aye.kkDecember 7, 20121min18818
၁၁။ နှုတ်ခမ်းသားတို ့မထူပါဘဲ ပိရိပြီး ၊ လက်ဖဝါးလက်ချောင်း လက်မနှင့်လက်ညိုးကြား ထောင့်မှန်ကွာဟမှုရှိလာပါက နှုတ်လုံသူ။(ယောက်ျားလေးများအတွက်သာ) ၁၂။ အောက်နှုတ်သားခမ်းထူပြီး တွဲပါက စကားအရာတွင် လိမ်လည်လှည့်ဖြားတတ်ပြီး လွန်စွာမြှာပွေသည့်သူ။(ယောက်ျားလေးများအတွက်သာ) ၁၃။ မျက်လုံးအိမ်၏ထောင့်စွန်းနှစ်ဖက်၌ ငါးကြင်းမြီးကွက် တွေ ့ရှိရပါက တိတ်တိတ်ပုန်းမြှာပွေလွန်းသည့်သူ။(ယောက်ျားလေးများအတွက်သာ) အမှတ်စဉ်(၁၁)ဖော်ပြပါ ။ ယောက်ျားလေးများ နှုတ်ခမ်းပိရိပြီး ။ လက်ဖဝါးလက်ချောင်းမှာ လက်မနှင့်လက်ညိုးတို ့အကြား ။ ထောင့်မှန်ကွာဟနေသည့် အနေအထား ။ အကွာအဝေးအား ။ မြင်တွေ ့ရပါက ။ နှုတ်လုံ၍ ကောင်းမှု မကောင်းမှုအရာကိစ္စများတို ့တွင်လျို ့ဝှက်ဖုံးကွယ်ထားနိုင်သည့်သူများဖြစ်ကြောင်း ပြောပြပါတယ်။ ထိုကဲ့သို ့နှုတ်ခမ်းပိရိကာ နှုတ်လုံသူဟု ဆိုရာတွင် ။ အကောင်းအဆိုး နှင့်ပတ်သက်သည့် စကားမှန်သမျှ မသိစေချင်သည့် အကြောင်းအရာများတို ့အား […]


aye.kkNovember 30, 20121min21119
လိမ္မာရေးခြား ရရှိရန်အတွက် ၊ အမေနှင့်ကျမ၏ အမေးအဖြေများ ပြုလုပ်ခဲ့ဘူးသည့် ။ ကျမငယ်စဉ်ဘဝက ဖြတ်သန်းခဲ့သော ကိုယ်ပိုင်အတွေ ့အကြုံ ၊အကြောင်းအရာများမှအချို ့တို ့အား ။ ပြန်လည်ချပြ ပြောပြချင်မိပါတယ် ။ မေး= ညအိပ်ရာဝင်ရင် ဘုရားရှိခိုးကန်တော့ပြီးတဲ့အခါ ဘာလို ့အမေ့ကိုခြေဆုတ်လက်နှယ်ပြုပြီး ရှိခိုးကန်တော့ပြီးမှ အိပ်ခိုင်းရတာပါလည်း အမေ။ ဖြေ=မြင့်မိုရ်မကကျူးတဲ့ မိဘကျေးဇူး ရဲ ့ဂုဏ်အင်ကို် မြတ်စွာဘုရားက တဂိုဏ်းတည်းထားရှိခဲ့တာမို ့ ။ အနနေ ္တာ အနန ္တဂိုဏ်းဝင်(၅)ပါး ။ အနေနဲ ့ကျေးဇူးဆပ်ရာရောက်တဲ့အပြင် ။ ယုံကြည်မြတ်နိုးအားကိုးထိုက်သည့်အတွက် ။ မိဘအပေါ်မှာ ခြေဆုတ်လက်နှယ်ပြုလုပ်ပြီးမှ ရှိခိုးကန်တော့ပြီးမှ သာအိပ်သင့်တယ် ။ မိဘကိုခြေဆုတ်လက်နှယ်ပြုပြီး ။ ကန်တော့ပြီးမှအိပ်တာဟာ ။ မိဘကျေးဇူးကိုဆပ်ရာရောက်တယ် ။ […]


aye.kkNovember 27, 20121min27117
၁၀။ နဖူးမောက်၍နှာယောင်ကောက်ပါက စိတ်ထားကောက်ကျစ်သူ ။ ရုပ်လက္ခာအရ မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ နဖူးမောက်၍ နှာယောင်ကောက်ပါက စိတ်ထားကောက်ကျစ်သူ ဖြစ်၍ မပေါင်းသင်းရန် ဘကြီး ပြောပြထားခဲ့ ဘူးပါတယ် ။ ရုပ်လက္ခာအရ နဖူးမောက်တာ နှာယောင်ကောက်တာဟာ ။ ဘယ်လိုမျိုးကို ခေါ်ဆိုတာလဲလို ့၊ နားလည်အောင် ရှင်းပြပေးဘို ့ ဘကြီးကို ။ ကျမကပြန်လည် မေးမြန်းမိပါတယ် ။ ဘကြီးပြောပြတာက နဖူးမောက်တယ်ဆိုတာ ။ နဖူးပြင် ညီညာပြန် ့ပြူးမှုမရှိဘဲ မို ့မောက်နေတာကို တွေ ့မြင်ရရင် ။ နဖူးမောက်တယ်ဟု ခေါ်ဆိုနိုင်ကြောင်း ။ ရုပ်လက္ခာ မွေးရာပါအရ နဖူးပြင်မှာ ညီညာမှုရှိ ရမည်မှာ ။ အမှန်ပင်ဖြစ်ပြီး နဖူးပြင် အနည်းငယ်မို ့ […]


aye.kkNovember 21, 20121min32930
၉။ မျက်နှာအချိုး(၃)ချိုးညီပါက အရွယ်(၃)ပါးတွင်(၁)ပါးသုခချမ်းသာရ။ မိန်းကလေးများ၏ မျက်နှာအချိုးညီပါက အရွယ်(၃)ပါးတွင် (၁)ပါးသောအရွယ်၌ ချမ်းသာသုခ ခံစားရကြောင်း ကျမငယ်စဉ်အခါကတည်းက ဘကြီးပြောပြထားခဲ့ပါတယ် ။ ထိုစဉ်က ဘကြီးကို မျက်နှာအချိုး(၃)ချိုးညီတာ မသိနားမလည်၍ ရှင်းပြပေးပါရန် တောင်းဆိုမိခဲ့ပါတယ်။ ဘကြီးရှင်းပြတာက…. မိန်းကလေးများ မျက်နှာအချိုး(၃)ချိုးဟု ဆိုရာတွင် (၁)ဆံစနဖူးမှနဖူး(မျက်ခုံး)စပ်နားအထိ (နဖူးပြင်အရှည်)(အနံ)(၁)ချိုး (၂)မျက်ခုံးနှစ်ခုကြားနှာရိုးတံထိတ်အစမှခေါင်းရိုးအဆုံးထိ (နှာတံအရှည်)(အနံ)(၁)ချိုး (၃)နှာခေါင်းေအောက်မှမေးစေ့အဆုံးအထိအရှည်(အနံ)(၁)ချိုး မိန်းကလေး၏ မျက်နှာပြင် အရှည်အား(၃)ပိုင်း အညီပိုင်းကြည့်ပါက အချိုးအစားညီမျှ နေပါလျှင် အရွယ်တစ်ပါးပါးတွင် ချမ်းသာသုခရရှိ နေထိုင်နိုင်တာ ရှင်းပြပါတယ် ။ အချိုးအစား ဘယ်လိုတိုင်းရမှာလည်း ပေတံနဲ ့တိုင်းရမှာလား မေးတော့ ဘကြီးက ကျမကို လက်ဖဝါး လက်ချောင်းများအားစုပြီး နဖူးအား လက်ချောင်း(၅)ချောင်းရှိသည့်အနက် လက်မဖယ်ခိုင်းပြီး ကျန်ရှိသည့် လက်ချောင်း(၄)ချောင်းအား ညီညီစုခိုင်းပြီး ဆံစနဖူးမှမျက်ခုံးအထိ အရှည်တိုင်းခိုင်းပါတယ် […]


aye.kkNovember 18, 20121min17531
၈ ။ လက်ချောင်းများယိမ်းယိုင်နေပါက အသက်ရွယ်ကြီးမြင့်လာသည့် အချိန်တွင် လေနာရောဂါဝေဒနာခံစားရသူ ။ မိန်းကလေးများ မွေးရာပါ လက်ဖဝါးပြင် လက်ချောင်းများ ဖြောင့်တန်းမနေပါဘဲအနည်းငယ် တစ်ချောင်းနှင့်တစ်ချောင်းမှီယိုင်နေပါက အသက်ရွယ်ကြီးပြင်းလာပါက လေနာရောဂါ ခံစားရသူ အမှန်ပင်ဖြစ်သည်ဟု ကျမအသက်ခပ်ငယ်ငယ်က ဘကြီးပြောပြခဲ့ပါသည် ။ ဘကြီးပြောပြစဉ် အချိန်က ကျမအသက် ခပ်ငယ်ငယ်မျှ ဖြစ်ပါတယ် ။ ထိုစဉ်က ကျမလက်၏ ဘယ်ဘက်လက်ဖဝါးပြင်နှင့် ညာဘက်လက်ဖဝါးပြင် နှစ်ဘက်စလုံးရှိ လက်ချောင်းလေးများအား ယိမ်းယိုင်မှု ရှိမရှိ သိလိုသဖြင့် ဖြန် ့ကြည့်မိခဲ့ပါတယ် ။ ဖြန် ့ကြည့်ပြီး ဘကြီးအားပြလျှင် ဘကြီးကအသက်ကြီးလာလျှင် လေရောဂါအား အနည်းငယ်ခံစားရနိုင်တယ်ဟု ပြောဆိုပါတယ် ။ လက်ချောင်းများအားလုံးက ဆိုရွားစွာယိမ်းယိုင်နေခြင်း မရှိပါ ။ အတော်အတန်သင့် အနည်းမျှယိုင်နေ၍ ဘကြီးက ကျမ၏ လက်ဖဝါးအား […]


aye.kkNovember 16, 20121min30622
၇။ မေ့စေ့အောက်နှင့် လည်ကုပ်သားတို ့၌ ဘို ့ရှိပါက ချမ်းသာရမည့်သူ(သူဋ္ဌေးဇာတာ)။ မိန်းကလေးများ မေးစေ့အောက်နှင့်လည်ကုပ်သားတို ့၌ ဘို ့ရှိပါက ဧကန်အမှန် မုချချမ်းသာသည့်သူ (သူဋ္ဌေးဇာတာ) ဖြစ်သည်ဟု ဘကြီးက ပြောပြပါတယ် ။ ကျမက ဘကြီးအား ။ မေးစေ့အောက်ဘို ့ရှိတယ်ဆိုတာ ဘယ်လိုမျိုးကိုခေါ်ဆိုတာလည်းဟု နားမလည်၍ သိချင်သဖြင့် ပြန်လည်မေးခဲ့ဘူးပါတယ် ။ ကျမအသက် ဆယ်နှစ်သ္မီးအရွယ်လောက်ကပါ ။ ဘကြီးရှင်းပြတာက အချို ့မိန်းကလေးများ ဝလွန်းလျှင် အသားများ အစ်ပြီးထွက်နေတာ နှင့်မတူပါ ။ တသီးတခြားစီ ကွဲပြားခြားနားကြောင်း ပြောပြပါတယ် ။ ထိုရုပ်ရည်လက္ခဏာ ပါရှိသူ မိန်းကလေး၏ ရုပ်ရည်မျိုးအား အမြင်ဖြင့်ကြည့်တတ် စေရန်ပြထားပေးဘူးပါတယ် ။ အဝလွန်ကာ မေးစေ့နှစ်ထပ်သဖွယ် ဖြစ်နေသည့် မိန်းကလေးများအား […]


aye.kkNovember 14, 20121min23024
၆။ ခြေဖနောင့်အဆင်းနီင်္ကြန်လာပါက ကောင်းကျိုးချမ်းသာ သုခခံစားရ ။ မွေးရာပါ ရုပ်လက္ခဏာအရ မိန်းကလေးများ ခြေဖနောင့်အဆင်းနီင်္ကြန် လာသော် ထိုမိန်းကလေးများသည် ။ သူဆင်းရဲ မိဘကပင် မွေးဖွားလာလင့်ကစား ကောင်းကျိုးချမ်းသာ သုခခံစားရမှာ အမှန်ပင်ဖြစ်ကြောင်း ဘကြီးက ပြောပြထားဘူးပါတယ်။ နားလည်အောင် ရှင်းပြရပါလျှင် ။ အသားလတ်သူ ၊ အသားဝါသူ ၊ အသားဖြူသူ ၊ အသားညိုသူ မိန်းကလေးများ ခြေဖနောင့်အဆင်းနီင်္ကြန်ပါက ကောင်းကျိုးချမ်းသာ သုခခံစားရ ပါတယ်။ အသားဖြူတိုင်း ခြေဖနောင့်အဆင်း နီင်္ကြန်ခြင်း မဖြစ်ပေါ်နိုင်တာကိုလည်း ကွဲပြားသိစေချင်ပါတယ်။ ကျမငယ်စဉ်ကတော့ ခြေဖဝါးဖနောင့် အဆင်းနီင်္ကြန်လာသည့် မိန်းကလေးများ မြင်ရပါက အားကျမိစမြဲ အမြဲပင် ဖြစ်ခဲ့ရပါတယ်။ ကျမအနေနဲ ့ အသားဖြူသူဟု ဆိုနိုင်ပါသော်လည်း ခြေဖနောင့်အဆင်းနီင်္ကြန်လာမှု မရှိလို ့ပါ […]


aye.kkNovember 14, 20121min19322
အကင်းတွေလည်း တဖြုတ်ဖြုတ် အမှည့်တွေလည်း တဖြုတ်ဖြုတ် ဘယ်အချိန်မှာ ဘာဝနာလုပ်ဖို ့ ငါကြိုးကုတ်မှာလည်း ဘဝဆိုတာ တိုတိုလေးပါ ငါရှင်သန်တာ လောကဓံမှာ သုခနည်းပါး ဆင်းရဲများပြီး ခါးစီးခံစား ရက်လများက ကြာသည်ထင်ရ ခဏမျှသာ ဇရာဖြိုခွင်း မရဏမင်းခေါ်ရင် မသွားချင်လည်း သွားရမှာကို ငါသိနေလျှက် ကိလေတွယ်ဖက် သံရာလက်က ရုန်းထွက်နိုင်ဘို ့ ငါဖို ့ပါမည့် လုပ်နိုင်သည့်ချိန် ဝိပဿာနာ ဘာဝနာကို ခုခါအားထုတ် ကြိုးကုတ်မှသာ တော်ရာကြမည်ပေတကား။


aye.kkNovember 12, 20121min17919
လူဟာလူလို သိဘို ့ရာဆို မလွယ်ခက်လှ ပြောပြအမေဆုံးမသည်။ အမေ လူဟာလူဘဲလေမို ့ လူလိုမသိ ရှိပါ့မလား နည်းပါးစာဂ ကလေးဘဝ အမေ့ကိုပြန် ခံပြောဘူးတာမှတ်မိသည်။ အမေကမှာ လူဆိုတာဟာ သိဘို ့ရာမှတ် ဗုဒ္ဓမြတ်စွာ ဟောဆိုညွန်ပြ သီလပန်းကုန်း လူ ့ကျင့်ထုံးအား မှတ်သားလိုက်နာ ကျင့်သုံးပါမှ လူဟာလူလိုပီသမှာတဲ့လေ။။


aye.kkNovember 11, 20121min20423
၆။ မျက်ခုံးနှစ်ဖက်တို ့ ထိစပ်လျှက် ဗွေပါရှိနေသည့်သူ ။ ဖော်ပြပါ ထိုရုပ်ရုပ်လက္ခဏာ ပါရှိလာသူ မိန်းကလေးသည် အိမ်ထောင်ပြုပြီးပါက မိမိခင်ပွန်းသည်ထံက မကောင်းသည့် အကျင့်စရိုက် တို ့ကူးစက်ခံရကာ ပျက်စီးသွားနိုင်ကြောင်း။ ထိုရုပ်လက္ခဏာပါရှိ်လာသော မိန်းကလေးမှန်က အိမ်ထောင်မပြုပါက အကောင်းဆုံး ဖြစ်သည်ဟုလည်း ဘကြီးပြောပြလို ့သိထားရပါတယ်။ ဗွေဖြစ်ပေါ်နေသည်ဟု ဆိုရာတွင် ။ မျက်ခုံးမွေးနှစ်ဖက် အကြားရှိ (ဝါ) မျက်ခုံးနှစ်ဖက်အကြားရှိ နှာခေါင်းရိုး အလယ်တည့်တည့်ပေါ်၌ မျက်ခုံးမွေးငယ်များနှစ်ဖက် တို ့ထိစပ်လျှက်ရှိခါ ထိုမျက်ခုံးမွေးများတို ့ဝိုင်းစက်ခါ လည်ပြီး ဗွေအဖြစ်သို ့ဖြစ်ပေါ်နေလျှက် ရှိနေသည် ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ မိဘမျိုးရိုးကောင်းမွန်မှု ရှိပါသော်လည်း ။ ထိုရုပ်လက္ခဏာမျိုး ပါရှိလာသူ ဖြစ်ပါက အနှီထိုမိန်းကလေးသည် မိမိအိမ်ထောင်ဖက် (ခင်ပွန်းဖြစ်သူ)ကြောင့် မိမိဘဝ […]


aye.kkNovember 9, 20121min1389
၅။ ဖော့ဖယောင်းကဲ့သို ့သွယ်ပြောင်းနှူးညံ့လှပလျှက် ခြေလက်အင်္ဂါအဆင်းအား ပိုင်ဆိုင်သည့်သူ အချို ့အချို ့သောမိန်းကလေးများ လွန်စွာလှပချောမော ပြေပြစ်ကြပါတယ် ။ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်း ဖြစ်တဲ့ ခြေလက်အင်္ဂါအဆင်းတို ့မှာ ဆင်စွယ်နှာမောင်းသဖွယ် အရင်းသွယ်တုတ် အဖျားရှူးကာ လွန်စွာလှပ နှူးညံ့ကြပါတယ် ။ ဖော်ပြပါ အမှတ်စဉ်(၅)အဓိပါယ်က မိန်းကလေးရဲ ့ခြေလက်အင်္ဂါများဖြစ်တဲ့ လက်မောင်းရင်းက စလို ့သွယ်တုတ်ပြီး လက်ဆစ်အထိ ပြေပြစ်ပျော့ပြောင်း သွယ်လျှပြီး ရှူးသွားတာကို ဆိုချင်တာပါ ။ လက်ခုံလက်ဖမိုးများ မို ့အိဖောင်းကြွနေတာပါ ။ အမြင်မှာလွန်စွာလှပပါတယ် ။(လက်ချောင်းလေးများလည်း အရင်းတုတ်ပြီး လက်သဲခွံအဖျားထိ သွယ်လျှလှပပြီး ပေါင်တံရင်းမှ စပြီးခြေမျက်စေ့နား ရောက်သည်အထိ ပေါင်တံရင်းကနေအောက်ကို သွယ်လျှလှပအဖျားရှူးသွားတာပါ ။ ခြေဖမိုးလေးများ မို ့ဖောင်းအိကာ ခြေချောင်းလေးများ လည်းအရင်းတုတ်ပြီး […]


aye.kkNovember 9, 20121min21322
၄။ စကားပြောသည့်အခါ သွားဖုံးများ ပေါ်နေသည့်သူ သွားဖုံးပေါ်သည်ဟုဆိုရာတွင် အားရပါးရ ရယ်မောလိုက်လျှင် သော်၎င်း ။ သာမာန်ရယ်မောမျှရုံ မျှဖြင့်ပေါ်လွင်သွားသော သွားဖုံးပေါ်မှုအား ဆိုလိုခြင်း(လုံးဝ)မဟုတ်ပါ ။ စကားပြောခါမျှဖြင့် သွားနှင့်သွားဖုံးများ ထိစပ်ပေါ်လွင်နေမှုအား ထင်ထင်ရှားရှား မြင်တွေ ့ရသည့်သူ ။ (ဝါ) သွားဖုံးများအောက်ဘက်သို ့နိမ့်ကျဆင်းလျှက် စကားပြောသည့်အခါမျိုး၌ သွားနှင့်သွားဖုံးထိစပ်ပေါ်နေမှုအားတွေ ့မြင်ရမှု ။ သတိထားလျှင် သိမြင်နိုင်သည့် အကြောင်း ဘကြီးပြောပြထားပါတယ်။ (အသေးစိတ်ရှင်းပြရပါလျှင် သွားနှင့်ထိစပ်နေသည့် သွားဖုံးနေရာသည် နှာခေါင်းအပြင်ဖက်ခြမ်းရှိ နှုတ်ခမ်းသားတို ့ဖုံးအုပ်ကာကွယ်ထားလျှက်ရှိသည့်နေရာ။ ပညတ်အားဖြင့် သွားဖုံးဟု ခေါ်ဆိုသမှုပြုသော နေရာ ။ တနည်းအားဖြင့် ဆိုရပါက ထိုသွားနှင့်သွားဖုံးတို ့ ထိစပ်လျှက်ရှိနေသော အကာကွယ်ရှိနေသည့် နေရာကား ။ စကားပြောရုံ တော်ရုံရယ်ပြကာမျှဖြင့် မမြင်မတွေ ့နိုင်ပါ […]


aye.kkOctober 11, 20121min1727
၃။ မိန်းခလေးဖြစ်ပါလျှက် နားရွက်အနည်းငယ်နိမ့်ဆင်း၍ လွန်စွာသေးငယ်ခြင်း။ နားရွက်သည် နားထင်အောက်ရှိသင့်သည့်နေရာထက် အနည်းငယ်နိမ့်ဆင်းပြီး။ ကြွက်နားရွက်ကဲ့သို ့သေးငယ်နေခြင်း။ ထိုမိန်းခလေးမျိုးသည် တွေးခေါ်မှုမှားယွင်းနိမ့်ကျပြီး ဆင်ခြင်တုံတရားမဲ့တတ်ခြင်း ။ ပြုဘူးသောအကျိုးကျေးဇူးကို မသိတတ်။ ငရမန်ကန်းလိုလူစားမျိုးဖြစ်၍ မိမိကိုကယ်မည့်သူ အပေါ်၌ပြစ်မှားတုံ ့ပြန်တတ်သဖြင့် ။ မပေါင်းသင်းအပ်ကြောင်း ပြောပြပါတယ်။ ထိုမိန်းခလေးကို စားဖျော်အရောင်းဆိုင်တခုမှာ အအေးအမြဲတန်းဝယ်သောက်မိရာကနေ မထင်မှတ်ပဲခင်ခဲ့ဘူးပါတယ် ။ မျက်မှန်းတန်းမိနေပြီး ကျမကိုရင်းနှီးလာတော့ သူကစကားစပ်ရင်း ကျမကိုဘယ်မြို ့ကလည်း မေးပါတယ်။ ကျမနေထိုင်တဲ့မြို ့ကိုသူသိတော့ သူ ့ရဲ ့ကိစ္စတခုအတွက် အကြံဉာဏ်ပေးဘို ့နဲ ့ကူညီဆောင်ရွက်ပေးဘို ့တောင်းခံလာပါတယ်။ ကိုယ့်အလုပ်နဲ ့ပတ်သက်ပြီး အကူညီပေးရမယ့် ဝတ္တရားရှိနေပြန်တော့ အကျဉ်းကျပ်တွေ ့ခဲ့ရပါတယ်။ သူတောင်းတဲ့အကူညီကို ကျမစိတ်ထဲမပေးချင်မိပါဘူး။ ဘာလို ့လည်းဆိုတော့သူ ့ရုပ်ရည်က အများနဲ ့မတူဘဲ […]