BaKoAugust 1, 20101min1092
လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများဆုံး သုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀ဝ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက်လိုင်းဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း  သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀ဝ ဝန်းကျင်ရှိကြောင်း သိရှိရသည်။ အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။  ‘အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal […]


BaKoJuly 31, 20101min881
ပြည်တွင်းနှင့် ပြည်ပမှ လွှင့်တင်ထားသည့် အများသုံးအင်တာနက်ဝက်ဘ်ဆိုက်များတွင် ပြည်တွင်းမှ နောက်ဆုံး ထွက်ရှိသည့် တေးစီးရီးခွေများအား သုံးစွဲလျက်ရှိပြီး  အခမဲ့ကူးယူခွင့်ပေးထားသည့် ဝက်ဘ်ဆိုက်များကြောင့် ထုတ်လုပ် ရေးများဘက်မှ နစ်နာမှုများရှိနေကြောင်း သိရသည်။ “ အခုက ပြောရမယ်ဆိုရင် ထုတ်လုပ်ရေးဘက်က ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို မသိတာ။ တချို့ဝက်ဘ်ဆိုက်တွေဆို တခြားဘာကဏ္ဍမှမပါဘဲ သီချင်းတွေချည်း ခွေလိုက်၊ ခွေလိုက်တင်ကြတာ။ ဒါနဲ့ပတ်သက်ပြီး လိုက်အရေးယူရအောင်လည်း ဒီမှာက ကော်ပီရိုက်တ်က ထိထိ ရောက်ရောက်မရှိတော့ တော်တော်လေးခက်ခဲနေတယ် ” ဟု တေးထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြော သည်။ ယင်းသို့ သီချင်းအသုံးပြုသည့် ဝက်ဘ်ဆိုက်များသည် ပြည်တွင်းပြည်ပမှ လွှင့်တင်ထားသည့် ဝက်ဘ် ဆိုက်များနှင့် ဘလော့အရေအတွက်မှာ စုစုပေါင်း ၃ဝနီးပါးခန့်ရှိပြီး အချို့ဆိုက်များမှာ သီချင်း အသုံးပြုမှု ကြောင့် […]


BaKoJuly 31, 20101min952
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်နှင့် အခြားသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ဇူလိုင် ၂၈ ရက်နေ့တွင် ဖော်ပြခဲ့သည့် နိုင်ငံခြားသတင်းဌာန များ၏ သတင်းများ အရသိရသည်။ အဆိုပါ သဘောတူစာချုပ်များကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အတွင်း လက်မှတ် ရေးထိုးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ၎င်းပြင် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ပေးမည့် လမ်းဖောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆ဝ ကမ်းလှမ်း ခဲ့ကြောင်း သိရသည်။ မြန်မာနှင့် အိန္ဒိယတို့သည် စီးပွားရေးပူးပေါင်း ဆောင်ရွက်သည့် စာချုပ်များအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် လက်နက်နှင့် […]