aye.kkSeptember 13, 20151min3258
သုံးရာသီအလိုက် ရာသီပေါ်စာတွေလုပ်ကျွေးလေ့ရှိတဲ့အမေ့ကို မလွမ်းဘဲမနေနိုင်တာ အမှန်ပါဘဲ။ ရှမ်းအရှေ့ဒေသမှာရွှေဖရုံသီးတွေလှိုင်လှိုင်ထွက်တာမို့ ဝယ်စားရတာဈေးအင်မတန်ချိုပါတယ်။ဈေးလည်းပေါ,ကျန်းမာရေးနဲ့လည်းညီညွတ်တာမို့ ဝယ်စားဖြစ်လေ့ရှိပါတယ်။ ရွှေဖရုံသီးမြင်ရင် လွမ်းမိတာကအမေ့ကိုပါဘဲ။ မနက်သွားရေစာအဖြစ် ရွှေဖရုံသီးမုန့်ကိုလုပ်ကျွေးလေ့ရှိသလို ငယ်စဉ်တောင်ကျေး၊ကလေးဘဝအရွယ်ကနေ၊ကြီးပျင်းလာတဲ့အချိန်ထိဆိုတာထက် အိမ်ထောင်မကျမှီအရွယ်တိုင်ထိပါဘဲ။ ဒါကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။ ဘယ်သွားသွား၊ဘယ်လာလာ၊ဘာလုပ်လုပ် အမေ့ခြေရာ၊လက်ရာတွေကအမြဲလိုလိုအရိပ်ပမာ၊တွယ်တာလိုက်နေခဲ့တာပါ။ ရွှေဖရုံသီးတွေပေါ်ချိန် ဈေးကလည်းချိုတော့၊အိမ်ရှင်မတစ်ယောက်အနေနဲ ့မဝယ်ဖြစ်ဘဲမနေနိုင်တာပါ။ အာဟာရလည်းဖြစ်၊ဆေးဖက်လည်းဝင်၊ကျန်းမာရေးအရလည်း၊စားသုံးလို့သင့်လျော်တာမို့ ရွှေဖရုံသီးကိုအလုံးလိုက်ဘဲဝယ်ဖြစ်ပါတယ်။ အသားကိုဟင်းချက်၊မုန့်လုပ်စား၊ရွှေဖရုံစေ့ကိုလှော်စားရတာနှစ်သက်လို့ပါဘဲ။ အခွံကိုလည်းမပြစ်ထုတ်ရဘဲ၊ပုရွက်ဆိပ်တွေမလာနိုင်အောင် အသုံးပြုပါတယ်။ အလေအလွင့်မရှိလို့၊အိမ်ရှင်မဖြစ်တဲ့၊ကျွန်မအနေနဲ ့အင်မတန်နှစ်ခြိုက်သဘောကျမိတာက အမှန်ပါဘဲ။ အမေလုပ်ကျွေးတဲ့ရွှေဖရုံသီးမုန့်ကို၊အရမ်းနှစ်သက်မိပါတယ်။ အရမ်းကြိုက်ပါတယ်။ ရွှေဖရုံသီးအမှည့်၊ဈေးထဲကနေအမေဝယ်လာရင် ရေဆေးပြီးအလုံးလိုက်ပြုတ်ပါတယ်။ နှူးအိလာရင်အသားကိုဇကါနဲ့တိုက်ချပြီး ဆန်မုန့်နှစ်ရည်နဲ ့သမပါတယ်။ ဝက်သားကိုစင်းပြီး,ဂျင်း,ကြက်သွန်အဖြူ,အနီတို့နဲ ့မွှေးနေအောင်ဆီသပ်ထားပြီးသား (အပေါ့အငံ)ပါပြီးသားကိုထည့်ပါတယ်။ရေခဏစိမ်ထားတဲ့ရွှေပုဇွန်ခြောက်အကောင်ကြီးကြီးတွေ အနည်းငယ်ပွလာမှ၊မုန့်နှစ်ရည်ထဲထည့်ပြီး၊ငြုပ်ကောင်းမှုန့်မွှေးနေအောင်ခပ်ပြီး၊ယောက်ဇွန်းကြီးနဲ့ သမအောင်မွှေပါတယ်။ ကြက်သွန်နီကြော်ထားတာတွေကို မုန့်နှစ်ရည်အပေါ်မှာပြန်ပြီးဖြူးပါတယ်။ပေါင်းအိုးနဲ ့၄၅မိနစ်လောက်ပေါင်းပြီး အနံ ့မွှေးလာပြီဆိုမှ မီးဖိုပေါ်ကနေချပြီးအအေးခံထားပါတယ် ။ မုန့်ကိုလုပ်ထားပြီး၊နောက်နေ့နံနက်ရောက်ရင်တော့၊ရွေဖရုံသီးမုန့်ကို လေးထောင့်အနေအထားမထူမပါးလှီး၊ဒယ်အိုးထဲမှာဆီထည့်ပြီး၊ပြန်ကြော်ပါတယ်။ မွှေးမွှေးကြွပ်ကြွပ်လေးဖြစ်လာမှဆယ်ယူပြီး၊ပူပူနွေးနွေးမှာပဲ၊မျောက်တံဆိပ်ငြုပ်ဆီနဲ ့ကျွေးပါတယ်။ အမေကအမြဲလိုလိုလုပ်ကျွေးခဲ့တာမို့၊မုန့်လုပ်တာကိုအမြင်နဲ့လည်းမှတ်မိနေတာမို့ အမေ့ကိုလွမ်းမိရင်း၊ရွှေဖရုံသီးမုန့်လုပ်စားဖြစ်တာလေးပြောပြမိပါတယ်။။ အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။။။။


aye.kkAugust 21, 20151min14412
မမနဲ ့ကျွန်မက အမှတ်တရ၊မေ့မရနိုင်တာတွေ ၊အတော်များနေတာမို့မေ့လို့မရနိုင်တာအမှန်ပါ။ ရေစက်ရှိလို့အမှတ်မထင်၊ဆုံခဲ့ကြရာမှ၊ဘဝတစ်သက်တာအထိ မေ့လို့မရနိုင်တော့တဲ့မိတ်ဆွေသူငယ်ချင်းမမဆိုတဲ့သူပါ။ မမကကျွန်မကိုစမြင်ကတည်းကရင်ထဲအထိရင်းနှီးတဲ့သံယောဇဉ်ဖြစ်မိတဲ့အကြောင်းကို တစ်ရက်မှာတိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ကြရင်းဖွင့်ပြောပြရာကနေ ၊ခင်မင်ရင်းနှီးပြီးသံယောဇဉ်ဖြစ်တွယ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာမမက၊ကျွန်မရဲ ့လိုအပ်ချက်ကိုသိလို့ မမကသူနဲ ့အတူလိုက်နေစေချင်ပြီး၊ကျွန်မရဲ့တစ်ပိုင်းတစ်စဖြစ်နေတဲ့ပညာရေးကို အောင်စေချင်တဲ့ဆန္ဒရှိတာနဲ ့အတူနေဘို့ခေါ်ထားခဲ့ဘူးပါတယ်။ မမကူညီပံ့ပိုးပေးခဲ့တဲ့၊အဲဒီနှစ်မှာဘဲ၊စာမေးပွဲအောင်ခဲ့တာမို့၊မေ့မရတဲ့အမှတ်တရ ဖြစ်လာခဲ့ပါတယ်။ မမရဲ ့စေတနာကိုကျွန်မမြင်တွေ့သိရှိခဲ့ရပါတယ်။ မမကကျွန်မရဲ့ကေါင်းကျိုးအတွက်၊အမြဲစဉ်းစားပြီး၊ဦးစားပေးခဲ့လို့ မသိတဲ့သူတွေအတော်များများက၊မမနဲ ့ကျွန်မကိုဆွေမျိုးအရင်းလို့ထင်မှတ်ယူကြပါတယ်။ ရှင်းပြလည်းမယုံနိုင်သလို၊ဖြစ်ကြပါတယ်။ မမနဲ ့ကျွန်မတို့ရဲ ့ဆက်ဆံမှုတွေအကြားမှာ၊မေ့မရနိုင်တဲ့အမှတ်တရများစွာရှိခဲ့ပါတယ်။ မမအနေနဲ ့ကကျွန်မကိုအိမ်ထောင်မပြုဘဲအတူနေထိုင်ကြရအောင်ဆိုပြီး၊မမဘက်ကဆန္ဒရှိကြောင်း ဖွင့်ဟပြောပြပေမဲ့လည်း၊ဒါဟာကျွန်မအနေနဲ ့မဖြစ်နိုင်ခဲ့လို့၊ကျွန်မစိတ်မကေါင်းဖြစ်မိရပါတယ်။ ကျွန်မရဲ ့အရေးကိစ္စမှန်သမျှ၊ဘယ်ကိစ္စမှာမဆို၊ဂရုတစိုက်နဲ ့ကူညီပါတယ်။ မမက၊ကျွန်မအပေါ်မှာဟိုးအရင်စတွေ့သိကျွမ်းခဲ့ကြတည်းကနေ အခုချိန်ထိ၊အခုလိုအသက်အရွယ်တိုင်အထိ၊ကျွန်မအပေါ်မှာ၊ကျွန်မနဲ့ပတ်သက်တဲ့ မိသားစုအပေါ်မှာပါကေါင်းနေခဲ့တာဟာ၊ ဘဝရဲ ့ရေစက်ဘဲလို့၊ကျွန်မအနေနဲ ့၊အောင်းမေ့မိပါတယ်။ ကျွန်မအနေနဲ ့မမလိုမိတ်ဆွေသူငယ်ချင်းကို၊မေ့မရနိုင်တာအမှန်ပါဘဲ။ အမှတ်တရ၊မေ့မရမှုတွေလည်း၊အများကြီးရှိနေခဲ့လို့၊အမှတ်တရတွေဆိုတာလည်း ကျွန်မအတွက်၊မေ့မရနိုင်တာကအမှန်ပါဘဲ။။။။                


aye.kkAugust 17, 20151min22512
စကါးဟူသည် ကေါင်းသည့်စကါးနှင့်မကေါင်းသည့်စကါးဟူ၍၊ဤစကါး၂-မျိုးကို နေ့စဉ်ကြားသိနေရသည်မှာ အမှန်ပင်ဖြစ်၏။ ကိုယ်ကျင့်သီလမြင့်မြတ်သောသူတို့နှင့်ပေါင်းသင်းဆက်ဆံရပါလျှင်နူးညံ့သိမ်မွေ့သော အကျိုးရှိသောစကါးကိုသာလျှင် ကြားသိရမည်မှာ အမှန်ပင်။ ကိုယ်ကျင့်သီလ မမြင့်မြတ်သူတို့နှင့်ပေါင်းသင်းဆက်ဆံရလျှင်၊မကေါင်းသည့်စကါး ကြမ်းတမ်းသောစကါးတို့ကိုသာလျှင်ကြားရမည်မှာကါး၊ဧကန်အမှန်ပင်ဖြစ်၏။ “ရွှေပါးစပ်ငွေပါးစပ်” ဖြစ်ဘို့လျှင် ခဲယဉ်းမည်မှာကါးအမှန်ပင်ဖြစ်၏။ ပုထုစဉ်လူသားမှန်သမျှ၊မုသားမကင်းနိုင်ကြသဖြင့်၊မကေါင်းသည့်စကါးတို့အား နေ့စဉ်ကြုံတွေ ့ကြားသိနေရမည်မှာကါး၊အသေအချာပင်ဖြစ်သည်။ မကေါင်းသည့်စကါးဟုဆိုရာ၌ သိမ်ဖျင်းသောစကါး၊ဆဲဆိုသောစကါး၊ယုတ်ညံသောစကါးများပင်ဖြစ်သည်။ မိမိအနေနှင့်လည်းထိုသိမ်ဖျင်းသော၊ဆဲဆိုသော၊ယုတ်ညံ့သောစကါးများအားကြားရပါလျှင် နားမခံသာဖြစ်ရသည်မှာအမှန်ပင်ဖြစ်၏။ ကေါင်းသောစကါးဟုဆိုရာ၌ အကျိုးရှိသော၊ဟုတ်မှန်သောစကါးကေါင်းမှန်သမျှဟုဆိုလိုချင်ပါသည်။ မိမိအနေဖြင့်အကျိုးရှိပြီး၊ဟုတ်မှန်သည့်ကေါင်းသောစကါးအားကြားသိရပါလျှင် နားထောင်၍မဝနိုင်ဖြစ်ရသည့်အပြင်၊ပြောသူကိုလည်း ကျေးဇူးတင်သဖြင့်”ရွှေပါးစပ်ငွေပါးစပ်”ဟုခေါ်ဝေါ်တင်စားမိရပါသည်။။။ “ရွှေပါးစပ်ငွေပါးစပ်”များဖြစ်ကြပါစေဟူ၍သာ…….ဆုမွန်တောင်းမိပါတော့သည်။။။။။      


aye.kkAugust 11, 20151min22011
    အလှသဘာဝတရားတွေက၊လွန်စွာဆန်းကျယ်လှသည်။ ဆန်းကျယ်လှသည့်အလှများထဲမှ၊တုမရသည့်ကိုယ်ပိုင်အလှတရားကို သာလျှင်နှစ်သက်မြတ်နိုးမိပါသည်။ တစ်ဦးနှင့်တစ်ဦး၊တစ်ယောက်နှင့်တစ်ယောက်မတူကြပါ။ မတူကြဟုဆိုရာ၌၊ကိုယ်ပိုင်အရည်အချင်းများပင်ဖြစ်သည်။ သူ့တွင်ရှိသောအရည်အချင်းကို၊ကိုယ်ကတု၍မရ၊လိုက်၍မမှီနိုင်ပါလျှင် သူ့ကိုကြည့်၍၊အထင်ကြီး၊လေးစား၊ချစ်ခင်ရသည့်စိတ်တို့ကသူ့အလိုလိုဖြစ်ပေါ်လာရသည်။ သူ့ကိုကြည့်၍၊အထင်ကြီး၊လေးစား၊ချစ်ခင်ရသည့်စိတ်ကလုပ်ယူ၍မရနိုင်ပါ။ သဘာဝတရားတိုင်းမှာ ကိုယ်ပိုင်အလှ၊ကိုယ်ပိုင်အရည်အချင်းများရှိကြသည်ကါးအမှန်ပင်။။။


aye.kkAugust 4, 20152min27415
    အခုလိုမိုးရာသီမှာ၊မိုးအေးတဲ့အချိန်မှာ၊ပိန္နဲသီးဟင်းခါးပူပူလေးကို၊ ကျွန်မအနေနဲ ့မကြခဏဆိုသလိုချက်စားဖြစ်ပါတယ်။ ပါဝင်တဲ့ပစ္စည်းများက- ၁။ပိန္နဲသီး(အစိမ်း) ၂။စွယ်တော်ရွက်ညွှန့် ၃။ဆူးပုတ်ရွက် ၄။ပုဇွန် ၅။ကြက်သွန်ဖြူ ၆။ငြုပ်ကေါင်းမှုန့် ၇။ဆန်နှစ်ရည် ၈။ဆား,ငါးငံပြာရည်,ငါးငပိရည်ကြို(အနည်းငယ်)၊ဟင်းခပ်မှုန့်။ ဒီဘက်ဒေသမှာ၊ပိန္နဲသီးပေါ်ချိန်မှာ၊ပိန္နဲသီးအစိမ်း(အခွံနွှာပြီးသား)ဈေးမှာရောင်းချကြပါတယ်။ ရာသီစာလည်းဖြစ်ပါတယ်။ဟင်းခပ်အဖြစ်၊ပုဇွန်တွေလည်းပေါချိန်မို့၊ဝယ်ယူရတာဈေးသက်သာတဲ့အပြင်၊ အကုန်အကျနည်းတာမို့၊ကျွန်မအနေနဲ ့ကဟင်းရည်သောက်ဆမ်းအဖြစ်၊ ချက်စားဖြစ်ပါတယ်။ ပါဝင်တဲ့၊အသီးအရွက်တွေ အားလုံးကို၊ရေဆေးသန့်စင်ပါတယ်။ ကြက်သွန်ဖြူမညက်တညက်ထောင်းထားပါတယ်၊ဆန်အနည်းငယ်ခန့်ကို ရေနွေးနဲ ့စိမ်ထားပါတယ်။ ဆန်ပွလာပြီဆိုရင်တော့၊ငရုတ်ဆုံမှာညက်မှုန့်အောင်ထောင်းပြီး၊ရေနဲ့ဖျော်ပြီး၊ဆန်နှစ်ရည်လုပ်ပါတယ်။ ပုဇွန်ကိုရေဆေးသန့်စင်ပြီး၊ခေါင်းအမြီးချွေ၊ပုဇွန်ကိုအခွံနွှာပြီး၊မညက်တညက်ထောင်းပါတယ်။ ကျွန်မအနေနဲ့ကတော့၊ပုဇွန်ကိုအချိန်တိုအတွင်းမှာအလွယ်ကျက်မြန်အောင်နဲ ့အချိုရည်(အမြန်) ထွက်လာစေဘို့အတွက်ပြုလုပ်တာပါ။ ချက်မဲ့အိုးထဲမှာ၊ပိန္နဲသီး(အစိမ်း)ကို၊ရေမြုပ်ယုံထည့်ပြီး၊ရေမခမ်းအောင်တည်ထားပါတယ်။ ပိန္နဲသီးပြုတ်သားရလာတဲ့အချိန်၊ငါးပိရည်ကြို(အနည်းငယ်)ထည့်ပြီး၊ရေထပ်ထည့်ပြီး၊ဆူအောင်ပြန်ပြီး တည်ထားပါတယ်။ ဟင်းရည်အိုးဆူလာရင်၊ဆန်နှစ်ရည်လောင်းထည့် ယောက်ချိုဇွန်းနဲ့သမအောင်မွှေပြီး၊ဟင်းရည်ဆူလာတဲ့အထိပြန်တည်ထားပါတယ်။ ဟင်းရည်ဆူလာတဲ့အချိန်၊မညက်တညက်ထောင်းထားတဲ့ပုဇွန်နဲ့ကြက်သွန်ဖြူတို့ကို အတူတူရောပြီးထည့်ပါတယ်၊တဆက်တည်းမှာဘဲ၊ဆား,ငါးငံပြာရည်၊ဟင်းခပ်မှုန့်တို့ထပ်ထည့်ပါတယ်။ အပေါ့အငံအရသာကိုတော့၊မိမိနှစ်သက်သလို၊မြည်းကြည့်ပြီး၊ခဏပြန်တည်ထားပါတယ်။ ဟင်းရည်အိုးချခါနီးလောက်မှာ၊စွယ်တော်ရွက်ညွှန့်၊ဆူးပုတ်ရွက်ထည့်ပြီး၊ငြပ်ကေါင်းမှုန့်မွှေးနေအောင်ထည့်ပြီး တာနဲ ့မီးဖိုကနေ(ချက်ခြင်း)ချပါတယ်။ပိန္နဲသီးဟင်းခါးရည်ကိုတော့ပူပူလေးတုန်းမှာဘဲ၊ ဟင်းရည်သောက်ဆမ်းအဖြစ်သုံးဆောင်ပါတယ်။ ကျွန်မအနေနဲ့ကကြိုက်နှစ်သက်လို့၊ခုလိုမိုးရာသီ၊မိုးအေးတဲ့အချိန်မှာ၊မကြာခဏချက်စားဖြစ်ပါတယ်။ မကြာခဏချက်စားဖြစ်တဲ့အကြောင်းအရင်းကလည်း၊ပိန္နဲသီးမှာအာဟာရဓတ်တွေပေါကြွယ်လှပြီး ကျန်းမာရေးအရလည်း စားသုံးသင့်လို ့ပါ။ အခုလိုမိုးရာသီမှာမိုးအေးအေးနဲ ့ပိန္နဲဟင်းခါးပူပူလေးက ဒီဒေသနဲ့လိုက်ဖက်လွန်းတဲ့ ရာသီစာအဖြစ် ကျွန်မအနေနဲ ့နှစ်သက်မိတာမို့၊ပြန်လည်မျှဝေလိုက်ပါတယ်။။။။။။။။။။။ “အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေ”


aye.kkJuly 15, 20151min17214
  ဒေါ်ရင်ထုဟုဆိုရလျှင် နာမည်အရင်းတော့ မဟုတ်ပါဘူး ။ ဒေါ်ရင်ထုက လူအများအား စကါးပြောလိုသည့် အကြောင်းကိစ္စ ပေါ်ပေါက်သည့်အခါတိုင်း ရင်ဘတ်ကို ထု၍ထု၍ ပြောဆိုတတ်သဖြင့် နာမည်ရင်းပျောက်ဆုံးပြီး ဒေါ်ရင်ထုလို့  အမည်တွင်သွားပါတယ် ။ ဒေါ်ရင်ထုဟာ အင်မတန်မှပင် ပုဂ္ဂိုလ်ရေးရာ အရ အလွန်ခင်မင် လေးစားစရာ ကေါင်းလွန်းတဲ့သူပါ။ အရာရာကို တန်ဘိုးသိမြင် တန်ဘိုးထားတတ်လွန်းပြီး  အချိန်နှင့်အမျှ အလုပ်နှင့်လက် မပြတ် တရစပ် အမြဲလုပ်နေတတ်တာမို ့ကျွန်မအနေနဲ ့က မလေးစားပဲ မနေနိုင်မိတာ အမှန်ပါပဲ။ တစ်ရက်မှာ ကျွန်မစိတ်မှာ မနေနိုင်တော့ပဲ  ကြီးကြီးရေ၊ ကြီးကြီးက အချိန်တိုင်း အလုပ်လုပ်နေတာ နဲနဲပါးပါးလေးတောင် မနားတော့ဘူးလား မေးမိပါတယ် ။ ကြီးကြီးက ကျွန်မကို အခုနားနေတာပဲ မောလွန်းလို့လေ ဟုပြန်ပြောပါတယ် ။ ကျွန်မကို […]


aye.kkJune 21, 20151min17619
အဖေဆိုတာ- နားလည်တဲ့ အရွယ်ထဲကနေ အခုချိန်အထိ သိလာခဲ့တာက ကရုတစိုက် စောင့်ရှောက်တယ်။ အသိပညာ အတတ်ပညာ တွေ သူသိသမျှအားလုံးကို မချွင်းမချန် သင်ပေးတယ်။ ရာသီဥတုနဲ ့ညီမျှအောင် နေထိုင်စားသောက် တတ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ပေးပြီး လူလားမြောက်စေခဲ့တယ်။ ငွေနှင့်လူကို နှိုင်းယဉ်ပြပြီး သက်မဲ့ငွေကို သက်ရှိလူအတွက် အသုံးချခံ ဒြပ်ဝထ္ထု ပစ္စည်းအဖြစ် တစ်ခုအနေနဲ့သာ ခံယူခိုင်းတယ်။ “လူမသေ-ငွေမရှား”ဆိုတာ အဖေ့လက်သုံး စကါးဖြစ်ခဲ့ပါတယ်။ လူအသက်တစ်ချောင်း ကယ်ကေါင်းတယ်။ လူ့အသက်တစ်ချောင်းအတွက် ကယ်ဖို့လိုအပ်လာရင် ငွေကိုမနှောမြော မိစေဖို့အတွက် ဆိုဆုံးမထားတယ်။ အဖေဆုံးမတဲ့စကါး နားထဲဝင်အောင် သွန်သင်ပေးခဲ့လို့ ကိုယ်ပိုင်ရှာဖွေထားတဲ့ ပိုက်ဆံတွေနဲ ့အသက်တွေ ကယ်ခဲ့ပေးမိတယ်။ ကယ်ခဲ့ပေးဘူးတာတွေ စဉ်းစားမိတိုင်း ပီတိဝမ်းသာ အမြဲပြန်ပြီးတော့ ခံစားရတယ်။ “ပညာရွှေအိုး-လူမခိုး”တဲ့။ အဲဒီစကါးပုံ အကြောင်းပြုပြီး အဖေဟာ […]