banbanMay 19, 20101min500
အမေနဲ့သား ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’ အမေ ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။ ကျွန်တော် ။ ။ ‘‘ကျွန်တော်မသိဘူး။’’ အမေ ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ… ကျွန်တော် ။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။ အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$ ^#&.. (တချီဆော်လိုက်တယ်…) အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ […]


banbanMay 18, 20101min482
မန်းတလေးမှာ အပူလွန်ကဲမှုကြောင့် လူကြီး… လူငယ်… ခလေးများ သေဆုံးနေကြရာ ကျန်ရစ်သူမိသားစုများအနေဖြင့် နာရေးကို စီစဉ်ရာတွင် သိပ်မပူသောအချိန် မနက်ပိုင်းကို ရွေးကြတာ များပါတယ်။ သုဿန်များတွင်လည်း နာရေးများ အလွန်များပြားနေသောကြောင့် အချိန်ပြည့် အလုပ်ရှုပ်နေကြပါတယ်။ မနက်ပိုင်း ၉နာရီမှ ၁ဝနာရီအတွင်း နာရေးကိစ္စ ပြီးချင်သော သူများသည် ကျပ် နှစ်သောင်းပေး၍  အချိန်ညှိရသည်ဟု နာရေးမိသားစုတစ်ခုမှ ပြောပြပါသည်။ 17-5-2010 တနင်္လာနေ့ညပိုင်းတွင် မိုးရွာသောကြောင့် အပူချိန်အတော်လေးလျော့သွားပါပြီ။ သေဆုံးသူဦးရေ လျော့နည်းသွားမည်ဟု မျှော်မှန်းရပါသည်။ မန်းတလေးမြို  ့ရှိ ဆေးဆိုင်အတော်များများတွင်လည်း ဓါတ်ဆားထုပ်များ ပစ္စည်းပြတ်သလောက်ဖြစ်နေပါသည်။ လက်လီလက်ကားရောင်းချသော ဆေးဆိုင်များတွင် လက်ရှိရောင်းဈေးမှာ ဓါတ်ဆားတစ်ထုပ်ကို ၃၅ဝကျပ် ပေးရပါသည်။


banbanMay 17, 20101min1137
တစ်နေ့  မူလတန်းကျောင်းတစ်ကျောင်းမှာ ဝန်ကြီးရောက်လာပီး ကျောင်းအခြေအနေကိုလာကြည့်ပါတယ်။  ကျောင်းစာသင်ခန်းတွေကိုပါ ဝင်ကြည့်ပီး ကျောင်းသား/သူတွေကို စကားပြောပါတယ်။ ” သားတို့သမီးတို့အနေနဲ့ ကျောင်းစည်းကမ်းကိုလိုက်နာရမယ်။ တစ်ကိုယ်ရေကျန်းမာရေးကို ဂရုစိုက်ရမယ်။ သားတို့သမီးတို့အနေနဲ့  ကျောင်းကြီးသန့်ရှင်းလှပဖို့အတွက် တံမြက်စည်းတွေ ရေအိုးတွေ ရေစစ်တွေလှူရမယ် ” လို့ ပြောလိုက်ရော ကျောင်းသားတစ်ယောက်ကထပီး ” သား က တံမြက်စည်း လှူပါမယ့်ခင်ဗျ ” ကျောင်းသူတစ်ယောက်ကလည်း ” သမီးက ရေစစ်လှူပါမယ်ရှင့် ” ကျောင်းသားတစ်ယောက်ကလည်းအားကျမခံထပီးပြောသည်။ ” သားက ဆရာမအတွက် ထမီ လှူပါမယ်ခင်ဗျ”


banbanMay 17, 20101min853
မန်းတလေးတွင် အပူချိန်လွန်ကဲမှု့ကြောင့် သက်ကြီးရွယ်အိုများနှင့် ခလေးများ သေဆုံးမှု့နှုန်း များပြားနေပါသည်။ ပြီးခဲ့တဲ့ စနေနေ့ တစ်နေ့တည်းတွင်ကို တောင်မြင့်သုဿန်တွင် သေဆုံးသူဦးရေ (၁၅၂) ဦး ရှိကြောင်း သိရပါသည်။ ၃ရက်ပေါင်း ကြာနီကန်နှင့်တောင်မြင့်တွင် သေဆုံးသူဦးရေ (၁၀၀၀)ကျော် သွားပြီဟု သိရသည်။ ပုဂ္ဂလိကဆေးရုံများတွင်လည်း အခန်းတိုင်း လူနာများပြည့်နေပါသည်။ အဲယားကွန်းတပ်ထားသော တည်းခိုခန်း၊ ဟိုတယ်များတွင်လည်း အခန်းတိုင်း လူပြည့်နေသည်။ ၁၆.၅.၂၀၁ဝ တနင်္ဂနွေနေ့ညနေတွင် မိုးရွာသောကြောင့် မန်းတလေးသူ/သားများ စိတ်ချမ်းသာနေကြပါသည်။ (မိုးရွာပါမှပဲ…ခြေကန်တိုင်ပတ်ပီး လွန်ဆွဲရတာလည်း မောလှပီ).. မိုးရွာသွန်းမှုကြောင့် အပူချိန်လည်း အတော်လေးလျော့နည်းသွားသည်။ အောင်ပင်လယ်အရှေ့ဘက် လက်ကောင်းကျေးရွာနှင့် ကျောက်မီးကြားနေရာများတွင် လေပြင်းများ တိုက်ခတ်မှု့ကြောင့် ကားလမ်းပေါ်တွင် သစ်ပင်များ ကျိုးကြနေပါသည်။


banbanMay 13, 20101min720
ဘဝအသက်ရှင်ရေးအတွက် မိမိတို့ကျင်လည်သောအရပ်မှာ ကျွမ်းကျင်သောအတတ်နှင့် အတ္တဟိတ၊ပရဟိတ လုပ်ငန်းလေးတွေ လုပ်ကိုင်နေရင်းဖြင့် ဘဝတစ်နေ့တာမှာ ရှင်သန်ရတဲ့ အကျိုးအမြတ်လေးများရပြီး ဘဝအမောတွေပြေစေနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာ မွန်မြတ်လှတဲ့လုပ်ငန်းလေးတွေလုပ်ပြီး တန်ဘိုးရှိတဲ့ နေထိုင်မှုလေးတွေ ပိုင်ဆိုင်သွားနိုင်ပါစေ လို့လည်း ဆဒ္ဒပြုဦးညွှတ်လိုက်ပါတယ်။ တန်ဘိုးရှိတဲ့နေထိုင်မှု ဆိုတာ အဆင့်တန်းမြင့်တဲ့ အသုံးအဆောင် ပရိဘောဂနှင့် ဇိမ်ခံပစ္စည်းတွေနဲ့ နေထိုင်နေရခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ မွန်မြတ်သန့်စင် တဲ့၊ ကြီးကျယ်မြင့်မြတ်တဲ့စိတ် ထားလေးနဲ့နေထိုင်ခြင်းကိုဆိုလိုပါတယ်။ ဒီလိုမြင့်မြတ်တဲ့စိတ်ကလေးကို ထား တတ်ဖို့ အားလုံးသော ဘာသာတရားတိုင်းမှာလည်း လမ်းညွှန်ဆုံးမထားတာများရှိပါတယ်။ ကိုယ့်ဘာသာ၊ ကိုယ်လူမျိုးမှာ ကိုယ်ကိုယ်တိုင်က လိုက်နာနိုင်ဖို့ပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှလည်းမြတ်ဗုဒ္ဓဘာသာမှာလည်း မြတ်ဗုဒ္ဓကလူသားရဲ့ စိတ်ကို အကောင်းဆုံး အသုံးချတတ်ဖို့ နည်းပေးလမ်းညွှန်ထားတာလေး တွေရှိပါတယ်။ လူမှာ အဆန်းကျယ်ဆုံးက စိတ်ပါပဲ။ကောင်းအောင် လုပ်တာလဲ ဒီစိတ်ပါပဲ […]