badbabylay09@gmail.comOctober 15, 20101min861
လူတွေသည်၊ အကြောင်းအကျိုးမသိ၊ ကျိုးကြောင်းဆင်ခြင်ခြင်းလည်းမရှိ၊ အတ္တစိတ်လည်းများလှ၏။ မည်သို့ဖြစ်စေ၊ မေတ္တာထားလိုက်ပါ။ လူတွေသည်၊ ကောင်းသောအမှု သင်မည်မျှပြုသော်လည်း မရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။ မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။ သင်အောင်မြင်ပြီဆိုလျှင်၊ သင့်၌မိတ်ဆွေအတုအယောင်များရော၊ ရန်သူစစ်စစ်များပါရရှိလာလိမ့်မည်။ မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။ ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေကြုံချင်ကြုံရလိမ့်မည်။ မည်သို့ဖြစ်စေ၊ ရိုးဖြောင့်ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။ သင်ယနေ့ပြုသည့်ကောင်းသောအမှုကို မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။ မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကိုပြုမြဲပြုပါ။ အကြီးအကျယ်ဆုံး စိတ်ကူးဉာဏ်ရှိသည့် အမြင့်မားဆုံးပုဂ်ဂိုလ် သည်လည်း အနုံချာဆုံးစိတ်ထားရှိသည့် အသေးမွှားဆုံး လူထံ ဝေဖန်ခြင်းကဲ့ရဲ့ အပုပ်ချခြင်းခံချင်ခံနိုင်သည်။ မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာစဉ်းစား ကြံစည်ပါ။ လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတတ်သည်ဆိုသော်လည်း (လက်တွေ့၌ ) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ […]


badbabylay09@gmail.comOctober 15, 20101min1358
လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့စည်းပြီးဈေးအဝမှာသွားရောင်းတာနေမွန်းမတည့်ခင် ပန်းအားလုံးရောင်းလို့ကုန်သွားပြီးငွေငါးဆလောက်အမြတ်ရခဲ့တယ်၊ဖခင်များနေ့ရောက်တောဲ့ဒီလူကအဲဒီနည်းအတိုင်း ပန်းကလေးတွေရောင်းခဲ့ပြန်တယ်။နေစောင်းတဲ့အထိလေးပုံပုံတစ်ပုံတောင်ရောင်းမထွက်လို့ငွေရှုံးပြီးအိမ်ပြန်ခဲ့ရတယ်။ ဒါကိုကြည့်ရင်သားသမီးတွေကဖခင်ကိုဂုဏ်ပြုဖို့ထက်မိခင်ကိုပဲအလေးထားတယ်ဆိုတာထင်ရှားနေပါတယ်။ အဲဒါကိုအဖေများသိရင်ဘယ်လောက်များမျက်ရည်ကျလိုက်မလဲ။ စင်္ကာပူနိုင်ငံမှာ PR (Permanent Resident)ဖြစ်သွားတဲ့ဇနီးမောင်နှံကသားဦးသမီးဦးလေးတွေမွေးလာတဲ့အခါစင်္ကာပူက လူနေမှုစရိတ်မြင့်မားတဲ့အတွက်ကလေးထိန်းဖို့ရောမီးဖိုချောင်တာဝန်ယူဖို့ ရောကူဖော်လောင်ဖက်လိုအပ်တဲ့အတွက်မြန်မာနိုင်ငံကမိခင်ကြီးတွေကို စင်္ကာပူနိုင်ငံကိုအလည်လာဖို့လေယာဉ်လက်မှတ်ဝယ်ပြီးပို့ပေးကြပါတယ်။ ဖခင်အိုကြီးတွေကိုဘာလို့မခေါ်တာလဲလို့မေးကြည့်တော့အဖေကကလေးလည်းမထိန်းတက်ဘူး၊ ထမင်းဟင်းလည်းကောင်းကောင်း မချက်တက်ဘူးတဲ့။ဪသူတို့လေးတွေနိုင်ငံခြားမှာပညာသင်နိုင်ဖို့ လျှာမြက်ပေါက်လုမတက်ခြိုးခြံပြီးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့တဲ့ဖခင်ကို သူတို့တွေကောင်းစားတဲ့နိုင်ငံခြားမှာကြီးပွားချိန်ရောက်တော့အလည်တောင်မခေါ်ဘဲ မြန်မာပြည်မှာချန်ထားရစ်ခဲ့ကြတာအဖေများသိရင်ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။ ရပ်ဝေးမှာကျောင်းဆရာမအလုပ်လုပ်နေတဲ့အပျိုကြီးသမီးဖြစ်သူကိုစိတ်မချဘဲဖခင်ကရထားဘူတာရုံအထိ လာကြိုတော့တောသားကြီးတို့ထုံးစံအတိုင်းဖိနပ်မပါ၊ကွမ်းတမြုံ့မြုံ့ဝါးပြီး လူကြားထဲမှာသမီး၊သမီးလို့ဝမ်းသာအားရသမီးရဲ့ထမီထုပ်ကိုထမ်းဖို့အနားကပ်လာတဲ့ဖခင်ဖြစ်သူရဲ့ ပုံဆိုးပန်းဆိုးပုံစံကြောင့်သူငယ်ချင်းကျောင်းဆရာမတွေကြားမှာ ရှက်သွားတဲ့မြို့ကျောင်းက ဆရာမလေး သမီးဖြစ်သူက အဖေသမီးကို လူကြားထဲမှာ သမီးလို့ခေါ်ပါနဲ့တဲ့။ ဪဒါတွေကို အဖေများသိရင် ဘယ်လောက်များ မျက်ရည်ကျလိုက်မလဲ။ နယ်မြို့လေးကနေညကားနဲ့ပြန်လာတဲ့သမီးကိုဒီဇင်ဘာဆောင်းတွင်းကြီးအိမ်တံခါးပိတ် မအိပ်ဘဲထိုင်စောင့်နေတဲ့အဖေဟာအအေးဒဏ်ကြောင့် ကိုယ်တခြမ်းလေဖြန်းသွားခဲ့ဖူးတယ်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာမှာအားကြီးပေမဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာအားနည်းတက်တဲ့အဖေတွေဟာ စားဝတ်နေရေးအရှုပ်တော်ပုံတွေကြောင့် ဆေးလိပ်၊အရက်တွေနဲ့စိတ်ထွက်ပေါက်ရှာရင်းယစ်ထုတ်ကြီး ဖြစ်သွားခဲ့ကြတယ်။ သားသမီးရဲ့အညုအတုတွေဇနီးမယားရဲ့စကားနုနုတွေမတွေ့မကြားရတဲ့အဖေတွေဟာ ရေကြည်ရာမြက်နုရာရှာရင်းအပျော်မိန်းမတွေရဲ့မာယာဂယက်တွင်းသက်ဆင်းခဲ့ကြရင်း အိမ်ထောင်ရဲ့ဗီလိန်လူကြမ်းကြီးတွေဖြစ်သွားကြရတယ်။ အဲဒီလိုအိမ်ထောင်ဦးစီးမဖြစ်ခဲ့တဲ့ဗီလိန်လူကြမ်းကြီးအဖေတွေကိုစိတ်နာလွန်းလို့ အရွယ်ရောက်လာတဲ့သားသမီးတွေရဲ့မင်္ဂလာဆောင်ဖိတ်စာတွေထဲမှာ အဖေကိုသေပြီလို့သဘောမှတ်ပြီး အဖေ့နာမည်ကိုကွင်းကလေးထဲခတ်ပြီးဖိတ်စာမှာပုံနှိပ်ဖော်ပြခဲ့ကြတယ်။ ဒီထက်ပိုဆိုးတာကသားတစ်ဦးရဲ့မင်္ဂလာဆောင်ဖိတ်စာမှာတာဝန်မကျေတဲ့အဖေကို စိတ်အနာကြီးနာခဲ့တာကြောင့်မိဘအုပ်ထိန်းသူနေရာမှာအဖေရဲ့နာမည်ကိုလုံးဝဖျောက် အမေနာမည်တစ်လုံးတည်း ကို ပုံနှိပ်ဖော်ပြထားတာတွေ့ဖူးလိုက်ရဲ့။ ဒါဆိုဒီကလေးအဖေမပါဘဲမွေးခဲ့တာပေါ့။ စာရေးဆရာတစ်ဦးကပြောဖူးတယ်။အဖေ့အကြောင်းရေးထားတဲ့စာအုပ်ကိုသူပုံနှိပ်ထုတ်တာရောင်းမထွက်ဘဲရှုံးခဲ့ဖူးသတဲ့။ ဟုတ်ကဲ့ကျွန်တော်ရေးတဲ့အဖေ့မျက်ရည်ကိုဖတ်သူမရှိရင်လည်းနေပါစေအဖေတွေရဲ့ […]


badbabylay09@gmail.comOctober 15, 20101min1264
ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ ။ ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ ။ အပျက်အစီးတွေ ကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ် ဒူးကွေးပြီး ရှေ့ကို ကိုင်းနေတဲ့ ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြု ထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ် ။ ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ် ။ ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ဝမ်းသာအားရ လှမ်းအော်လိုက်တယ် ။ “လူရှိတယ် ကလေးတစ်ယောက်ရှိတယ် ၊ အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ် ။ ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် […]


badbabylay09@gmail.comOctober 13, 20108min600
မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား… တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd […]


badbabylay09@gmail.comOctober 13, 20101min1004
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်ပါတယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ပါဘူး။ တချို့က မိန်းကလေးတွေဟာ “တောင်တန်း” လိုပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ “ရေ” လိုပါပဲတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ […]


badbabylay09@gmail.comOctober 10, 20101min641
မုန်တိုင်းကြောင့် ရခိုင်နှင့် ဒေသအချို့ မိုးကြီးနိုင် ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ယနေ့မနက် တိုက်ခတ်ခဲ့သော မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ယနေ့မနက် စတိုက်သည့် မုန်တိုင်းသည် အင်အားမပြင်းဘဲ ဘင်္ဂလားကမ်းခြေ ဝင်ရောက်ခဲ့ပြီး ရခိုင်နှင့် မြောက်ပိုင်းပြည်နယ်အချို့ပေါ် ဖြတ်သန်းသွားနိုင်သဖြင့် မိုးကြီးဖွယ်ရှိကြောင်း ခန့်မှန်းသည်။ ’’မုန်တိုင်းဖြတ်တဲ့အခါ ရခိုင်မြောက်ပိုင်း၊ ချင်း၊ စစ်ကိုင်း montais မုန်တိုင်းငယ် တိုက်ခတ်မှုကြောင့် ပင်လယ်ရေလှိုင်းများ မြင့်တက်ရိုက်ခတ်နေပုံ အထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ နေရာအနှံ့ မိုးရွာနိုင်တယ်။ နေရာအလိုက် မိုးကြီးနိုင်ပါတယ်။ အထူးသတိပြုရမှာက ကုန်းမြင့်တွေမှာ မြေပြိုတာ၊ ရုတ်တရက် ရေကြီးတာတွေ ဖြစ်တတ်တယ်။ နောက် ၁၂ နာရီအတွင်း အနေအထားကို စောင့်ကြည့်ရမယ်။ […]


badbabylay09@gmail.comOctober 8, 20101min1140
လင်္ကာဆောင်ပုဒ် မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်သုံးပါးအစပ်၊နှစ်ရပ်မူလ ဝဋ်သုံးဝနှင့်ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ် ဤရှစ်သွယ်ကိုအလွယ်ကျက်မှတ်သိစေအပ်သည်သံသရာမှလွတ်ကြောင်းတည်း။ လင်္ကာဆောင်ပုဒ် အဖြေ ၁။ မူလနှစ်ဖြာ …. …. အဝိဇ္ဇာနှင့် တဏှာ။ ၂။သစ္စာနှစ်ခု …. …. သမုဒယသစ္စာ – ဒုက္ခသစ္စာ။ ၃။လေးခုအလွှာ …. …. အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။ ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။ ၄။အင်္ဂါတစ်ဆယ့်နှစ်ပါး …. …. အဝိဇ္ဇာ , သင်္ခါရ , ဝိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။ ၅။သုံးပါးအစပ် …. …. သင်္ခါရ […]


badbabylay09@gmail.comOctober 7, 20101min720
ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ ချစ်စွာသောသား…. အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ်။ မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။ မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။ အခု အမေတို့အိမ်အသစ်မှာ အဝတ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။ သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ […]


badbabylay09@gmail.comOctober 7, 20101min1081
ဆရာကြီး သခင် ကိုယ်တော်မှိုင်းလို့ အသံကြားရတိုင်း ကြည်ညိုစိတ်၊ လေးစားစိတ်၊ ချစ်ခင်စိတ် ပေါ်လာသည်ချည်း။ ‘ကွမ်းအစ်တစ်လုံး သျှောင်တစ်ထုံးနှင့် ရင်ဖုံးအင်္ကျီ ဖျင်ပင်နီနှင့် ယောထည်ပုဆိုး မင်ကြောင်ထိုးနှင့် အဘိုးကဝိ ပညာရှိ’ ဆိုတဲ့ ကိုယ်ရေးတဲ့ ကဗျာပိုဒ်ကလေးကို ကိုယ့်ဘာသာ သီဆိုရင်း ကြည်နူးပီတိနဲ့ မြင်ယောင်လာသည်ချည်း။ (၁၉၅ဝ)ခုနှစ်က မန္တလေးဘုရားကြီး (၄၅)တာကွင်းကြီးမှာ ဆရာကြီး မှိုင်းကို ကိုယ်တိုင်မြင်ခဲ့ဖူးတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆရာကြီးဟာ တစ်နိုင်ငံလုံးလှည့်ပြီး တရားဟောစဉ်ကပါ။ ဆရာကြီးရဲ့ ခန့်ညားပြီး ကြည်ညိုဖွယ်ရာ ဥပဓိရုပ်၊ အောင်မြင်ပြီး ကရုဏာသံ မေတ္တာသံပါတဲ့ အသံဩဇာ တို့ဟာ နှလုံးသားမှာ စွဲထင် နေရစ်ခဲ့တယ်။ ‘ဆရာမသေခင် ငြိမ်းချမ်းရေး ရတာကို မြင်ချင်တယ်’ လို့ မိဘရဲ့ မေတ္တာစမ်းရေသံကို မမေ့နိုင်ဘူး။ ‘ကောင်းကျိုး […]


badbabylay09@gmail.comSeptember 23, 20101min823
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။ ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။ တချို့က မိန်းကလေးတွေဟာ “တောင်တန်း”ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။ တချို့က မိန်းကလေးတွေဟာ “ရေ” ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။ မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။ မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။ မိန်းမကောင်းဆိုတာ […]


badbabylay09@gmail.comSeptember 11, 20101min815
ငါလား ‘အ’ တာ မ ‘အ’ ပါဘူးဟာ နင့်ကို ချစ်လို့ မသိချင်ယောင်ဆောင်နေတာပါ။ ငါလား နင့်ကို ယုံကြည်လွန်းတာ အယုံလွယ်တာ မဟုတ်ပါဘူး နင့်ကိုချစ်လွန်းလို့ နင်ပြောသမျှ ခေါင်းငြိမ့်နေတာပါ။ ငါလား နင့်ကို ပြန်မပြောရဲတာ မပြောရဲတာမဟုတ်ဘူး နင်လုပ်သမျှက ချစ်စရာကောင်းနေလို့ မပြောတာပါ။ ငါလား နင့်ကို ဂရုသိပ်စိုက်တာ အဲလိုမဟုတ်ပါဘူး နင့်ကို ချစ်လို့ ငါက နင်အတွက် စိုးရိမ်ပေးနေတာပါ။ ငါလား နင်ထားခဲ့မှာ ကြောက်မယ့်ကောင် ဒီလိုသဘောတော့ မဟုတ်ပါဘူး နင့်ကို မြတ်နိုးလို့ နင်နဲ့ ဝေးရမှာသာ ကြောက်တာပါ။ ငါလား နင့်မိဘတွေ သဘောမတူမှာ စိုးရိမ်တာ အဲလိုမဟုတ်ပါဘူး ငါ့ရဲ့ အားနည်းချက်ကြောင့် နင်နဲ့ ဝေးရမှာပဲ ကြောက်နေတာ။ ငါလား နင်နဲ့ […]


badbabylay09@gmail.comSeptember 11, 20101min1276
မိန်းမယူလျှင် မည်သို့ သော မိန်းမမျိုးကို ယူသင့်သနည်းဟု ယူသင့်တဲ့မိန်းမတော့ ဘယ်လို ဆိုတာမသိဘူး။ ယခု ဖော်ပြမယ့် မိန်းမတော့ ၃ မျိုး ၃ စားရှိတယ်။ ထို ၃ မျိုးကို အသေအချာ လေးလေးနက်နက် စဉ်းစားပြီးမှ ယူပါလေ ထို စဉ်းစား သင့်သော မိန်းမများမှာ ၁) ဆရာဝန်မ ၂) ကျောင်းဆရာမ ၃) စာရင်းကိုင် တို့ဖြစ်ပေသည်။ အကြောင်းမှာ အမှတ်စဉ် ၁ ဆရာဝန်မကို ယူလျှင် သင်သည် အပြုစုခံရန် စိတ်မကူးချေနှင့်။ ဝါ့ဒ်ဂျူတီ။ အွန်ကောလ် ၊ နိုက်တ်ဂျူတီ စသည်တို့ဖြင့် တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် အလုပ်တာဝန်များ များပေလျက် သင်ကပင် သူ့ မျက်နှာရိပ် မျက်နှာကဲ […]


badbabylay09@gmail.comSeptember 11, 20101min600
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက် ခြင်းကြောင့် ထူးကဲသော အံ့ဖွယ် ၄-ပါးတို့ ဖြစ်ပေါ်လာကြောင်းကို ဟောတော်မူသည်။ ရဟန်းတို့ မြတ်စွာဘုရားတို့၏ ပွင့်ထွန်းပေါ်ပေါက်ခြင်းကြောင့် မဖြစ်စဖူး ထူးကဲသောအံ့ဖွယ်တို့ ဖြစ်ပေါ်လာကုန်၏။ ယင်းတို့ကား- (၁) ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်၏ဝမ်းတိုက်သို့ သက်ဝင်သောအခါ နတ်နှင့်တကွသော လောက၌ အတိုင်းအဆမရှိ အလင်းရောင်သည် ဖြစ်ပေါ်လာ၏။ ထိုအလင်းရောင်ဖြင့် အမိုက်တိုက်အတိဖြစ်သော လောကန္တရိတ်ငရဲသားတို့သည်ပင် အချင်းချင်း မြင်ကြရ၏။ (၂) ဘုရားလောင်းသည် မယ်တော်၏ဝမ်းမှ ဖွားမြင်သောအခါ နတ်နှင့်တကွသော လောက၌ ထူးကဲသောအလင်းရောင်သည် ဖြစ်ပေါ်လာ၏။ (၃) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူသောအခါ၌လည်း လောက၌ ထူးကဲသော အလင်းရောင်သည် ဖြစ်ပေါ်လာ၏။ (၄) မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မာစကြာ (တရားစက်ကို […]