ဒီနေ့ဟာ ကြောင်ကြီးမွေးနေ့ပါ။ ဘယ်သူမှ အရေးတယူ မလုပ်ကြတော့ ကိုယ့်ကိုယ်ကိုဖော် ကြောင်သူတော် လုပ်ရတာပေါ့ဗျာ။ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ ဦးကြောင်ကြီး၊ ဂုဏ်ယူပါတယ်ဗျာ အခုလို သတိတရ ဆုတောင်းပေးမည့်သူရှိတာ…။ Meow………..


အနောက်ကမာ္ဘမှာ ထေရဝါဒ ဗုဒ္ဓဘာသာ လူသိနည်းတာ ဘာကြောင့်လဲ တွေးနေမိတယ်။ အတွေးအခေါ် အယူဝါဒတခု ပေါက်မြောက်ဖို့သည် နယ်ခံတွေရဲ့ အကျင့်စရိုက်နဲ့ အများကြီးဆိုင်တယ်။ အဲဒီယဉ်ကျေးမှု လားရာကို ခေတ်ရေစီးကြောင်းက ပုံဖော်ပါတယ်။ အဲလိုကောက်ချက်ချရင် လွတ်မြောက်မှု အတွေးအခေါ်ဟာ အဖြေပဲ။ လစ်ဘရယ်များအကြား ရေပန်းစားတဲ့ ဇင်၊ မဟာယာနမှာ စာသိပ်မပြောဘူး၊ ကန့်သတ်ချုပ်ချယ်မှု အနည်းဆုံးထားတယ်။ သိသလောက် တိဗက်မဟာယာနမှာလည်း ထေရဝါဒလိုပဲ ပညတ်ချက်တွေ အများကြီး ရှိပါတယ် သို့ပေမယ့် အနောက်ကမာ္ဘ ရောက်လာတဲ့အခါ လိုရင်းပွိုင့်ကို ထုတ်ပြတယ်။ ဓမ္မအရသာကို ဦးစွာ မြည်းစမ်းစေတယ်။ အားသာချက် အားနည်းချက်ကတော့ ဘယ်နေရာမဆို ရှိစမြဲပဲ၊ လွတ်လပ်မှုကြောင့်ဖြစ်တဲ့ အမှားတွေကို ညွှန်ပြတတ်ရင် ထိန်းချုပ်မှု ဆိုးကျိုးတွေကိုလည်း သိတတ်ရမယ်။ လက်ရှိကမာ္ဘမှာ ဗုဒ္ဓသာသနာ ဘယ်ဖက်က ပြုနေသလဲ […]


ဒီလိုရှိတယ် ကိုယ့်ဆရာရဲ့။ လောကမှာ လွတ်မြောက်ခြင်းသည်သာ အလိုရှိအပ်ဆုံး။ ဘယ်လောက်ထိအောင် မှန်သလဲမေးရင် ပြောလိုက်မယ် ဗုဒ္ဓဝါဒရဲ့ ပန်းတိုင်ဟာ လွတ်မြောက်ခြင်းပဲဗျို့။ ဘုရားစကား ခဏထားလို့ လောကီရေးမှာကို ရှာဖွေကြ သင်အံကြတာ နိမ့်ကျမှု ဆင်းရဲမှုက လွတ်ချင်လို့ မဟုတ်လား။ ဒီလောက်ရရင် တော်ပါပြီ ဆိုတဲ့သူလည်း အဲဒီအောက် မကျချင်လို့ ရုန်းကန်ရတာပဲလေ။ ဒါနဲ့ပဲ ကိုယ်ရောက်နေရာဘဝ၊ ဖြစ်နေတဲ့ ရပ်တည်မှု ကန့်သတ် ပြဌာန်းချက်အောက် ပြားပြားဝပ်ကြရတယ်။ အခြေအနေ တခုရောက်သွားလို့ ငါတော့ လွတ်ပြီထင်ပေမဲ့ သူ့ထက်သူ လူစွမ်းကောင်း ဆရာ့ဆရာ သခင့်သခင်ကြီးများ ရှိနေသေးသဗျား။ လွတ်မြောက်ခြင်း စံထားပြောရင် ရထားတာနဲ့ ဘဝကို မဖြုန်းတီးထိုက်ဘူး။ တချို့လည်း ကံလေးကောင်းလို့ ဂျပန်အင်ပို့ ကိုဘေးနွားကင်ကြီး စားရတာနဲ့ ဇိမ်ယစ်နေတယ်၊ အဆုံးမတော့ ကိုဘေးနွားနဲ့သူ […]


၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့ သံမဒဂျီးတို့ တွေ့ဆုံတော့မယ်လို့ သတင်းထွက်နေပါဒယ်။ အေဘီအက်စ်ဒီအက်ဖ် ငှက်ကထဂျီးဟောင်း နှစ်ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့လည်း ပြည်ဝင်ခွင့်ရတော့မယ်လို့ ဆိုနေဂျတော့ ၈၈ကျောင်းသား ခေါင်းဆောင်ဟောင်းများအားလုံးကို တစုတည်းထဲ တွေ့ကောင်းတွေ့နိုင်တယ်။ အကောင်းတွေးရင် ဒီမိုကရေစီလှုပ်ရှားမှုမဏ္ဍိုင် ကျောင်းသားထု အင်အားကို အသိအမှတ်ပြုခြင်းဖြစ်ပြီး အခြားတဖက်မှကြည့်ရင်တော့ မင်းတို့ကောင်တွေ အားလုံးအတူတူပဲ၊ တဖွဲ့နဲ့တဖွဲ့ မတူပါ နောက်မှမလုပ်နဲ့၊ ပြောချင်ရင် တခါထဲပြောလို့ အဓိပ္ပါယ်ထွက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံခြင်းသည် ကောင်းသောလက္ခဏာမို့ ကြိုဆိုပါ၏။ ယဉ်ကျေးသောလူ့ဘောင် တည်ဆောက်ဖို့ဆိုရင် တောင်းပန်ခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်စာနာခြင်း၊ ကြေအေးလက်ခံခြင်း ဂုဏ်အင်္ဂါရပ်များ ပြည့်စုံပါမယ်။ နိုင်ငံရေးလို အများဆက်နွယ်နေပြီး အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးဆိုရင် သက်ဆိုင်သူများအကြား ကြိုတင်ညှိနှိုင်း နားလည်မှု ယူနိုင်ပါတယ်။ အငြိုးအတေး သံသယများနဲ့ ကျိုးပျက်ခဲ့ရတဲ့ နိုင်ငံတခုအတွက် […]


၁။ ဟိုးအမြင့်ကြီး ရောက်ဖူးတယ်။ ၁၉၆၃ခုနှစ်မှာ ပြင်သစ်က ကမာ္ဘ့အဦးဆုံး အာကာသကြောင် Felicette အား အာကာသသို့ လွှတ်တင်ခဲ့သည်။ သူမ၏ ကိုယ်အစိတ်အပိုင်း လှုပ်ရှားဆောင်ရွက်မှုများသာမက ခံနိုင်ရည်စွမ်း ရှိမှုပါ မှတ်ကျောက်တင်ပြသည်။ (ကြေးမုံဂျီးအမျိုး တရုတ်ကြီးက မနေ့တနေ့ကမှ အာကာသထဲရောက်တာ..။) ၂။ တနေ့အချိန်၂/၃ စက်တော်ခေါ်တယ်။ သချာင်္တွက်ကြည့်ရင်တော့ ၉နှစ်သားကြောင်ရဲ့ ၆နှစ်တာအချိန်ဟာ အိပ်မောကျခြင်းဖြင့် ကုန်လွန်သည်။ ကြောင်နှစ်သက်တဲ့ နေရာတခု သတ်သတ်မှတ်မှတ်ရှိပြီး အဲဒီနေရာမှာ အိပ်တတ်တာမို့ သင့်ဘော်ဒါကြီးနေရာကို သန့်သန့်ရှင်းရှင်းနဲ့ လုံခြုံဘေးကင်းအောင်ထားပါ။ အမြင့်ကကျလို့ ဒဏ်ရာရတာရှားပေမဲ့ ခပ်နိမ့်နိမ့်အပေါ်ပိုင်းလို နေရာမျိုးကနေ လိမ့်ကျတတ်တယ်။ အိပ်ပျော်တုန်း ဖြစ်တဲ့အခါ လှလှပပကြောင်ကျ မကျတာတွေလည်းရှိတယ်။ (အောင်မလေးဗျ…ဘုန်း…အင့် ခွီး ဂရား..။) ၃။ လူတွေလိုပဲ အသဲနဲ့ပါ။ သူတို့မှာ လူဦးနှောက်နဲ့ တူညီချက်တွေ […]


အဟီး…ဘာရယ်ဟုတ်ဘူး..မိုးဗြားဂိုဏ်းသားတွေလို အပျင်းပြေ ရွာထဲမှာ ဖွကြည့်လိုက်တာ။ အကယ်၍များ မတော်တဆ ကြောင်ကြီးကို ကိုးကွယ်ဖို့ စဉ်းစားနေရင်တော့ လုပ်လက်စနဲ့ ဆက်လုပ်ကြပါလို့..။ ကြောင်ကြီးအတွက် အပန်းမကြီးပါဘူး..။ ဟောသည်ဂါထာလေးနဲ့သာ ပသဂျပါ။ ကြောင်သူတော် ဗျောင်လူခေါ် မှောင်ထူပျော် စောင်ဖြူလျှော်၊ ညောင်ဆူအော် ဟောင်ယူဖော် အောင်ထူမော် ယောင်ပူဇော်…။


သဂျီးမျက်ဝန်းထဲဝယ် နောင်တမျက်ရည်များ ပြည့်လျှံနေဂါ စိတ်အစဉ်ဝယ် လွန်ခဲ့သော နှစ်၁၀ဝခန့်လောက်က ကမာ္ဘလောကကြီးကို မြင်ယောင်တမ်းတနေမိသည်။ မိုးမျှော်အဆောက်အဦးတိုက်တာ၊ ကွန်ပြူတာ၊ လေယဉ်ပျံ သင်္ဘော၊ မော်တော်ကား၊ ပရိဘောဂ၊ အဝတ်အစား အသုံးအဆောင် ဘာသာစကား ယဉ်ကျေးမှုပေါင်းစုံတို့ဖြင့် ထည်ထည်ဝါဝါ တောက်ပခဲ့သော လူ့ဘုံလောကဂျီး သူ၏ဆင်ခြင်တုံမဲ့မှုကြောင့် ပျက်သုန်းခဲ့ရဗေဗျီ။ ယခုမူ ဗလာနတ္ထိ ဘာဆိုဘာမျှ မကျန်၊ ယုတ်စွအဆုံး ကိုယ်တိုင်ပင် အဝတ်အစားဗလာဖြစ်သည်။ အကြောင်းမူဂါး…. ကမာ္ဘပျက်မည်ဟု ကောလာဟာဠ ပျံ့နှံ့နေသည့် ၂၀၁၂ခုနှစ် ပူပြင်းလှသော နွေရာသီအခါ သမယတခု၌ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သား သိပ်ပန်ပြင်ညာရှင် သဂျီးတယောက် အလုပ်ရှုပ်နေသည်၊ ခန္ဓာကိုယ်တွင်း မော်လီကျူး အက်တမ်များကို ကွန်ပြူတာဖြင့် ခွဲစိတ်လေ့လာ၍ အာယုဒီဃ မသေဆေး ဖော်စပ်နေဂျင်းဖြစ်၏။ သဂျီးဂါး သာမညမဟုတ် နိုးဘဲဆုရ ပြင်ညာရှင်ဂျီးဖြစ်သည်။ […]


အခုတလော ပြည်တွင်းရေး အခြေအနေများ ရှုပ်ထွေးနေတယ်ဗျို့.. ဗကသကျောင်းသားခေါင်းဆောင်တွေ မနေ့က ဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ပတ်သက်လို့ နိုင်ငံတဝှန်းမှာ အဖမ်းခံရတယ်။ ၈၈မျိုးဆက်အဖွဲ့ကတော့ အခမ်းအနားကို သူတို့ဌာနချုပ်ရုံးခန်းမှာ မပျက်မကွက် လုပ်မယ်လို့ ညတွင်းချင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပြုသွားတယ်။ ၈၈မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်က သူတို့ကို အာဏာပိုင်များကနေ လမ်းပေါ်ထွက်အောင် တွန်းပို့နေကြောင်း သတိပေးသွားတယ်။ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်လိုမှ မေ့ပျောက်လို့မရ ဖြစ်ရပ်ဆိုးဖြစ်တယ်။ အရင်ကတော့ လက်ဝဲကူမြူနစ်များ ကျောင်းသားထုကို အုပ်စီးထားလို့ စစ်တပ်အနေနဲ့ ဗကသကို နှိပ်ကွပ်ရပါတယ်ဆိုရင် ယနေ့ခေတ်လို ဒီမိုကရေစီဝါဒ ယုံကြည်သက်ဝင်တဲ့ ကျောင်းသားများနဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဗကသကို ဆက်လက်ဖိနှိပ်နေတာ ဘာသဘောလဲ။ စစ်တပိုင်းအစိုးရအနေနဲ့ လူကြားအောင် အသံကောင်းဟစ်နေပေမဲ့ လက်တွေ့မှာ စိတ်ထားမမှန်ဘူးဆိုတာ ယခုနောက်ဆုံးဖြစ်ရပ်များက […]


ဒုတိယသမဒနေရာအတွက် သင့်တော်သူတဦး ရွေးချယ်ရန် ဂေဇက်နိုင်ငံလွှတ်တော်အတွင်း တီးတိုးသဖန်းတိုး ဆွေးနွေးနေဂျသည်။ တိရစာ္ဆန် အကောင်ပလောင် မဟုတ်မည်မှာတော့ သေချာလှသည်၊ အသို့ဆိုလျင် လူသားစင်စစ်သာ ဖြစ်ရဗေမည်။ ထို့ထက်သေချာအောင် ပြောရဗာက စစ်တပ်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးချယ်လိုက်သော စစ်ဗိုလ်ဂျီးတယောက်သာ ဖြစ်ခွင့်ရှိလသီ။ မည်သူဖြစ်မည်နည်း… လွန်ခဲ့သော ဆယ်စုနှစ်ကျော်နှစ်ခုခန့်က ဂေဇက်တိုင်းပြည်ဂျီးအား တပ်ချုပ်ကြောင်ကြီးမှ စီမံအုပ်ချုပ်နေရာမှ ဓါးမကပ်ထိက ဘတ်ဒန်တဇောက်ထိုး တယားနာရသည်တွင် ကိလေသာနှင့် အပြုအမူကွဲပြားပုံ သိမြင်သွားပီး နားအေးပါးအေး အိမ်တွင်ယုတ်တရား အားထုတ်နေဒါ့သည်။ တပ်မဒေါ်မှ ဒုတိယသမဒ အသစ်ရွေးပေးရန် ညွှန်ကြားချက် တောင်းခံသော်လည်း အင်တာနက်ရှိ သဇင်ဂလေး၏ ချစ်ဇောဟုန် အမ်ပီဖိုးရုပ်သံဖိုင်လောက် စိတ်မဝင်စားတော့ဂျေ။ မြန်မာ့တပ်မဒေါ်ဂျီးဃါး ယခုမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရဒေါ့မည်။ ဒုတိယသမဒရာထူးကို လျှို့ဝှက်မဲစနစ်ဖြစ် တိုက်ရိုက်ရွေးချယ်မည် ဖြစ်သော်လည်း စစ်တပ်ကိုယ်စားလှယ်များ အတွင်းတွင်မူ […]


အဖေထက် သားတလကြီးဆိုဒဲ့ စဂါးဗုံသာကြားဖူးဒါ ဂုဒေါ့ အမေထက် သား၊သမီး တလကြီးလည်း ရှိနေဗီဗျို့။ မနေ့က တင်လိုက်တဲ့ စနစ်မှာအပြစ်ရှာ System ပို့စ်မှာ https://myanmargazette.net/132139/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle#comments ရွာသူားထင်မြင်ချက် အတော်များများက လူဂိုလည်း အပြစ်နေဒါတွေ့ရဒယ်။ သဂျီးဂဒေါ့ ထုံးစံအတိုင်း ကွန်ဆားဗေးဒစ်အစွန်း ဘာညာဆိုပီး ဝါးလုံးရှည် ချိစ်သုတ် ရမ်းဒေါ့ဒါဗဲ။ ကျန်သူများဂလည်း လူပိုအရေးကြီး ဒါမှမဟုတ် အနည်းဆုံးဒေါ့ မူနဲ့လူ အတူတူ အရေးကြီးဒယ် ပြောဂျဗျံဒယ်။ လောကဂျီးမှာ သူများထက် ဂေါင်းတလုံး ပိုမြင့်ဖို့ ဂုဏ်သိက္ခာနဲ့ ငွေကြေး တပြိုင်ထဲ ရယူနိုင်ရင် အကောင်းဆုံးပေါ့ဗျာ၊ သို့သော ပြည့်စုံမှုမရှိတဲ့လောက imperfect world မှာ တခုလိုဂျင်ရင် အခြားတခုဂို ပေးဆပ်ရဒါ ဓမ္မတာမဟုတ်လား။ ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့နဲ့ မီလျံနာ သန်းကြွယ်သူဌေး […]


တရုတ်အကြောင်းပြောရင် သူ့နိုင်ငံ တဟုန်ထိုး စီးပွားရေးကြီးထွားပုံ မပါမပီးဘူး။ ဟုတ်လည်းဟုတ်တယ် နှစ်စဉ်တိုးတက်နှုန်း ပျမ်းမျှ ၉%တောင်ရှိသဒဲ့။ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလိုက်တဲ့ ၁၉၈ဝနှောင်းပိုင်း ဂစဒယ်လို့ အများသိဒယ်။ ဓဂယ်ဒေါ့ ၁၉၇၈ခုနှစ် ကူမြူနစ်စနစ် အထွဋ်အထိပ် ရောက်နေဂျိန်မှာ အစပြုဂဲ့ဒါဆို ရွှီးဒယ်ထင်ဂျလေမလား။ အဲဒီအချိန်ဟာ တရုတ်တနိုင်ငံလုံး ဘုံစုပေါင်း လယ်ယာစိုက်ပျိုးရေး လုပ်နေဂျိန်ဂျီး။ မြေရှင် လယ်ပိုင်ရှင် မရှိ၊ လယ်လုပ်သူ လယ်မပိုင်ဘူး၊ နိုင်ငံဒေါ်ဂပိုင်ဒယ်။ ယုတ်စွအဆုံး ကိုယ့်ခြေလက်သွား အစိတ်အပိုင်းများဂိုတောင် နိုင်ငံပိုင်လို့ သတ်မှတ်တဲ့ ဘုံစနစ်၊ မလိုက်နာရင် တန်ပြန်တော်လှန်ရေးသမားဆိုပြီး ကွက်မျက်ပစ်တယ်။ ကိုယ်လုပ်သလောက် မခံစားရမှဒေါ့ ဘယ်သူမှ အလုပ်ကြိုးကြိုးပမ်းပမ်း မလုပ်ဘူး၊ အကုန်လုံး ဖရီးချိုင်းနား ဖြစ်ကုန်ဒယ်။ အကျိုးဆက်အားဖြင့် အထွက်နှုန်းကျဒယ်၊ အငတ်ဘေးစိုက်တယ်၊ လူဒွေ သိန်းသန်းချီသေဒယ်။ ဒီလိုနဲ့ […]


နေ့တနေ့ဖြစ်တည် ကြယ်တစင်းမွေးဖွား ပုလဲတလုံးသန့်စင် အိုင်းစတိုင်းပြောတော့ E = mc2 ထုနဲ့အလင်းမှာ စွမ်းအင်ရတယ် စတြာဝဠာရဲ့အစ… အချစ်တခုရှင်သန် ကဗျာတပုဒ်ဖန်တီး ရင်ခုန်သံပဲ့တင်ထပ် ဘဝ + မျှော်လင့်ချက် ခံစားချက်နဲ့ လူတယောက် ကမာ္ဘတခုနိဒါန်း.. နယူတန်ပြောတဲ့ ဆွဲငင်အား ငါ့အတွက်တော့ ဖြစ်မလာ ဝေးကွာသွားပေမဲ့ ကျေနပ်စွာ ငေးနေပါ့မယ် ပိုတောက်ပလာတဲ့ ကြယ်စင်တပါး…။


ပလပ်..ပလပ် ဂျွတ်ဂျွတ်…ခွီးခရား..။ ကြေးမုံဂျီးနှင့် ကြောင်ကြီးတို့ ကိုက်နေဂျဂျင်းဖြစ်သည်။ ကျင့်ဝတ်သိက္ခာ တပြားသားမှ ရှိဟန်မတူဂျဒေါ့ဂျေ။ ကြောင်ကြီး မာန်ဖီကိုက်သလို ကြေးမုံဂျီးကလည်း အားကျမခံ ရှိသမျှသွား သုံးဆယ့်နှစ်ချောင်း ဖြဲကိုက်သည်။ အမှန်မဒေါ့ ဘယ်သူပျက်ပျက် ကိုယ်တရားမပျက်ရ ဘုရားဟော ရှိထား၏။ သူမကောင်း၍ မိမိဆိုးသည်ဆိုခြင်းမှာ ညဏ်အမျှော်အမြင်ရှိသူတို့လုပ်ရပ် ဟုတ်ချေ။ လက်တုံ့ပြန်မှုနှင့်အတူ လိမ်ခြင်းပါမြောက်၍ နှစ်ပြစ်ထိုက်သည်။ နေရာဃား အင်ကြင်နှီးယာပိုင်ရှင် အန်တီမမ၏ ဇာတိချက်မြေ ပန်းတနော်မြို့ တွင်ဖြစ်သည်။ အန်တီမမဦးဆောင်ပီး ပရဟိတဆေးရုံအတွက် ဂဇက်ရွာမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဂျင်းဖြစ်သည်။ အိမ်ရှင်ရွာသူရွာသားများမှလည်း စေတနာအပြည့် ဧည့်ခံကျွေးမွေးသည်။ လမ်းခုလတ် ရွာတရွာတွင်လည်း နံနက်စာ မုန့်ဟင်းခါး အဝတုတ်လာခဲ့ပီးလေဗျီ။ မစားဘူး မစားဘူးနှင့် ဂဇက် ရွာသူားများ တီးလိုက်ကြသီမှာ အချိန်တရာ ကုန်လေသည်။ ဘုန်းကြီးကျောင်းတွင် ချက်ထားသော […]