bigbirdMarch 21, 20111min1129
ဘယ်သွားသွားမခွဲ အမြဲအတူတူနေခဲ့တာ မျောက်ထီးလေးမွေးပြီးမကြာခင်ကတည်းကပါပဲ။ မျောက်ထီးလေးကခြောက်လသား..ခွေးမလေးက ၃ နှစ်သမီး ထိုင်းနိုင်ငံတောင်ပိုင်း စုံခလာ မြို့ကပါ။ ဆုတောင်းမှားခဲ့တာလားဟင်။


bigbirdMarch 20, 20111min19520
ထိုင်းနိုင်ငံ ပလာကျင်ပူလီမြို့မှာ လိင်တူမင်္ဂလာဆောင်အခမ်းအနားကို မတ်လ၁ရ ရက်နေ ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။နှစ်ဖက်သောမိဘများကလဲ ကျေနပ်ဝမ်းမြောက်သဘောတူကြပါတယ်။ သတို့သမီးဟုဆိုသူက သတို့သားဟုဆိုသူကို ဘတ်ငွေ၂သိန်း၊ရွှေ ၈ကျပ်သား၊toyota ကား သစ်တစ်စီး၊အိမ်တစ်လုံးတို့နှင့် တောင်းရမ်းလက်ထပ်ခဲ့တယ်လို့ဆိုပါတယ်။


bigbirdMarch 20, 20111min1067
ညီ၊ညီမလေးတို့ရေ..ဦးငှက်ကြီးကပုံပြင်လေးတစ်ပုံလောက်ပြောပြချင်ပါသေးတယ်ကွယ်။ ဟိုးတစ်ချိန်တုန်းကလူလည်သဌေးကြီးတစ်ဦးဟာ ဆင်းရဲသားတောင်သူလယ်သမားတွေအပေါ်မှာ ကြွေးမီချစားပြီးနိုင်ထက်စီးနင်းပြုကာနေသတဲ့ကွယ်။တောင်သူလယ်သမားကြီးတစ်ဦးမှာ ချောမြော လှပပြီးလိမ္မာပါးနပ်တဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။အဲ့ဒီတောင်သူကြီးရဲ့သမီးလေးကိုလူလည်သဌေးကြီး က ကြိုက်နှစ်သက်နေသတဲ့ကွယ်။တောင်သူဦးကြီးကလဲ သဌေးကြီးဆီမှာ အကြွေးတွေရှိနေတော့ သဌေး ကြီးက ကလိန်ကကျင့်ဉာဏ်ဆင်ပြီး တောင်သူကြီးရဲ့သမီးလေးကို ရယူပိုင်ဆိုင်နိုင်ဖို့ကြံစည်ပါတော့တယ်။ သဌေးကြီးကသမီးလေးကိုပေးရင် အကြွေးတွေကိုပေးစရာမလိုတော့တဲ့အပြင် ငွေသားပါလိုက်ပေးမယ်လို့ တောင်သူဦးကြီးကိုပြောပါတယ်။တောင်သူဦးကြီးက အကြွေးကိုသာဆပ်ပါ့မယ်၊ သမီးကိုတော့မပေးနိုင်ပါဘူးလို့ပြန်ပြောလိုက်သတဲ့။အဲ့ဒီတော့ သဌေးကြီးက တောင်သူကြီးသားအဖကို ကျောက်စရစ်ခဲတွေရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီး ဒီနေရာမှာခင်မျာတို့သားအဖနဲ့ကျုပ်နဲ့ အလောင်း ကစားတစ်ခုလုပ်ရအောင်လို့ပြောသတဲ့။ဟော့ဒီအိတ်ထဲမှာ ကျောက်စရစ်ခဲနှစ်လုံးကိုထည့်မယ်။တစ်လုံးက အဖြူရောင်၊နောက်တစ်လုံးက အမဲရောင်။ခင်ဗျာသမီးလေးက အိတ်ထဲကိုနှိုက်လို့အဖြူရောင်ရခဲ့ရင် ကျုပ်နဲ့လက်ထပ်စရာမလိုပဲအကြွေးတွေအားပုံးကိုပါ ဖျက်သိမ်းပေးမယ်။အကယ်၍ အမဲရောင်ရခဲ့ရင် ခင်ဗျာသမီးကို ကျုပ်နဲ့လက်ဆက်ပေးရမယ်။ကျုပ်ကလဲ အကြွေးတွေအားလုံးကို ဖျက်သိမ်းပေးမယ်လို့ ပြောသတဲ့။အဲ့ဒီတော့ တောင်သူကြီးနဲ့သမီးဖြစ်သူတို့ကသဘောတူလိုက်ကြသတဲ့။ အဲ့ဒီအခါမှာ သူဌေးကြီးက ကျောက်စရစ်ခဲ ၂ လုံးကိုအိတ်ထဲကောက်ထည့်လိုက်သတဲ့။ကောက်ထည့်လိုက် တဲ့ ကျောက်စရစ်ခဲ ၂ လုံး လုံးဟာအမဲရောင်ချည်းပဲဖြစ်နေတာကို တောင်သူကြီးရဲ့သမီးက အမှက်တမဲ့နဲ့ မြင်လိုက်ပါတယ်။ သူမ.ဘယ်လိုလုပ်ရပါ့မလဲ? […]


bigbirdMarch 19, 20111min1327
အလိမ္မာနည်းခြင်း။ တရားကိုမုန်းခြင်း။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။ သူယုတ်သူမိုက်တို့၏ တရားစကားကို နှစ်သက်၏။ အအိပ်စုံမက်ခြင်း။ ပွဲလမ်းသဘင် လိုက်စားခြင်း။ ထကြွလုံ့လ မရှိခြင်း။ ပျင်းရိထိုင်းမှိုင်းခြင်း။ အမျက်တံခွန်ထောင်ခြင်း။ အရွယ်လွန်၍ အိုမင်းသော မိဘကို ကွေ၊းမွေးနိုင်သော အစွမ်းရှိပါလျက် မပြုစု မကျွေးမွေးခြင်း။ ရဟန်းတော်အရှင်မြတ်များနှင့် တောင်းစားသူတို့အား မဟုတ်မမှန်ပြောကြား၍ လိမ်လည်ခြင်း။ ပစ္စည်းဘဏ္ဍာ ချိုချဉ်ရသာ ပေါများပါလျက် သူတစ်ပါးတို့ကို သတိမရ မဝေငှပဲ တစ်ကိုယ်တည်း စားသောက်ခြင်း။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။ မိန်းမလိုက်စားခြင်း၊။ အရက်သောက်သုံးခြင်း၊။ လောင်းကစားကြူးခြင်း။ ကိုယ့်မယားစည်းစိမ်ဖြင့် တင်းတိမ်ခြင်းမရှိဘဲ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယား၌ လိုက်စားလွန်ခြင်း။ အသက်ကြီးမှ တဏှာထ၍ သမီးအရွယ်ကို ဇနီးမယားနှယ် […]


bigbirdMarch 18, 20111min14212
သူကြီးကိုခိုင်ရဲ ့သင်္ကြန်ဖိတ်စာတွေ ့လိုက်တော့ မကြာခင်ရောက်တော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို သတိရမိသွားပါတယ်။ တစ်ပြိုင်ထဲမှာပဲ ရွာသူရွာသားတွေအားလုံး ပျော်ပျော်ရွှင်ရွှင် အတာသင်္ကြန်ရေသဘင်ပွဲ ဆင်နွဲနေတဲ့ပုံကို အာရုံထဲမှာ မြင်ရောင်လာမိ ပါတယ်။ ဒါနဲ ့ပဲ ကလေးဆန်ဆန် ကဗျာလေးတစ်ပုဒ်ကို ကောက်ရေးလိုက်မိပါတယ်။ အားလုံးဖက်ကြည့်ပြီး ပြုံးပျော်နိုင်ကြပါစေလို ့ဆန္ဒပြုလိုက်ပါတယ်။ မန္တလေးဂေဇက်မဟာသင်္ကြန် အားလုံးအတွက်ကဗျာဆန်ဆန် မကြာခင်မှာရောက်တော့မှာ တန်ခူးလဒီချိန်ခါ ပျော်ရွှင်ကာဆင်လို ့နွဲ တို ့တတွေရဲ ့သင်္ကြန်ပွဲ ဒီလိုနဲ ့ပဲ ရောက်ခဲ့ရာ အကြိုနေ့ရက်မှာ ရွာထဲကခလေးငယ်များ ရေပုံးလေးတွေဆွဲလို့တအား မထွက်လာနဲ့မမရယ် တအားပတ်လိမ့်မယ် ရွာအပျိုများဂရုမစိုက် ပိတောက်ဖူးတွေပိုက် နေဝင်ချိန်ရောက်လို့လာ မပတ်နဲ့တော့ကွာ ဟုတ်ကဲ့ပါမမများ အကျနေ့ကိုစောင့်လို ့စား အကျနေ့ကိုရောက်လို့လာ ကိုကြောင်ကြီးလည်းပါ ကလေးငယ်တွေသူဦးစီး ဘိုကေလေးကိုကျော့ကျော့ဖီး ရွာထဲတစ်ပတ်လျှောက်လို့လည် အပျိုလေးတွေလိုက်ရှာမယ် တွေ ့ရင်တစ်ကယ်ပတ်မယ်တအား […]