black chawApril 27, 20123min55487
Marketing သိတ်အရေးကြီးပါတယ် ကျောင်းဒကာ။ နားလည်ထား၊ သိထားရင် မမှားဘူးပေါ့ဗျာ။ ကုန်ပစ္စည်းလိုက်ဖြန့်နေမှ Marketing သိဖို့လိုတာမဟုတ်ပါဘူး။ ဆိုက်ကားသမားတွေလည်း Marketing အကြောင်း အကြမ်းဖျင်းတော့သိထားရင် ကောင်းတာပါပဲဗျာ။ ဥပမာ။ ဘလက်ချော ဆိုတဲ့ကောင် နင်းတဲ့ဆိုက်ကားများ တော့ ဘယ်တော့မှ မစီးနဲ့ဟေ့။ ဘယ့်နှယ့်ရှင် ဈေးခြင်းတောင်းလေး ကူသယ်ခိုင်းတာ စောင့်ကြီးအောင့်ကြီးနဲ့။ ဆိုက်ကားနင်းနေတာကို လေယဉ်မောင်းနေရတယ်များ မှတ်နေလားမသိဘူး။ မနက်မိုးမလင်းသေးဘူး အရက်ကလည်း သောက်ထားပြီ။ ပေါက်ဖေါ်လေးတို့ဆို ခိုင်းစရာတောင်မလိုဘူး။ အန်တီ ဘာကူသယ်ပေးရမလဲ ဆိုတာချည်းပဲ။ နောက်ကို ပေါက်ဖေါ်နင်းတဲ့ ဆိုက်ကားပဲ စီးတော့မယ် ဒါဗျဲ။ ဆိုက်ကားနင်းတာတောင် အလိုက်သိ ဖင်ပေါ့တဲ့လူနင်းတဲ့ ဆိုက်ကားမျိုးကို လူတွေက ရွေးစီးချင်ကြပါတယ်။ ဒီနေရာကနေ ဟိုနေရာကို နင်းပို့ပြီး ပေးဆိုက်ကားခ ဆိုရုံလောက်နဲ့တော့ အောင်မြင်တဲ့ ဆိုက်ကားသမား တစ်ယောက်မဖြစ်နိုင်ပါဘူး […]


black chawApril 20, 20126min17119
ပုဂံမရောက်တာကြာနေကြပြီဖြစ်တဲ့ ကျွန်တော့် မိတ်ဆွေများ၊ မရောက်သေးတဲ့ ညီငယ်ညီမငယ်များအတွက် ပုဂံအမှတ်တရပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီတစ်ခါ သင်္ကြန်တစ်တွင်းလုံး ပုဂံမှာနေခဲ့တာဆိုတော့ ပုဂံနဲ့ ပတ်သက်တဲ့ ပုံတွေကတော့ အများကြီးကျန်ပါသေးတယ်။ ဆန္ဒရှိကြမယ်ဆိုရင် တင်ပေးပါဦးမယ်။ အခုတော့ပုဂံဘုရားတွေ ဖူးလိုက်ကြပါဦး…။


black chawApril 18, 20124min13023
ပုဂံမှာ ပထမဆုံး သင်္ကြန်ကျဖူးခြင်းပါ။ အကြိုနေ့ကရောက်ပြီး နှစ်ဆန်းတစ်ရက်နေ့မှ ပြန်ဖြစ်ပါတယ်။ မနက်စောစော တစ်ယောက်တည်း ဘုရားတွေဖူးရင်း ဓါတ်ပုံရိုက်ပါတယ်။ မနက် ၉ နာရီလောက် တူတွေတူမတွေကို တင်ပြီး ညောင်ဦး၊ ပုဂံမြို့ဟောင်း၊ ပုဂံမြို့သစ် တစ်ပတ်ပတ်ပြီး ရေပက်ခံထွက်ပေးပါတယ်။ နေ့လယ်ခင်း အခန်းအောင်းပြီး ညနေပိုင်းတစ်ခါ ရေပက်ခံထွက်ပါတယ်။ သွားရင်းလာရင်း ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေထဲက နိုင်ငံခြားသား ခရီးသွားတွေရဲ့ ထူးခြားတယ်လို့ ထင်တဲ့ ဓါတ်ပုံလေးတွေစုပြီး တင်ပေးလိုက်ပါတယ်။ ဖီလင်တစ်ခုခုတော့ ရနိုင်ကောင်းပါရဲ့…။


black chawApril 18, 20123min56970
ပြည်သူလူထု ဘက်တော်သား စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေ ပေါတဲ့ပြည် အဲဒီမှာ စလွဲတာပဲ ဦးလေးရေ။ သာမန်လူတစ်ယောက်ရဲ့အလွဲဆိုရင် သိတ် မထင်ရှားဘူးပေါ့။ အခုတော့ ဆရာကြီးတစ်ယောက်ရဲ့ သီချင်းဖြစ်ပြီး တိုင်းပြည်ထဲမှာ ရှိသမျှ တီဗီစတေရှင်တွေကနေ နေ့တိုင်းလိုလို လွှင့်ထုတ်ပေးနေခဲ့တော့ကာ တိုင်းသိပြည်သိ အလွဲကြီးကို ဖြစ်နေတော့ တာပေါ့ ကျောင်းဒကာရယ်။ တလွဲမာနလို့ ခေါင်းစဉ်တတ်ပေးရတော့မှာပဲ။ အခုတလော ပြန်ဖွင့်ပေးဖို့ အော်နေပြီဖြစ်တဲ့ Sanction ကို အံတုပြီး မင်းတို့ ပိတ်လည်း ငါတို့က သောက်ဂရုမစိုက်ပါဘူး ကွာ။ သယံဇာတတွေပေါလွန်းလို့… ဆိုပြီး ရေးချလိုက်တာ ကျောင်းဒကာ။ အတည်ပေါက်ကြီးနဲ့ဗျ။ မျက်နှာသနပ်ခါးနဲ့ ပေါင်သေးကြောင်းနဲ့ ဆိုတဲ့ ဇာတ်လမ်းပေါ့ဗျာ။ အဲဒီ သယံဇာတတွေပေါလွန်းတာကပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ […]


black chawApril 9, 20121min26647
ဒီပို့စ် တင်ကာနီး ဆရာမကြီး TTNU ရဲ့ အရက်ကို ကြိုက်လို့ သောက်တဲ့သူ ဆိုတဲ့ ပို့စ်လေးကို အရင်ဖတ်ဖြစ်တယ်ဆိုတာ ဝန်ခံပါရစေ။ သို့သော်လည်း ပျော်စေချင်တဲ့ စိတ်လေး တစ်ခုတည်းနဲ့ အရက်သောက်တဲ့ ပို့စ်လေးကို တင်ဖြစ်ခဲ့ပါတယ်။ ဆရာမကြီး ခွင့်လွှတ်ပေးပါလို့ တပည့် ဘလက်ချောက အနူးအညွတ်တောင်းပန်ပါတယ် ခင်ဗျာ။ ပြီးခဲ့တဲ့ စနေနေ့က ဖြစ်ပါတယ်။ မွန်းလွဲ ၃ နာရီခန့်မှာ ကိုကြီးမိုက် ဖုန်းဆက်လာပါတယ်။ သူတို့ အဖွဲ့အနေနဲ့ ရန်ကင်းစင်တာ နားက NICE မှာ ရောက်နေကြပါပြီတဲ့။ ကျွန်တော်ကလည်း ဒါမျိးဆို သွားချင်တဲ့ စိတ်က ထိန်းမရသိမ်းမရ။ လေဒီဘလက်နဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက်ရသည်နှင့် ဇောင်းထဲမှ လွှတ်လိုက်သည့် မြင်းလို ရန်ကင်းစင်တာနားက NICE သို့ အပြင်းချီတက်ခဲ့ပါသည်။ […]


black chawApril 6, 20121min1339
မနက်ဖြန် ဧပြီလ ရ ရက်နေ့ဆိုရင် အမေ လူထုဒေါ်အမာ ကွယ်လွန်တာ၄ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။ ဧပြီလ ၁ ရက် ရွေးကောက်ပွဲမှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံသွားတဲ့ ပုံရိပ်တွေကိုကြည့်ရင်း အမေ့ကို သတိရနေမိပါတယ်။ အခုလို ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်ပွဲခံနေတာတွေကို အမေ မြင်မသွားရရှာပါဘူး။ အမေလူထုဒေါ်အမာ ကွယ်လွန်တဲ့ ၄ နှစ်ပြည့် အမှတ်တရ အလွမ်းစကားလေးတွေ ရေးကြရအောင်ဗျာ။ အမေလူထု ဒေါ်အမာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီထက်ပိုရေးချင်ပေမယ့် ဒီလောက်ပဲ ရေးနိုင်တာကို ခွင့်လွှတ်ပေးကြပါ။ အမေ လူထုဒေါ်အမာကို ကျွန်တော်တို့ ရွာသူားတွေ လွမ်းဆွတ်ခြင်း အမှတ်တရ အနေနဲ့ ကွန်းမန့်လေးတွေ ရေးပေးကြပါလို့ လေးလေးစားစား တောင်းဆိုပါရစေ ခင်ဗျာ။


black chawApril 5, 20122min57585
ကြားဖြတ်ရွေးကောက်ပွဲမှာ အမေစုနဲ့ NLD အောင်ပွဲခံသွားတာကို ထိုင်ကြည့်ပြီး ပျော်နေတဲ့စိတ်ကလေးတွေ ကို ထပ်ပြီးပျော်စေချင်တဲ့စိတ်နဲ့ ပျော်စရာလေးတွေ ရှောက်ရေးထားပါတယ်ဗျာ။ ဖတ်ကြည့်ပါ။ ရှက်တတ်ရင် ဆက်မဖတ်နဲ့တော့ ကျောင်းအစ်မ ရယ် ။ အလဲ့ … ကာရန်တောင် ငြိနေသေး ဟေးဟေး။ ဘာမှမဟုတ်ပါဘူး။ အပျော်သဘောနဲ့ ရေးထားတာပါ။ ပေါ့ပေါ့ပါးပါးပဲ ဖတ်ပေးပြီး မေ့လိုက်ပေးပါ။ အင်္ဂလိပ်လို ခေါ်တော့ Kiss ၊ ကလေးတွေအတွက်သုံးတော့ အာဘွား။ ကိုးရီးယားကားတွေမှာ ဘာသာပြန်ဆရာတွေက ပြန်ထားတာတော့ အကြင်နာပေးသတဲ့။ ဟေးဟေး။ မြန်မာလို ခပ်လွယ်လွယ်ပြောရရင်တော့ အနမ်း ပေါ့ဗျာ။ အဲဒီ အနမ်း အကြောင်း ပြောမလို့ဗျ။ အဲဒါကြောင့်ပြောတာပေ့ါ။ ရှက်တတ်ရင် ဆက်မဖတ်ပါနဲ့ ။ မကြာခင်ကပဲ ကြားလာရတာက မြန်မာရုပ်ရှင်လောက ဆင်ဆာတွေ လျှော့ပေးတော့မယ် […]


black chawMarch 31, 20121min20820
မနက်ဖြန်လေးတွေ ကောင်းစေဖို့ ဒီနေ့ စ ပြုပြင်စို့ မနက်ဖြန်လေးတွေ လှစေဖို့ ဒီနေ့ စ ဆေးခြယ်စို့ ကြိုပြောထားမယ်နော်။ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ဒါကြောင့် NLD ပါတီဝင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပို့စ်လေးကတော့ ဒီအချိန်မှာ NLD ကို ထောက်ခံမဲပေးခြင်းကသာ အမှန်ကန်ဆုံး ဖြစ်ကြောင်း ပြောမယ့် ပို့စ်လေးပါ။ ခင်ဗျားလည်း ခင်ဗျားကြိုက်တဲ့ ပါတီကိုမဲပေးဖို့ တိုက်တွန်းမှုပြုလုပ်နိုင်ပါတယ် ကျောင်းဒကာ။ ဒါ ဒီမိုကရေစီပါပဲ…။ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ဖို့လိုပါတယ်။ အခု ဒီပို့စ်က ဘလက်ချောရဲ့ နိုင်ငံရေးပါ။ ကျွန်တော်ပြောတဲ့ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲဝင်တာတို့၊ ပါတီဝင်တာတို့ တွေကို ဆိုလိုတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ် လုပ်ပြီး နိုင်ငံရေးလုပ်နိုင်တဲ့လူကလည်း ဒါ သူ့ရဲ့ နိုင်ငံရေးပေါ့။ ငါကတော့ […]


black chawMarch 29, 20126min36054
ဗရမ်းဗတာ ဘလက် စံနစ်တကျ တွေက ဗရမ်းဗတာ ဖြစ်နေသောအခါ ဗရမ်းဗတာ တွေက စံနစ်တကျ ဖြစ်လာတတ်တာကို မိတ်ဆွေ သတိပြုမိပါသလား။ လှည့်ကွက် ဆိုသည့်စကားသည် အလကားဖြစ်လာတာမဟုတ်ပါ။ တချို့ဗရမ်းဗတာများသည် စံနစ်တကျစီမံထားတာဖြစ်ကြောင်း မြင်နိုင်မည်ဆိုလျှင် သင် နိုင်ငံရေး နယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်လို့ ရပါပြီ။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ အဖြစ်အပျက်များသည် ဗရမ်းဗတာများဟု ဆိုပါလျှင် စံနစ်တကျ ဖန်တီးထားတာရော မဖြစ်နိုင်ဘူးလားဟု သုံးသပ်ကြည့်သင့်ပါသည်။ ကောင်းပါပြီ။ စံနစ်တကျ ဖန်တည်းထားသော ဗရမ်းဗတာ စာတစ်ပုဒ်ကို အခုကျွန်တော် ရေးပါတော့မယ်။ မန်းဂဇက်၏ သူကြီး ဦးခိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ကြောင်း CJ ထူးဆန်း၏ အိပ်မက်မှ ဆိုပါသည်။ မောင်ဂဠုန်သီဆိုခဲ့သော အီကိုတန်းက ကြွေရုပ်လေး […]


black chawMarch 26, 20121min27318
မနက်ဖြန်မှာ ကျရောက်မယ့် လက်ရှိအခေါ်အဝေါ် တပ်မတော်နေ့၊ သမိုင်းထဲမှာတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့မို့ တော်လှန်ရေးနေ့ အထိမ်းအမှတ် ပို့စ်လေးတစ်ခုပါဗျာ။ တပ်မတော်စတင်တည်ထောင်တဲ့နေ့က မတ်လ ၂ရ ရက်နေ့ မဟုတ်တာတော့ မှတ်မိနေပါတယ်။ ရေးတေးတေးပါပဲ။ သိကြ မှတ်မိကြတဲ့လူတွေ ပြောကြဆိုကြဖို့ပါဗျာ။ နောက်တစ်ခုက ကျွန်တော် သခင်ဗဟိန်း ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို စိတ်ဝင်စားမိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တယ် ဆိုကတည်းက ဒီလူကြီးဟာ နှယ်နှယ်ရရမဟုတ်တာ သေချာပါတယ်။ တိုင်းအလိုက် စစ်ရေး နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။ ဆိုတာကို ကြည့်ခြင်းအားဖြင့် […]


black chawMarch 24, 20122min34027
ဓါတ်ပုံ ၃ ပုံနဲ့ ပို့စ်တစ်ပုဒ်တင်သွားတယ်လို့ ပြောရင်လည်း ခံရတော့မှာပဲဗျာ။ ဒီနေ့ ဘယ်လိုမှ ဓါတ်ပုံတင်လို့ မရဘူး ဖြစ်နေပါတယ်။ အဲဒီတော့ ဒီထက်ပိုပြီး စိတ်မရှည်နိုင်တော့တာနဲ့ ဒီသုံးပုံနဲ့ ပဲလွှတ်လိုက်တော့မယ်ဗျာ။ ပြောချင်တာက မြတ်မြတ်နိုးနိုး ပိုးမွေးသလို တယုတယ စိုက်ပျိုးခဲ့ကြတဲ့ ကြက်ဆူပင်တွေကို အခု ရက်ရက်စက်စက် ခုတ်ပစ်နေတဲ့ အကြောင်း။ မြန်မာနိုင်ငံ စာနယ်ဇင်း အရေးပေါ်ညီလာခံ ဆိုင်းဘုတ်လေး အကြောင်း။ ကြံတော ကားပွဲစားတန်းနားမှာ အသစ်ဖွင့်လိုက်တဲ့ Junction Square အကြောင်း။ လက်လျှော့ပါပြီ ကော်နက်ရှင်ရေ။


black chawMarch 21, 20123min40860
စိတ်ကို ကိုက်မယ့် ခြင် ကိုယ်တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင် အမုန်းများဝေးသွား ရင်ခုန်သံတွေရယ် နှလုံးသားတေးသစ် ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား ဆိုနေမယ်ချစ်သီချင်းလေး… ချစ်သူလေး.. ကိုငှက်နဲ့ အောင်ရင်တို့ ကျားကျားခြင်းစုံတွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း ဆိုတဲ့ သီချင်းထဲက စာသားအချို့ပါ ကျောင်းဒကာ။ မျက်စိနောက်နေကြမှာစိုးလို့ ဝေ့မနေတော့ပါဘူး။ အဲဒီသီချင်းကိုရေးတဲ့လူက ကိုငှက်ရဲ့ သူငယ်ချင်း ကိုကြွက်နီပါ။ အဲဒီ ကိုကြွက်နီက ကိုငှက်တို့ ကျောင်းသားဘဝမှာ ဒရမ်မာတဲ့ နော်ဟေ့လူ ဘာမှတ်နေလဲ။ ထူးဆန်းတာက ရှားရှားပါးပါး ထူးအိမ်သင် သူငယ်ချင်းဖြစ်ပါလျက်နဲ့ ဒီသီချင်းတစ်ပုဒ်ထဲ ရေးပြီး ကျေနပ်နေတတ်ခဲ့သူပါ။ နောက်တော့ စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး ဂျာနယ်အယ်ဒီတာဘဝ၊ မဂ္ဂဇင်းစာရေးဆရာဘဝနဲ့ အခုအချိန်ထိဖြတ်သန်းနေပါတယ်ဗျာ။ စာပေလောကထဲမှာကျတော့ သူ့ကလောင်နာမည်က သိမ်းတင်သားတဲ့။ ပုဆိုးတိုတို၊ ရှပ်အင်္ကျ ီ လက်တို၊ ဘေးမှာလွယ်အိတ်တစ်လုံးလွယ်ပြီး မုတ်ဆိတ်မွှေးဗရဗျစ်နဲ့ […]


black chawMarch 19, 20123min32928
ဘလက်ချော အိပ်ရေးပျက်မခံပါဘူးခင်ဗျာ။ ဒီစနေ တနင်္ဂနွေမှာ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်တာ အကောင်းဆုံးလို့ မှတ်ယူပြီး ဓါတ်ပုံလေးတွေတင်ဖြစ်ပါတယ်။ နည်းနည်းဝေဖန် အကြံပေးကြပါဦး။