bigbirdApril 24, 20111min22712
ထိုင်းနိုင်ငံမှ တက္ကစီကားမောင်းသူတစ်ဦးဟာ နိုင်ငံခြားခရီးသည်တစ်ဦးကားပေါ်တွင်မေ့ကျန်ခဲ့သော ပိုက်ဆံအိတ်တစ်လုံးကို ရှာဖွေပြီး ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဒီနေ့ထုတ် http://www.komchadluek.net/index.php သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါအိတ်ထဲမှာ ဘတ်ငွေ ၅ သိန်းနဲ့အတူ အရေးကြီးစာရွတ်စာတမ်းများ ပါရှိပါတယ်။ တက္ကစီမောင်းသမားက FM 91 radio ဌာနကို အကူအညီတောင်းပြီး ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။ ပိုင်ရှင်ဖြစ်သူကလဲ စိတ်ထားဖြောင့်မှန်သော အဆိုပါ တက္ကစီမောင်းသူအား ဆုငွေအဖြစ်ဘတ်ငွေ တစ်သောင်း ပေးအပ်ခဲ့ပါတယ်။


bigbirdApril 24, 20111min520
ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ နှစ်နိုင်ငံ နယ်စပ်မှာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပါတယ်။ ထိုင်းစစ်သား ၄ ဦးနဲ့ ကန်ပူးချား စစ်သား ၆ဦး ကျဆုံးသွားပြီးလို့ဆိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကြီးများသုံး၍ အပြန်အလှန်ပစ်ခတ်နေဆဲရှိပါတယ်။ တိုက်ပွဲဖြစ်ပွားရာဒေသရှိ နှစ်ဖက်နိုင်ငံသားများကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။


bigbirdApril 24, 20111min13710
ထိုင်းနိုင်ငံတောင်ပိုင်း လယောင်းမြို့တွင် ဒီကနေ့စိတ်ကြွဆေးအလွန်အကျွံသုံးစွဲရာမှ စိတ်ထိခိုက်စရာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အသက်၃၈နှစ်အရွယ်ရှိ ဖခင်ဖြစ်သူဆေးကြောင်ရာမှ အသက် ၁ဝနှစ်ရှိသူသားကြီးဖြစ်သူနှင့် ၁ နှစ် ရ လ အရွယ်ရှိ သားငယ်ဖြစ်သူတို့အား ခေါင်းဖြတ်သတ်အပြီးမှာ မိမိကိုယ်ကို သတ်သေသွားသည်ဟု ဆိုပါတယ်။ ထိုသို့ မသတ်သေမှီ စိတ်ရိုင်းဝင်နေသော ထိုသူအား ဝင်ရောက်ဖမ်းဆီးတားမြစ်ရန် ကြိုးစားကြသော ဇနီးဖြစ်သူနှင့် အိမ်နီနားချင်းတစ်ဦးတို့ပါ ဓါးဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်လိုက်ရသည်ဟု ဆိုပါသည်။ http://www.khaosod.co.th/view_newsonline.php?newsid=TVRNd016WXpNVEE1TVE9PQ==&sectionid=


bigbirdApril 23, 20111min53726
ထိုင်းနိုင်ငံ အံထောင်းမြို့မှာ ဒီကနေ့ လိင်တူမင်္ဂလာဆောင်တစ်ခု အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပြီးလို့ ဆိုပြန်ပါတယ်။ သတို့သားက အသက် ၂ဝ ရှိပြီး သတို့သမီးက အသက် ၂ရ နှစ်ရှိတယ်လို့ဆိုပါတယ်။ သမီးရည်းစားသက်တမ်းက ၄ လ ရှိတယ်လို့ဆိုပါတယ်။ အောက်မှာ ဓါတ်ပုံတွေ ပြထားပေးပါတယ်။


bigbirdApril 23, 20111min642
ဒီနေ့မှ ဘန်ကောက်မှာ ပိတောက်တွေပွင့်တာ တွေ့ရတယ်။ အရင်တုန်းက သင်္ကြန်မကျခင် ရက်အနည်းငယ်ကြိုပြီးပွင့်နေကျပါ ။ အခုတော့ သစ္စာမရှိတော့တာလား ပိတောက်ရယ်…သင်္ကြန်ရက်တွေတုန်းက မင်းကိုမတွေ့ခဲ့ရလို့ လွမ်းဆွတ်ဆွတ်ဖြစ်နေခဲ့တာ အခုမှ အလွမ်းပြေမင်းရောက်လာတာလားကွာ…ဘာပဲဖြစ်ဖြစ် သစ္စာမဲ့ပိတောက်လို့တော့ မပြောရက်ပါဘူးကွယ်…အချိန်မမှန်ပေမယ့် တစ်နှစ်မှာ တစ်ခါတော့ရောက်အောင်လာပေးတဲ့မင်းကို ကျေးဇူးတင်ရမှာပါ… ဒါပေမယ့် နောက်နှစ်တွေကျရင် သင်္ကြန်မကျခင် ကြိုလာပေးပါလို့ တောင်းပန်ပါရစေ ပိတောက်ရယ်..ကိုငှက်ကြီး ဆက်ဆက်မျှော်နေပါ့မယ်။


bigbirdApril 21, 20111min17716
တရုတ်နိုင်ငံက ကြောင်မကြီးတစ်ကောင်ဟာ သားနှစ်ကောင်မွေးရာမှာ တစ်ကောင်သည် ခွေးကလေးဖြစ်နေတယ်လို့ဆိုပါတယ်။ ပိုင်ရှင်ဖြစ်သူဟာ ကြောင်နှင့်အတူ ခွေးလဲမွေးထားတယ်လို့ဆိုပါတယ်။ ကြောင်နဲ့ခွေးမျိုးစပ်ပြီး ပေါက်ဖွားလာတာများဖြစ်လေမလားလို့ တစ်ချို့ကထင်ကြေးပေးကြပါတယ်။ ဒါပေမယ့် တိရစာ္ဆန်ဆေးကုဆရာဝန်များကတော့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း..ဆိုကြပါတယ်။


bigbirdApril 18, 20111min31519
မနေ့က ထိုင်းနိုင်ငံ အန်ထောင်းမြို့မှာ အသက် ၁၂ နှစ်အရွယ် ညီမအရင်းဖြစ်သူအား အချိန်အတော်ကြာ အဓမ္မပြုကျင့်ခဲ့သော အကိုအရင်းဖြစ်သူ အသက် ၁၇၊ ၁၉ နှစ် လူယုတ်မာနှစ်ဦးအား ထိုင်းရဲကဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ထိုခလေးမလေးမှာ ဘယ်သူမှမတိုင်ကြားရဲပဲ နေခဲ့ရာမှ နောက်ဆုံးဆီးသွားရန်ခက်ခဲသဖြင့် ဆေးရုံသို့သွားရာ ဆရာဝန်မှစစ်ဆေးတွေ့ရှိပြီး ရဲအားတိုင်ကြားခဲ့ခြင်းဖြစ်ပါသည်။ တရားခံများကလဲ ဝန်ခံကြပြီး မူးယစ်ဆေးဝါးကြောင့် ယခုကဲ့သို့ကျူးလွန်မိကြောင်း ဆိုပါတယ်။ မနက်ဖြန်တွင် တရားခံများအား တရားရုံးသို့ပိုဆောင်မှာဖြစ်ပြီး ထိုခလေးမအား စိတ်ဓါတ်ပြန်လည်ပြုစုပျိုးထောင်ရေးစခန်းသို့ပို့ဆောင်သွားမည်ဟုဆိုပါတယ်။ ထိုသူများ၏ အုပ်ထိန်းသူမည်သူမည်ဝါဖြစ်ကြောင်းဖော်ပြထားခြင်းမရှိပါ။


bigbirdApril 17, 20111min26718
ထိုင်းသင်္ကြန်မှာ အပျော်လွန်ကဲပြီး အပေါ်ပိုင်းလုံးဝချွတ်ကာ ကပြခဲ့သော မိန်းကလေးများအား ထိုင်းရဲမှ ဖမ်းဆီးဒဏ်ရိုက်ခဲ့တယ်လို့ဆိုပါတယ်။


bigbirdApril 17, 20111min43116
(၁)……..ဇာတ်လမ်းလေးအစမှာတော့ ကျွန်တော်ဟာဆင်းရဲချို့တဲ့မိသားစုက ကလေးငယ်လေးတစ်ယောက်ပေါ့။ နပ်မမှန်တဲ့ထမင်း မလောက်မငှတဲ့ထမင်းတွေကြားထဲမှာ ကြီးပြင်းခဲ့ရပေမယ့် ထမင်းစားချိန်ကိုရောက်တဲ့အခါတိုင်း ကျွန်တော့်ကို ထမင်းတွေပိုထည့်ပေးပြီး ” များများစားပါသားရယ်..အမေဗိုက်မဆာလို့ပါ” ပြောတာဟာ အမေကျွန်တော့ကို ပထမဦးဆုံးညာခြင်းပါပဲ။ (၂)……..ကျွန်တော်အရွယ်လေးရလာတော့ ခန္တာကိုယ်ဖွံ့ဖြိုးထွားကျိုင်းရန်အဟာရလိုအပ်တဲ့အရွယ်မို့ အားတဲ့အချိန်လေးမှာ အမေကိုယ်တိုင် မြစ်ထဲသွားပြီးဖမ်းခဲ့တဲ့ ငါးကို ဟင်းချိုလေး ချက်ကျွေးတုန်းက အသားတွေကို ကျွန်တော့ပန်ကန်ထဲထည့်ပေးပြီး အသားအနည်းငယ်ကပ်နေတဲ့အရိုးတွေကိုသာ စားနေတဲ့အမေကို ကျွန်တော်ကအသားတွေခွဲပေးတဲ့အခါမှာ အမေကငြင်းဆန်ပြီး ”သားပဲစားပါသားရယ်..အမေ အသားငါးသိပ်မကြိုက်လို့ပါ” ဆိုပြီး ၂ ကြိမ်မြောက် အမေ ကျွန်တော့ကိုညာခဲ့ပြန်ပါတယ်။ (၃)………….ကျွန်တော်ကျောင်းသားအရွယ်ရောက်လာတော့ ကျူရှင်တက်နိုင်ဖို့အတွက် ငွေပိုရရှိရန် စက်ရုံကအထည်တွေကို အိမ်ပြန်ယူလာပြီး ည ၂ နာရီလောက်ထိ ထိုင်ချုပ်နေတဲ့အမေကို အိပ်ပါတော့အမေရယ်..နက်ဖြန်လဲ အလုပ်ဆင်းရဦးမှာလို့ ကျွန်တော်ပြောတုန်းက ” သားအိပ်ပါသားရယ်..အမေအိပ်မငိုက်သေးလို့ပါ” လို့ ပြုံးပြုံးလေးပြန်ပြောခဲ့တာ ၃ ကြိမ်မြောက် ကျွန်တော့ကို အမေညာခဲ့တာပါ။ […]