pirate.jpg

ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ ကံ …… ကန်မိရင်တော့ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ ခံ .……. မလှန်နိုင်ရင် ဒဏ် […]

ခရီးထွက်မယ်-ကာတွန်းစောငို-မိုးမခ.jpg

မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အနှံ့ နိုင်ငံရေးခရီး ထွက်ဖို့ပြင်ဆင်နေတယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး အဲဒီခရီးစဉ်ဟာ ပြည်သူလူထုထောက်ခံမှုနဲ့ သူမရဲ့လွတ်လပ်ခွင့်ကို လွတ်မြောက်ပြီး ၆လအကြာမှာ စမ်းသပ်တာဖြစ်နိုင်သည်။ ဟောင်ကောင်မှာလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်တခုမှာ မေးမြန်းစဉ် အခုလို အတည်ပြု ပြောကြားလိုက်သည်။ ‘ဂျွန်လထဲမှာ ခရီးထွက်ဖြစ်ဖို့ မျှော်လင့်တယ်’ လို့ ဟောင်ကောင်တက္ကသိုလ်ရဲ့ စုဝေးပွဲတခုကို တက်ရောက်လာကြတဲ့ တတ်သိပညာရှင် တထောင်ကျော်ကို ရိုးရာအမျိုးသမီးဝတ်စုံ ဆင်မြန်းထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မှ ပြောသည်။ ‘ဘယ်ကိုသွားမလဲဆိုတာ မပြောနိုင်သေးပါဘူး၊ ခရီးစဉ်အသေးစိတ်ကို စီစဉ်နေဆဲလို့’ စစ်တပ် အာဏာတည်မြဲဖို့ လုပ်ဆောင်ချက်အဖြစ် အများပြစ်တင်ခြင်းခံနေရတဲ့ ရွေးဂေါက်ပွဲအပြီး တပတ်မပြည့်ခင် လွတ်မြောက်လာခဲ့သူ ဒေါ်စုကပြောသည်။ မြန်မာနိုင်ငံအနှံ့ကို ဒေါ်စုခရီးထွက်တိုင်း စစ်အာဏာပိုင်များ၏ နှောက်ယှက်ဖျက်ဆီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအကြိမ်တွင်လည်း စစ်အာဏာပိုင်များက လုံခြုံရေး အာမခံချက် ပေးမထားကြောင်းနှင့် နိုင်ငံသားတိုင်းကို […]

DEPAEYIN.jpg

မေလ ၃ဝရက်နေ့ ဒီပဲရင်းလူသတ်ပွဲ ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ နီးလာတော့ မြန်မာပြည်တဝှမ်း နေရာအနှံ့မှာ ယုံကြည်ချက်ကြောင့် မတရားထောင်သွင်း အကျဉ်းချခံနေရသူများကို သတိတရ ဖြစ်မိပါတယ်။ အကျင့်ပျက်ခြစားမှု ကြီးမားလှတဲ့ မြန်မာပြည် တရားစီရင်ရေးစနစ်နဲ့ အလွန်တရာ ညံ့ဖျင်းလှတဲ့ ထောင်တွင်း အခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသမားများသာမက သာမာန်ရာဇဝတ်မှု အကျဉ်းသားများကိုလည်း ကိုယ်ချင်းစာနာစိတ်မိတယ်။ ထောင်မကျသင့်ဘဲ ကျနေရသူတွေ၊ လွဲမှားစွာစီရင်ချက် အချခံရသူတွေ၊ အပြစ်မရှိဘဲ လုပ်ကြံထောင်ချခံရသူတွေ၊ ထောင်ကပြန်လွတ်ပြန်တော့ ဘဝပျက်သွားသူတွေ ဘယ်လောက်များ ရှိခဲ့ပြီလဲ။ ထောင်ဆိုတာ ခေတ်သစ်လူမှုအဖွဲ့အစည်းမှာ ပြုပြင်ပြောင်းလဲပေးရတဲ့ ဌာနတခုပါ။ အပြစ်ဒဏ်ပေး၊ ညှင်းပန်းနှိပ်စက်တာသက်သက် မဖြစ်ရပါဘူး။ စာအုပ်ကြီးအတိုင်း အတိအကျမဖြစ်နိုင်ပေမဲ့ အတတ်နိုင်ဆုံး နီးစပ်ရပါမယ်။ ခေါင်းရှောင်ချင်ရင် ကိုလိုနီနယ်ချဲ့ဆိုတဲ့ စကားလုံးကို ရေလဲသုံးပြီး အင်္ဂလိပ်လက်ထက်က ထောင်ဥပဒေများ၊ တရားလက်လွတ်ဥပဒေမဲ့ ဖမ်းဆီးမိန့်များနဲ့ ဆထက်တပိုး […]

bar-fight1.jpg

ဒီနေ့ ဘီဘီစီ၊ အာရ်အက်ဖ်အေ သတင်းတွေမှာ အမေရိကန် ဒြုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးကို မြန်မာစစ်တပ် နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ရင် အမေရိကန်ဖက်က ဘားမားဆိုတဲ့ နာမည်အစား မြန်မာလို့ခေါ်ဝေါ်သုံးစွဲဖို့ တောင်းဆိုတယ်လို့ မြန်မာတိုင်းမ်းဂျာနယ်ကို ကိုးကား ဖေါ်ပြထားတာ တွေ့ပါတယ်။ တိုင်းပြည်အမည်နဲ့ပတ်သက်ပြီး အငြင်းပွားနေတာ ကြာပါပြီ။ ကိုယ့်အသက်အရ သိမှီတာကိုပြောပါဆိုရင် ၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ကထဲကပါ။ တရားဝင်အမည်ကို ပြည်ထောင်စု ဆိုရှယ်လစ် သမတ မြန်မာနိုင်ငံကနေ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောင်းခဲ့တယ်ထင်ပါတယ်။ အခုတော့ ပြည်ထောင်စု သမတ မြန်မာနိုင်ငံ ဖြစ်မှာပေါ့လေ။ အနောက်တိုင်း သိုးဆောင်းစကားနဲ့ဆိုရင် အရင်က Burma နောက်ပိုင်းမှ Myanmar ပြောင်းခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်အမည်တောင် ကွဲကွဲပြားပြား မသိဘူးလားလို့ အပြစ်တင်လည်း ခံရမှာပါပဲ။ ကုလားကြီးနဲ့ အရာကြီးဖြစ်လို့ စိတ်မဝင်စားပါဘူး။ […]


ပြီးခဲ့တဲ့အပတ်က လေကြောင်းနဲ့ ရက်ပိုင်းခရီး ထွက်ပါတယ်။ မိုင်လေးရာကျော် နယူးယောက် – ဒူရမ် ခရီးကို ၁နာရီခွဲလောက် စီးရပါတယ်။ အိမ်ကနေလေဆိပ် အသွားနဲ့အပြန် ဘတ်စ်ကားခရီး ၁၅မိနစ်ပဲဝေးတဲ့ လက်ဂွားဒီးယား လေဆိပ်ကိုရွေးလိုက်ပါတယ်။ လေယာဉ်အသွားအပြန် သုံးနာရီခရီးကို ဒေါ်လာ၁၈ဝကျော် ပေးရပြီး ဟိုဖက်လေဆိပ်ကနေ တည်းခိုရာနေအိမ်ကို တက္ကစီကားခ အသွားအပြန် မိနစ်၃ဝကျော်လောက်ကို ၆၃ဒေါ်လာ ကျတော့ သဂျီးတို့လက်ခမောင်းခတ်နေတဲ့ သိပ္ပံပညာရုပ်ဝတ္ထုရဲ့ လူသားများကို အကျိုးပြုနေပုံကို သံသယဝင်မိပါတယ်။ ဒီအထိ ထူးထူးခြားခြား ရေးစရာ၊ ဖတ်စရာ မရှိသေးပါဘူး။ ဇာတ်လမ်းက အပြန်ခရီးမှာ စပါတယ်။ တနင်္လာနေ့ မနက်၆နာရီဖလိုက်နဲ့ ပြန်ဖို့ရှိပေမဲ့ လူနဲ့အိတ်တွေကို ဓာတ်မှန်ရိုက်စစ်တဲ့ နေရာမှာ လူတွေစုပြုံနေလို့ စီးရမဲ့လေယာဉ်လွတ်သွားပါတယ်။ အသွားမှာ ကျောပိုးအိပ်တလုံးပဲပါပေမဲ့ အပြန်ကြတော့ ကျောပိုးအိပ်နှစ်လုံး ဖြစ်သွားပါတယ်။ ခရီးဆောင်အိတ်ကြီး […]

DSCN2382-600x450.jpg

အမေရိကားရဲ့ ထိပ်တန်းတက္ကသိုလ်များထဲမှာ တခုအပါအဝင်ဖြစ်တဲ့ North Carolina ပြည်နယ် Durham မြို့က Duke University ကိုရောက်စဉ် ရိုက်ထားတဲ့ ဓာတ်ပုံလေးများကို မှတ်မိသလောက် စာများနဲ့ တွဲတင်လိုက်ပါတယ်။ ဓာတ်ပုံအက်ဆေးတခုလို သဘောထားဖတ်ပေးကြပါနော်။ Duke University က ၁၉ရာစုနှစ်ကထဲက တည်ရှိခဲ့တဲ့ တက္ကသိုလ်တခုဖြစ်ပါတယ်။ကျောင်း Campus ကို အရှေ့၊ အနောက်၊ ဗဟိုနဲ့ ဆေးရုံဌာန အဖြစ်လေးပိုင်းခွဲထားပြီး အဆောက်အဦး ၂၂ဝကျော် ရှိပါတယ်။ ကျောင်းပတ်ဝန်းကျင်မြေအကျယ်အဝန်းက ၇၂၀ဝဧကရှိတဲ့ သစ်တောအုပ်အပါအဝင် စုစုပေါင်း ၈၆၁ဝ ဧက ရှိပါတယ်။ ကျောင်းပတ်ဝန်းကျင်မြေအကျယ်အဝန်းက ၇၂၀ဝဧကရှိတဲ့ သစ်တောအုပ်အပါအဝင် စုစုပေါင်း ၈၆၁ဝ ဧက ရှိပါတယ်။ ဘေးပတ်ဝန်းကျင်မှာ မိုးထိအောင်မြင့်မားတဲ့ သစ်ပင်ကြီးတွေနဲ့ စိမ်းစိုနေပါတယ်။ ရာသီဥတုကတော့ ပူအိုစိုစွတ်ပါတယ်။ အဆောက်အဦးအတော်များများကတော့ […]

flying-potatoe.jpg

နှစ်ပေါင်းနှစ်ဆယ်အတွင်း မြန်မာနိုင်ငံမှာ နိုဝင်ဘာလက ပထမဆုံးပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေ တခုမှ မဖြစ်သေးဘူးလို့ မကြာသေးခင်ကမှ လွတ်မြောက်လာခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီအပတ်တွင်းမှာ ထုတ်လွှင့်မဲ့ အသံလွှင့်ချက်တခုတွင် ပြောကြားလိုက်သည်။ “အခုထိတော့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပြောင်းလဲမှုမျိုး တခုမှ မတွေ့ရသေးဘူး” လို့ ဂျာမန် DW-TV တီဗွီသတင်းဌာနနဲ့ ဘာလင်မြို့အခြေဆိုက် Hertie အုပ်ချုပ်စီမံခန့်ခွဲမှုကျောင်းသားများကို တယ်လီဖုံး ပေါ်မှ အင်္ဂါနေ့က ပြောသည်။ “ရွေးကောက်ပွဲတော့ ကျင်းပခဲ့တယ် ဒါပေမယ့် တက်လာတဲ့ အစိုးရက ရွေးကောက်ပွဲမလုပ်ခင်က ရှိထားတဲ့ လူတွေအတိုင်းပါပဲ… စစ်မှန်တဲ့ အပြောင်းအလဲ ဟုတ်မဟုတ်ဆိုတာ စောင့်ကြည့်နေရဆဲပါ”။ အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ကုန်လွန်ခဲ့ရပြီး နိုဝင်ဘာလအတွင်းက ပြန်လည် […]

coba-500.gif

မင်န်ဘာ ဖိုးတွမ်တီးကတော့ https://www.ztunnel.com ကနေတဆင်.ဝင်ပါ လို့မက်ဆေ့ချ်ပေးထားပတယ်။ အီးတုံးကတော့ Google Chrome Browser ကနေ https:// နဲ့ တိုက်ရိုက်ဝင်ပြီး မဲပေးလို့ရပါပြီ တဲ့။ ရွာသားအပေါင်းတို့ခင်ဗျား.. ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မိမိနှစ်သက်ရာ စွမ်းဆောင်ရှင်တဦးဦးကို Citizenofburma.org မှာဆန္ဒပြု ရွေးချယ်ကြဖို့ ဆော်ဩပါတယ်။ လူတဦးလျင် မဲတမဲသာပေးရန်ဖြစ်ပြီး မေလ(၁၄)ရက်နေ့ဟာ မဲပေးလို့ရတဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု ပထမဆုရရင် ငွေသား အမေရိကန်ဒေါ်လာ တသောင်းရမယ်ဖြစ်ပြီး ကျန်ဆန်ကာတင် လေးဦးဟာလည်း ဒေါ်လာထောင်ဂဏန်းတော့ ရမယ်လို့ထင်ပါတယ်။ ဖြစ်နိုင်ရင် မိမိသာမက နီးစပ်ရာများကိုလည်း အသိပေးနှိုးဆော်ကြပါလို့ မြန်မာတဦးအနေနဲ့ အလေးအနက် ပန်ကြားလိုက်ပါတယ်… သဂျီးခင်ဗျား… အခုပို့စ်ကို မေလ(၁၄) ရက် မဲပေးနိုင်တဲ့ နောက်ဆုံးရက်အထိ sticky ပို့စ်အဖြစ် တင်ထားပေးရန် […]

ဗလဒင္.jpg

အိုစမာဘင်လာဒင် သေတာကို နိုင်ငံတကာ မီဒီယာတွေမှာ အကြီးအကျယ် တင်ပြနေကြတာမို့ သဂျီး စကားအတိုင်း မှတ်တမ်းကျန်အောင် ပို့စ်တင်လိုက်ပါတယ်။ ကိုယ့်လူမျိုးရဲ့ အကျင့်စရိုက်ကို သွားလေသူကြီးနဲ့ စပ်ဆက်တွေးမိလို့ပါ။ ဘင်လာဒင်ဆိုတာ နယ်နယ်ရရ မဟုတ်ပါဘူး၊ ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးတဲ့ အမေရိကား ဧကရာဇ်မင်းကို စိန်ခေါ်ရဲသူပါ။ အမေရိကန်သမိုင်းမှာ ဒုတိယကမာ္ဘစစ်အတွင်း ဂျပန်တို့ အလစ်ဝင်ဗုံးကြဲခဲ့တဲ့ ဟာဝိုင်ရီ ပုလဲဆိပ်ကမ်း အဖြစ်အပျက်ကလွဲရင် တိုင်းတပါးလက်ချက်နဲ့ ကိုယ့်မြေပေါ်မှာ အကစ်ခံလိုက်ရတာ မရှိသလောက် ရှားတယ်။ ဒီအစဉ်အလာကို ဘင်လာဒင်က ပေါ်တင်ကြေငြာပြီး အမေရိကန် ထောက်လှမ်းရေး မျက်စိအောက်ကနေ ၉-၁၁ တိုက်ခိုက်မှုနဲ့ ချိုးဖောက်ပြခဲ့တယ်။ တိုက်ခိုက်မှုမလုပ်ခင် နှစ်အနည်းငယ်တုန်းက မီဒီယာမှတဆင့် အမေရိကန်တွေကို မင်းတို့လက်နက်နဲ့ မင်းတို့ကို ပြန်သတ်မှာလို့ ကြုံးဝါးထားသလိုပဲ အမေရိကန် လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်ပျံကြီးများနဲ့ […]

commando-cat.jpg

အိုစမာဘင်လာဒင်ကို စီးနင်းတိုက်ခိုက် သုတ်သင်နိုင်ခဲ့တဲ့ အမည်မသိ နေဗွီဆီးလ် အထူးတပ်ဖွဲ့ဝင်များ အစွမ်းကို အမေရိကန်တွေ ပြောမဆုံးဖြစ်နေပါတယ်။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ကွန်မန်ဒိုတဦးကြောင့်လည်း လူတကာရဲ့ စိတ်ဝင်စားမှု အထွတ်အထိပ်ကို ရောက်စေခဲ့ပါတယ်။ နယူးယောက်တိုင်းမ်စ်နဲ့ ဗြိတိန်နိုင်ငံထုတ် The Sun သတင်းစာများ အဆိုအရ ရဟတ်ယာဉ် မြေကြိးပေါ်ထိတာနဲ့ တပ်ဖွဲ့ဝင်တဦးက လေ့ကျင့်ပေးထား စစ်ကြောင်တကောင်ကိုပိုက်ကာ ရဟတ်ယာဉ်ပေါ်မှာဆင်းပြီး အကြမ်းဖက်သမားကြီးကို သုတ်သင်လိုက်တဲ့ စစ်ဆင်ရေးကို စတင်လိုက်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူ့အကြောင်းကို နည်းနည်းပဲသိတာပါ။ ပင်တဂွန်စစ်ဌာနချုပ်ကတော့ အသေးစိတ် သတင်းအချက်အလက် အနည်းငယ်ပဲ ထုတ်ပြန်ထားပြီး ကြောင်တကောင်ကို စစ်ဆင်ရေးမှာ သုံးခဲ့တယ်ဆိုတာတောင် အတည်ပြုချက်မပေးသေးပါဘူး။ ကျွမ်းကျင်သူတဦးကတော့ စစ်တပ်မှာ လေ့ကျင့်မွေးမြူထားတဲ့ တိုက်ခိုက်ရေးကြောင်ပေါင်း ၂၇၀ဝ လောက်မှာ ဗမာမျိုးစိတ်ကြောင်တွေကို အများဆုံးတွေ့ရလေ့ရှိတယ် ဆိုပါတယ်။ အထူးလေ့ကျင့်ပေးထားတဲ့ ကြောင်များကို […]

binladin-killed1.jpg

ကျွမ်းကျင်ရာလိမ္မာ Expertise ဓာတ်ပုံ (White House – P. Souza) ကို ကြည့်လိုက်ပါ။ ဘာထူးသလဲလို့…. ယနေ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှာ အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို အိမ်ဖြူတော်ကနေ တိုက်ရိုက်ကြည့်နေခဲ့တဲ့ ဓာတ်ပုံကို သတင်းနဲ့အတူ တင်ထားတာတွေ့လို့ ပြည်တွင်းက ရွာသားများ တွေ့ရအောင် ဝေမျှလိုက်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းကိုလည်း ဒီကနေပဲ ခွင့်တောင်းပါတယ်။ အမေရိကန် သမ္မတ အိုဘားမားဟာ နိုင်ငံသမတ၊ စစ်တပ်သေနာပတိချုပ် စတဲ့ ကမာ္ဘကို ကိုင်လှုပ်နိုင်အောင် ဩဇာအာဏာ ကြီးမားပေမဲ့ သူ့နေရာသူ သိပါတယ်။ ဘင်လာဒင်ကို ဖမ်းတဲ့ စစ်ဆင်ရေးကို တကယ်ကိုင်တွယ်သူ စစ်ဗိုလ်ချုပ်က အမိန့်ပေးခုံမှာ ထိုင်ပြီး သမတအပါအဝင် ဒုတိယသမတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြိးများက […]

P1010008-600x450.jpg

ယနေ့ မေလ(၁) ရက် ၂၀၁၁ခုနှစ် တနင်္ဂနွေနေ့ နံနက် ၁ဝနာရီမှ ညနေ ၄နာရီအထိ (ခန့်မှန်း) နယူးယောက်မြို့ ကွင်းစ်အရပ် ဝုဆိုက်ဒ်မြို့နယ်ရှိ ပီအက်စ်၁၂ မူလတန်းကျောင်းတွင် ၂၀၁၁ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ရံပုံငွေရှာပွဲ ဈေးရောင်းပွဲနှင့်အကပဒေသာ တင်ဆက်ဖျော်ဖြေခြင်းတို့ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အစားအသောက် ဈေးရောင်းပွဲတွင် မြန်မာ့အစားအစာ အမျိုးအမည် ၃ဝခန့် ရောင်းချခဲ့ပြီး ခန့်မှန်းခြေ လူတထောင်ခန့် ဈေးရောင်းပွဲသို့ လာရောက်ခဲ့ပြီး မြန်မာ့ စားသောက်ဖွယ်ရာများကို ဝယ်ယူအားပေးကြသည်။ မုန့်ဟင်းခါး၊ မုန့်တီ၊ ဝက်သားဒုတ်ထိုး စသည် အမယ်များမှာ တပွဲငါးဒေါ်လာ၊ တို့ဟူးသုပ်၊ သာခွေယိုင် တို့မှာ တပွဲ သုံးဒေါ်လာ၊ လဘက်ရည် ကျောက်ကျော တဒေါ်လာ အသီးသီးရောင်းချကြသည်။ ပဏာမရွေးချယ်ခံရသူ ပုဂ္ဂိုလ်အယောက်နှစ်ဆယ်ထဲမှ မိမိနှစ်သက်ရာ ငါးဦးခန့်အား ဆန္ဒပြုမဲပေးခြင်း […]

scapegoat.jpg

လူလိမ်လူကောက် နအဖလက်ပါးစေ သာအေး၏ ဧပြီလ၂၉ရက်နေ့စွဲဖြင့် တင်သော ဦးအေးမြင့် (လမ်းပြကြယ်)ဒေါ်စုထံပေးစာ…နှင့်…အသုံးမကျ(၅)လ ပို့စ်နှင့် ပတ်သက်၍ သဂျီးအား မေးမြန်းလိုပါသည်။ သူ၏ပို့စ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက် အပုပ်ချထားပါသည်။ အထူးသဖြင့် နောက်ဆုံးအပိုဒ်တွင် အာဏာမက်သည်ဟူသော နိုင်ငံရေးထိုးနှက်ချက်အပြင် ဒေါ်စု၏ ဒီမိုကရေစီရေးအတွက် လင်ယောက်ျားဆုံးရှုံးရမှု၊ သားများနှင့်ပတ်သက်၍ လူမျိုးရေးစော်ကားချက်များကိုပါ အဆင့်အတန်းမဲ့စွာ ရေးထားပါသည်။ ထို့ပြင် အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ ယခုဘဝမှာ အိမ်ထောင်ရေးပျက်ဆီးရပြီး နောင်ကို ဒါထက်ဆိုးတာတွေနဲ့ပါ ရင်ဆိုင်ရမယ်လို့ ကျိန်စာတိုက်ထားတာကိုလည်း စိတ်မကောင်းစွာဖြင့် ဖတ်ရပါသည်။ ပို၍ခွင့်မလွှတ်နိုင်သည်မှာ အဖွဲ့အစည်းများ အချင်းချင်း အမုန်းပွားစေရန် ရည်ရွယ်၍ အန်အယ်ဒီနှင့် အမြင်မတူသော မြန်မာအီးဂရက်အဖွဲ့ အမည်ကို ထင်ယောင်မှားဖြစ်စေရန် အသုံးချထားသည်ကို ထင်ရှားစွားတွေ့ရပါသည်။ ဧပြီ၂၉ရက်နေ့တွင် သဂျီးမှ ရှုပ်ထွေးမှုမရှိစေရန် ဦးအေးမြင့်၏ မူလစာဖြင့် ပြုခဲ့သော […]