aye.kkMay 28, 20151min31822
တကယ်ဆို ကျမကို ဘယ်သူကမှ ကြိုက်ကြမှာ မဟုတ်ဘူးဆိုတာ ကျမ ကိုယ့်ကိုကိုယ် ယုံကြည်မိပါတယ်။ ကျမက ရုပ်ကမလှပါဘူး  ၊  စိတ်ကလည်း ကြမ်းပါတယ် ။ ဒေါသကလည်းကြီး ၊ မလှတဲ့ရုပ်ကိုလည်း မပြင်မဆင်နဲ ့ ဆိုတော့ကြည့်ရဆိုးပါတယ်။ ကျမက အလုပ်နဲ ့မအားရတဲ့သူပါ ။ ကျမက အိမ်မှာ အလတ် ဆိုတဲ့အတိုင်း မအားရ ၊ မနားရ ၊ အကြီးကို ဦးစားပေးပြီး ၊ အငယ်တွေကို ညှာတာနေရတဲ့သူ ဖြစ်ပြီး ၊နားလည်းမနားရ ၊ မအားလည်း မအားတဲ့အပြင်  ၊ ရည်းစားထားဖို့အတွက် ကိုလည်း စိတ်ကုန်နေတဲ့သူ တစ်ယောက်ပါ ။ ယောင်္ကျားဆို,ဘယ်ယောင်္ကျားမှ စိတ်မကူးတော့ဘူးလို ့အားကေါင်း မောင်းတင်ထားမိပါတယ်။ (အဲဒီအချိန်ကါလတုန်းကပေါ့နော်) ။ ဒီကမ္ဘာမှာ […]


aye.kkMay 25, 20151min1679
တကယ်ဆို ကျမရဲ့ဆိုးတဲ့စိတ်ဟာ သူတစ်ပါးအတွက် အကျိုးမရှိပါဘူး။ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။ “တကယ်ဟုတ်ရဲ့လား”လို့ဆိုမိတတ်တဲ့ မယုံကြည်တတ်တဲ့ အဲဒီနှုတ်ထွက် စကါးလေးက ကျမပြောနေကြဖြစ်ခဲ့ပါတယ်။ မသေချာတဲ့ အကြောင်းအရာကိစ္စ တစ်ခုကို သေချာရဲ့လား?လို့ မသိလို့ပြန်မေးတဲ့ စကါးတော့ မဟုတ်ပါဘူး။ တဖက်သားက သေချာစွာသိလို့ ကျမကို ပြောပြလာတဲ့အခါ ကျမက “တကယ်ဟုတ်ရဲ့လား” လို့ဆိုပြီး သံသယစိတ်ဖြင့် ပြန်မေးမိတတ်လို့ပါပဲ။ တကယ်ဆို အဲဒီစကါးလေးက တဖက်သားအပေါ်ကို ကျမက မယုံကြည်လို့ ပြန်မေးမိတဲ့ သဘောပါ။ တဖက်သားဆီကနေ တစ်ခါတစ်ရံ,ကိုယ်မယုံကြည် နိုင်လောက်တဲ့ အကြောင်းအရာ ကိစ္စတွေကို ကြားရ,သိရတဲ့အခါမှာ “တကယ်ဟုတ်ရဲ ့လား”ဆိုတဲ့ စကါးကို ကျမရဲ ့နုှတ်ကနေ အလိုလိုပဲ လွယ်လွယ်ကူကူနဲ ့ထွက်မိပါတယ်။ အဲလို ပြောဆိုမိတာကလဲ  တဖက်သားပြောပြတဲ့ စကါးကို ကျမအနေနဲ ့ နားထောင်ပြီး […]


aye.kkMarch 5, 20151min27716
သက်ကြီး ပူဇော်ပွဲများကို နေရာအများတွင် ပြုလုပ်ကြပါသည်။ ထိုပူဇော်ပွဲများတွင် အများအားဖြင့်သာ ဆုများပေးကြသည်ကို သိလိုမှတ်လိုပါသည်၊ ရှေးလူကြီးများ ဆုပေးကြတာ ကတော့မေတ္တာပို့တာနှင့် ခပ်ဆင်ဆင်တူကြ၍-ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ၊ဘေးရန် ကင်းကြပါစေ၊ကြောင့်ကြခြင်းကင်းကြပါစေ စသည်ဖြင့်ဆုပေးကြပါသည်။ ထိုဆုထက် အဆင့်မြင့်မြင့် ပေးကြတာကတော့- ဘယ်ဘက်က တစ်ဆုပ်ကြဲ ညာဘက်က တလှည်းဝင်ပါစေ၊ ပဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းတဲ့ ကိုယ် ဖြစ်ပါစေ၊ ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့ အနာရောဂါ ကင်းရှင်းကြပါစေ၊ ရေလိုအေးလို့ ပန်းလိုမွှေးပါစေ၊ မရှိစကါး၊ နားမှလေသံမျှ မကြားရပါစေနှင့်၊ စိတ္တသုခ၊ ကါယသုခနှင့် ပြည့်စုံပါစေ၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ၊ အလှူရေစက်လက်နဲ့ မကွာ ပေးကမ်းစွန့်ကြဲနိုင်ကြပါစေ၊ သွားလေရာရာ ခလုပ်မထိဆူးမငြိပါစေနဲ့၊ အသက်ရာကျော်ရှည်ပါစေ၊ မိနှင့်ဖနှင့် အိုအောင်မင်းအောင်ပေါင်းရပါစေ၊ ချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံပါစေ စသည်တို့ဖြစ်ပါသည်။ ယခုခေတ်ကြတော့ လူကိုကြည့်ပြီး ဆုပေးကြပါသည်။ မကြာခင်သဘောင်္လိုက်ရပါစေ၊  သင်္ဘောသားဖြစ်ပါစေ၊ […]


aye.kkJanuary 9, 20151min1408
မိတ်ဆွေရွာသားတို ့ရေ…။ အသိ ၃မျိုး ၊ မသိသေးရင်သိရအောင်လို ့၊ဖတ်ဖူးတာလေးတွေထဲက၊ဗဟုသုတအဖြစ် ပြန်လည်ဝေငှလိုက်ပါတယ်။ အသိ ၃ မျျိုး ၁။သညာသိ ၂။ဝိဉာဉ်သိ ၃။ပညာသိ အသိ ၃ မျိုးရှိရာ၊၎င်းကိုဥပမာပြရာတွင်.. စါးပွဲပေါ်တင်ထားတဲ့၊အသပြာစုကို၊မလိမ္မာသောကလေးတစ်ယေါက်၊ရွာသားလူကြီးတစ်ယေါက်၊ပွဲမင်းတစ်ယေါက်တို ့ မြင်ကြသည်မှာ- မလိမ္မာသောကလေးသည်-အသပြာ၏နှစ်သက်ဖွယ်အဖြစ်၊အရှည်၊လေးထောင့်၊အဝိုင်းစသည်ကိုသာသိ၏။တန်ဘိုးကိုမသိပါ။ အရပ်သားလူကြီးသည်-ထို ့ထက်ပို၍၊လူတို ့၏အသုံးအဆောင်ကို၊ရထိုက်သော၊ရတနာဟုသိ၏။ ငွေနှတ်သမားပွဲမင်းကါး-ဆိုခဲ့ပြီးသောအခြင်းအရာအားလုံးကိုလည်းသိ၏၊ ဤအသပြာသည်၊အနှစ်သာရများစွာရှိ၏၊ကြေးနီ၊ငွေသားအချိုးကြစပ်ထားခြင်းကိုလည်းသိ၏၊ မည်သည့်ဆရာပြုလုပ်သည်၊မည်မျှတန်ဘိုးရှိသည်ကိုလည်းသိ၏၊ ၁။သညာသိခြင်းသည်-ကလေးသိခြင်းနှင့်တူ၏။ ဝိဉာဉ်၏သိခြင်းသည်-ရွာသားလူကြီးသိခြင်းနှင့်တူ၏။ ပညာသည်ကါး-အသပြာကိုမြင်သောပွဲမင်း၏သိခြင်းနှင့်တူ၏ဟု၊ဗုဒ္ဓကရှင်းလင်းပြတ်သားစွာမိန် ့ဆိုခဲ့၏၊ပညာမျက်စိရှိမှ၊အမှား၊အမှန် အမှောင်၊အလင်း၊အဖြစ်တရားနှင့်အလုပ်တရားကိုခွဲခြားသိနိုင်ပေသည်။ ကျမအနေနဲ ့၊မိတ်ဆွေဘကြီးစာအုပ်ထဲမှာရေးသားထားတာ ကိ်ု၊ ဗဟုသုတအနေနဲ ့သိရှိမှတ်သားထားဘူးလို ့ပါ။ အားလုံးအသိ၊ဉာဏ်အမြင်ရှင်းပါစေ။။


aye.kkJanuary 6, 20153min1375
  ကိုယ်နေထိုင်နေတဲ့ဒေသဆိုပေမယ့်၊မရောက်ဖြစ်တာကြာတဲ့နေရာလေးမို ့ အလည်သွားဖြစ်ခဲ့ပါတယ်။ ဝါသနာအရ၊ကိုယ့်မှာပါလာတဲ့ဖုန်းကင်မရာလေးနဲ ့ရိုက်ထားတဲ့ပုံလေးတွေ အပျင်းပြေကြည့်ရအောင်တင်ပေးလိုက်ပါတယ်။။


aye.kkJanuary 4, 20151min45919
ဝါသနာအရ၊လေ့လာခဲ့တာလေးတွေ အမှတ်တရပြန်တင်ပေးမိတာပါ။ ပုံလေးတွေကတော့ ၊အင်တာနက်ကနေယူထားတာပါ။ သတ္တိရှိတဲ့သူ မျာက်လုံးအိမ်ကမကျယ်လွန်း၊မကျဉ်းလွန်းပါပဲ၊မျက်ဆံအိမ်တောက်ပပြီး၊မျက်ဝန်းအိမ်ကလှပါတယ်။ စကားပြောတဲ့အခါ၊သူ ့ရဲ ့မျက်ဝန်းများဟာ၊ကစားခြင်းမရှိပဲ၊တည့်တည့်စိုက်ကြည့်ပြီး၊ပြောတတ်ဆိုတတ်ပါတယ်တဲ့။ သူ ့မျက်ဆံဟာ၊မျက်ဝန်းအိမ်အလည်တည့်တည့်မှာ၊ထားရှိတတ်တယ်လို ့သိထားဘူးပါတယ်။ သနားကြင်နာတတ်သူ သူ ့ရဲ ့မျက်ခုံးနှစ်ဖက်ဟာ၊သုံးရက်စလဆန်းလို၊ကွေးညွတ်လှပနေပါတယ်တဲ့။ အဲလိုသုံးရက်စလဆန်းလိုလှနေရင်၊သနားကြင်နာစိတ်အမှန်တကယ်ရှိတဲ့သူလို ့သိထားဘူးပါတယ်။ အတွင်းမနောဖြောင့်တဲ့သူ။ သူ ့ရဲ ့နှာတံက၊မျက်ခုံးနှစ်ဖက်အတွင်းကနေ၊စတင်ပီး၊နှာသီးထိတ်ဖျားအထိ၊ဖြာင့်စင်းပြီး၊ နှာသီးထိတ်ဖျားကလည်း လုံးဝန်းပြီးလှပနေရင်၊သူ ့ရဲ ့အတွင်းမနောကလည်းဖြောင့်စင်းတယ်လို ့သိထားဘူးပါတယ်။ ဘယ်လိုသိလည်းမေးရင်ပေါ့နော်၊ ရှေးစကား၊ရှေးလူကြီးဆီကနေကြားသိထားတာဖြစ်တဲ့အကြောင်း ပြောပြပါရစေနော်။ အားလုံးအတွက်၊အပျင်းလည်းပြေ၊ဗဟုသုတအနေနဲ ့သိစေချင်လို ့တစ်ဆင့်ပြန်ပြောပြတာပါ၊ရွာသားတို ့ရေ။။


aye.kkDecember 22, 20141min1736
စောင်းပြောရွာ၊ မြောင်းပေါရွာ၊ ဇောင်းတောရွာဆိုတဲ့ သုံးမည်ရတဲ့ ပုံပြင်လေးပါ ရွာသားတို ့ရေ..။ ဟိုးရှေးတုန်းက ရွာတစ်ရွာမှာ၊ အသိ ဆင်ခြင်တုံညဏ်နည်းပါးကြတဲ့သူတွေ နေထိုင်ကြတယ်တဲ့။ တစ်ဦးနဲ ့တစ်ဦး  ဖြောင့်ဖြောင့်မတ်မတ် မရှိကြဘဲ စကားပြောရင်လည်း အစောင်းအငေါ့တွေနဲ ့ပြောဆိုတတ်ကြလို ့ စောင်းပြောရွာ ဆိုပီး  အမည်နာမ တွင်သတဲ့ ။ မေတ္တာတရား လည်း ခေါင်းပါးကြပြီး တစ်ယောက်ပေါ် တစ်ယောက်တွက်ကပ်ပြီး နေနေကြလို ့ ရွာလမ်းက ဆိုးပြီး ချိုင့်ဝှမ်းတွေ မညီမညာနဲ ့ မြောင်းတွေဖြစ်ပြီး မြောင်းတွေပေါလို ့ မြောင်းပေါရွာ ဆိုပီး ခေါ်ကြပြန်သတဲ့။ မကြာခဏ ဆိုသလို  ခြေချော်လဲပီး ထိခိုက် ဒဏ်ရာတွေရရှိကြသတဲ့ ။ အဲဒီရွာက ကံဆိုးချင်ပြန်တော့ ရာသီဥတုကလည်း ပူပြင်းပြီး တစ်ဇောင်းဆူးပင်တွေသာ ပေါလို […]


aye.kkDecember 21, 20141min1046
အရွက်ကျ ရာ… အပင်ပေါက်လို ့…. ရွက် ကျ ပင်ပေါက်လို ့ခေါ်သတဲ့.. အဖေပြောဘူးတာ မှတ်ထားတယ်…။ စိတ်ဆိုတာ လွှတ်မထားနဲ ့…. သေရွာသွားတော့ အပါယ်လားတတ်တယ်….။ ရွက်ကျ ပင်ပေါက်ဆိုတာ.. အသုံးချတတ်ရင် ဆေးဖက်ဝင်သတဲ့….။ သိသူတွေဖော်စားပေမယ့် မသိသူတွေကျော်သွားရင်တော့ အသုံးမချတတ်ဘူးတဲ့..။ စိတ်ဆိုတာ… အာရုံကြရာ  လျှောက်သွား… (အပျက်)စိတ်တွေနဲ ့ကြုံ ဆုံရလို ့… လောကနိယာမဝိနည်းတွေလည်း ပျက်စီးကြရတယ်..။ စိတ်ကိုအသုံးချတတ်ရင်…. အပျက်စိတ်ဆိုတာကို ထိန်းချု ပ်နိုင်သတဲ့…။ စိတ်ဆိုတာ အရွက်ကျရာ အပင်ပေါက်တဲ့ ရွက်ကျ ပင်ပေါက်လို …။။။


aye.kkDecember 20, 20141min30518
မေတ္တာ စကား ၊ သိထားတာလေးများ လက်ဆောင်ပါး ပါရစေ ရွာသားတို ့ရေ……။ ၁။ ပုဗ္ဗေကတ ဟေတု ဝါဒ ၂။ က္ကုဿ       ရ နိမ္မာန ဝါဒ ၃။ အဟေတုက ဝါဒ ဆိုတဲ့ ဝါဒသုံးမျိုးကိုလည်း ပယ်ရှားနိုင်ကြပါစေ ။ ၁။ တဏှာပေမ ၂။ ဂေဟသီတ ပေမ ၃။ မေတ္တာပေမ ဆိုတဲ့ပေမသုံးမျိုးထဲက မေတ္တာပေမ ကိုလည်းပွားများ နှစ်သက်နိုင်ကြပါစေ။ ၁။ သီလတရား ၂။ သဒ္ဒါတရား ၃။ ပညာတရား ၄။ ပုည-ကုသိုလ်ကောင်းမှု ဆိုတဲ့လေးမျိုးတို ့နဲပြည့်စုံပြီး သကာလ နှစ်သစ်မှာ စိ်တ်သစ်တွေနဲ ့ပျော်ရွှင်ချမ်းမြေ ့ကြပါစေ။။


aye.kkDecember 17, 20141min1409
ဖတ်သိပြီး၊မှတ်မိတာလေးများ ချရေးပြတာပါ ရွာသားတို့ရေ..။ မေတ္တာ=ချစ်ခြင်း မေတ္တာနှင့်အနက်တူအသွင်တူသောပုဒ်ကားပေမဖြစ်သည်။ ၁။ တဏှာပေမ=မိန်းမနှင့်ယောကျင်္ားတဏှာရာဂ အစွမ်းဖြင့်ချစ်ကြိုက်ခြင်း။ ၂။ ဂေဟသီတပေမ=မိဘနှင့်သားသမီး၊ညီအစ်ကိုမောင်နှမ တို ့ချစ်ခင်တွယ်တာမှု။ ၃။ မေတ္တာပေမ=အဆင့်အတန်း၊မိန်းမယောကျင်္ား၊ပုဂ္ဂုလ်သတ္တဝါမရွေးချယ်ဘဲ အဒေါသကုသိုလ်စေတနာပြဌာန်း သောကြောင့်မေတ္တာအစစ်အမှန်ဟုခေါ်သည်။ တဏှာပေမနှင့်ဂေဟသီတပေမ နှစ်မျိုးလုံးသည် ၊ကုသိုလ်မေတ္တာအစစ်မဟုတ်၊ တဏှာ၊ရာဂ၊လောဘ အရင်းခံသောကြောင့် အကုသိုလ်အမျိုးအစား(ဝါ)မေတ္တာတုသာဖြစ်သည်။ မေတ္တာပေမကိုနှစ်သက်ထိုက်ပွားများထိုက်ပေသည် ။။  


aye.kkDecember 11, 20141min1345
ဆားမပါတဲ့ဟင်း နေလာရင်ပျောက်တဲ့နှင်းလို။ အသိမ်အဖျင်းများတဲ့ စပါးခင်း ငှက်တောင် ခြေမနင်းဘူးပေါ့နော်။ ပြေးနေတဲ့ရေလှိုင်း ကမ်းစပ်နဲ ့တွေ ့မှပြေသလို။ အရာရာကို…. အလေးမထားရင်တော့… လေးစားမှုဆိုတာကွယ်ပျောက်တယ်။ စိတ်ဆိုတဲ့အသိတရား သတိမထားပဲ… လွှတ်ထားရင်တော့ မှားတတ်တယ်။။