ငိငိ DVB Channel ကို အလုပ်ပြောင်းမှပဲ ရွာထဲနဲ့အဆတ်ပြတ်သွားတယ်။ ဖေ့ဘွတ်ကတော့ ဖုန်းလေးနဲ့ ဝင်ဖြစ်နေတာပဲလေ။ အလုပ်အသစ်မို့ အာရုံစိုက်နေတာရယ် ရွာအမှတ်တရ ပြက္ခဒိန်လုံးပန်းနေတာရယ်ကြောင့် အခုမှသာ ရွာထဲပြန်ဝင်ဖြစ်ရတယ်။ ပြန်လာပြီမို့ လက်လွတ်သွားတဲ့ ပို့စ်တွေ ဖတ်ရင်း စာတွေပြန်ခဲ့လို့ များသွားရင် မျက်စိမနောက်ကြပါနဲ့လို့….။   DVB မှာတော့ Graphic Designer ဘဝကနေ Creative Editor  ဘဝကို ပြောင်းသွားပါတယ်လို့။ ရွာထဲက တစ်သိန်းကိုလည်း ရအောင်ယူမယ်ဆိုတဲ့အကြောင်း ဟိဟိ။   လေးစားစွာဖြင့် အောင်မိုးသူ


ကွန်ပျူတာ မွှေနှောက်ရင်း ဒီပုံလေးတွေကြည့်ပြီး ပြုံးမိပြန်တယ်။ အမှတ်တရတွေပေါ့   နောက်တစ်ခေါက် အလည်လာချင်ပါသေးတယ် ချင်ကြာပူရယ်။   အမှတ်တရများစွာဖြင့် အောင်မိုးသူ


ဟယ်လို………တက်စတင်းးး ဟယ်လို…ဟယ်လို……..ဟယ်လို တက်…..စတင်းးးးးးးးးးးးး တက်စ………..တင်းးးးးးးးး ဝမ်း………တူး………သရီး   ထူးဆန်းဖွယ်သတင်းကြီးတစ်ခုကြေငြာပါရစေ။   ဟယ်လို………………. နေ့အခါတွင် မြန်မာ့ဂဇက်ဆိုသည့် ရွာထဲတွင် ထူးဆန်းအံ့ဩဖွယ်များ ဖြစ်ပျက်လျက်ရှိပါသည်။……… ဟယ်လို…………သတင်းများကို ဆက်လက်အစီအရင်ခံနေပါတယ်ရှင် ထိုထူးဆန်းအံ့ဩဖွယ် အဖြစ်အပျက်များမှာ …………… မြန်မာ့ဂဇက်ဆိုသည့်ရွာထဲတွင် နေ့အခါတွင် ရွာသူရွာသားများအား မတွေ့ရဘဲ ထူးဆန်းအံ့ဩဖွယ် လူသားနှစ်ဦးသာ ဥဒဟို ပြေးလွှားနေသည်ကို တွေ့ရပါတယ်။   ဟုတ်ကဲ့ရှင့်….. ၂၀၁၅ခုနှစ် စက်တင်ဘာ (၃)ရက်နေ့ဖြစ်ပါတယ်ရှင် ထိုထူးဆန်းအံ့ဩဖွယ်လူသားနှစ်ဦးမှာ   ဇီဇီခင်ဇော်နှင့် အောင်မိုးသူ ဖြစ်ပါတယ်ရှင့်။   ကျေးဇူးတင်ပါတယ်ရှင်။ တိန်……… ……………………….   အောင်မိုးသူ


လုံ၍ ခြုံသော   “ချက်…. ချက်…. ချက်” တိတ်ဆိတ်မှုမှာ ထွက်ပေါ်နေတဲ့နာရီလက်တံရဲ့ ရွေ့လျားသံ ဟာ ကျွန်မကို သတိပေးနေလိုလို။ ကွန်ပျူတာကိုပိတ် နာရီကိုမော့ကြည့်မိတော့ (၈)နာရီနဲ့ (၂၇)မိနစ်။ ပိတ်စရာရှိတဲ့ ခလုတ် တွေကိုပိတ် အားလုံးစစ်ဆေးပြီး ရုံးအပြင်ကို ထွက်ခဲ့လိုက်တယ်။ ညမီးရောင် မှိတ်တုတ်မှိတ်တုတ်နဲ့ အတူ ရန်ကုန်မြို့ရဲ့ ညအလှက ခပ်ဝါးဝါးပဲ။ ဒီနေ့ဟာ အရင်ညတွေနဲ့မတူ လမ်းမပေါ်နဲ့ မုန့်ဆိုင် နဲ့ သောက်စားလို့ ရတဲ့ဆိုင်တွေမှာ လူစည်ကားနေတယ်။ ဟုတ်တယ် ဒီနေ့က ပေးဒေးဆိုတဲ့ လစာထုတ်ရက်ပါပဲ။ ကျွန်မအတွက် သာမာန်နေ့တွေလိုပဲ ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်တယ် ဘတ်စ်ကားအလာကိုစောင့်နေလိုက်တယ်။ သာမာန်နေ့တွေနဲ့ မတူတာ တစ်ခုပဲရှိတယ်။ ပေးဒေးမို့ ရတဲ့လစာ တစ်လစာဟာ ကျွန်မရဲ့ လက်ဆွဲအိတ်ထဲမှာ ဆိုတာပါပဲ။   […]


အောင် မိုးသူSeptember 2, 20152min4614
လွန်ခဲ့တဲ့ သုံးလေးရက်က ဒန်ဒရိုဘီယမ်သစ်ခွအကြောင်း ရေးပြီးတဲ့အခါမှာတော့ ဒီတစ်ခေါက် လိပ်ပြာသစ်ခွအကြောင်းကို ဆက်ရေးပါဦးမယ်။   လိပ်ပြာသစ်ခွလို့ ဆိုလိုက်တာနဲ့ သိတဲ့သူတွေလည်း သိကြမှာပါ။ နာမည်ကြီးတယ်။ အပင်က ပုသလောက် အပွင်းကလှတယ်။ အပွင့်ရဲ့ ပွင့်ဖတ်တွေက လိပ်ပြာတောင်ပံလို ခပ်ဝိုင်းဝိုင်းနဲ့ အရောင်အသွေးအစုံရှိတယ်။ ပွင့်ဖတ်ထူထဲတယ် တော်ရုံမညှိးဘူး။ လိပ်ပြာသစ်ခွကို Phalaenopsis လို့လည်းခေါ်တယ်။ တလောက ကိုဂီရဲ့ လိပ်ပြာသစ်ခွ ဓာတ်ပုံတွေ တွေ့လိုက်သေးတယ်။   စိုက်ပျိုးမှု ၊ ပျိုးခံ   သစ်ခွတွေရဲ့ ထုံးစံအတိုင်း အုန်းခွံ ၊ မီးသွေးနဲ့ ရေညှိတို့ကို ပျိုးခံထားပါတယ်။ အိုးနဲ့စိုက်ကြသလို အပင်ပေါ်တွင်လည်း ကပ်ကာ စိုက်နိုင်ပါတယ်။   ရေပေးဝေမှု   ရေစီးရေလာကောင်းတဲ့ပျိုးခံဖြစ်ရပါမယ်။ ကြပ်သိပ်နေတာမျိုးဆို မကောင်းပါဘူး။ ရေလောင်းလိုက်တာနဲ့ အောက်ကို […]


ဘယ်ဘက်မျက်လုံးက စနာလို့ တစ်ရက်နှစ်ရက်အကြာမှာ ညာဘက်ကိုကူးတယ်။ သည်လိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်အကျင့်ဆိုတာ ကူးတတ်သလားပေါ့။   ဟံသာဝတီအဝိုင်းကနေ တောင်ဥက္ကလာကို လမ်းလျှောက်ပြန်တဲ့ညတွေရယ်……… ဆာလောင်တဲ့ဝမ်းတစ်ထွာနဲ့ ပီဇာဆိုင်ကိုငေးကြည့်ခဲ့ရတဲ့အချိန် ဒုက္ခဟာ အဖော်အပေါင်းနဲ့လာတယ်ဆိုတာ တကယ်မှန်တယ်။   ဖြတ်ထားတဲ့ စီးကရက်က တော်တော်ကြာ စိတ်ဖြေဖျောက်မှုက စီးကရက်ဆီပြန်ရောက်တယ်။ တခါတလေပေါ့ စိတ်ထွက်ပေါက်ဆိုတာ သက်ရှိ သက်မဲ့ အရာရာတစ်ခုပေါ် သက်ရောက်တတ်တယ်ဆိုတာ….။   ဘတ်စ်ကားခလိုလို့ မမအိတ်ကပ်ထဲကို အလစ်သုတ်တဲ့အချိန် ပိုက်ဆံမပါလာဘဲ လက်ထဲပါလာတာက စီးကရက်တစ်ဘူး ဪ………. သူလည်း စိတ်ထွက်ပေါက်ရှာတယ်ထင်ပါရဲ့ ့ ။   ငွေလိုလို့ အမေ့ဆီ တစ်ထောင်လောက်တောင်းမိတဲ့အခါ အမေပြောတဲ့စကားက သူ့ကိုပေးပြီး ပြန်တောင်းတာများများတဲ့ ဆွံ့  အ သွားတဲ့ နှုတ်ခမ်းအစုံ သွားနဲ့ဖိကိုက်လိုက်တယ်။   ဟုတ်တယ်…အမေ […]


သစ်ခွကို တစ်ပင်နှစ်ပင် ဒါမှမဟုတ် အပင် (၄၀) (၅၀)ခန့် စစစိုက်တဲ့ အချိန်မှာ ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ အဲ့ဒါဟာ လူဆယ်ယောက်မှာ ကိုးယောက်လောက် ကြုံကြပါ တယ်။ အဲ့ဒါကို သင်ခန်းစာယူပြီး ဆက်လက်စိုက်ပျိုးရင် အောင်မြင်နိုင်ပါတယ်။   အိုးလဲခြင်း   ကိုယ့်ရဲ့ သစ်ခွပင်ဟာ ပျိုးစာတွေ ဆွေးလာမယ် ၊ အပင်တွေဟာ အရမ်းများလာပြီး အိုးအပြင်ကိုထိုးထွက်နေပြီဆိုရင်တော့ အိုးလဲဖို့အချိန်ရောက်ပါပြီ။ အိုးလဲတော့မယ် ဆိုရင်တော့ အောက်က ပျိုးခံအဟောင်းတွေကို တတ်နိုင်သလောက် ကုန်အောင် ဖယ်ပါ။ ဆွေးနေတဲ့အမြစ်တွေကို ခပ်ကြမ်းကြမ်းလေး ဖယ်ရှားပေးပါ။ အားလုံးသန့်ရှင်းပြီးရင်တော့ မှိုဆေးကျဲကျဲဖျော်ထားတဲ့ ဇလုံထဲမှာ (၁၅)မိနစ်လောက်စိမ်ပါ။ စိမ်ပြီးရင်တော့ မစိုက်ခင် အပင်ကိုခြောက်သွေ့အောင်ထားပြီး စိုက်ပါ။ အိုးအသစ် ပျိုးခံအသစ်နဲ့မို့ အပင်ကို ငြိမ်အောင် ဥယောင်ပင်စည်ကို ချိတ်ထားတဲ့ သံကြိုးနဲ့ဖြစ်ဖြစ် […]


ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးကို အားလုံးရင်းနှီးဖူးပြီးသားဖြစ်ကြမှာပါ။ ဒမ်ဒရိုဘီယမ်(Dendrobium)သစ်ခွတွေကို ဈေးတွေ စူပါမားကတ်တွေမှာ အများဆုံးတွေ့ ရတတ်ပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် သစ်ခွဆိုတာကလည်း အလွန်ဂရစိုုက်ရတဲ့မျိုးမဟုတ်လား။   တစ်ပင် နှစ်ပင်စိုက်တာမဟုတ်ဘဲ အများအပြား တစ်နိုင်တစ်ပိုင်စိုက်မယ်ဆိုရင်တော့ ကိုယ်စိုက်တဲ့သစ်ခွမျိုးရဲ့   သဘာဝကိုသိထားတာအကောင်းဆုံးပါ။ နည်းစနစ်အတိအကျ အပူအချိန်တွေ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် သူကြိုက်နှစ်သက်တဲ့ အနေအထားမျိုး လုပ်ပေးနိုင်တယ်ဆိုရင် သစ်ခွဟာ ဖြစ်ထွန်းတတ်တဲ့ အပင်မျိုးပါ။   အခု ပို့စ်လေးမှာ ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးနဲ့ မိတ်ဆက်ပေးပြီး ဘယ်လိုပြုစုပျိုးထောင် ရတယ်ဆိုတာကိုပါ ရေးသားပေးမှာဖြစ်ပါတယ်။ ဒမ်ဒရိုဘီယမ်လို့ခေါ်လိုက်လို့  မသိဘူး လို့ ထင်နေကြမှာပါ။ ဓာတ်ပုံလေးမြင်ရင်တော့ ဪ ဒီသစ်ခွမျိုးပဲဆိုတာ သိကြမှာပါ။   ကျွန်တော်တို့ မြန်မာပြည်မှာ အစိုက်များတဲ့ ဒမ်ဒရိုဘီယမ်မျိုးလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။       […]


တလောက ဆွေမျိုးတစ်အုပ် ပဲခူးသွားတုန်းမှာပေါ့ အပြန်ကျတော့ ကိုးသိန်းကိုးသန်းဝင် ပြီးတော့ ထန်းရည်သောက်။ ထန်းရည်သောက်ရင်းလက်ဆော့ခဲ့တဲ့ပုံလေးတွေ။ သူငယ်ချင်း ဆီက ငှားခဲ့တဲ့ Canon Kiss လေးနဲ့ လက်ဆော့ခဲ့တယ်။   လေးစားစွာဖြင့် အောင်မိုးသူ


ငယ်ငယ်တုန်းက ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်ပါ။ အခုထက်ထိ မှတ်မိနေသေးတော့ ပျော်စရာအနေနဲ့ ပြန်ရေးကြည့်ပါဦးမယ်။ နတ်ပြည်ကစားတဲ့ နတ်သုဒ္ဒါအသီးတစ်မျိုးဟာ လူ့ပြည်မှာ ရှိပါသတဲ့။ အဲ့သည် အသီးရဲ့ ဒဏ္ဏာရီလေးပေါ့။   ရှေးသရောအခါက တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးတစ်ပါး အလွန်ချောမောလှပတဲ့ သမီးတော်လေးတစ်ပါးရှိပါသတဲ့။ မင်းသမီးလေးရဲ့ အလှဟာ သူ့တိုင်းပြည်မှာတင်မဟုတ်ဘဲ အနီးအနား ဝန်းကျင်က တိုင်းပြည်တွေပါတင် ကျော်ကြားသတဲ့။ မင်းသမီးလေးကို လိုချင်ကြ တဲ့ အခြားတိုင်းပြည်က မင်းသားတွေလည်း တပုံတပင်ပေါ့။   သည်လိုနဲ့ ဘုရင်မင်းကြီးဟာ သူ့ရဲ့သမီးတော်လေးအတွက် တွေးပြီး ပြိုင်ပွဲတစ်ခုကို တိုင်းပြည်အရပ်ရပ်သို့ ကြေငြာမောင်းထုခဲ့သတဲ့ကွယ်။ အဲသည်ပြိုင်ပွဲကြေငြာချက်ကတော့ မြင့်မားလှတဲ့ မျှော်စင်ကြီးတစ်ခု တည်ဆောက်ပြီး မျှော်စင်ရဲ့ပတ်ပတ်လည်မှာ ရေပြင်ကျယ် ကြီးဖြစ်အောင် ဖန်တီးလိုက်သတဲ့။ ရေပြင်ကျယ်ကြီးထဲမှာတော့ အသားစား ရေသတ္တဝါ အစုံကိုထည့်သွင်းထားသတဲ့။ မင်းသမီးလေးကို လိုချင်တဲ့ မင်းညီမင်းသားတွေဟာ […]


၇။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် (ဗမာစကားပုံ) အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ဆိုတဲ့ စကားပုံလေးကတော့ အရေးတကြီး ဖြစ်နေတဲ့အချိန်မှာ တစ်စုံတစ်ဦး ဖျက်လိုဖျက်ဆီး ပြုလုပ်တာကြောင့် ပျက်စီးသွားတဲ့အဖြစ်ကို ဆိုလိုတာပါ။ ဒီစကားပုံလေးနဲ့ပတ်သက်လို့ ရာဇဝင်လေးတစ်ခုရှိပါတယ်။ ဖတ်ကြည့်ပါဦးခင်ဗျာ။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက် (စကားပုံရာဇဝင်) တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင့်ထံမှာ အမှုတော်ထမ်းတဲ့ ပုဏ္ဏားတစ်ယောက်ရှိသည်။ ပုဏ္ဏားကြီး နက္ခတာရာများ တွက်ချက်ရာတွင် အလွန်တော်သောသူတစ်ယောက်ဖြစ်သည်။ တစ်နေ့သောအခါ ပုဏ္ဏားမတွင် ကိုယ်ဝန်ရှိလေသည်။ ပုဏ္ဏားမှာ နက္ခတ်ကိုတွက်ချက်ကြည့်သောအခါ အဖေ့လျှာကို ပြန်ဖြတ်မည့် ကလေးဖြစ်နေသည်ကို တွေ့ရလေသည်။ ပုဏ္ဏားမခမျာ ပုဏ္ဏားကြီးကိုတောင်းပန်ကာ ကလေးမွေးလာပြီးမှ စွန့်ပစ်ဖို့ ပြောလေသည်။ ထိုကလေးမွေးလာသောအခါ ပုဏ္ဏားမမှာ မိမိသားငယ်အား မသတ်ရက်၍ ဖောင်ငယ် တစ်ခုဖြင့် မြစ်ထဲသို့မျောလိုက်လေသည်။ ထိုကလေးအား ရွာငယ်တစ်ရွာမှ လင်မယားနှစ်ယောက်မှ တွေရှိ၍ မွေးစားလိုက်လေသည်။ […]


Animation Movie တွေဖက်လှည့်ပြီးပြန်တော့ ဇာတ်ကားအသစ်တွေဖက်ကို လှည့်ကြည့်မိပြန်ပါတယ်။ နောက်ပိုင်းထွက်တဲ့ ဇာတ်ကားတွေမှာ နာမည်ရပြီးသားပေါက်ပြီးသားတွေကိုပဲ ၁ ၊ ၂ ၊ ၃ ဆိုပြီး ထွက်လာတတ်ကြပါတယ်။ ဇာတ်ကားအသစ်တွေ ဇာတ်ကောင်အသစ်တွေကို ကြည့်ရှုလိုစိတ်ရှိတာနဲ့ စောင့်မျှော်ကြည့်ချင်တဲ့ ဇာတ်ကားနှစ်ကားကတော့။   In The Heart Of The Sea (2015)   1820ခုနှစ်ပတ်ဝန်းကျင်အချိန်ကို ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တယ်လို့လည်း သိရပြီ။ အက်ရှင် နဲ့ စွန့်စားခန်းတွေ ရောနှောပါဝင်မယ်လို့လည်း ထင်မိပါတယ်။ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ သဘောင်္သားတစ်စုဟာ ကြီးမားလှတဲ့ ဝေလငါးတစ်ကောင် ရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အဖြစ်အပျက်ပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားရာကစပါတယ်။ ဇာတ်ကားအသစ်မို့ စောင့်မျှော်မိတဲ့ ကားထဲကဆိုလည်း မမှားပါဘူး။ 2015, December […]