရ သိရသည်။ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒေါက်တာ စိုင်းမောက်ခမ်းသည်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကိုယ်စားလှယ်များ ထဲကသာ နိုင်ငံတော်သမ္မတ […]