ရက်များမကြာခင် ဆရာမ ချစ်မြတ်နိုး ပဲခူးအင်းတကော်ကျောင်း အလှူငွေလာဘ်ခံ ပိတ်ပါတော့မည်။ လှူလိုသူ နတ်သမီး နတ်သားလောင်းလျာများ အမြန်စာရင်းပေးပါ။ ။။ ။။။။ ။။။။ ။။။ ။။။ အခြစ်များစွာနှင့် မွမွကြောင်ကြီး ၁လ ၄ရက် ၂၀၁၈ အထိ အလှူရှင်စာရင်း ၁။ ကောင်းကင်ပြာ – ၃၀,၀၀ဝ x ၂ = ၆၀,၀၀ဝ ကျပ်တိတိ (ငွေလက်ခံ ၃၀,၀၀ဝ AYA သဘာဝ – ၁၂လ ၂၆ရက် ၂၀၁၇) ၂။ Wei Wei (ခ) ဧတီဝမ် – ၁၀၀,၀၀ဝ x ၂ = ၂,၀၀,၀၀ဝ ကျပ်တိတိ (ငွေလက်ခံ ၁၀၀,၀၀ဝ CB ဝေါင်း […]


၁၉၈၉ခုနှစ် တိန်အင်န်မင်ရင်ပြင် ဆန ်ဒပြမှုအား တရုတ်စစ်တပ်၏ ဖြိုခွဲမှုတွင် အနဲဆုံး လူတသောင်း ပစ်သတ်ခံခဲ့ရကြောင်း အသစ်ထုတ်ပြန်သော ယူကေနိုင်ငံထုတ် မှတ်တမ်းများအရ သိရသည်။ ထိုအရေအတွက်မှာ တရုတ်ပြည်ဆိုင်ရာ ဗြိတိသ ျှ သံအမတ်ကြီး အလံဒေါ်နယ်ထံမှ လာသော လ ျှို့ဝှက် သံတမန် ကေဘယ်လ်ကြေးနန်း ပေးပို့ချက်တွင် ဖေါ်ပြထားသည်။ သတင်းရင်းမြစ်မှာ တရုတ်နိုင်ငံတော်ကောင်စီ အဖွဲ့ဝင်တဦး၏ သူငယ်ခြင်းဖြစ်သည်။ ယခင်ခန့်မှန်းချက် သေဆုံးသူ အရေအတွက်မှာ ရာပေါင်းများစွာမှ ထောင်ဂဏန်းစွန်းစွန်းသာ ဖြစ်သည်။ ၁၉၈၉ ဇွန်လကုန်ပိုင်း တရုတ်အစိုးရ ကြေငြာချက်တွင်မူ အရပ်သား နှစ်ရာ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ၁၉၈၉ ဇွန်၄ တန်ပြန်တော်လှန်ရေး အကြမ်းဖက် အဓိကရုဏ်းကြောင့် သေဆုံးသည်ဟုဆိုသည်။ ။။။။။ ။။။။ မစ်စတာဒေါ်နယ် ကြေးနန်းမှာ […]


ဂေဇက်ရွာ အလှူပွဲကြီး ကျင်းပရန် ရက်ပိုင်းသာလိုပါတယ်။ ယခုဓါတ်ပုံများမှာ လှူဒါန်းမည့် ပဲခူးအင်းတကော်မှာ ဆောက်လုပ်ဆဲ ဒေါ်ကုသလစာရီ (ခ) မ ချစ်မြတ်နိုး ကျောင်း သာသနိက အဆောက်အဦးပါ။ အလှူရှင်များ စေတနာ ထက်သန်မှုကြောင့် အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ လာမည့်နှစ်ကူးမှာ မြန်မာဂေဇက်ဂရု အလှူအဖြစ် ရည်ရွယ်ထားတဲ့ ယခင်ပို့အဆက် update ဖြစ်သည်။ ပထမလှူငွေ ၂၅သိန်း (သို့မဟုတ်) ပထမ၁ဝဦး အလှူငွေကို ၁၀၀% ထပ်ပေါင်းပေးမည့် သူရှိတာမို့ မိမိ တရာလှူတိုင်း နှစ်ရာ အလှူငွေဖြစ် ဆပြန်တိုးမည့် သဘောပါ။ လှူမည့်ငွေကို ဒီမှာဖြစ်စေ၊ ဖဘမှာဖြစ်စေ ပြောပြီး အောက်ပါ ဘဏ်အကောင့်များထဲ ပေးပို့လှူဒါန်းနို်င်ပါသည်။ (ဘဏ်လွှဲသည့်အခါ အလှူရှင် နာမည်နှင့် မြန်မာဂေဇက် ဟု အမှတ်သားပြုပေးပါရန်) အားလုံးပဲ […]


တရုတ်ကူမြူနစ်ပါတီ အကြီးအကဲဟောင်းမှ ၁၉၈၉ ခုနှစ် တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲအား ရှုံ့ချပြီး အနောက်တိုင်းပုံစံ ဒီမိုကရေစီစနစ်ကို ချီးမွှမ်းလိုက်ခြင်း …… ။။။။။။။ ၁၉၈၉ခုနှစ် ဒီမိုကရေစီ လိုလားသော တိန်အင်န်မင်ရင်ပြင် ဆန ်ဒပြပွဲ၌ ကျောင်းသားများဖက်မှ စာနာရပ်တည်ခဲ့ရွေ့ ဖြုတ်ထုတ်သတ် အလုပ်ခံရသော တရုတ်ကူမြူနစ်ပါတီခေါင်ဆောင်၏ လ ျှှို့ဝှက်အသံသွင်း ကိုယ်ရေးမှတ်တမ်း ၎င်းကွယ်လွန်ပြီး ၄နှစ်အကြာတွင် ထွက်ပေါ်လာသည်။ ၁၆နှစ်ကြာ နေအိမ်အကျယ်ချုပ် ခံရသော တရုတ်ကူမြူနစ်ပါတီ အကြီးအကဲဟောင်း ကျောက်ကျိယန်၏ လ ျှို့ဝှက်အသံသွင်း ရစ်ကော်ဒါတိပ်တွင် အစိုးရဆန်ကျင်ဆန ်ဒပြသမားများအား သတ်ဖြတ်မှုကို ကြေကွဲဝမ်းနည်းဖွယ် အဖြစ်ဆိုးဟု ပြောဆို ရှုံ့ချပြီး ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများအပေါ် ပါတီ၏ နောက်ဆက်တွဲ ဆန့်ကျင်ရန်လိုမှုများအား စိမ်ခေါ်မေးခွန်းထုတ်ထားသည်။ အသံသွင်းတိပ်ခွေအား တရုတ်ပြည်မှ ခိုးထုတ်လာပြီး ယခုလတွင် […]


မဟုတ်တရုတ်ကူမြူနစ်သူလ ျှို ကြေးမုံဂျီး ကူမြူနစ်ပါတီရဲ့ ရက်စက်ယုတ်မာမှုအပေါင်း သရဖူဆောင်းခဲ့ပုံ ပြန်ပြောင်းသိစေဖို့ ဖဘမိတ်ဆွေ Tun Aung shared 天下第一‘s post. +17 天下第一 added 20 new photos. October 28 · တီအန်းမင်အရေးအခင်းမှ ကောက်နုတ်ချက်များ ၁၉၈၉ ခုနစ် #တီအန်းမင်_အရေးအခင်း “ကျောင်းသားတွေ ကိုယ့်အိမ်ကို ပြန်ကြပါ။ နောင် နှစ်ပေါင်း ၂ဝ အတွင်းမှာ တိုးတက်လာမယ့် တရုတ်ပြည်ကြီးရဲ့ ပြောင်းလဲလာမှုတွေကို ပြတင်းပေါက်ကနေ စောင့်ကြည့်ပေးကြပါ။” တိန့်ရှောင်ဖိန် တီအန်းမင်အရေးအခင်း ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၂၈ ပြည့်သွားပါပြီ။ မြန်မာမှာ ၁၉၈၈ ခုနစ် ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်ပြီး နောက်တနှစ် ၁၉၈၉ ခုနစ်မှာတော့ တရုတ်ပြည်မမှာ ဒီမိုကရေစီ […]


ဒီလိုဗျာ.. .. လာမည့် နှစ်သစ်ကူး အရင်တုံးက လုပ်သလို စုပေါင်းရွာအလှူ ပြုချင်တယ်။ အဲဒါ ဒီဇင်ဘာလကုန် သို့မဟုတ် ဇန်နဝါရီလဆန်း မှန်းတယ်။ အလှူက ပဲခူး အင်းတကော်မှာ ရှိတဲ့ ဆရာမ ချစ်မြတ်နိုး (ခ) ဒေါ်ကုသလစာရီကျောင်း လိုရာသုံးဖို့ပါ။ ဆရာမက လူသိထင်ရှား ကြော်ငြာကောက်ခံတာ တားမြစ်တာမို့ ကိုယ်ချင်းကိုယ်ခြင်းပဲ ကောက်ပါမည်။ အယင်က ပတ်ဘလစ်ဖွင့်လဲ ရွာထဲကလူပဲ အများဆုံးလှူတာပါ။ ရှင်းအောင်ထပ်ပြောရလ ျင် ယခု အလှူကောက်တာ ကိုယ့်သဘောနဲ့ပါ။ ဆရာမ ဝေနေယျအချို့ကို အသိပေးတာကလွဲလို့ ခွင့်ပြုချက် မယူထားပါဘူး။ ရငွေကို သဘာဝတရားရိပ်သာ အကောင့်ထဲသွင်း ဒါမှမဟုတ် ရွာသူအန်တီဝေါင်း ဘဏ်အကောင့်ထဲ လက်ခံဖို့ ကြံထားပါတယ်။ သဘာဝ ရိပ်သာ အကောင့်ထဲ ထည့်လျင် ပိုရှင်းတာမို့ […]


ကျောက်ကျိယန်၏ လ ျှို့ဝှက်မှတ်တမ်း စာအုပ်ကို တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ အနှစ်၂ဝ ပြည့် နှစ်ပတ်လည် မတိုင်ခင် ထုတ်ဝေလိုက်သည်။ (၂၀၀၉ခုနှစ်က) နိုင်ငံတော် အကျဉ်းသား စာအုပ်မှ ကောက်နှုတ်တင်ပြချင်တာ ….. တိန်အင်န်မင်ရင်ပြင် ဖြိုခွင်းမှုကို သူဆန့်ကျင်ပြီးနောက် ဖြုတ်ထုတ်သတ် လုပ်ခံရ သော တရုတ်ကူမြူနစ်ပါတီ အထွေထွေအတွင်းရေးမှုး ကျောက်ကျိယန် ကြုံတွေ့ရသည့် နောက်ဆက်တွဲ အကျိုးဆက်များ ….. ….. ကျောင်းသား ဆန်ဒပြပွဲအပေါ် ခိုင်မာစွာ ရပ်တည်ခဲ့တဲ့ ကျနော့်အမြင် နဲ့ အင်အားသုံး ဖြိုခွဲရေး ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းပယ်ခဲ့လို့ ဘယ်လို အကျိုးဆက် ရရှိမည်၊ ဘယ်လို ပြုမူဆက်ဆံ ခံရလိမ့်မည်ကို သိပြီးသားပါ။ ကိုယ့်အမြင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလျင် အဆုံးမှာ  ရာထူး အထုတ်ပယ်ခံရဖို့ စိတ်ပိုင်းဆိုင်ရာ […]


တိန်အင်းန်မင် ရင်ပြင် လူသတ်ပွဲ သိကောင်းစရာ အချက် ၆ချက် ……. လွန်ခဲ့သော ၂၈နှစ် ဗုဓဟူးနေ့ တနေ့တွင် ဒီမိုကရေစီ လိုလားသူ ဆန်ဒပြသမားများ သီတင်းပတ်ပေါင်းများစွာ စခန်းချရာ ပီကင်းမြို့ရှိ ရင်ပြင်ကို တရုတ်စစ်တပ် အကြမ်းဖက်နှိမ်နှင်းရွေ့ ပြန်လည်ရယူခဲ့သည်။ တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲမှ သတ်ဖြတ်ခံရသူ အရေအတွက် မသိရဘဲ ထောင်ပေါင်းများစွာ ပစ်သတ်ခံရဟု ခန့်မှန်းကြပြီး ဒီမိုကရေစီ လွတ်လပ်ခွင့် တောင်းဆိုမှုများကို ချုပ်ငြိမ်းစေခဲ့သည်။ ရာစုနှစ် တစိတ် ကြာပြီးနောက် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းအား တရုတ်အစိုးရ၏ နှံ့စပ် စီစစ်စွာ အသေးစိတ် ဖုံးကွယ်မှုကြောင့် ရံဖန်ရံခါ ကျွန်ုပ်တို့ မှတ်ညဏ်ဝယ် တင့်ကား တစင်းရှေ့ အာခံ မတ်တပ်ရပ်နေသော လူတဦး၏ ပုံရိပ်ထက်ပို သတိရကောင်းမှန်း မသိတော့ပေ။ […]


(သမိုင်းသင်တာ မအအောင် လို့ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောစကား မှတ်ဖူးပါသည်။ စာဖတ်သူများလည်း ကူမြူနစ် မဟုတ်တရုတ် ကြေးမုံဂျီးတို့ ခေတ်သစ် နိုင်ငံရေးသမိုင်းထံမှ သိကောင်းစရာ တခုခု ရစေရန် ရည်သန်လျက် ကြိုးစား ဘာသာပြန်ထားသည်။ ဘာသာပြန် ပရို မဟုတ်သဖြင့် အမှားအယွင်း အကျအပေါက်များ ရှိလျင် ကိုယ့်ဖာသာ ဖြည့်ဖတ် နားလည်ပေးကြပါ။) ………………………………….  ……………………..   တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ ၁၉၈၉ (တိန်အင်န်မင်မှာ ဘာတွေ တကယ်ဖြစ်ခဲ့သလဲ…) အနောက်ကဗာတွင် လူအများ တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲကို ဒီလို မှတ်သားကြသည်…… ၁။ ၁၉၈၉ ဇွန်လတွင် ဖြစ်ပွားသော ဒီမိုကရေစီရေး ကျောင်းသား ဆန်ဒပြပွဲ ဖြစ်သည်။ ၂။ တရုတ်အစိုးရမှ စစ်တပ် နှင့် […]


မော်စီတုံး ငယ်စဉ်ဘဝ   ….. ၁၈၉၃ ဒီဇင်ဘာ ၂၆၊ ဟူနန်ပြည်နယ် ဇင်းတန်ခရိုင် ရှိုရှမ်းမြို့ရှိ လယ်သမား မိသားစု၌ မွေးဖွားသည်။ ။။ ၁၉၀၁ – ဝ၆၊ မူလတန်း တက်သည်။ ။။ ၁၉၀ရ – ဝ၈၊ လူမျိုးနွယ် မိန်းခလေးနှင့် ဆယ်ကျော်သက် မော် လက်ထပ်ကာ နှစ်ပေါင်းများစွာ ပေါင်းဖက်ပြီး သူမ အသက်၂၁နှစ်တွင် ကွယ်လွန်သည်။ ။။ ၁၉၁၀၊ ဟူနန်ပြည်နယ်တွင် ကြောက်မက်ဖွယ် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးအား ကိုယ်တွေ့ကြုံသည်။ ။။ ၁၉၁၁၊ ကွင်မင်းဆက်ကို ချမ်းရှတွင် ဖြစ်ပွားသောတော်လှန်ပုန်ကန်မှုထဲ ဝင်ရောက်တိုက်ခိုက်သည်။ ။။ ၁၉၁၂၊ နော်မယ်လ်ကျောင်းတွင် ဆရာဖြစ် အတတ်သင်တန်း တက်သည်။ ။။ ၁၉၁၅၊ ဒုတိယ […]


လေးဦးဂိုဏ်း ဆိုသည်မှာ မော်စီတုံးခေတ်နှောင်းပိုင်းကာလ ဩဇာအာဏာကြီးမားသော တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်လေးဦး အဖွဲ့ဖြစ်သည်။ ထိုဂိုဏ်းတွင် မော်၏ဇနီး ကျန်းကွင် Jiang Qing နှင့် သူ့ဖော်ကိုင်ဖက် ဝမ်ဟွမ်ဂွမ် Wang Hongwen ၊ ယိုဝမ်ယွမ် Yao Wenyuan ၊ ကျန်ချွန်ကွို Zhang Chunqaio တို့ပါဝင်ပြီး အားလုံးမှာ ရှန်ဟဲမြို့မှ အဓိက ပါတီ တာဝန်ရှိသူများ ဖြစ်သည်။ သူတို့မှာ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆ – ၇၆) ကာလတွင် နေရာရလာပြီး တရုတ်ပြည် ဒုတိယအကြီးဆုံးမြို့တွင် မော်၏ မူဝါဒများအား ဖိဖိစီးစီး အကောင်အထည် ဖေါ်ခဲ့သူများဖြစ်သည်။ ။။။။ ထိုဆယ်စုနှစ်ပိုင်း ကာလအတွင်း မော်၏ ကျန်းမာရေး ယိုယွင်းလာသည့်အခါ အစိုးရ အဓိက ဌာနများကို […]


တလုပ်သဗုံ ကြေးမုံဂျီး ရွာထဲမယ် မြစ်ဆုံရေကာတာ လော်ဘီပို့စ်တွေတင် တလုပ်ကူမြူနစ်ပါတီနဲ့တလုတ်အစိုးရ ကောင်းကြောင်း၊ နယ်ချဲ့ ကိုလိုနီအနောက်နိုင်ငံနဲ့ ဖက်ဆစ်ဂျပန် ဆိုးကြောင်း ဝါဒဖြန့်တာ တွေ့တော့ ခံစားခဲ့ရတဲ့ တလုပ်ပြည်သူတွေအတွက် ယူကြုံးမရ ဖြစ်မိတယ်ဂျ။ တဆက်ထဲ သူတင်တဲ့ တလုပ်မတွေ မီနီစကပ်ဝတ် အလှပြတာ မြင်တော့ သွားရည်ကျမိတယ်။ မဟာဂေါင်းဆောင် အုတ်ကထ မော်စီတုံးကိုလည်း လေးစားမိတယ်။ တလုပ်ပြည် အတိတ်သမိုင်းကြောင်း တူးဆွမိတော့ ကူမြူနစ် ကြေးမုံဂျီး တခါမှ မဟဖူးတဲ့ အခြင်းအရာ ဘွားကနဲ တွေ့တယ်။ အားလုံးလဲ ကြားဖူးမှာပါ ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာ၊ ၁၉၆၆ ကနေ မော်စီတုံး ကွယ်လွန်ချိန် ၁၉၇၆ အထိ တလုပ်ပြည်တွင် ဖြစ်ခဲ့တယ်။ ဆွေမျုးိပေါက်ဖေါ် မြန်တြံ့ပြည်မှာလဲ အားကျမခံ ဗကပများ ပါတီတွင်း […]


၁၇၆၅ – ၁၇၆၉ ခုနှစ် ကာလအတွင်း လေးကြိမ် ဖြစ်ပွားသော တရုတ် မြန်မာ စစ်ပွဲ အကြောင်း မနေ့က တင်ခဲ့ ပြီးပါပြီ။ ယခု ဘာသာပြန်မှာ နောက်ဆုံး စစ်ပွဲပြီနောက် အကြောင်းအရာများ ဖြစ်သည်။ မူရင်းပို့စ်တွင် အသေးစိတ် ရေးသော စစ်ပွဲလေးကြိမ်ကိုမူ အရင်ပို့စ်တွင် အခြားတနေရာမှ ဘာသာပြန်တင်ပြီး ဖြစ်ရွေ့ ချန်လှပ်ထားပါသည်။ ။။။။။။ လူ နှစ်သောင်း နှင့် လက်နက်၊ ခဲယမ်းမီးကျောက် အမြောက်အများ ဆုံးရှုံးသော တရုတ်စစ်ဦးစီးများ စစ်ရပ်ဆဲရေး စာချျုပ် အချက်အလက်များ သတ်မှတ်သည်။ တရုတ်တပ်ကို ခြံထဲကနွားလို ဝိုင်းထားလို့ ရက်ပိုင်းအတွင်း အစာရေစာ ပြတ်ပြီး တယောက်ပဲ ကျန်တဲ့အထိ ချေမှုန်းပစ်နိုင်မှာ သိတဲ့ မြန်မာ စစ်ဗိုလ်များ စာချုပ်ပါ […]