ba gyiDecember 19, 20111min855
လွမ်းရစ်ဝေသောနွေဦးရက်များနှင့်၊ထောင်အမိန့်ချခံရသောနေ့၊ သရဲဝင်စီးသောည ။( ဒုတိယပိုင်း ) (1991 ) ခု ၊မတ်လ။အ လယ်လောက်ရောက်တော့ ကျနော်တို့ နှင့်(ကေ့စ်) အတူတူ ထိမ်းသိမ်းခံရသော လူဦးရေ (၂00)လောက်တွင်၊ အချို့ကျောင်းသား/သူတွေ ပြန်လွှတ် ပေးပြီ၊ အားလုံးဝမ်း သာကြရသည်၊ ကိုယ့်အလှည့် ဘယ် တော့ လည်းလို့မျှော်နေကြပြီ။ တစ်ကယ်တန်းတွေးကြည့်တော့၊ မိမိအ ဖမ်းခံရသောအကြောင်းအရာ ကို ထောင်အတွင်း၊ဆုံမိရာရဲဘော် အချင်းချင်းပြန် ပြီး၊စစ်စစ် ပေါက်ပေါက် တွက်ဆကြည့်ရာ၊တစ်ချို့ဆို ထိုဖြစ်ရပ်ဖြစ်ပွါးရာနေရာအ နားသွား မိခြင်း ကြောင့်၊ တစ်ချို့ကတော့ လက်ခုပ်တီးအား ပေးမိသော ကြောင့်၊ တစ်ချို့ကတော့ ထိုဖြစ်ရပ်ထဲ အမှန် ပင်ပါဝင် ခဲ့ကြမိလို့၊ ၊တစ်ချို့ကတော့လည်း ထိုအ ရေး ခင်း နှင့်အမှန်တစ်ကယ် ပါတ်သက်ခဲ့ သူ မှ […]


ba gyiDecember 17, 20111min1025
ဘယ့်နှယ်ဗျာ၊ ဒါဘာသဘောလည်း၊ရုံးမှပြန်ရောက်ပြီးအဝတ်စားလဲပြီးရုံရှိသေး၊ဒေါသကထွက်ရပြန်ပြီ၊ ကိုင်း ရွာသားတွေ၊ရွာသူတွေ စဉ်းစားသာကြည့်၊ ပြောတော့ သန့်ရှင်းတဲ့အစိုးရဖြစ်အောင်လုပ်မယ်ဆိုပြီး၊ ကျုပ်တို့မှာ အပြောကောင်းလှချည့်လို့ ထင်ကြေးပေးကြ၊မီဒီယာတွေကလည်းဒါဆိုကြိုဆိုပါတယ်ရေးကြ နဲ့၊ တစ်ခါ မြစ်ဆုံကိစ မှာလည်းပြည်သူ့အသံကိုနားထောင်လိုက်လျှောပေးတဲ့ ဒို့ သမ္မတကြီးဆိုပြီးလက်ခုပ် ရော၊ပေါင်ခမောင်းပါထခတ်လိုက်ကြတာ —ဒါအများသိပြီးသားမဟုတ်လား၊ နောက် အတိုက်အခံတွေနဲ့ဆွေး နွေးပြီးလိုက်လျှောလမ်းဖွင့်ခဲ့တာတွေ၊ ခုလည်း တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကိုရပ်ပြီး၊ငြိမ်း ချမ်းရေးပြန်လုပ်နေတာတွေ၊ ဘယ်လောက်အားရစရာလည်းဗျာ။ ဒါပေမည့်သည်နေ့ ညကျုပ် အိမ်ပြန်ရောက်တော့ ခေါင်းဆောင်ပိုင်းတွေကရှေ့က၊မားမားမတ်မတ်လုပ်ပြ နေသလောက်၊ သူရို့အောက်ခြေအသင်းအဖွဲ့တွေ ရဲ့ အရှက်မရှိ၊အတင်းရောအဓမရော လုပ်နေပုံတွေမြင်ရတော့၊ သူရို့ လုပ်နေတာတွေဟုတ်ကောဟုတ်ပါ့မလားတွေးမိပြန်တယ်၊အစိုးရတစ်ရပ်ဟာ သန့်ရှင်းတယ်လို့ပြောနိုင်ဘို့ အတွက်၊ သူရို့လူတစ်စုထည်းတာဝန်ရှိတာမဟုတ်ပါဘူး၊အဲသည်အစိုးရရဲ့အဆင့်ဆင့်သော၊အဖွဲ့၊စည်းယန္တယား တစ်ခုလုံးမှာပါတာဝန်ရှိတာပါ၊ သူရို့တွေအရင်ဆုံးပြုင်တာဝန်ကျေမှ ပြည်သူလူထုကိုလည်းဦးဆောင်ပြုင်ခိုင်း လို့ရမှာပေါ့ ၊ ခေါင်းဆောင်ပိုင်းတွေက ဒေါင်းမကလေးကသလို ရှေ့ကတော့ ကြည့်လို့လှပါရဲ့၊သူ့နောက်ဘက်လှည့်ကြည့်တော့ ဖင်ပေါ်နေတယ် ဆိုတာမျိုးလို၊ ဘယ်လောက်ရှက်စရာလည်းဗျာ၊ ကိုင်းသည်လောက်တောင်တို့ ဘ ကြီးတစ်ယောက်ဘာ […]


ba gyiDecember 7, 20111min13813
လွမ်းရစ်ဝေသောနွေဦးရက်များနှင့် ထောင်အမိန့်ချခံရသောနေ့ သရဲဝင်စီးသောည။( ပထမပိုင်း) 1991 ခုနှစ်၏မတ်လ၊ ထောင်ထဲရောက်ပြီး(၃)လကျော်ကာလ ထိုနှစ်ဆောင်းဥတုက ကျနော်တို့ကိုနှုတ်ဆက်ခဲ့ပြီ၊ခပ်လှမ်းလှမ်းမှ ဥဩ တွန်သံက နွေရောက်ပြီ-နွေရောက်ပြီလို့ ပြောချေပြီ၊ အခန်းသံတိုင်တံခါးဝတွင်ရပ်ပြီး၊ တွန်သံသာကိုရွှေဥ ဩကိုမြင်ချင် ဇော စိတ်ဖြင့် အသံကြားရာဘက်သို့မှန်းဆကာကြည့်မိသည်၊ အဆောင်တံစက်မြိတ် နှင့် ရှေ့တည့်တည့် မှ ကာဆီး ထားသော အဆောင်အုတ်တံတိုင်းအကြားမြင်ရသည့်မြင်ကွင်းကား လွန်စွာ ကျဉ်းမြောင်း ပေစွ၊ကောင်းကင်ပြာပြာဝယ်အဖြူရောင် မိုး သား တိမ်လိပ်တို့မှလွဲပြီးအခြားမြင်ကွင်း မရှိပါချေ။ ( မိုးသားတိမ်လိပ်– တရိတ်ရိတ်တက်လို့– ရာသီစမ်းအလှချယ်—-ဘယ်ရာသီမယ်–မာလာ ရယ် ပွင့်မှာလည်း — တစ်ပွင့်ထဲ တစ်ငုံထည်း –ပြုံးပြုံးလေး ပွင့်တော်မူပါကွယ် ) —( ဥဩသံကြားလို့လွမ်းကြပြီထင့် ) — ဘေးခန်းမှ ကိုထွန်းနိုင် ကြီး၏၊ဆွေးမြေ့မြေ့ သီချင်းသံက ကျနော့ ရင်ကိုလှိုက်ခတ်စေပြီ၊ […]


ba gyiDecember 6, 20111min691
သည်မနက်ပိုင်း၊ မလေးရှားမှ မိတ်ဆွေတစ်ယောက်ပို့လိုင်တဲ့ ကျန်းမာရေးအရ အဟာရအကြံပြုချက်ကလေးကိုရွာသားများအတွက်ဖြန့်ဝေလိုက်ပါတယ်၊ ယနေ့ ကဗ္ဘာပေါ်မှာ လူသားတော်တော်များများကို ဇိဝိန်ချွေပေးနေတဲ့ မရိုးနိုင်အောင်ပဲ ရေပန်းစားတဲ့ ရောဂါတစ်ခုက၊ သွေးကြောပိတ်လို့၊ သွေးကြောပေါက်လို့၊ဆိုတဲ့ရောဂါပါပဲ၊ အဲသည်ရောဂါကြိုတင်ကာကွယ်ဘို့လမ်းညွှန်အကြံပေးထားသော ၊အလွယ်တစ်ကူရနိုင်သောအစာအဟာရ ဆေးတစ်ခွက်ပါလို့ဆိုပါတယ်။ ဒါကိုအကြံပြုသူကဆေးဘက်ဆိုင်ရာ၊တက္ကသိုလ်တစ်ခုက ဆေးပညာပါမေက္ခ တစ်ဦးပါ။ Prof. Dr.S.Vikineswary Biotech Division Institute of Biological Sciences University of Malaysia 50603 Kuala Lumpur Malaysia. ဖြစ်ပါတယ်။ သူရဲ့အဟာရသုံးစွဲနည်းကိုသုံးစွဲရင်၊ သွေးကြောပိတ်လို့၊သွေးခဲလို့ ခွဲစိတ်ရတာတွေ၊ဖြတ်တောက်ရတာတွေစတဲ့ဘေးဒုက္ခမှကင်းစေပြီး၊ အဲသည်ရောဂါဖြစ်ပေါ်မှုမှလွတ် ကင်းပါမယ်တဲ့။ သူ့ဆေးနည်ကတော့ — ၁။ သံပုရာရည် တစ်ခွက် ၂။ဂျင်းကိုအရေညှစ်ပြီးသားတစ်ခွက် ၃။ကြက်သွန်ဖြူဖျော်ရေတစ်ခွက် ၄။ပန်းသီးမှထုတ်သော ရှာလကာရေတစ်ခွက် အဲသည်ဖျော်ရေတွေကို ပုံစံတူ၊ဆိုဒ်တူ ရေခွက်နဲ့ တစ်ခွက်စီ၊ဆတူရောတဲ့အခါ ရလာတဲ့ […]


ba gyiNovember 25, 20111min26019
မျက်စေ့အောက်ရောက်၊ မုဆိုး မှသားကောင်ဖြစ်သွားကြသူများ၏နောင်တ ။ ပဉ္စမပိုင်း။(ဇတ်သိမ်း) ( By ba gyi ) 25.11.2011. ထိုနှစ် ဆောင်းဥတုကား ကျနော်တို့အတွက် တမင်တစ်ကာကို အေးလေရော့သလားမသိပါ၊ ည ရောက်မှာကို ကျနော်တို့သုံးယောက်စလုံးကြောက်နေမိသည်၊ လူသုံးယောက်၊ခေါင်းအုံးမရှိ၊အဝတ်တစ်ထည်၊ ကိုယ်တစ်ခု ၊ (ကျနော်တစ်ယောက်သာအပေါ်အနွေးထည်ကလေးပါသည်)၊စောင်ပါးကလေး တစ်ထည်၊ ဝါးချောဖျာ စုတ် ကလေး တစ်ချပ်ပေါ်တွင်မှိန်းလိုက်ကြ၊ထထိုင်လိုက်ကြ၊အရမ်းအိပ်ချင်တော့မှ တစ်ရေးအိပ်လိုက်ကြ၊ ပြန်နိုး လိုက်ကြနှင့်၊နေ့ရောက် တော့မှ တစ်ရေးပြန်အိပ်ကြရသည်၊ (သန်းခေါင်ကိုနေ့မှတ်ပါလို့ အိုလေ လေ သန်းခေါင်ကို) ဇတ်ပွဲများတွင်နားယဉ်ခဲ့သော၊ နတ်ချင်းကလေးကိုသာပြေးပြီးသတိတယ စိတ်ထဲမှ ရွတ်မိ ပါတော့၏။ စစ်ကြောရေးငရဲစခန်း ကတည်းကဝတ်လာသော ပုဆိုးနှင့် အကျင်္ ီတို့ကနံဆော်လှပြီ၊ ချွတ်ပြီးလျှော်ရလေပြီ၊ပုဆိုးလျှော်ပြီးတော့ ဝတ်စရာအပိုကမရှိ၊မထူးပြီ၊ အန်ကယ်ကြီးပေးထားသော စောင်ပါးကလေးပါတ်ကာ၊ တစ်ယောက်တစ်ရက် အလှည့်ကျပတ်ပြီး၊အလှည့်ကျ၊ ပုဆိုးလျှော်ကြရသည်။ ထိုနည်းလကောင်းပင် […]


ba gyiNovember 17, 20111min966
မနေ့ညက(16.11.2011) ဗွီအိုအေမှာနားထောင်လိုက်ရတာ၊တစ်ချို့လည်းသိပြီးဖြစ်သလို၊ တစ်ချို့လည်းမအားမလပ်ကြလို့သိပါစေဆိုတင်လိုက်ရပါသည်။ ထောင်ပြောင်းသတင်းလေးပါ။ မကြမတင်က အာစီယံ အစည်းဝေးမှာ 2014 ဥက္ကဌနေရာကို အာစီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်မှာ ပြောခဲ့တာ- မကြာခင်မှာနိုင်င်္ငရေး အကျဉ်းသားတွေပြန်လွတ်ပေးအုံးမယ်ဆိုတာ သိပြီး၊ကြားပြီးကြပါလိပ်မယ်။လောလောဆယ်လွှတ်/မလွှတ်တော့မသိပါ။အေါက်ပါပုဂ္ဂိုလ်များကိုတော့ သက်ဆိုင်ရာထောင်များမှ အခြားထောင်သို့ပြောင်းရွှေ့နေပါသတဲ့ ၊ (1) ဦးခွန်ထွန်းဦး ( ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ ဥက္ကဌ) ပူတာအိုထောင်မှ – တောင်ငူထောင်သို့ပြောင်း။ (2) အရှင်ဂမ္မီယ (ရွှေဝါရောင်ေတော်လှန်ရေးခေါင်းဆောင်) ကလေးထောင်မှ – ရန်ကုန်အင်းစိန်ထောင် (သို့) သရက်ထောင်သို့။ (3) ကိုမင်းကိုနိုင် (1988/ကျောင်းသားခေါင်းဆောင် ) တာချီလိတ်ထောင်မှ- ရန်ကုန်အင်းစိန်(သို့) သရက်ထောင် ဟု သတင်းမှာပြောပါသဗျား။ ဒါပေမည့် ကိုမင်းကိုနိုင်ဟာ မနေ့ကထိ တာချီလိတ်မှာပဲရှိနေသေးပြီး ၊ယနေ့မှ ပြောင်းမယ်လိုလည်းပြောပါသည်။ ကဲ ရွာသားများ ပွါးပေးကြပါအုန်း။


ba gyiNovember 17, 20111min11110
တပ်ကြပ်ကြီးဟောင်း၊အရူး ဂျော့ဌေးမြင့် တွေးပုံ ။ သူ့ကိုနာမည်မေးလျှင် – ဂျော့ဌေးမြင့် ဟု ဖြေသည်။ ဘာလုပ်လည်းမေးလျှင်- တပ်ကြပ်ကြီးအငြိမ်းစားလို့ဖြေသည်။ ဘယ်သွားမလည်းမေးရင်တော့ – ဘယ်တင်မက၊ ညာပါသွားတယ်ကွဟုဆိုကာ၊ ညာခြေထောက် ပုတ် ပြလိပ့်မည်။ တပ်ထွက်ကြီး ဂျော့ဌေးမြင့် သည်ကျနော်တို့ ခြံရှေ့ဘက်ရှိ၊ရဲတန်းလျှားလေးမှာ သူ့ညီနှင့်နေသည်၊ သူ့ညီကရဲလုပ်ရင်း၊ဘောက်စင်ထိုးသောအားကစားသမားလည်းဖြစ်သည်။ သူတို့ညီအစ်ကိုက အမွှာညီအစ်ကိုလိုပင် အရပ်၊အမောင်းထောင်ထောင်မောင်းမောင်း၊ရုပ်ရည်၊အသားဖြူပုံ တော်တော်တူသည်၊ ညီဖြစ်သူကသူ့အစ်ကို ဂျော့ဌေးမြင့်ကြီးကို တော်တော်ချစ်ရှာသည်။ သူ့အစ်ကို ကို စိတ်ရောဂါဆေးရုံမှ ဆင်းပြီးကတည်းက၊ သူ့အခန်းမှာခေါ်ထားပြီး စောင့်ရှောက် ထား သည်၊ သူရို့မှာမိဘတွေမရှိကြတော့၊သည်ညီအစ်ကိုနှစ်ယောက်သာရှိသည်တဲ့၊ပတ်ဝန်းကျင်ကိုလည်းသူ့အစ်ကို အကြောင်းပြော ပြကာ အပ်နှံရှာသည်။ သူ့အစ်ကိုဂျော့ကြီးက ဟော့ဟော့ရမ်းရမ်းတော့မဟုတ်၊အလှ အပ၊သပ်သပ်ရပ်ရပ်နေတတ်သည်၊သူညီအကျင်္ ီ၊လုံခြည်အားလုံယူဝတ်ပြီးရှိုးထုတ်ကာ စတိုင်ကျအောင်နေသည်၊ဒူးယားဆေးလိပ်ကလေးလက်ကြားမှမချ။ သည်လိုနေနိုင်အောင်၊ဝတ်နိုင်အောင်လည်းသူ့ညီကမငြီးမညူပါရမီဖြည့်ရှာသည်၊သူ့ညီကိုလည်း၊သူက – ညီလေး ညီလေး နှင့် ပါးစပ်မှမချ၊ တော်တော်ချစ်ကြသောညီအစ်ကိုပါပေ။ […]


ba gyiNovember 15, 20111min866
မနေ့ကရုံးဆင်ပြီး အိမ်ပြန်တော့၊လမ်းမှာ ကျနော့လမ်းထဲမှရာအိမ်မှူးနှင့်ဆုံသည်။ သူနှင့်ကျနော်က၊ လမ်းအတွက်၊ဝါတွင်းဆွမ်းလောင်းကိစ္စ၊ဆွမ်းသိမ်းပွဲကိစ္စ၊ဆွမ်းသိမ်းအောင်ပွဲ တရားပွဲသဘင်ကိစ္စ၊နှစ်ကျိပ်ရှစ် ဆူဘုရားပူဇော်ရေးကိစ္စ များနှင့်ပါတ်သက်ပြီးဆက်ဆံရသည်။ လမ်းထဲတွင် ထိုရာအိမ်မှုးခေါင်းဆောင်လုပ်သောပွဲများသည် ပေါ်လစီအရသာလုပ်ရိုးလုပ်စဉ်လုပ်ခဲ့သော်လည်းအဝေဘန်ခံ၊အပြောဆိုခံရ တတ်သည်ကများသည်။ သည်လိုနှင့် သူ့လုပ်ဆောင်ချက်တွေ၊နောက်နဲနဲ ဆုတ်လာသည်၊ အခြားတစ်ဦးဦးဆောင်သည်၊ရာအိမ်မှုးကို တော့ခေါင်းစဉ်တပ်ပြီးလုပ်ရသည်၊(သို့သော်) ထိုနောက် တစ်ဦး ဦးဆောင်သည်ကိုတစ်လမ်းလုံးသိကြသည်။ (တစ်နှစ်) နှစ်ခါပြန်တော့– သူလည်းရာအိမ်မှုးအပြောခံရသလို ဝေဘန်ခံရပြန်သည်။ ထိုဒါဏ်ကိုလည်းသူမခံနိုင်တော့၊သည်လိုနှင့် ထိုနှစ်တွင်- ( တနင်္ဂနွေနေ့တိုင်းလုပ်နေကျ ) ဝါတွင်းဆွမ်းလောင်း ပွဲပျက်တော့မလို လို၊ သည်မှာ ကျနော်တို့ လူငယ်၊လူလတ်ပိုင်း တွေခေါင်းချင်းဆိုင်ပြီး၊ဆွေးနွေးကြရပြီ၊ ဝါတွင်းဆွမ်းလောင်းပွဲကားတစ်ပါတ်ပင်ပြီးသွားပြီ၊သည်နှစ်တော့လမ်းထဲဆွမ်းလောင်ပွဲမလုပ်ဖြစ်တော့ဟုပင်တစ်လမ်းလုံးထင်ထားကြပြီ တည်း။ သည်လိုနှင့်နောက်အပတ်( စနေနေ့ )အရောက်မှာတော့ လမ်းအတွင်း လော်သံကြီး စကြားရပြီ၊ကျွန်တော်တို့တပ်ဖွဲ့ချီလာပြီပေါ့၊ သပ္ပူရိယ အပေါင်း- အို— သူတော်ကောင်းတို့–၊ နောက်နေ့– နံက်(3း30) မှာထုံးစံအတိုင်း( ဘွန်တော် သံ ညံစည်ဟိန်းလို့ ) […]


ba gyiNovember 15, 20111min12211
မျက်စေ့အောက်ရောက် မုဆိုးမှ သားကောင်ဖြစ်သွားကြသူများ၏နောင်တ။ ( စတုတ္ထပိုင်း ) (by ba Gyi ) ထောင်ဘူးဝမှ။စစ်ဆေးမှတ်တမ်းတင်ပြီးသောအခါတွင် ထောင်ဝါဒါနှစ်ယောက်ရှေ့ နောက်ညှပ်လျှက် မလွယ် ပေါက်ကလေးတစ်ခုကို ကျော်ဝင်လိုက်သည် နှင့် ဪ ဒါ အင်းစိန်ထောင် ထဲရောက်ပါပေါ့လားဟု စိတ် ထဲမှ ရေရွတ်မိပါတော့သည်။ အလွန်မြင့်မားသော လေးဘက်လေးတန်အုတ်တံတိုင်းကြီးတွေကာရံလို့၊ တစ်မျှော်တစ်ခေါ် ဝန်းခြံအကြီးကြီ းပါတကား၊ ထိုဝန်းခြံ အကြီးကြီးထဲတွင်- နှစ်ထပ်အဆောင်မြင့်ကြီး နှစ် ဆောင်၊ ခပ်ပြာ းပြား အမိုး နှင့်အ ဆောက် အဦးတစ်ခု၊ ဝန်း ခြံက လေး သီးသန့်ထပ်ခတ်လျှက် သစ်သားအိမ်ကလေးနှစ်လုံး တို့ ကို ဘေး ပတ် ပတ် လည်မှာ တွေ့ရ သည်၊ အဲသည်အဆောင်တွေနောက်ဘက်မှာ သွပ်ဆူးကြိုးတစ်ထပ် […]


ba gyiNovember 5, 20111min844
ဘကြီး အသက်(20)ကျော်လောက်က၊ရူးကြောင်မူးကြောင်အရွယ်မှာခံစားပြီးရေးခဲ့တဲ့ အချစ် ဆိုတာကို အဓိပ္ပါယ်ဖွင့်ခဲ့တာလေး။ ရွာသားများ ပွါးနိုင်ဘို့ လက်ဆော့ပြီး စားမြုံ့ ပြန်လိုက်ပါသည်။ အချစ် ။ အချစ် ဖိနပ်မစီးကိုယ်လုံးတီး နှင့်၊ မုသားမဆို၊မသိုပါဘိ ငါသိပါ၏ ရင်မချိ၊ အထာမရှိ ချိုပါ၏ ။ အချစ် အကာမရှိ ၊ အထာသိသူ ချိုးယူထိနမ်းအသွင်မခမ်းပဲ၊ တံဆက်မြိတ်အောက်၊ ရွှေရောင်တောက်၏၊၊ ညမှောင်အောက်တွင် အထင်းသား ။ မှတ်ချက်။ ။ အချစ်ဆိုသည့်ဝေါဟာရ ကိုအဓိပ္ပါယ်ဖွင့်ထားခြင်းသာဖြစ်ပါသည်။


ba gyiNovember 3, 20111min11211
မျက်စိအောက်ရောက်၊ မုဆိုးမှသားကောင်ဖြစ်သွားကြသူများ၏နောင်တ။ ( တတိယပိုင်း)။ အခန်းအပြင်မှတစ်ဒုန်းဒုန်း ထုသံကြောင့်ကျွန်တော်အိပ်နေရာမှနိုးလာခဲ့သည်၊ ထမည်အလုပ် တွင် တစ် ကိုယ် လုံးလေး လံလျှက် ကိုက်ခဲနေသဖြင့်–ကျွတ် ကျွတ် ဟုစုတ်သပ်ညီးညူရင်း ဖြေးဖြေးချင်းကုန်း ကာထ ရသည်၊(နိုးရင် မင်းမျက်လုံးပြန်စည်းထား) ဟုအပြင်မှ လှမ်းပြောသဖြင့်၊ စစ်ကြောရေးတော့ပြန်စတော့မည်လားလို့ တွေးလိုက်ရင်း၊ မျက်လုံးကိုပြန်စည်းလိုက်ပါသည်၊ အပြင်ဘက် တံခါးချောင်းကြည့်ပေါက်မှချောင်း ကြည့် ပြီး၊သေချာတော့မှလူတစ်ယောက်ဝင်လါသည်၊(ဟင်–မင်း ထမင်းမစားရသေးဘူးလား အ ရင် ပြီးအောင် စားလိုက်) ပြောပြီးတံခါးပိတ်ခါ ပြန်ထွက်သွားသည်။ ထိုခါမှ ပင်ကျွန်တော့် ဗိုက်ကအ လွန်ဆာ လောင် နေကြောင်းကို သတိပြုမိတော့သည်၊ ဘယ်အချိန်ကတည်းက ထမင်းပုဂံဝင်ထားသွားခဲ့သည်မသိပါ။ ထုံးစံအတိုင်း ကော်ပုဂံပေါက်စနလေးထဲမှာ၊ ထမင်းရော ဟင်းပါလေသလပ်ချောက်သယောင်းနေပြီ၊ မတတ်နိုင်၊မိမိအသက် ဆက်ရအုန်းမည်၊ကြံ့ခိုင်ရပေအုန်းမည်၊ ထိုသတိ နှင့် ထမင်းပုဂံ ဆွဲယူကာ အားပါးတယ […]


ba gyiNovember 2, 20111min1417
ကထိန်အဓိပတိပစယော ။ သီတင်းကျွတ်ပြီးတော့တန်ဆောင်မုန်း၊တန်ဆောင်တိုင်သို့ပင်ရောက်တော့မည်။ ငယ်စဉ်က သည်လိုအချိန်ဆို အဆိုတော်ကိုမြကြီး၏ သီချင်းသံ(ယက်ကန်းခတ်သံသီချင်း )ကိုမြူးမြူးကြွကြွကြားနေရပြီ၊ မြိုင်မြိုင်ဆိုင်ဆိုင်xxxx မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်xxx သံပြိုင်(လ တံဆောင်တိုင်)ကထိန်ပွဲခင်းပါတဲ့ လ တန်ဆောင်တိုင်xxxx ထူး—( ထူး)—မြူး—-( မြူး )——။ တဲ့။ ဝါတွင်းသုံးလပတ်လုံး အပတ်စဉ်အာရုံဏ်ဆွမ်းလောင်းလှုခဲ့ကြပြီး၊ဆွမ်းသိမ်းပွဲကြီးပြီးတော့တစ်လမ်းလုံး၊ငွေအား၊လူအား စိုက်ခဲ့ကြရသဖြင့် မောနေကြပြီ၊ သီတင်းကျွတ်ပြန်တော့ လူကြီးမိဘတွေကန်တော့ကြ၊အကတော့ခံကြ နှင့် ပွဲဆက်ကြရသည်မို့ သီတင်းကျွတ်ပြီးတော့ အနားရစေရန်ကိုယ့်အိမ်ကိုယ်ညိမ်ကုပ်နေကြတော့ပြီ။ ( တစ်ပတ်– နှစ်ပတ် –)ဟော လမ်းထိပ်က လော်သံကြီးစကြားရလေပြီ၊ ထုံးစံအတိုင်း-( အင်္လကာကျော်စွာဘွဲ့မရသေးရှာသော-) မန္တလေးသိန်းဇော်ကြီးပင်တည်း— ဘာတဲ့ မြတ်စွာဘုရားဟောကြားသော ဗျာဒိတ်အတိုင်းတည်ပါစေသော်xxxxx သာသနာ တစ်ဝက် —- ရာဇာတစ်ဆက်xxxxxx တည်တံ့ခိုင်မြဲရှေကြာစေသော်—၊ အော်— (ကျွန်တော်အကြောင်းမဲ့ အော် ခြင်းမဟုတ်) သူ့ဟာကြီးတွေ တည်တံ့ရုံမက အမြစ်ပါတွယ်နေသေး။ အနှီသီချင်းသံကြားရလျှင်တော့ […]


ba gyiNovember 1, 20111min21521
(ဒုတိယပိုင်း)-အဆက် ထိုမြေအောက်ခန်းသည်ကားအလွန်အသံလုံပေစွ၊သူတို့ပြောသောစကားသံက ဟိန်းထွက်နေ၏၊ အနံ့တစ်ခုရပါ၏၊ အောက်သိုးသိုးအင်္ဂတေနံ့နှင့်ရောစွက်နေသည့်အစိုပြန်သောအနံ့၊ ထိုနေ့က ကျွန်တော် စွပ်ကျယ်အကျင်္ ီလက်ပြတ်၊ ချည်သားရှပ်အကျင်္ ီကလေးနှင့် အပေါ်ဆုးံမှစစ်ရောင်အရပ်ဝတ် ဂျာကင် တစ်ပတ်နွမ်းကလေးဝတ်ထားပါသည်၊ ဗိုလ်ရူးရူးပြီး၊(ဒီအက်စ်အေဖြေတုန်းကဝယ်ထားတာ၊ )တိုက်ဆိုင်လိုက်တာဗျာ။ မြေအောက်ခန်းမတစ်ခုထဲရောက်ပြီထင်၏၊ နှစ်ဘက်ညှပ်ခေါ်လာသူနှစ်ဦးမှတုံ့ကနဲရပ်သွားသည်၊ တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်နေသည်၊ တစ်ဝူးဝူး မြည်သံစကြားရပြီ၊ ကျွန်တော့်ဆံပင်၊ပုဆိုး၊အကျင်္ီ တို့လေထဲလွင့်ကာတစ်ဖျတ်ဖျတ်၊ အလွန်ကြီးမားပြီးမြင်းကောင်ရေအားကောင်းသောပန်ကာကြီးဘယ်နှစ်လုံးနှင့် ကျွန်တော့်ထံစုုပြုံ ထိုးထားသည်မသိပါ။ ချမ်းစိမ့်ကာ၊နှာတောင်မွှန်လာပြီ။ စာရွက်လှန်လှော သံတွေစကြားရသည်၊ ဇတ်လမ်းစပြီပေါ့–။ (ချောင်းဟန့်သံ — မင်းနာမည်ပြော ဟုမေးသဖြင့် ကို——– ဟုဖြေလိုက်သည်၊) ဘယ်ဘက်ပါးတစ်ခြမ်းလုံးဖျမ်းကနဲ ပူထူသွားကာ၊မည်သို့မျှထင်မှတ်မထားသောတုံ့ပြန်မှုကြောင့် အမှန်ပြောရ လျှင် လန့်ဖျတ်ကာ အောင်မယ်လေးဟုပင်အော်လိုက်မိပါသည်။ နာမည်မေးရင်မောင်တပ်ပြောဟု ထိုလူမှဆက်ပြောသည်ကို နားထဲမှ အမှတ်ပြုရင်း၊ ကိုယ့်ကိုယ်ကို (မကြောက်နဲ့ မကြောက်နဲ့– ကြောက်ရင်နှစ်ခါသေရတတ်တယ်– ခံရဲတာ မှ သတ္တိကွ )ဟုစိတ်ထဲအပြန်ပြန်ရေရွတ်ရင်းမာန်တင်းနေခိုက်၊ သူဘာမေးလိုက်သည်မသိ […]