bigbirdFebruary 13, 20111min32119
ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ကောင်မလေးနှစ်ယောက်ဟာ ချစ်ကြိုက်လာကြတာချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါ မှာလက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်…. ကောင်းလေးကတော့ပျော်ရွှင်စရာကောင်းမယ့်သူ တို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့….. .ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေး က တခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲ လက်ထပ်သွားတယ်ဆိုတဲ့သတင်းကို ကောင်လေးကြားလိုက်ရတယ်….. သူစုံစမ်းကြည့် လိုက်တော့ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်…… အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်း အရမ်းအံ့ဩပြီးအရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်…… မကြာခင်မှာပဲကောင်လေးလည်း စိတ် ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်…. အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်…. ဆရာဝန်ပြလည်းမသက်သာတော့ဘူး…. တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်.. အိမ်ဖော် ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့ “ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်…  ဘုန်းတော်ကြီးကပြုံးပြီးတော့….. “ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး.. ဒီအိမ်မှာလူမမာရှိတယ်ကြားလို့ကိုယ်တော်ကလည်း ဆေးနည်းနည်းကုတတ်တော့လာ ကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်… အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ်ဆိုတဲ့အကြောင်း ပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့်ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်……. ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင် ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကိုတွေ့လိုက်ရတယ်…. အိမ်ဖော်မိန်းကလေးလည်းဘုန်းတော်ကြီးအတွက် […]


bigbirdFebruary 9, 20111min1144
အရွယ်ရောက်ပြီးသူများ( ၁၈နှစ်အထက်) သာကြည့်ရှ ုရန်ထုတ်လွှင့်ပြသသော ဟောင်ကောင် TV လိုင်း တစ်ခုတွင် အထူအစီအစဉ်အနေဖြင့် မိန်းမလှလေးတစ်ဦး၏ အဝတ်အစားမပါပဲ ဟင်းချက်ပြသသောအစီအစဉ်ကို ယခုလနှောင်းပိုင်းမှစ၍  စတင်ထုတ်လွှင့်တော့မည်ဖြစ်ကြောင်း ယနေ ့ထုတ် Thairath သတင်းဌာနတွင် ဖော်ပြပါရှိပါသည်။  အဆိုပါအစီအစဉ်ကို ထုတ်လွှင့်ရခြင်း မှာ အိမ်ထောင်ရှင်အမျိုးသားများ မီးဖိုချောင်ကိစ္စ ပိုမိုစိတ်ဝင်စားလာအောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဖော်လေလာ့ ချိင် အမည်ရှိသူ အသက် ၂၆ နှစ်အရွယ် အစီအစဉ်တင်ဆက်သူ ထိုမိန်းခလေး မှာ အဝတ်အစားလုံးဝမဝတ်ပဲ ပလက်စတစ် အကြည်ရောင် အပေခံအဝတ်တစ်ခုကိုသာ ဝတ်ဆင်ထား မည်ဖြစ်ပြီး အစီအစဉ်မှာ မိနစ် ၃ဝ ကြာမည်ဖြစ်ပါသည်။ ထိုအစီအစဉ်အောင်မြင် လူကြိုက်များပါက  အလားတူအစီအစဉ်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။


bigbirdJanuary 30, 20111min600
ရဟန်းတို့ သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း ‘လက္ခဏာ’၊ သူမိုက်ဟု သိကြောင်း အမှတ် ‘နိမိတ်’၊ သူမိုက် ဟု ထင်ရှားကြောင်း အပြုအမူ ‘အပဒါန်’ တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်း ဟူမူ- ရဟန်းတို့ ဤလောက၌ သူမိုက်သည် ၁… မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ၂… မကောင်းသော စကားကိုလည်း ပြောလေ့ရှိ၏၊ ၃… မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ သူမိုက်သည် မကောင်းသော အကြံကိုလည်း အကယ်၍ ကြံလေ့ မရှိငြားအံ့၊ မကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ မကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့မရှိငြားအံ့၊ ထိုသူကို ”ဤသူကား သူမိုက် သူယုတ်တည်း” ဟု […]


bigbirdJanuary 30, 20111min12913
တရုတ်နိုင်ငံ ရှောင်လင်ဘုန်းကြီးကျောင်းများမှ ဘုန်းကြီးများသည် ကွန်ဖူသိုင်းလေ့ကျင့်ခြင်းကို အမြဲတစေပြုလုပ်လေ့ကျင့်ကြပြီး မိမိတို ့ခန္တာကိုယ်အား ပုံမှန်ထက်ပို၍ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့် ကြပါသည်။ ထိခိုက်လွယ်ပြီး  အားနည်းချက်တစ်နေရာဖြစ်သော ယောက်ကျားအင်္ဂါ အား မာကျောအောင်လေ့ကျင့်ထားသူ ဘုန်းကြီးတစ်ပါးမှ တရုတ်ရုပ်မြင်သံကြားအစီအစဉ် တစ်ခုတွင် တစ်ပါးသူ၏ အကန်ကိုခံနိုင်ရည်ရှိခြင်းဖြင့် မိမိ၏ကွန်ဖူသိုင်းပညာစွမ်းအား  ပြသခဲ့ပါသည်။


bigbirdJanuary 30, 20111min729
ကာမစိတ်ဆန္ဒပြင်းပြလွန်းသော မိမိဇနီးဖြစ်သူ၏အတင်းအဓမ္မတောင်းဆိုမှ ုများကိုမခံနိုင်လွန်း၍ ဧည့်ခန်းအတွင်းရှိ ဆိုဖာထိုင်ခုံတွင် ၄နှစ်ကြာအိပ်စက်ခဲ့ရသော တူရကီအမျိုးသားတစ်ဦးသည် မိမိအားထိုဇနီးဖြစ်သူ၏ရန်မှ အကာအကွယ်ပေးရန် ကွာရှင်းစာချုပ်အားကိုင်ဆောင်၍ တူရကီရဲစခန်း တစ်ခုတွင် Jauuary 30 ရက်နေ ့ကသွားရောက်တိုင်တန်းခဲ့ကြောင်း ယနေ ့ထုတ် Thairath သတင်း တွင်ဖော်ပြပါရှိပါသည်။ အိမ်ထောင်သက် ၁၈နှစ်ရှိပြီး သားသမီး ၂ ဦးရှိသော ထိုသူက မိမိမှာအိပ်ကောင်း တိုင်းမအိပ်ရ၊ စားကောင်းတိုင်းမစားရ ပဲ အချိန်ပြည့်တောင်းဆိုနေသော ဇနီးဖြစ်သူအား သည်းမခံနိုင်တော့ ကြောင်း။ ကွာရှင်းရန်တောင်းဆိုရခြင်းမှာ အေးဆေးစွာအနားယူနိုင်ရန်နှင့် အလုပ်ပိုလုပ်နိုင်ရန် အတွက်ဖြစ် ကြောင်းဖော်ပြပါရှိပါသည်။


bigbirdJanuary 30, 20111min754
ဘရာဇီးနိုင်ငံတွင် January 29 ရက်နေ ့က အသက်၆၄နှစ်အရွယ်ရှိ စေဘက်တီယနာ ဆိုသူ အမျိုးသမီးကြီး တစ်ဦးအား ၁၂စတုရန်းမီတာသာရှိသော၊ မစင်များ၊ပိုးဟပ်များဖြင့်ပြည့်နှပ်နေ နေသော မြေအောက်အခန်းကျင်းလေးထဲတွင် တွေ ့ရှိကယ်ဆယ်ခဲ့ကြောင်း ဘရာဇီးရဲအရာရှိမှ ရိုက်တာသတင်းဌာနအားပြောကြားသွားပါသည်။ အဝတ်အစားမရှိပဲ စောင်တစ်ထည်သာ ရှိသည်ဟုရဲကပြောပါသည်။ ထို ့နောက်ထိုအိမ်တွင်နေထိုင်သော ခင်ပွန်းဖြစ်သူ ကျောပါတီစတာ နှင့်အတူနေအမျိုးသမီးတစ်ဦးတို ့အားရဲမှဖမ်းဆီးတရားစွဲဆိုခဲ့ပါသည်။ ထိုသူကဇနီးဖြစ်သူအား မြေအောက်ခန်းတွင်း၁၆နှစ်ကြာ လှောင်ပိတ်ထားသည်ကို ဝန်ခံခဲ့ပြီး စိတ္တဇရောဂါဖြင့် သောင်းကျန်း သောကြောင့် ထိုသို ့ပြုလုပ်ရခြင်းဖြစ်ကြောင်းဆိုပါသည်။ ဘရာဇီးရဲမှပြောကြားရာတွင် ထိုအမျိုးသမီးမှာစိတ္တဇရောဂါရှိကြောင်း၊သို ့သော်ထိုစိတ္တဇမှာ ၁၆နှစ်ကြာပိတ်လှောင်ထားခြင်းခံရသော ကြောင့်ကြောက်ရွှံ ့နေသောစိတ္တဇသာဖြစ်ကြောင်း၊ သောင်းကျန်းသောအမူအရာမတွေ ့ရကြောင်း၊ တရားရုံးကအပြစ်ရှိသည်ဟု ယူဆပါက ထောင်ဒဏ် ၈နှစ်ကျခံရမှာဖြစ်ကြောင်းပါရှိပါသည်။


bigbirdJanuary 23, 20111min722
မက်ဆီကိုနိုင်ငံသည် January 24 ရက်နေ ့မှစ၍ ကမ္ဘာပေါ်တွင် ပထမဆုံးနိုင်ငံအဖြစ် နိုင်ငံသားကဒ်တွင် မျက်လုံး scan ဆွဲ၍ထည့်သွင်းတော့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေငြာသွားပါသည်။ ၉၉% စိတ်ချယုံကြည်မှ ုရရှိရန်အတွက် ထိုကဲ့သို ့ပြုလုပ်ရခြင်းဖြစ်ကြောင်း။ လူငယ်များကို အရင်ဦးစွာ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင်မှ လူကြီးပိုင်းအားပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း။ အမေရိကန်ဒေါ်လာ ၂၅ သန်း ကုန်ကျခံကာ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Thairath သတင်းတွင် ဖော်ပြပါရှိပါသည်။


bigbirdJanuary 23, 20112min13810
Big brother  ရုပ်မြင်သံကြား အစီအစဉ်ဖြင့် နာမည်ရရှိလာသော အသက် ၂၃ နှစ်အရွယ် ဂျာမနီ အနုပညာရှင်တစ်ဦးဖြစ်သူ Sexy Cora ဆိုသူသည်  ၆ကြိမ်မြောက် ရင်သားတိုးမြှင့်ခွဲစိတ်ရာမှ မတော်တစ ဖြစ်ကာဝေဒနာကို  ၉ရက်ကြာခံစားပြီးနောက် သေဆုံးသွားပြီးဖြစ်ကြောင်း BBC သတင်း ဌာနမှ ဖော်ပြပါသည်။ German reality TV star Cora dies after sixth breast op Carolin Berger died in Hamburg Continue reading the main story Related stories Germany country profile German tabloids have been mourning reality TV […]


bigbirdJanuary 23, 20111min1053
မိခင်ဖြစ်သူမှ အစိုးရနှင့်စေတနာရှင်များအားအကူအညီတောင်း ထိုင်းနိုင်ငံ ပထုံဌာဏီ မြို ့ရှိ အသက် ၁၃ နှစ်အရွယ်လူငယ်လေးတစ်ဦးသည် ကိုယ်အလေးချိန် ၃၀ဝ Kg ထိ ရှိပြီး  အဝလွန်ရောဂါ ဖြစ်ပွားလျှက်ရှိရာ ဈေးရောင်းဈေးဝယ်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော မိခင်ဖြစ်သူမှ မိမိသားဖြစ်သူအားကုသရန်အတွက် ငွေကြေးအခက်အခဲရှိသောကြောင့်ဝိုင်းဝန်းကူညီကြပါရန် Thairath သတင်းဌာနတွင် january 22 ရက်နေ ့က ဖော်ပြထားပါသည်။ လွန်ခဲ့သောနှစ်က ကိုယ်အလေး ချိန် ကီလို ၁၀ဝ သာရှိသေးသော ၆တန်း ကျောင်းသားဖြစ်သူ ထိုလူကလေးသည် ယခုနှစ်တွင်မှ အစမတန် လျင်မြန်စွာ ဝ တက်လာခြင်းဖြစ်ပါသည်။


bigbirdJanuary 21, 20111min21014
တရုတ်နိုင်ငံ ချင်းတူမြို ့ထုတ် ချင်းတူဝန်ပေါင်း သတင်းစာတွင် အသက်၂၆ နှစ်အရွယ် မိန်းမလှလေး တစ်ဦးသည် လမ်းလယ်ခေါင်တွင် အောက်ပါအဓိပ္ပါယ်ရှိသော ဆိုင်းဘုတ်အားကိုင်ဆောင်ထားကြောင်း။ ဆိုင်းဘုတ်တွင် “”နှစ်ကူးမှာအတူနွှဲဖို ့ ချစ်သူရှာနေပါတယ်။ ၅ရက် ကို လုပ်အားခ ၁၀၀၀ဝ ယူဝန်””   လို ့ ရေးသားထားပါတယ်။ မြန်မာကျပ်ငွေ ၁၄ သိန်းခန် ့ ရှိပါတယ်။ နှစ်ကူးမှာ ကျမချစ်သူကို ကျမရဲ ့ မိဘ မောင်နှမ တွေနဲ ့ မိတ်ဆက်ပေးချင်ကြောင်း သူမကဆိုပါတယ်။


bigbirdJanuary 21, 20111min1273
ကမ္ဘေားဒီးယားဝန်ကြီးချုပ် သားဖြစ်သူအား အာဏာလွဲပြောင်းဆက်ခံနိုင်ရန် အကွက်ကျ ကြံစည်အားထုတ် နေကြောင်း။ နှစ်ပေါင်းများစွာ ဒီမိုကရေစီအာဏာရှင်စနစ်ဖြင့်အုပ်စိုးခဲ့သော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟူဆင် သည် အသက် ၃၃ နှစ်ရှိသေးသော ၎င်း၏သားဖြစ်သူအား ဗိုလ်မှ ူးကြီးအဆင့်ထိ ရာထူးတိုးမြှင့် လိုက်ခြင်းအပေါ် အများပြည်သူ နှင့် နိုင်ငံတကာမှ သံသယရှိနေကြကြောင်း daily news တွင် ဖော်ပြပါရှိပါသည်။


bigbirdJanuary 21, 20111min19815
ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို ့ တစ်ခုဖြစ်သော ချွန်ပူလီမြို ့တွင် ဘုန်းကြီးယောင်ဆောင်၍ အလှူလိုက်ခံနေသူများအား ရဲတပ်ဖွဲ ့မှ လိုက်လံဖမ်းစီးခဲ့ရာ စိတ်ကြွဆေး၊ကျည်ဆံနှင့်သေနက် တို ့ပါ တွေ ့ရှိခဲ့ကြောင်း ယနေ ့ထုတ် Thairath သတင်းတွင် ဖော်ပြပါရှိပါသည်။


bigbirdJanuary 20, 20111min652
လာမည့်နွေရာသီတွင် မွေးဖွားတော့မည့် ကမာ္ဘကျော် အင်္ဂလန်ဘောလုံးသမား ဒေးဗစ် ဘက်ဟမ်း ၏ ၄ ရောက်မြောက် ကလေးအား အမေရိကန်နိုင်ငံတွင် မွေးဖွားမည်ဟုသိရသည်။ ထိုကဲ့သို ့အမေရိကား တွင်မွေးဖွားရခြင်းမှာ မိမိတို ့၏ ထိုကလေးအား အမေရိကန်နိုင်ငံသားအဖြစ် ရရှိလိုခြင်းကြောင့်ဖြစ်သည်ဟု ၎င်းတို ့ဇနီးမောင်နှံမှ သတင်းထောက်များအား ပြောကြားသွားပါသည်။