တိမ္မည္းNovember 22, 20121min37840
မင်းသားဆိုသည်မှာ… တကားလုံး အထိုးအကျိတ်ခံရပီး နောက်ဆုံးကျမှ နိုင်သော သူကို မင်းသား ဟုခေါ်သည်…   ဟိုးအရင် ရုပ်ရှင်ပေါ်စက ရွေဘ ဆိုသော မင်းသား တဦးရှိဖူးသည်…… ပြသော ရုပ်ရှင်က အသံတိတ် ပိတ်ပေါ် စလိုက်ထိုး အဖြူအမည်း ရုပ်ရှင်ခေတ်ဦးက ဖြစ်သည်……. ပရိသတ်တွေက မင်းသားကို ချစ်သောကြောင့် မင်းသား ခံရလျှင် မကျေနပ် တခါတလေ ဝိုင်းပီး ခဲနဲ ့ပေါက်လို ့ ရုပ်ရှင်ပြသော ပိတ်ကား ပြဲခြင်းကား အခါခါ အလီလီ…. ထိုကြောင့် မင်းသား ခံရလျှင် မကြာခင်ရွေဘ နိုင်ပါတော့မည်ဟု ကြိုတင်ပြောရသည်က မနည်း….   လူအများ သိသော 007 မင်းသား ကြီးကိုသိမှာပေါ့… James Bond လေ… […]


တိမ္မည္းNovember 21, 20121min33836
မန် ့ခြင်း အမှူ ထိုတခုတွင်… တိုသော် မကောင်း… ရှည် သော် မလှ…. ထို နှစ်ဝမှ တိုခြင်း မန် ့ကား လေးရာမရောက်…. ရှည် ခြင်း မန် ့ကား အမှားများရာ…. ထိုထိုထွေထွေ ကြားမြောင် အလယ်… တည်ကာ မန် ့မှ… ကောင်းလိမ့်မည်ဟု မှတ်လေသတည်း….     မန် ့ခြင်း အမှူ ထိုတခုတွင်… အကြင် စာရေး….. ရေးချင်တာရေး…. မန် ့ချင်တာ မန် ့ ပြုခြင်းဖြစ်က….. လေးထားအမှူ မရှိခဲ့သော်…. ရွာပူ ရွာဆူ ပြုလုပ်သည်ဟု…. ခိုင်ခေါ် သဂျီး သမုတ်လေသတည်း….     မန် ့ခြင်း အမှူ […]


တိမ္မည္းNovember 21, 20121min18818
လေးတန်းလောက်ကပေါ့………. ပထမတန်း သချာင်္ကို ပြန်ကြည့်တော့ လွယ်လိုက်တာ…. ညီလေးက ဘာဖြစ်လို ့ မတွက်နိုင်သလဲ စဉ်းစားမစရ…. တွက်မရသော သူ ့ကိုသာ ပြစ်တင်ကြိမ်းမောင်းမိသည်…….. ကိုးတန်း အရောက် အလွန်လွယ်ကူလှသော ခြောက်တန်း အင်္ဂလိပ်စာကို နားမလည်နိုင် ဖြစ်နေသော ညီငယ်ကို စဉ်းစားမရ…. ကွန်ပျူတာကျောင်းတခုတွင် ဒီပလိုမာတန်း တစ်နှစ်လောက်တက်ပီး ကွန်ပျူတာ လောကသို ့ဝင်ခါစ ကွန်ပျူတာ အဖွင့်အပိတ် မလုပ်တက်ဟု ဖင်ပိတ်ငြင်းနေသော ညီငယ်ကို ဖနောင့် နဲ ့ဆောင့်ကန်ချင်စိတ် ပေါက်မိသည်…. တခါတလေ လူတယောက်နဲ ့ တယောက် မွေးရာပါ အတွေးအခေါ် အကြံအဆ အခြေအနေ ပတ်ဝန်းကျင် စသဖြင့် ကွဲပြားမှူပေါင်းမြောက်မြားစွာမှာ ကြီးပြင်းလာတဲ့ လူတွေသည် ကွဲပြားသော စွမ်းဆောင်ရည်နဲ ့ အတွေးအခေါ်ရှိကြလေသည်…. […]


တိမ္မည္းNovember 15, 20122min1649
တင်မိတဲ့အကြောင်းလေး  တခါတလေ ကြုံဖူးပါတယ် Gmail ဖြစ်စေ Facebook ဖြစ်စေ ဘယ် web page ကိုမဆို user name password ဖြည့်ပီးသွားရင် Firefox ဆိုမေးပါတယ် password တွေကို မှတ်ထားမလားလို ့… မှတ်ထားမိတဲ့အခါ browser ဖွင့်တိုင်း ဖွင့်တိုင်း Password နဲ ့ User Name လေးတွေ အရန်သင့်ဖြစ်နေတာ တွေ ့မိမှာပါ…. Enter ခေါက်ဖို ့ပဲလိုတယ်… Gmail ဆို ဝင်နေကျ user name နဲ ့ပါ အသင့်…. Chrome တို ့ Opera တို ့ဆိုမေးလေ့မေးထသိပ်မရှိပါဖူး…. Safariအကြောင်းတော့မပြောတော့ဖူး ကျွန်တော်ကပန်းသီးကိုသိပ်ကြည့်မရလို ့…. 😀 […]


တိမ္မည္းNovember 13, 20121min22517
ကိုယ့်ကိုယ်ကို မေးဖြစ်တဲ့ မေးခွန်းလေးတွေ ရေးမိတာပါ….   အိမ်သာတက်ပီးတိုင်း လက်ဆေးမိသလား… အခန်းထဲကထွက်တုန်း မလိုအပ်တဲ့မီးတွေ ပိတ်မိသလား… ညတိုင်း မနက်တိုင်း ဘုရားရှိခိုးမိသလား… အမှိုက်ပုံးထဲ အမှိုက်အမြဲပစ်သလား… တပတ်စာ ပလန်လုပ်ဖြစ်လား…. ဒီလဘယ်လောက် သုံးမယ်လို ့ မှန်းဖြစ်လား…. ပိုက်ဆံစုဖြစ်လား… တနေ ့ တဆယ်ဖြစ်ဖြစ် တထောင်ဖြစ်ဖြစ်…. ပလန်လုပ်ထားသမျှပီးလား ဘယ်လောက်ပီးလဲ… ကိုယ်မလုပ်ချင်ဆုံးအလုပ်ကဘာလဲ….. ကိုယ်လုပ်ချင်တာ ဘာလဲ…. ဖြစ်သင့်တာက ဘာလဲ…. ဖြစ်ချင်တာက ဘာလဲ… ရှိသမျှ အလုပ်တွေကို တန်းစီပီး ဦးစားပေး အဆင့်ခွဲပီးပီလား… မိန်းမ ဘယ်တော့ယူမှာလဲ ယူပီးရင် ကလေးဘယ်တော့ယူမှာလဲ…. စာတွေ မှန်မှန် ကြည့်ဖြစ်လား…….. သင်တကယ် ကြိုးစားတာ အမှန်လား…. ငါ ကိုယ့်ကိုယ်ကို လိမ်မိလား………. ဂေးဇက်မှာ ငါငြင်းမိသမျှတွေ […]


တိမ္မည္းOctober 26, 20121min15113
၁။ ဖတ်ရှုလေ့လာနိုင်စွမ်း အစားအသောက်တွေကို ပုံမှန် စားနေပေမယ့် ကိုယ်အလေးချိန် တက်မလာတဲ့သူတွေ ရှိနေသလို အစားအသောက်ကို ထိန်းချုပ်ပြီး စားနေပေမယ့် ကိုယ်အလေးချိန် မကျသွားတဲ့ သူတွေလည်း ရှိနေပါ လိမ့်မယ်။ ဘာကွာခြားလို့လဲ ဆိုတာ သိချင်နေမှာပါ။ အကြောင်းကတော့ ကိုယ်အလေးချိန် တက်မလာတဲ့သူတွေက အစားအသောက်တွေကို ဝယ်ယူတဲ့အခါ အညွှန်းကို ဖတ်ရှုလေ့လာတဲ့ အလေ့အထ ရှိပြီး ပါဝင်ပစ္စည်းတွေထဲက ဆောင်ရန် ရှောင်ရန်တွေကိုပါ သိထားလို့ပါ။ ၂။ ဆော်ဒါသောက်သော အလေ့အထ လေ့လာမှုတွေအရ တစ်နေ့မှာ ဆော်ဒါ အချိုရည် နှစ်ခွက်နဲ့ အထက် သောက်ရင် မသောက်တဲ့သူတွေထက် ခါးအတိုင်းအတာ ခြောက်ဆလောက် ပိုတုတ်လာတယ်လို့ သိရပါတယ်။ ၃။ အိပ်ရေးပျက်ခြင်း လေ့လာမှုအသစ်တစ်ရပ်အရ အိပ်ရေးပျက်တဲ့အခါ နောက်တစ်နေ့မှာ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတော့ဘဲ […]


တိမ္မည္းOctober 11, 20121min764
ဒီဆောင်းပါးလေးဟာ ၂၀၀၆ ခုနှစ်တုန်းက ခေတ်ပြိုင်ဂျာနယ်နဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးလေးပါ။ ရေးခဲ့သူကတော့ ခု မြန်မာနိုင်ငံရေးလောကကနေ အနားယူမယ်လို့ပြောခဲ့တဲ့… အမျိုးသားရေးဦးဝင်းနိုင်ရေးခဲ့တဲ့တာပါ။ ခုထိ ဆန်းသစ်နေဆဲဖြစ်သလို မြန်မာလူမျိုး၊ မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသားလို့ ခံယူထားသူများ သေသေချာချာဖတ်ပြီး နဖူးပေါ်လက်တင်လို့ပဲဖြစ်ဖြစ်၊ လက်ပေါ်နဖူးတင်လို့ပဲဖြစ်ဖြစ် စဉ်းစားဆုံးဖြတ်စေဖို့အတွက် ရှာဖွေပြီးတင်ဆက်လိုက်ပါတယ်.. ဆောင်းပါးနာမည်က မြန်မာတွေ ဘာအတွက် လူလုပ်ကြမလဲ..တဲ့ ကမ္ဘာပါ်မှာရှိတဲ့ လူသားတိုင်းမှာ အ မြတ်နိုးဆုံးအရာ၊ ဒါမှမဟုတ် တန်ဖိုးထား ဆုံးအရာဆိုတာရှိစမြဲပါ..။ ဥပမာ-တချို့က ပညာကိုတန်ဖိုးထား ကြတယ်၊ ပညာတတ်အောင် အားသွန်ခွန် စိုက်ကြိုးစားကြတယ်။ တချို့က ငွေကိုတန် ဖိုးထားကြတယ်၊ ချမ်းသာအောင်နည်းမျိုးစုံ နဲ့ ကြိုးစားကြတယ်။ တချို့ကတော့ အကျင့်သီလကို ဘဝ ရဲ့အမြတ်နိုးဆုံးအရာအဖြစ်နဲ့ တန်ဖိုးထား ကြတယ်။ တဦးနဲ့တဦး လူမျိုးတမျိုးနဲ့တ မျိုး […]


တိမ္မည္းOctober 10, 20121min926
မီဒီယာ ဟုဆိုလိုက်တာနဲ ့ ပထမဆုံးပြေးမြင်မိတာက ဖေ့ဘွက်ပါ……… Myanmar Times, Eleven Media, 7 Day News, Internet Journal စသဖြင့် page ပေါင်းများစွာ like ထားသော ကျွန်တော့် ဖေ့ဘွက်မှာ သတင်းတွေက အချိန်နဲ ့တပြေးညီ တက်နေပါတယ်….. ဖုန်းနဲ ့လည်း သုံးလို ့ရပီဆိုတော့ နဲနဲအားတာနဲ ့ ဖုန်းလေးဖွင့် ဖေ့ဘွက်လေးဖွင့်လိုက်တာနဲ ့ သတင်းတွေက တဝေါဝေါနဲ ့စီးဆင်းလာပါတယ်…………. ဘယ်လောက်တောင်မြန်လဲဆိုရင် ဟိုတလောက စစ်တွေမှာ မီးလောင်တုန်းက စစ်တွေကမြို ့နားဝန်းကျင် ကသူတွေတောင် မီးလောင်တာ မသိသေးခင်မှာ သိလိုက်ရလို ့လှမ်းမေးမိလိုက်ပါသေးတယ်…… သတင်းအမှားတွေကြောင့်လည်း ရှင်းလိုက်ရတာ မနဲပါဖူး……………… စစ်တွေမှာ ကလေးတယောက်ပျောက်တုန်းကဆိုလည်း…. ဟိုတယ်ထဲမှာနေတဲ့ကျွန်တော့်ကိုပဲ သတင်းလှမ်းမေးလို […]


တိမ္မည္းSeptember 18, 20122min19720
လေဆင်နှာမောင်း…… ရေဆင်နှာမောင်း……… ဟောလာပြန်ပီ မီးဆင်နှာမောင်းတဲ့…………… ပေ၁၀ဝ (မီတာ ၃၀) ခန် ့မြင့်တဲ့ မီးလေပွေကြီးဟာ ဩစတြေးလျ မှာ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ ့က ဖြစ်ပွားခဲ့ပါတယ်….. တန်ဂျီ အမည်ရှိ ဗီဒီယိုရိုက်ကူးရေးသမား တယောက်က ဩတြေးလျ ပြည်နယ်တဝိုက်ကို လှည့်လည်နေရင်း ထူးဆန်းလှတဲ့ ထိုအဖြစ်အပျက်ကို မှတ်တမ်း တင်ခဲ့ပါတယ်…… သူတို ့ဟာ မီးလေပွေလို ့တောင် တင်စား မခေါ်ချင်ပါဖူး မီးမိစ္ဆာလို့ တင်စားခေါ်ချင်ပါတယ်တဲ့… ကြောင်စရာကောင်းလို့ပါ….. အရှိန် က ပြင်းထန်လှပီး ကြားရတဲ့သူအဖို ့ ဂျက်လေယာဉ်တစား ကိုယ်နား ဖြတ်ပြေးနေသလိုပါပဲတဲ့….. အဖြစ်အပျက်က သိပ်မြန်ဆန်လွန်းတဲ့ အတွက် မှတ်တမ်းတင်သူတွေဟာ ကောင်းမွန်စွာ မရိုက်ကူးနိုင်ခဲ့ပါဖူး…. တနာရီ ၂၂ မိုင်နှုန်းခန် […]


တိမ္မည္းSeptember 18, 20121min20812
ပျော့ညံ့ခြင်းကို သဘောကောင်းခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်.။ မလွန်ဆန်ရဲခြင်းကို သည်းခံ ခွင့်လွတ်ခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင့်။ ပျင်းရိအချိန်ဆွဲခြင်းကို မအားလပ်ခြင်းလို ့ ခေါင်းစဉ် မတပ်ပါနှင်.။ တွေဝေခြင်းကို ချင့်ချိန်ခြင်းလို ခေါင်းစဉ် မတပ်ပါနှင့်။


တိမ္မည္းSeptember 17, 20121min20317
လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။ (၁) အင်းပါ! အင်းပါ! သိပြီ… အရမ်းရှုပ်တာပဲ! (၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်! (မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့! (၄) မလုပ်ပါနဲ့လို့ […]


တိမ္မည္းSeptember 17, 20121min811
လေဆိုတာ နွေးတယ်လို ့ပြောတဲ့သူရှိသလို အေးတယ်လို ့လည်းပြောတဲ့သူရှိပါတယ်….. ကြည်နူးမှူနဲ ့အတူ ခံစားရသလို လွမ်းဆွက်မှူနဲ ့အတူ ခံစားရတာလည်း လေပါပဲ….. အခု တော့ လေးအေးလေးတွေ တိုက်နေပါတယ်………   လေနဲ ့အတူ ပါလာတက်တဲ့အရာတခုကတော့ မျှော်လင့်ချက်ပါ……………….. တချို ့က လေပြေနဲ ့အတူ ပါလာတက်သလို ့ တချို ့ လေပြေနဲ ့အတူ လွင့်မျောသွားတက်ကြပါတယ်……. မည်သို ့ပင်ဆိုစေ မျှော်လင့်ချက်ဆိုတဲ့ အရာလေးကို စိတ်ဝင်စားမိတာ အမှန်ပါ………….   ပန်ဒိုရာ သေတ္တာဆိုတာ တချို ့လည်း ကြားဖူးမှာပါ…… သူနဲ ့ပတ်သက်လို ့အတိတ်အကြောင်းတွေက မျိုးစုံပါပဲ…….. လူသားတွေရဲ့ စိတ်ခံစားချက်ကို တည်မြဲစေဖို ့ ပန်ဒိုရာထဲမှာ ခံစားချက်တွေ ထည့်ထားတယ်လို […]


တိမ္မည္းSeptember 14, 20121min993
ဒီနေ ့တော့ နေလေးသာနေလေရဲ့….. မိုးမိသွားတဲ့ဒဏ်ကြောင့် နေမကောင်းဖြစ်ချင်နေပေမယ့်… ညက Decolgen နှစ်လုံး ဆင့်သောက်လိုက်လို ့ မနက်မိုးလင်း လန်းလန်းဆန်းဆန်းထလာမိပါတယ်…. စစ်တွေဘက်မှာ လူနှစ်ယောက်သေပီး လက်ကမ်းစာစောင်တွေ ဖြန်ကြဲသွားတယ်လို ့ ကောလဟာလ ကြားမိရချိန်မှာ ငြိမ်သက်နေတဲ့ ရခိုင်အခြေအနေတွေ ပြန်ဖြစ်လာမလားလို ့ စိုးရိမ်မိတယ်….. နေမင်းက ပွင့်လာတာ ရာသီဥတုသာဖို ့လား မုန်တိုင်းဖြစ်ဖို ့ ရေမှုန်တွေ ထပ်စုနေတာလားဆိုတာ ဘယ်သူပြောနိုင်မလဲဗျာ……………. မနေ ့က ဇာတ်ကားလေး တကား ကြည့်မိပါတယ်…. အချစ်ကားလေးပါ…. ကောင်မလေးက ကောင်လေးရဲ့ အချစ်ကို မရခဲ့ပေမယ့် သူရဲ့ စီမံမှူတွေကြောင့် ကောင်လေးဟာ အခုဘဝတင်မကဖူး နောက်ဘဝအထိပါ အသက်အန္တာရယ် ကင်းခဲ့ပါတယ်…. ပြောချင်တာက အချစ်ဆိုတာ ဘာလဲ…. ရယူလိုမှူလား… ပေးဆပ်မှူလား… […]