aungJuly 30, 20101min502
အတိတ်တွေက…မှုန်ဝါးပေမယ်……..ငါတို ့နှစ်ဦးဇာတ်လမ်းမှာ…တစ်ချို ့နေရာ  ကအကောင်းအတိုင်းရှိနေဆဲပါပဲ………………..…..         ခေါင်းရင်းလဘက်ရည်ဆိုင်ကပြန် ့လွင့်လာတဲ့လေးဖြူရဲ့ စာမျက်နှာ၁၅ ဆိုတဲ့သီချင်းကိုကွန်ပြူတာရှေ ့မှာထိုင်နေရင်းလိုက်ညည်းနေမိတယ်……         ဒီနေ ့တစ်နေ ့လုံးအပြင်မထွက်ပဲ အိမ်တွင်းအောင်းနေမိတယ်….. သင်္ဘောသားတွေရဲ့ထုံးစံအတိုင်းပြန်လာတာကြာပြီဆိုတော့လဲ…ရေခန်းလာပြီဆိုပါတော့…….. လက်မှတ်တခုကလည်းမရသေးတော့သင်္ဘောကလည်းပြန်တက်မရသေး……ဟင်း……………. ဒီလိုဘေးကြပ်နံကြပ်အခြေအနေမျိုးမှာစိတ်ညစ်ညစ်နဲ ့အခန်းအောင်းနေတာပဲကောင်းမယ်ထင်မိတယ်……. ည၉နာရီလောက်ကျတော့အိမ်ရှေ့ကတံခါးခေါက်တာနဲ ့ ဖွင့်ကြည့်လိုက်တော ့ခေါင်းရင်း   လဘက်ရည်ဆိုင်က ကောင်လေး…….“ရော့အကို…ဒီကားအရမ်းကောင်းတယ်…အကိုကြည့်ဖို ့”……..                                              ကျွန်တော့်လက်ထဲအခွေထိုးထည့်ပြီးပြောတာနဲ့ကျွန်တော်လည်းအခွေကိုကြည့်လိုက်တော့ မြန်မာကားနံမည်က“စာမျက်နှာ၁၅”တဲ့…….“ဪ….ခုနလေးဖြူသီချင်းသံကဒီအခွေထဲကကိုး….”     “ဟုတ်တယ်အကို…မနက်ကျမှညီလာယူမယ်….”      ပြောပြောဆိုဆိုနဲ ့ကောင်လေး ပြန်သွားတော့ကျွန်တော်လည်းတံခါးပြန်ပိတ်ပြီး ……………….. အမှန်အတိုင်းဝန်ခံရရင်ကျွန်တော်မြန်မာကားမကြည့်ဖြစ်တာကြာပြီ……ပေါ့ပျက်ပျက်နဲ ့ခံစားလို ့သိတ်မရတာနဲ့ပဲ  ဆိုပါတော့…….     ကျွန်တော်အခွေကာဗာကိုပြန်ုကြည့်မိတယ်။ဒါရိုက်တာက“ဝိုင်း”။မင်းသားတွေကနေတိုး၊မင်းသွေး၊လင်းလက်ဟိန်းတဲ့  ။မင်းသမီးတွေကတော့စိုးပြည့်သဇင်နဲ ့ရီရီပွင့်ဖြူ။         အင်း……အပျင်းပြေနဲနဲတော့မြည်းကြည့်လိုက်ဦးမယ်ဆိုပြီးဖွင့်လိုက်မိတယ်။………….. ဇာတ်လမ်းလေးကမင်းသွေးနဲ ့လင်းလက်ဟိန်းကစိတ်ကူးရည်မှန်းချက်တွေနဲ ့လူငယ်တွေ။သူတို ့ကို မိဘတွေကနားမလည်ပေးတဲ့အတွက်အိမ်ကဆင်းပြီးရန်ကုန်ကိုထွက်လာတယ်။နေတိုးကတော့စိုးပြည့်သဇင်   နဲ […]