bigbirdApril 10, 20111min26820
ထိုင်းနိုင်ငံတွင် တက်သစ်စအနုပညာရှင်တစ်ဦး၏ မိခင်ဖြစ်သူအား သက်ပြီးထွက်ပြေးသွားသူ မြန်မာနိုင်ငံသား ၂ ဦးထဲမှ တစ်ဦးအားဖမ်းဆီးရမိပြီးဟု ထိုင်းရဲများက သတင်းထုတ်ပြန်ပါသည်။ အသက်၃၄နှစ်အရွယ် မြန်မာနိုင်ငံသား အပ္ပဒူလာ ဆိုသူနှင့်အပေါင်းပါတို့သည် Sara ဆိုသူရုပ်ရှင်သရုပ်ဆောင်၏မိခင် အသက်၄၁နှစ်အရွယ်ရှိ အမျိုးသမီးကြီးအား ၎င်းနေအိမ်ရှိအိမ်သာအတွင်း သက်ဖြတ်ပြီးထွက်ပြေးသွားသည်ဟုဆိုပါသည်။ အဆိုပါအမှုအား ဖမ်းဆီးရရှိရန်အတွက် တစ်လနီးပါးကြာမြင့်ခဲ့သည်ဟု ရဲကပြောပါသည်။ ”’ ဟုတ်ပါတယ်..ကျွန်တော်တို့ပဲ သူ့ကိုသက်လိုက်တာပါ။ သွားတာက သူ့ကိုသက်ဖို့မဟုတ်ပါဘူး ။ သူ့ခင်ပွန်းကို သက်မလို့ပါ။ ကံဆိုးချင်တော့ သူက အရင်ဆင်းလာပြီး ကျွန်တော်တို့ကိုတွေ့တော့ အော်တာနဲ့သက်လိုက်ရတာပါ။ ကျွန်တော်တို့က သူ့တို့ရဲ့ သားသက်ရုံမှာ အလုပ်လုပ်ပါတယ်။သူ့ခင်ပွန်းကကျွန်တော်တို့ကို လခမှန်မှန်မပေးတဲ့အပြင် အမြဲတမ်းဆဲဆိုအော်ငေါက်ပါတယ်။ အလုပ်ထွက်မယ်ပြောတော့ ကျွန်တော်တို့ကို သေနတ်နဲ့လိုက်ပစ်ပါတယ်။အရမ်းစိတ်နာလို့သူ့ကိုသက်ဖို့ဆုံးဖြတ်ခဲ့တာပါ။”’ လို့ အပ္ပဒူလာဖြစ်သူက ဆိုပါတယ်။ ဒါပေမယ့် မင်းသမီးရဲ့အဖေကတော့ လခမှန်မှန်မပေးပဲ သေနတ်နဲ့လိုက်ပစ်တာ မမှန်ကန်ပါဘူးလို ့ […]


bigbirdApril 10, 20111min1027
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း လာချ်စီမာမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ ဆီမန်းချက်ပွဲတစ်ခုကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ အဆိုပါဆီမန်းချက်ပွဲကို ဘုန်းကြီး ၁၁ပါးအပြင် ရသေ့ ၅ပါးတက်ရောက်ခဲ့ကြပါတယ်။ ရသေ့ တစ်ပါးဟာ မီးဖိုပေါ်မှာရှိတဲ့ အုန်းဆီအပါအဝင် အမျိုးပေါင်း၁၀၈မျိုးပါဝင်ချက်ပြုတ်ထားတဲ့ ဆီပူပူဒယ်အိုးကြီးထဲမှာ နာရီဝက်ကြာ ထိုင်ပြီးဂါထာရွတ်ဖက်ခဲ့တယ်လို့ဆိုပါတယ်။ ဒယ်အိုးထဲကထွက်လာပြီးသည့်နောက်မှာလဲ လာရောက်သောပရိတ်သတ်ထဲမှ တစ်ယောက်ကိုခေါ်၍ ငှက်ကြီးတောင်ဓါးရှည်ဖြင့် နောက်ကျောကိုခုတ်ပြခဲ့ရာ ထိုသူမှာ မည်သည့်ဒဏ်ရာမှ မရရှိဘူးဟု ဆိုပါတယ်။ အဆိုပါ ဆီမန်းချက်ပွဲ ပြုလုပ်နေချိန်တွင် လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှာသာယာနေရာမှ ဂါထာများ၏တန်ခိုးကြောင့်ဟုဆိုကာ ချက်ချင်းဆိုသလို မိုးအုံ့လေပြင်းတိုက်လာပြီး ပြန်လည်သာယာလာသည်ဟုဆိုပါတယ်။ အဆိုပါဆီမန်းချက်ပွဲကိုပြုလုပ်ရခြင်းမှာ အိုမင်းနေပြီးဖြစ်တဲ့ ကျောင်းအားပြန်လည်ပြုပြင်ရန်အတွက်လို့ဆိုပါတယ်။ မည်သို့ပင်ဆိုစေ တစ်ချို့ကတော့ နည်းတစ်မျိုးမျိုးသုံး၍ လိမ်လည်သည်ဟု ဆိုနေကြပါတယ်။ အဆိုပါသတင်၏အောက်တွင် ” ဖက်ရှုသူများ စဉ်းစားချင့်ချိန်၍ ယုံကြည်ပါရန်” ဟု ပူးတွဲပါရှိပါသည်ခင်ဗျာ။


bigbirdApril 7, 20111min795
ထိုင်းနိုင်ငံမှာ ၂၀၁၁ခုနှစ်ပတ်လည် စစ်မှုမထမ်းမနေရသူတွေကြားထဲမှာ သူတို့တွေ ..စစ်မှုထမ်းခွင့်ကနေ အလိုအလျှောက် ကင်းလွတ်ခွင့်ရသွားကြပါတယ်။ လိုအပ်သောခန္တာကိုယ်အချိုးအစားမရှိသူများစာရင်းမှာ ရောက်ရှိသွာလို့ပါတဲ့။


bigbirdApril 7, 20111min1089
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ လွဲအက်မြို့တွင်နေထိုင်သော ထမင်းဟင်းရောင်းသူတစ်ဦး၏ ကိုယ်ပိုင်ကားတွင် ပျားအုံစွဲနေပါတယ်။ ပျားတွေကလဲ လူကိုအန္တရယ်မပြုတဲ့အပြင် ကားဘယ်သွားသွား လိုက်ပါနေကြပါတယ်။ ထိုသူရဲ့အိမ်နံပါတ်ကတော့ ၁/၈ ဖြစ်ပြီး ကားနံပါတ်ကတော့ ၁၈၁၅ ဖြစ်ပါတယ်။ အဲ့ဒီမြို့မှာရှိတဲ့သူတွေက ဒီအပါတ် ၁၈ မဟုတ်ရင် ၁၅ ထွက်မယ်ဆိုပြီး အသည်းအသန် ချဲလိုက်ထိုးနေကြပါတယ်။ ဝါသနာပါတဲ့သူတွေအတွက် ထိုးချင်ရင်လိုက်ထိုးနိုင်ဖို့ပါ။ ငှက်ကြီးတော့ ဝါသနာမပါဘူးဗျို့..ဟီး..ဟီး။


bigbirdMarch 23, 20111min1158
World Water Day နေ့ဖြစ်တဲ့ မတ်လ ၂၂ ရက်နေ့ကအင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ခေါင်တစ်နေရာမှာ ရေချွေတာရေးအတွက် မော်ဒယ်အလှမယ် ၂ ဦးက လှုံဆော်နေတဲ့ပုံဖြစ်ပါတယ်။


bigbirdMarch 22, 20111min1152
မကြာခင်မှာ ကျင်းပတော့မဲ့ အင်္ဂလန်တော်ဝင်မင်းသားရဲ့ ထိမ်းမြှားလက်ထပ်ပွဲမှာ အသုံးပြုမည့် ၁၈၈၁ ခုနှစ်ထဲက ရှိခဲ့သော ရှေးဟောင်းတော်ဝင်မြင်းလှည်းဖြစ်ပါတယ်။