aye.kkDecember 22, 20111min1013
စိမ်းညို့ညို့အေးစိမ့်တဲ့ ဌက်ပျောတော.. လွမ်းမောတဲ့စမ်းရေသံသာနှင့်.. ဖော်စုံကာမြူးထူး ပျံသန်းရင်း.. ကျူးရင့်ကြကျေးဌက် သာတကာ.. မွှေးရနံ ့တွေသင်းပျံ ့တဲ့ ပန်းခင်းထဲ.. လေပြေညှင်းညှင်း လေအဟုံဒါန်းစီးရင်း.. ကူးလူးကာဝတ်မှုံတွေ သယ်ဆောင်လို့.. ကြည်နှူးကာပျော်ရွှင်ကြ ပိတုံးလှလိပ်ပြာ.. ဘောင်ကွပ်ကာအနားသပ် ခံရတဲ့.. ကားချပ်ပန်းချီထဲမှာ နှလုံးသားဆိုတာ.. ပုန်းခိုရင်း ရသစုံ စုက်ချက်တွေနဲ ့.. လှစ်ဟကာ ဖော်ကျူးပြ .. စိတ်ဆိုတဲ့ ခံစားမှုပြူတင်းပေါက်များ..။


aye.kkDecember 20, 20111min8110
အကောင်းအဆိုး ကြောင်းကျိုးမသိ ညဏ်မရှိသည် သူ၏စရိုက် မြင်မကြိုက်၍ တွေ ့ခိုက်တုံးမှာ ကောင်းအောင်သာကို ပြောကာဆိုလည်း မကောင်းဘဲမြင် ထင်တည်းယူဆ ရှိချေရသည် အနှီပုဂ္ဂိုလ် ထိုသည့်သူက မကောင်းတာလုပ် မဟုတ်ဖြစ်မှာ စိုးကာတားမြစ် ဖျောင်းဖျလင့်လည်း အပြစ်မြင်ကာ ရန်ပင်ရှာတတ် နာခံပြင်ခြင်း မရှိလျှင်းတည့် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ထင်လျှောက်ဇွတ်ငြင်း ဖျင်းစကားလျှင် ကြားရနားဝ မချမ်းသာသည် ဤသူလူမိုက်ပေတကား..။


aye.kkDecember 12, 20111min880
အသိကြည်လင် ပျော်ရွှင်ချင်၍ စာကိုဖတ်ကစိတ်ညဏ်ရွှင်.. စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာ ပညာအသိတိုးပွားသည်.. စာကိုအမှန် ဖတ်ဖန်များက ပညာပြည့်ဝ နှလုံးလှရ အဆီအနှစ် ဖြစ်ကားနားလည် မည်ကာသဘောပေါက်ကြသည်.. ကိစ္စကြီးငယ် ကြုံဝယ်တွေ့က အစွန်းတရား ပါယ်ကားရှောင်တတ် ဆုံးဖြတ်ဆင်ခြင်နိုင်ကြသည်.. အသိလိမ္မာ စာမှာရှိဆို စာကိုဖတ်က အကျိုးစွမ်းအား မြင့်မားညဏ်မြင် လိုအင်ခရီးပြီးမြောက်တည်း..။


aye.kkDecember 11, 20111min570
အာဏာပေါ်တွင် ဖင်ခုထိုင်က လိုတရသည် ကောင်းလှဟုထင်၊ငါ့အမြင်.. ငါ၏ဘဝ အညဩတ ဘာမျှမပိုင် မှိုင်ကာဒုက္ခ၊စိတ်ပူပင်.. အာဏာရှိသူ မရှိလူဟု တွေးယူပူမိ မချိသော်တည့် စဉ်းစားကြည့်သော် ငါ၏ရင်ကား မြိုက်မီးပွားလျှင် ထကားတောက်လောင်ရချေသည်..။


aye.kkDecember 11, 20111min1104
ယုံကြည်သဒ္ဒါ လှူကာအမှန် ကြံစည်စိတ်ကခက်ပါသည် စိတ်မှာအကြံ လှူပြန်ချင်က နှုတ်ဟဖွင့်ရခက်ပါသည် နှုတ်လွယ်ဖွင့်ဟ ပြောကလှူလျှက် လက်တွေ့ကျကခက်ပါသည် လက်တွေ့ပေးလှူ ပြုပြီးဟူက မပူပန်ဘို့ခက်ပါသည်..။


aye.kkDecember 10, 20111min610
ကိုယ်နှုတ်စိတ်တြင်း ဖြူစင်ခြင်းက လူချင်းချစ်ခင်ကျေးဇူးမြင်.. သီလကျင့်မြတ် စောင့်ထိန်းအပ်က နတ်လူသုခ နောင်ဘဝမှာ ချမ်းသာကောင်းကျိုး အမျိုးမျိုးကား ခံစားရရှိကျေးဇူးမြင်.. သဒ္ဒါလက်ကား မခြားမျက်မှောက် ချမ်းသာရောက်၍ နောက်နောင်နိဗ္ဗာန်ကျေးဇူးမြင်.. ပစ္စည်းဥစ္စာ ရတနုာရွှေ သဒ္ဒါပေသည့် ဗြဟ္မာချမ်းသာ ဝယ်ကာနိုင်ဟုကျေးဇူးမြင်.. မျိုးစေ့တရား အားထုတ်ပွားက မဂ်ဖိုလ်ချမ်းသာ ရောက်ကာပို့ဆောင် နောင်ကိုရည်မှန်းကျေးဇူးမြင်..။


aye.kkDecember 8, 20111min686
လူတွင်မှန်က ရောဂါဘယ ကင်းကြဘို့ကားလိုအပ်သည် သူတော်ကဝိ ညဏ်ရှိဩဝါ ဆုံးမနာခံလိုအပ်သည် သုစရိုက်တြင်း ကျင့်သုံးခြင်းစဉ် အလျှင်းစောင့်ထိန်းလိုအပ်သည် မပျင်းမရိ ရှိမည်ခြောက်ပါး ရှောင်ရှားဘို့ကားလိုအပ်သည် အကျင့်သီလ ပြည့်စုံကြလျှက် အနေတတ်ဖို့လိုအပ်သည် မှတ်သားသိဘွယ် လူငယ်ရွယ်တို့ နာဝယ်ကျင့်သုံးလိုအပ်သည်..။


aye.kkDecember 7, 20111min688
အမိအဘ ဆုံးမသင်သည် ဤလူ ့ရွာတွင် ကြောင်းကျိုးမြင်က ဆင်ခြင်တတ်အပ် ဆုံးဖြတ်နိုင်မှု မြင်ဗဟုနှင့် သုတများသိရှိစေရန် လူတို့ထံက စရိုက်အမှန် ရှေးကံပြုလင့် ကျင့်စာဂလျှင် ညဏ်မြင်သဒ္ဒါ ခြံရံကာဖြင့် ပါရမီဖြည့် လေ့ထကြိုးစား ပြုထားကုသိုလ် ထိုထိုနောင်တွက်ရှိစေရန် လောကလူ့ဘုံ နိမ့်တုံမြင့်တုံ ကြုံရဆုံမှန် လောကဓံလျှင် ခံနိုင်အံတု မုချတရားရှိစေရန် ဤလူ့ဘဝ ရခဲလှဟု လူ့ဂုဏ်တန်ဘိုး ရိုးသားကျင့်မှန် မြင့်မြင့်ကြံ၍ မှန်ကန်အသိရှိစေရန် လူ့နှလုံးသား စိတ်ထားဖြောင့်စင်း လူချင်းချင်းလျှင် မေတ္တာယှဉ်၍ ကြင်နာတရား ဂရုဏာထားရှိ ပွားမုဒိလျှင်ရှိစေရန် လူမည်ပါမူ လူလိုလူကို လူလိုသိဘွယ် လွယ်နှင့်မထင် ကြိုးမြင်အားထုတ် လူလုပ်လျှင်ကား ပွားမှုဘာဝနာရှိစေရန်..။


aye.kkNovember 26, 20111min16110
စေတနာပင် ပြောပြချင်သည် အမြင်ယူဆ တွေးခေါ်ကြသော် မဟော်သဓာ အမရာထုံး နှလုံးမူရန် ညဏ်မျှော်မြင်၍ တွေ ့မြင်ကြစဉ် ပိုင်ရှင်ရှိနှင့် သိချင့်မေးခက် လက်သီးပြင်ဆုပ် ထုတ်၍မဟော် ပြသော်လေတည့် မြင်သည့်မရာ ခြင်ကာတွေးဆ ဖြန် ့လက်ဖဝါး မရှိပေငြား ထောင်ထားပြမူ ဘေးလူကလျှင် အမြင်လက်သီး ထင်ပြီးတွေးဆ တယောက်ကလျှင် ပါးချချင်ဟု မုချတွေးမြင် ထင်ကြချေမည် ဤတွင်သဘော လူ ့လောကတွင် အမြင်ယူဆ မတူကြက အမှန်ပင်..။      


aye.kkNovember 23, 20111min1787
      ကျ မ သည် ငယ် ငယ် က တည်း က ပင် ဝ ၏ အ စား ကြီး ကာ အ  အိပ် ပုတ် ၏ နေ ့ခင်း နေ့လည် ဖက် ဆို လျှင် အ လွန် ငိုက် မည်း တတ် ၏  ၊မ ငိုက် မြည်း အောင် မျှက် နှာ ကိုယ် လက် တို ့အား ရေ စို ဝတ် ဖြင့် သုတ် ခြင်း ၊ အ ချဉ် စား သုံး ခြင်း တို […]


aye.kkNovember 20, 20111min1076
အိမ်အိုအိမ်ဟောင်း..မြင်မကောင်း နေလို ့“မကောင်း“လို ့ပြင်.. “ပြင်“ပြင်ပါသကွဲ ့“အရင်“လိုဘဲ.. ဘယ်လိုလုပ်မှ“ရ“မှာလဲ.. “မရ“ရင်တော့..ပြိုမှာ“ကြောက်“.. “ကြောက်မယ့်“အတူတူ..အနူနူ.. “သံတူရွှင်း“တွေယူ.. ယူပြီးတော့ကွယ်..ဘာလုပ်မလဲ.. “ဖျက်“မှရမှာဘဲ.. “မဖျက်“ခင်က..အချိန်ရှိတုံး..“စဉ်းစားကြပါအုန်း“.. စဉ်းစားတုံးကွယ်“ပြို“ကြရင်.. ပြိုကြရင်တော့“သေ“မှာဘဲ.. အားလုံးကတော့“မိသားစု“တွေဘဲ.. “အားလုံးကိုတော့“အသေမခံနိုင်… “မခံနိုင်သူ“ဦးဆောင်ဖျက်.. တစ်ယောက်တစ်လက်.. “ဝိုင်းကူဖျက်“.. ဖျက်..ဖျက်“အချိန်ရှိခိုက် “ဖျက်“ကြစို ့.. သစ်..သစ်..“အသစ်“..ကတော့.. “ထပ်ဆောက်“ရမှာဘဲ.. အားလုံး“ဝိုင်းကူ“..ပြန်လည်ကြိုးစား..ဆောက်ကြရမှာဘဲ..။    


aye.kkNovember 17, 20111min2048
တတ်သည့်ပညာ မနေသာတည့် သေရွာသို ့မူ ယူမသွားချင် နောင်တွင်သိအောင် အမောင်တို ့အား ဆိုထားမှာချင် ခေတ်မြင်တွင်မယ် ရှေးမူပယ်၍ မြင်ကျယ်ဆန်းကာ ပြင်ကြပါလျှင် နောင်မှာအရေး မျှော်တွေးချင့်က အမြင်ယူဆ လွဲကြပေမည် ဤအရေးနှင့် အကျင့်တွေးကြံ အမှန်ရအောင် မောင်တို ့ထံတွင် မြင်ကြွယ်ဗဟု သုတများသိ မြင်ရှိကြဖို ့လိုချေမည်။  


aye.kkOctober 25, 20071min1960
စိတ်ဆိုတာထား တတ်ဘို့ပဲလိုတာပါ စိတ်ကိုထားတတ်ရင် ရှင်းရှင်းလေးပါ ထားတတ်ဘို့ဆိုတာ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလို ပါပဲ မထားတတ်ရင်တော့ စိတ်ဆိုတာမျိုးက အဆိုးဘက်ကိုဆိုရင် တွန်းပို့်တတ်တာ လျင်မြန်အားကြီးလွန်းပြီး အကောင်းဘက်ကိုဆိုရင် တွန်းပို့တတ်တာ အလွန် အားနည်းပါတယ်။ ဥပမာလေးပြောပြချင်ပါတယ် မကောင်းတာတွေ့ရင် စိတ်ဆိုတာ အလိုမကြတတ်ဘူးပေါ့နော် ကောင်းတာလေးတွေ့ရင် စိတ်ဆိုတာသဘောကြ တတ်ပါတယ် ။ လွယ်မယောင်နဲ့ခက်တယ် ဆိုတာက အလိုမကျတဲ့စိတ်လေးကို အလိုကျအောင်လုပ်ဘို့်က ခက်ပါတယ်။ တိမ်မယောင်နဲ့နက်ဆိုတာက အလိုကျတဲ့စိတ်လေးကို အလိုမကျအောင် တနည်းပြောရရင် ဥပက္ခာ ထားတတ်မှုဆိုတာပါ တိမ်မယောင်နဲ့နက်ဆိုသလို ပါပဲ ။ စိတ်ဆိုတာ အလိုမကြမှုဖြစ်တဲ့အခါ မှာရင် စိတ်ဆိုတာ ဒေါသ ဖြစ်လွယ် စိတ်တိုလွယ်ပါတယ် အကုသိုလ်စိတ်ပါ ဒါက မကောင်းဘူးလို့ဆိုရမှာပါ။ စိတ်ဆိုတာ အလိုကြတဲ့အခါ သဘောကြနှစ်ခြိုက် ကြလွယ်ကြပါတယ် ဒါဟာလည်းကိလေသာ တဏှာ […]