aye.kkNovember 18, 20141min24113
လူဆိုတာ ကိုယ်တွေ ့မကြုံဘူးရင် မယုံပါဘူး ။ ကောင်းစေချင်တဲ့ စကားနားဝင်အောင် ပြောပြနေပါစေ ။ လက်ခံချင်မှသာ လက်ခံတတ်ပါတယ် ။ ဥပမာပေါ့နော် ကျမအဖေက ကျမကိုကောင်းစေချင်လို့ ပြောပြဆုံးမတာ ရှိပါတယ်။ ငွေဆိုတာမျိုးက ပန်နီကလာရင် ပန်နီသွားတယ်ပေါ့နော်။ သူ့မိတ်ဆွေရဲ ့အဖြစ်မှန်လေးပါ ။ ဟိုးအရင်တုန်းက  သူ့မိတ်ဆွေ ကုလားတစ်ယောက်ရှိတယ်ပေါ့နော် ။ သူ့မိတ်ဆွေကုလားက နွားမလေးတစ်ကောင် မွေးပြီး နို့ညှစ်ရောင်းစားတယ် ။သူ ့မှာမွေးထားတဲ့ မျောက်လေးတစ်ကောင်ရှိတယ်။ သူနို့ညှစ်တဲ့အခါတိုင်း မျောက်ကသူ့ဘေးနားမှာနေပြီး သူ့လုပ်သမျှ ကြည့်ကြည့်နေတယ် ။ ကုလားကနို့ညှစ်ပြီးတဲ့အခါတိုင်းသူ့ညှစ်ပြီးတာနဲ့ ရေရောလေ့ရှိတယ် ။ နို့ကိုညှစ်ပြီးရေရောထားတဲ့ နွားနို့ကိုသူက မြို ့ပေါ်သွားပြီးရောင်းလေ့ရှိတယ်။ မျောက်ကလေးကလည်းနေ့တိုင်း ဆိုသလိုအမြဲပါ သွားလေ့ရှိတယ် ။ ကုလားကရောင်းရတဲ့ပိုက်ဆံတွေကို စုစုထားတယ် ။ သူ ့ရဲ့တိုင်းပြည်ကို […]


aye.kkNovember 15, 20141min1798
” မာန ” တောင်တွေဆိုတာ တစ်တောင်နဲ့တစ်တောင် အနိမ့်အမြင့်မညီနိုင်ပါဘူး။ တောင်ဘယ်လောက်မြင့်မြင့် ခြေဖဝါး အောက်ရောက်ရတာပဲ။ မာနဆိုတာလည်းအတူတူပဲ မာနဘယ်လောက်ကြီုးကြီး ကိုယ့်ထက်သာလွန်တဲ့သူနဲ့ လူပုံအလယ်မှာ တွေ့ဆုံရရင် ကိုယ့်မာနဟာ အလိုလိုသိမ်ငယ်သွားရတတ်တယ်။   ။ အရိယာပုဂ္ဂိုလ်လိုမျိုးသူတော်စင်တွေက ဆုံးမတဲ့စကား လက်ဆင့်ကမ်းပြောပြ ချင်တာရှိပါတယ်။ မာနဆိုတာ မထားဘို့ပေါ့နော် မာနကြီးရင်ပေါ့နော် သံသရာ မှာတိရစာ္ဆန် ဖြစ်ရတယ် တိရစ္ဆာန် ဖြစ်ရင်တောင် အနှတ်စုပ် ဂုပ်စုပ်ဖြစ်ရတယ်တဲ့။ အနှတ်စုပ် ဆိုတာက မိုးရွာရင်ခိုစရာမရှိ အမွှေူူးတွေက ရေစိုပြီး စုပ်ပြတ်စွာနဲ့နေရတတ်တယ်တဲ့ ။ နွားဖြစ်ရင်လည်း ဂျိုကုတ်ပြီး မလှပဘူူးတဲ့။ တန်ဘိုး မရှိဖြစ်ရတယ်ပေါ့နော်။ မာနဆိုတာ တောင်ဥပမာလေးလိုပါပဲ။   ။


aye.kkNovember 10, 20141min20612
အနှစ်နဲ့အကာ   အုန်းသက်က တစ်ရာ… သားသ္မီးဆိုတာ ခဏတာ… အချိန်တန် တောင်စုံပြန်တော့ ပျံကြစမြဲသာ။   အနှစ်နဲ့အကာ ခွဲခြားကာ ကွဲပြားသိစေတဲ့ တရားအရိပ်ကိုရှာ နောင်သံသရာ အေးစေဘို့လေး။  


aye.kkOctober 22, 20141min16313
                                          စိတ်ဆိုတာ ထားတတ်ဘို့ပဲလိုတာပါ ။ စိတ်ကိုထားတတ်ရင် ရှင်းရှင်းလေးပါ။ ထားတတ်ဘို့ဆိုတာက…. လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုပါ။ စိတ်ဆိုတာမျိုးက မကောင်းတဲ့အဆိုးဘက်ကို ဆိုရင် တွန်းပို့တာ အလွန်မြန်တာပါ။ ကောင်းတဲ့ဘက်ကို ဆိုရင် တော့ အလွန်နှေးပါတယ်။ ဥပမာ…ပြောပြချင်ပါတယ် ။ မကောင်းတာ မြင်တွေ့ရင် စိတ်ဆိုတာ အလိုမကျတတ်ဘူးပေါ့နော်။ ကောင်းတာ မြင်တွေ့ရင် စိတ်ဆိုတာ သဘောကြတတ်ပါတယ်။ လွယ်မယောင်နဲ့ခက်ဆိုတာက… အလိုမကြတဲ့စိတ်ကို အလိုကြအောင် လုပ်ဘို့ကခက်ပါတယ်။ တိမ်မယောင်နဲ့နက်ဆိုတာက… အလိုကြတဲ့စိတ်ကို […]


aye.kkOctober 17, 20141min12112
တိမ်တွေဆိုတာ လိုရာသရုပ်ကို အလိုလိုခြယ်သနိုင်တယ် ပြီးတော့လည်း ပျောက်ဆုံးပျက်ပြယ် သွားတာပါပဲ။ အတွေးဆိုတာလည်း တိမ်တွေလိုပါပဲ……. တွေးနေတာလေးကို တကယ်သိဘို့ပဲ လိုအပ်ပါတယ်။။


aye.kkOctober 2, 20141min15815
နာမ်​ဆိုတဲ့ငါ့စိတ်​​​လေးက…. ဖွင်​့ထားတဲ့ပြူတင်​း​ပေါက်​ ​ခြောက်​ခုမှာမြူးတူးလွတ်​လပ်​ ​ပေါ့ပါးစွာနဲ့သွားလာရင်​း ​ပျော်​မြူးခြင်​း​တွေနဲ့​နေလာလိုက်​တာ အမှုမဲ့အမှတ်​မဲ့နဲ့…. ဆင်​းရဲမှန်​းမသိခဲ့တာ…. အိုနာ​သေခြင်​း နှိပ်​စက်​ပြင်​းမှု မယွင်​းကြုံမှဆင်​းရဲခြင်​း ဆိုတာကို နာမ်​ဆိုတဲ့ငါ့စိတ်​​လေးက အကြွင်​းမဲ့လက်​ခံယုံသွား တာ


aye.kkSeptember 12, 20143min16911
. ရလိုလျှင်​က . နှစ်​ဖြာရုပ်​နာမ်​ . တလံမျှကို  လိုလိုချင်​ချင်​ . မြတ်​နိုးကြင်​၍ . ခ​ျစ်​ခင်​ယုယ . ပြု ပြင်​သလည်​း . အခ​ျိန်​ဘီလူး . အထူးမညှာ . စား​တာခံရ . အသက်​​ကြွေ​ပျောက်​ . ​ချောက်​မရဏ . ဆင်​းရသည် . သဂျီးဦးခိုမ် မှက်လေလော့…။ . ရုပ်နာမ်​နှစ်​ခု . စွဲလမ်​းမှု​ကြောင့်  ​့ပြုကာကံမ္မ . ဆင်​းရဲမှန်​စစ်​ . သုံးဆယ်​့တစ်​ဘုံ . လုံးစုံ​လောက . ထိုထိုမျှတွင်​ . ကျင်​လည်​မပြတ်​ . ဆင်​းရဲထပ်​လျှက်​ . ရဟတ်​သံရာ . စီးကာခရီး . ​ကျောပိုးပြီးလျှင်​ . ချည်​းနှီးဗလာ . […]


aye.kkSeptember 10, 20141min27226
အားလုံး မင်္ဂလာပါရှင်… ကျမ အေးကေကေ အဓမ္မရုပ်ဝါဒီတွေကို ချေခြွတ်ဖို့ ဂေဇက်ရွာထဲကို ပျံလာပီ။ သဂျီးမောင်ခိုမ်နဲ့ မိုးပြာဝါဒီများ ထမင်းဝဝ စားထားဂျလို့ ကြိုတင် သတိပေးထားဗျစေ…။ ရွာသားအာလူးကို သတိရလျက်.. ဓမ္မစစ်သူကြီး အေးကေကေ


aye.kkApril 17, 20141min24821
အားလုံးကျန်းမာ စိတ်ချမ်းသာစေ နှစ်ဟောင်းအနှုတ် ကုန်ဆုံးပြုတ်ခဲ့ပြီ….။ မင်္ဂလာနှစ်သစ် ကြည်သာလန်းစွင့် အဖွင့်စကား မှတ်တမ်းများမှာ အပေါင်းနှစ်သစ်ဖြစ်ပါစေ…။။


aye.kkFebruary 17, 20131min22425
ပျော်စရာ ကောင်းသည်ကား အပူပင်ကင်းမဲ့သည့် ကလေးဘဝများပင် ဖြစ်သည် ။ ငယ်ဘဝက လူတိုင်းမမေ့နိုင်ပါ ။ အတိတ်ဆိုသည်က မေ့ပျောက်၍မရနိုင် ။ ရေစက်ရှိလာလျှင် တစ်ဦးနှင့်တစ်ဦး တွေ ့ဆုံခင်မင်ရင်းနှီး သိကျွမ်းချစ်ခင် ရပေသည်။ ကျမ ပုသိမ်ဆိုသည့်မြို ့တွင် အမှတ်မထင် ကာလအနည်းငယ် နေထိုင်ခဲ့ရဘူးသည်။ ခြေလျှင်တပ်ရင်းတည်ထားသည့် တောင်ပေါ်တပ်ကုန်းကလေး တွင်ဖြစ်သည် ။ အနောက်ဖက်တွင် မှန်ချက်စက်ရုံ တည်ထားသည် ။ မှန်ချက်စက်ရုံက ကုန်ကြမ်းအမှိုက်တွေက ဖော့တုံးကလေးများ ဖြစ်သည် ။ ထိုဖော့တုံးကလေးများအား မုန် ့လက်ဆောင်းဖတ်ကလေးများအသွင် ကပ်ကြေးဖြင့်ညှပ်၍ ပိုးကြိုးချည်နှင့်အပ်ထိုးပြီး သီကာ ပန်းကုန်းလုပ်ကြသည် ။ ပြီးလျှင်တော့ ရှေ့တန်းမှပြန်လာသည့် စစ်သည်များအတွက် ထိုပြုလုပ်ထားသော ဖော့လည်ဆွဲပန်းကုန်းများနှင့် ကြိုဆိုရသည်မှာ အားရလှပေသည် ။ ကျမ တပ်တွင်းနေထိုင်ခဲ့စဉ် […]


aye.kkDecember 25, 20121min23227
လူမသေငွေမရှား ဆိုသော စကားက အဖေပြောနေကြ လက်သုံးစကား ဖြစ်ပါတယ် ။ အဖေက ပြောပါတယ် လူဆိုတာ အသက်ရှင်သမျှ ကာလပတ်လုံး ပိုက်ဆံရှာနိုင်သဖြင့် ပိုက်ဆံလည်း မရှားနိုင် ။ အသက်ရှင်သမျှ ငွေရရှိအောင် ရှာဖွေနိုင်ပါလျှင် ငွေရရှိနိုင်ကြောင်း ။ အမြဲပြောပြလေ့ရှိပါတယ် ။ လူသာလျှင် ပဓာန ဖြစ်ပြီး ငွေကြေးက ရုပ်ဝတ္ထုပစ္စည်း တစ်ခုမျှသာဖြစ်၍ ငွေနှင့်လူယှဉ်လာပါက လူကိုပင် တန်ဘိုးထားရှိရမည် ဖြစ်ကြောင်း ။ အကယ်၍ လူ၏ အသက်တစ်ချောင်းအား အား။ ငွေဖြင့် ကုသကယ်မရန် လိုအပ်လာပါက ငွေကို ပဓာနမထားဘဲ မနှောမြောဘဲ ။ လူ ့အသက်တစ်ချောင်းအား ကယ်တင်ပေးရန် ။ ပြောဆိုဆုံးမခဲ့ပါတယ်။ ထိုစကားနှင့်ပတ်သက်ပြီး ။ နှလုံးသားထဲ၌ ။ စွဲမြဲမှတ်သား […]


aye.kkDecember 22, 20121min30925
ငယ်စဉ်တောင်ကျေး ခလေးဘဝ နားလည်တတ်သိ အရွယ်မှပင် စတင်လျှက် ။ တွေ ့မြင်တိုင်း သင်ပြဆုံးမ တတ်ပါသော မိတ်ဆွေ ဖြစ်သည့် ဘဘကြီးဆိုသူ ရှိခဲ့ဘူးပါသည်။ နိစ္စဒူဝ တွေ ့မြင်ရင်းနှီး ဆက်ဆံနေရသဖြင့် လည်း ခင်မင်လေးစား ရင်းနှီးမှုများ ဖြစ်ခဲ့ရပါတယ် ။ တွေ ့ကြုံမြင်ရသမျှ ဗဟုသုတများ သင်ယူစရာ များပြားခဲ့သည့်အပြင် ။ စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့သဖြင့် ကျေးဇူးရှိသော ဘဘကြီးဟု ပြောပြချင်မိပါတယ် ။ ဘဘကြီး ပြောပြခဲ့သော ဗဟုသုတ အကြားအမြင် တို ့မှာ ယနေ ့တိုင်အထိ အသုံးဝင်လွန်း နေပြီး ။ ကျမဘဝနှင့် အံဝင်ဂွင်ကျ ဖြစ်ခဲ့သည့် အပြင် ဘဝတစ်လျှောက်လုံး၌ အရေးပါ အရာရောက်ခဲ့ပါတယ် ။ ကျမဘဝတွင် […]


aye.kkDecember 9, 20121min41230
“စောစောအိပ်လို ့စောစောထလို ့စောစောလမ်းလျှောက်ကြပါစို ့” ဒီဇင်ဘာရောက်ရင် ကြားနေကြ အသံလေးပါ ။ ထိုအသံက နားထဲမှာ ကြားရတာ ဘဝင်ချိုမြလှပါတယ်။ ဒီဇင်ဘာလရောက်တိုင်း အဖေက ပုံမှန်အားကစားလုပ်ဖို ့ခွင့်ပြုထားပေးလို ့ပါဘဲ။ ဆောင်းနှင်းမှုံများကြား အားကစားဦးထုတ် ဆောင်းပြီး ။ အားကစားဝတ်စုံ ဘောင်းဘီတိုနဲ ့ထပြေးရတာကို အရမ်းနှစ်ခြိုက်ပါတယ်။ ဒီဇင်ဘာကျောင်းဆယ်ရက်ပိတ်သည့် ရက်များဆိုလျှင် အတိုင်းမသိ ပျော်မိရပါတယ်။ နံနက်(၅)နာရီဆို ပုံမှန် ထပြီး ။ ပြေးရတာကို ပျော်ပါတယ် ။ မြို ့တစ်ပတ်ကို အပြေးပတ်ပြီး အိမ်ပြန်ရောက်လျှင်တော့ ။ အမေပြုတ်ထားသည့် ဝက်နံရိုးဆန်ပြုတ် ပူပူမွှေး မွှေးလေးကို ။ ဗိုက်ကားအောင် အားပါးတရ တဝသောက်ပစ် ပါတယ်။ အမေပြုတ်ထားသည့် ဆန်ပြုတ် အရသာကလည်း ကျမဘယ်အရာနှင့်မျှ မလဲနိုင်ပါဘူး […]