black chawDecember 14, 20116min17834
ပြီးခဲ့တဲ့ မန္တလေး ခရီးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးများကို အားငယ်စိတ်ဖြင့် မတင်ဖြစ်ခဲ့ပါ။ သို့သော် ဆရာတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ပြီးသကာလ ဘလက်လည်း စိတ်ပါလာကာ ပါသည့်စိတ်ကို အလိုလိုက်မိပါသည်။ အပျော်တမ်း ဓါတ်ပုံလေးများသာ ဖြစ်ပါသဖြင့် အပျော်တော့ မကြံကြပါနဲ့ ခင်ဗျာ။ သူကြီးပြောသလို ဒေါ်လာနှင့် ဝယ်မည်ဆိုပါက ဘလက်က အကြီးအကျယ်စဉ်းစားပေးမည် ဖြစ်ပါကြောင်း။


black chawDecember 14, 20111min24013
ကနာ္တရ စီးကြောင်း – ညိုခက်ကျော် ပြတင်းပေါက်တံခါးကိုဖွင့်လိုက်စဉ် စွတ်စိုထိုင်းမှိုင်းသော လေသည် အရှိန်ပြင်းပြင်း ခုန်ပေါက်ဝင်ရောက်လာသည်။ ဟိုး အဝေးတစ်နေရာဆီမှ ပျံ့လွင့်လာသော သီချင်းသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ ထွက်ပြူစပြုနေပြီဖြစ်သော လမင်းသည် ကောင်းကင်၏ကုန်လုဆဲ လက်ကျန်အလင်းတချို့ကြောင့် မှိန်ဖျော့နေဟန်ရှိသည်။ အမြင့်ဆီမှ လှမ်းမြင်နေရ သောရန်ကုန်မြို့၏ဆည်းဆာသည် ပလက်ဖောင်းဘေးတစ်ဖက်တစ်ချက်ဆီမှ ပျံကျဈေးသည်များ၊ လမ်းမနှင့်မဆံ့ လောက်အောင်ချွေးတလုံးလုံးနှင့်တိုးဝှေ့နေကြသူများ၊ ဘီးတစ်လိမ့်ရွေ့ရန်အတွက်အချိန်ကြာမြင့်စွာ စောင့်ဆိုင်း တန်းစီနေကြသောကားတန်းရှည်များဖြင့်သက်မဲ့လွန်းလှသည်။ ပြတင်းပေါက်ကိုကျောခိုင်း မည်ပြုပြီးမှ ဖြတ်ကနဲ ဝင်ရောက်လာသောအတွေးကြောင့် တစ်ဖက်လမ်းရှိတိုက်ကို လှမ်းကြည့်ရန် သတိရမိသည်။ ဒီအချိန်ဆိုကိုကို အိမ်ပြန်ရောက်ပြီလား။ တစ်ဖက်လမ်းဆီမှ ပိတ်ထားဆဲ ပြတင်းတံခါး ကိုမြင်လိုက်ရသောအခါ သူမခေါင်းတစ်ချက်ယမ်းလိုက်ပြီး အိမ်ထဲဝင်လာခဲ့သည်။ အိ်မ်ရှေ့ ဝရံတာဆီသွားဖို့ အင်မတန် ရွံရှာစက်ဆုပ်ဖို့ကောင်းသော သူမတို့အိပ်ခန်းကို နောက်တစ်ကြိမ် ဖြတ်သွားရ ဦးမည်။ မီးမဖွင့်ထားသော ထိုအခန်းသို့ ခြေလှမ်းကျဲကျဲများဖြင့် […]


black chawDecember 13, 20111min31412
ကျွန်တော်တို့ ရွာသူရွာသားတွေ သံအမတ်ကြီး တစ်ယောက်ရဲ့ အတွေ့အကြုံလေးတွေကို အတူလေ့လာရ အောင်ပါ။ ထုံးစံအတိုင်း ဘလက်က စာအုပ်တစ်အုပ်ကိုဖတ်ပြီး သကာလ ရွာသူရွာသားတွေလည်း ဖတ်သင့်တယ်လို့ ယူဆပါသဖြင့် ဝေမျှခွင့်ပြုပါ။ စာရေးသူက အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း ပါ။ စာအုပ်နာမည်မှာ “ကင်းဝန်ခြေရာ လိုက်၍သာ” ဟု အမည်ရပါသည်။ စာရေးသူ၏ ၁၉၇၅ မှ ၁၉၇၈ အထိ တာဝန်ထမ်းဆောင်ခဲ့သော ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဘဝ သံတမန် မှတ်တမ်းဖြစ်ပါသည်။ ကျွန်တော်တို့နဲ့ မနီးစပ်ပါသော ပြည်ပရောက်မြန်မာသံအမတ် တို့၏ အတွေ့အကြုံကို လေ့လာခွင့်ရပါမည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးထားသော စာအုပ်ဖြစ်ပါသည်။ အခန်းပေါင်း ၁ရ ခန်း ပါဝင်ပြီး ဖတ်သင့်တဲ့အခန်းတချို့ကို ဘလက်က ရွေးထုတ်ပြီး တင်ပြမည် ဖြစ်ပါသည်။ […]


black chawDecember 10, 20111min23811
ဒီနေ့ ပြာသိုလပြည့် နေ့ ဆေးပေါင်းခသည်ဟုလည်း ကြားရပါသည်။ အားလပ်ချိန်လေးရှိတုန်း တတ်နိုင်သလောက် ဖတ်ပြီး တံခါးစောင့် ပို့စ် တစ်ခုထပ်တင်ဖြစ်ပါသည်။ အမြင်မတော်တာ တွေ့လျှင်ဖြင့် ရင်ထဲမှာ ကြိတ်မခံစားကြပဲ ပွင့်ပွင့်လင်းလင်း ဆုံးမနိုင်ကြပါကြောင်း ဘလက်က တံခါးဖွင့်ထားပါသည်။ Kkk ရဲ့ ပိုပို ကောင်းလာတဲ့ MG အကြောင်း နဲ့ စလိုက်ရအောင်ဗျာ နော။ MG က သတင်းတွေရော၊ နိုင်ငံရေး စီးပွားရေး အကြောင်းတွေရော၊ ဓါတ်ပုံတွေရော အားလုံး ဖတ်လို့ ကောင်းလာပါတယ်တဲ့။ ဒါပေမယ့် ကွက်လပ် လေးတစ်ခု ကို မြင်ပါတယ် တဲ့။ ပညာရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ် နဲ့အခြားသော သာရေး၊နာရေး ကူညီမှုအသင်းအဖွဲ့လေးတွေကို ကူညီပေးဖို့ လိုပါတယ်။ဒါဟာ ကျွန်တော်တို့လူမှုနယ်ပယ်မှာလိုအပ်နေတဲ့ကွက်လပ်လေးတစ်ခုဖြစ်လို့ ဝိုင်းဝန်းရေးသားကြဖို့လည်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။ စေတနာနဲ့ […]


black chawDecember 8, 20111min32320
ကဲ ဂဇက်တံခါးကို သံယောဇဉ်မကုန်ပါသော ဘလက် ပြန်လာပြန်ပါပြီခင်ဗျာ။ ဒီတစ်ခါတော့ ဒီဇင်ဘာတစ်ရက်နေ့ကစလို့ ပို့စ်တစ်ခုချင်းရေးသွားမှာ ဖြစ်ပါတယ်။ အားလုံးကိုပျော်စေချင်သူ ဘလက်က စုပြုံပြီးဖတ်ပေးပါ့မယ်နော။ ကိုလင်းဝေကျော်က ဘလက်ကိုပြောပါသည်။ ကောင်းတာတွေပဲ မရေးပါနဲ့တဲ့။ မကောင်းတာတွေလည်း ရေးပါဟု မြှောက်ပေးပါသည်။ ဘလက်က ရေးချင်ပါသည်။ အမုန်းမခံနိုင်လို့ပါ ဆရာတို့ရေ။ ခွင့်လွှတ်ပါဗျာ။ လူညိုချောလေး nigimi77 ရဲ့ အများနဲ့ဆိုင်သော (၃) နဲ့ စလိုက်ရအောင်ဗျာ နော။ အကျင့်ပျက်ပြည်သူများ အကျင့်ပျက်စံနစ်များနှင့် အကျင့်ပျက် ကားသမားများအကြောင်း ရေးထားသော အကျင့်ပျက်စာရေးသူ အဲအဲ ဟုတ်ပါဘူး အကျင့်ပျက်တွေကို ပြုပြင်ချင်သော စာရေးသူ ဆရာလေး ကိုနီဂိမိ ၏ ပို့စ်လေးကတော့ အပြောအဆိုလေးတွေက ယဉ်ကျေးပါတယ်ခင်ဗျာ။ ကျွန်တော်တို ့ ပြည်သူပြည်သားတွေ ဆက်လက်ပြီး အကျင့်ပျက်နေလျင် နိုင်ငံ […]


black chawDecember 8, 20111min31526
ဘလက်တို့ ဂဇက်ကုန်းရွာကြီးသည်ကား ပွင့်လင်းသော ရွာကြီးအဖြစ်သို့ ရောက်ရှိခဲ့ချေပြီ။ ပွင့်လင်းတာကောင်းပါတယ် မကုလားမရယ် နော။ အဖေါ်ဆောင်ထားပါတဲ့။ ပုတ်သင်ညိုပုံလေးနဲ့ အဖေါ်ဆောင်ထားနော်ဆိုတဲ့ ကြော်ငြာဆို ပွင့်လင်းလွန်းလို့။ ရွာထိပ်က ထန်းတက်သမား ကိုရင်စည်သူ တောင် သူ့ လောက်စာလုံးထည့်ထားတဲ့ အိတ်ထဲ အဲဒီအဖေါ်ဆိုတဲ့ ဟာလေးထည့်ကာထည့်ကာနဲ့။ တစ်ရက်တော့ သူ့မိန်းမ က သူလွယ်တဲ့လွယ်အိတ်ထဲ နှိုက်ကြည့်မိပါလေရော။ အဖေါ်ဆိုတာ ကြီး သွားတွေ့တော့ ရှော့ဖြစ်သွားပြီး နှာနှပ်ယူရပါတယ်တဲ့။ သူ့ယောင်္ကျား သူနှမြောရှာမှာပေါ့ မကုလားမ ရယ်နော။ အောင်မယ် ပြည့်တန်ဆာ ဆိုတာကိုတောင် တရားဝင်လုပ်ကိုင်ခွင့် ပေးသင့် မပေးသင့် ဆိုပြီး နယ်ပိုင်ဝန်ထောက်မင်း FR ခွင့်ပြုချက်နဲ့ ရွာသူကြီး ဦးခိုင် နဲ့ ကာလသားခေါင်း တပ်ချုပ် ကြောင်ကြီး တို့ ရွာအစည်းအဝေး မှာ […]


black chawDecember 7, 20111min47529
မြန်မာလူမျိုးတွေမှာ ကရုဏာတရား အလွန်ထက်သန်ကြတာ ထင်ရှားပါသည်။ ကိုယ်ချင်းစာတရားကလည်း အလွန်အားကောင်းသော လူမျိုးအဖြစ် သတ်မှတ်နိုင်ပါသည်။ ဆင်းရဲဒုက္ခရောက်နေပြီများဆိုလျှင် အကူအညီပေးဘို့ မြန်မာ တွေလက်တွန့်နေလေ့မရှိပါ။ ရပ်ကွက်တစ်ခု မီးလောင်သည်ဟေ့ဆိုလျှင် ထမင်းထုပ် ကမ်းမည့်သူမရှား၊ အဝတ်အစား လှူ မည့်သူ မရှား၊ ငွေစကြေးစလေးများပင် စွန့်ကြဲဘို့ ဝန်မလေးကြပါ။ မိဘဆင်းရဲသည့် ပညာထူးချွန်သူများကိုလည်း ဖေါင်ဒေးရှင်းတွေဖွဲ့ပြီး အကူအညီပေးကြသည်အထိ ကရုဏာရော ကိုယ်ချင်းစာ စိတ်ပါ ပေါင်းစပ်တတ်သည့်လူမျိုးဖြစ်ပါ သည်။ ရပ်ကွက်ထဲမှ အဆင်မပြေသူ ရှိပါက ပေးဘို့ ကျွေးဘို့ ဝန်မလေး၊ လက်မနှေးတတ်ကြတာလည်း အားလုံးအသိပင်။ သို့သော် မုဒိတာတရား ထားသည့်နေရာတွင်တော့ မြန်မာလူမျိုးတို့ အလွန်အားနည်းကြသည်ဟု ကျွန်ုပ်က စွတ်စွဲချင်ပါသည်။ ရပ်ကွက်ထဲမှ အဆင်မပြေသည့်သူ တစ်ယောက်ယောက်များ ကံအကျိုးပေးလေးကောင်း၍ အလုပ်အကိုင်လေး များကောင်းလာပြီး ပြောင်ပြောင်ရောင်ရောင် ဖြစ်လာသည်နှင့် […]


black chawDecember 6, 20111min16214
ပြီးခဲ့တဲ့ သောကြာနေ့ညက ဘလက်တစ်ယောက် မန်းမြေသို့ ခရီးယာယီ ထွက်ခွာဖြစ်ပါသည်။ ဘလက်တို့ ၉၄-၉၅ ကျောင်းပြီးကြသူများမှ စီစဉ်သော ခရီးစဉ် တစ်ခုဖြစ်ပြီး လူနိုင်သူငယ်ချင်းတစ်ယောက် မျက်နှာကြောင့် ရန်ကုန်မှာ ရှိနေသော ကိစ္စအားလုံးအား မျက်နှာလွှဲ ခဲပစ်လုပ်ကာ လိုက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ သောကြာနေ့ညနေကတည်းက ရှစ်မိုင်ရွှေဘဲ မှာ စုရပ်လုပ်ထားပြီး အနည်းငယ် စားသောက်ဖြစ်ကြပါသည်။ အားလုံးလေးဆယ်ကျော်များဖြစ်နေကြသော်လည်း ငယ်စိတ် ကလေးတွေ ပြန်ဝင်နေကြသဖြင့် ငယ်ငယ်တုန်းကအတိုင်း စားလိုက်သောက်လိုက်ပြောလိုက် ရယ်လိုက်နှင့် ပျော်စရာကြီးဖြစ်နေပါသည်။ သူငယ်ချင်းမတချို့(လေးဆယ်ကျော်မိန်းမကြီးများ) က အာဇာနည် ဝမ်းမန်းရှိုးကို မျက်ဝါးထင်ထင် ကြည့်နေကြပါသဖြင့် စောင့်နေရခြင်းလည်းဖြစ်ပါသည်။ ကျွန်တော်ကျောင်းသားဘဝကတည်းက ဒီလိုခရီးစဉ်မျိုးကို လိုက်ပါလေ့မရှိပါ။ ဒီတစ်ခါတော့ ဆရာတွေလည်းပါမည်။ ဟောကြပြောကြ ဆွေးနွေးကြမည်ဟုလည်း သိထားပါသဖြင့် လိုက်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ခရီးစဉ်အကြောင်းကတော့ အသေးစိတ်မရေးတော့ပါ။ နောက်နေ့ မနက် ဟော်တယ်မန္တလေးတွင် […]


black chawDecember 6, 20111min34135
(၁) အိမ်ဆိုတာ သစ်ကိုင်းလေးတကိုင်းဘဲ ဖြစ်ချင်ဖြစ်မယ် (ငှက်တွေအတွက်ဆိုရင်ပေါ့) ရေစပ်ကချုံလေးဖြစ်ချင်ဖြစ်မယ် (ငါးလေးတွေအတွက်ပေါ့) တောထဲကမြေတွင်းတတွင်းလဲဖြစ်ချင်ဖြစ်မယ်(ယုန်လေးတကောင်အတွက်ပေါ့) တခြား တယောက်အတွက် အသေးအဖွဲ ဖြစ်ချင်လဲဖြစ်နေပါ လိမ့်မယ်။ အဲသည် သက်ဆိုင်သူအတွက်တော့ အရမ်းအရေးကြီးတဲ့ “နေရာ” လေးပါ။ နန်းတော်လို့ခေါ် ခေါ်၊ တဲ လို့ခေါ်ခေါ်၊ ရဲတိုက်လို့ခေါ်ခေါ်၊ အခန်းငယ်လေးတခုခုဘဲဖြစ်ဖြစ်အားလုံးဟာ အဲဒီ ပိုင်ဆိုင်ရသူအတွက် သူပိုင် ပိုင်နက်နယ်မြေလေးလိုပါတယ်။ “ဒါ ငါ့အိမ် ” လို့ ရွတ်ကြည့်လိုက်ပါ။ စိတ်ထဲမှာ မိတ်ဆွေနွေးထွေးသွားပါလိမ့်မယ်.။ (၂) ဆတ်ကနဲ လန့်နိုးသည်။ ဆောင်းတွင်းကြီးမှာ ချွေးတွေစိုရွှဲလျက်။ ထထိုင်မိလျက်သားကြီး ဖြစ်နေသည်။ တိုင်ကပ်နာရီကိုကြည့်လိုက်တော့ မနက် ၁ နာရီထိုးတော့မည်။ မိန်းမပါ လန့်နိုးသွားသည်ထင်သည်။ စိုးရိမ်တကြီး နှင့် မေးရှာသည်။ “ အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား “ […]


black chawDecember 2, 20111min46631
ခရမ်းလွန်ထုထည်များနှင့် နှစ်ဆယ့်လေးနာရီ (ညိုခက်ကျော်) (၁၉၉၈ ခုနှစ် စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည့် ဝတ္ထုတို) (၁) သက်ရှိသက်မဲ့ အရာဝတ္ထုမျိုးစုံတို့ ဖုံးလွှမ်းတိုးဝှေ့မှုကြောင့် မျက်စိအောက်မှ ပျောက်လိုက်ပေါ်လိုက် ဖြစ်နေကြ မြေပြင်ကို ကြည့်လိုက်တိုင်း ကျွန်မဦးနှောက်ခန်းတွေမှာ မေးခွန်းတစ်ခုတည်းဖြင့် ကျပ်ညပ်ပြည့်လျှံသွားမြဲဖြစ်သည်။ ကောင်းကင်နှင့် မြေပြင် ဘယ်သူကပိုပြီး ဧရိယာကျယ်ပြန့်မလဲလို့။ ချုပ်ရိုးရာနဲ့ အနာဖေးတွေကတော့ ဆတူလောက်ပဲရှိလိမ့်မည်မို့ ကျွန်မ ဘာမှထပ်ပြီး သံသယမထားချင်တော့။ ကျွန်မကတော့ ကမ္ဘာမြေပြင်ဟာ ရာသီဥတုပြောင်းလဲမှုဒဏ်နဲ့ အခြားအခြားသော သဘာဝအန္တရာယ်ဆိုးတွေကြောင့် ကျဉ်းကျပ်လာတာလား။ ဒါမှမဟုတ် သက်မဲ့တွေနဲ့ ကျွန်မတို့လို သက်ရှိတွေရဲ့ ခြေ ထောက် ဧရိယာတွေက ဘဲခြေတွေလို ကျယ်ပြန့်လာကြလို့လား။ မြေကြီးပေါ် ခြေနှစ်ချောင်းထောက် မရပ်ချင်ဘဲ အလျားလိုက် ပက်လက်အိပ်ချင်သူတွေ နှုန်းပိုများလာသလား မကြာခဏတွေးကြည့်မိဘူးပါတယ်။ အင်း…ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာတွေ […]


black chawNovember 29, 20111min26129
လွန်ခဲ့တဲ့ နာရီဝက်ခန့်က ဖြစ်ခဲ့တဲ့ ယဉ်တိုက်မှု တစ်ခုအကြောင်းသတင်းလေးပါဗျို့။ ဖြစ်တာက ရွာမကြောင်းလမ်းနဲ့ ဗဟိုလမ်းဆုံလေးတည့်တည့်မှာပါ။ မနက် ၉း၃ဝ သာသာလောက်မှာပါ။ ရန်ကုန်တိုင်း စာရင်းစစ်ရုံးက ကားကြီးက ဆိုက်ကားတစ်စီးနဲ့ ညိပြီး ဆိုက်ကားပေါ်ထိုင်လိုက်လာတဲ့ အမျိုးသား(လူကြီး) ရဲ့ ခေါင်းဟာ ကားနောက်ဘီးရဲ့ တက်ကြိတ်ခြင်းကို ခံရပြီး တစ်ခါတည်းပွဲချင်းပြီးပါတယ်ဗျာ။ ယဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ ဘလက်က ဗဟိုလမ်းဘက်ကနေ ရွာမကျောင်းလမ်းဘက်ကို ချိုးပြီး အင်းစိန်လမ်းမဘက်ထွက်မလို့ လုပ်နေတဲ့ အချိန်ပါ။ ဓါတ်ပုံတွေကတော့ သတ္တိမွေးပြီး ရိုက်ခဲ့တာပါ။ ကားမောင်းသူတွေလည်း ဆင်ခြင်ကြပါ။ ဆိုက်ကားနင်းသူတွေလည်း ဆင်ခြင်ကြပါ။ ဆိုက်ကားစီးတဲ့ လူတွေ ရှိခဲ့ရင်လည်း သတိလေးနဲ့ စီးကြဘို့ အကြံပေးချင်တယ်ဗျာ။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်မိပါတယ် အရပ်ကတို့။ ယဉ်ထိန်းရဲတွေရော ရဲတွေပါ ရောက်နေပါပြီ။ အံ့ဩစရာကောင်းတာက ဆိုက်ကားနင်းသူ ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။


black chawNovember 28, 20111min24841
ကိုသစ်ရေ။ အခု ကျွန်တော်တို့ အစိုးရက ကိုသစ်တို့လိုပြည်ပရောက် ဇ ရှိသူများ(ထူးချွန်ထက်မြက်သူများ)ကိုပြည်တွင်းပြန်လာဘို့ဖိတ်ခေါ်တယ်ပေါ့ဗျာ။ ဟိုတစ်နေ့က သူကြီး တင်တဲ့ ပို့စ်ထဲက ဒေါက်တာရင်ရင်နွယ် လို ပုဂ္ဂိုလ်မျိုးတွေကလည်း အစိုးရကသာ နေရာပေးအားကိုးတယ်ဆိုရင် လုပ်ပေးကိုင်ပေးဘို့ အဆင်သင့်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ အဲဒီအချိန်ကျရင် ပြည်တွင်းမှာရှိနေတဲ့ အန်တီဝေတို့လို ဇ ရှိသူတွေနဲ့ (ဒီနေရာမှာ အန်တီဝေ ကို ပြည်တွင်းဇ ရှိသူအဖြစ်သတ်မှတ်ခွင့်ပေးပါဗျာ) ကိုသစ်တို့လို ပြည်ပကပြန်လာမယ့် ဇ ရှိသူတွေကြားမှာ ပြသနာ အနည်းနဲ့ အများတော့ ရှိလာနိုင်ပါတယ်။ ဉာဏ်ရည်နိမ့်သူ တစ်ယောက်ရဲ့ ခတ်ညံ့ညံ့အတွေးလို့ပဲ သတ်မှတ်ချင်သတ်မှတ်ပါ။ ပြည်တွင်း ဇ ရှိသူများကလည်း သဘောထားကြီးကြီး ထားပေးဘို့ လိုလာမယ်လို့ထင်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းက ဇ ရှိသူများနဲ့ ပြည်ပက ဇ ရှိသူများကို အဆင်ပြေချောမွေ့စွာ […]


black chawNovember 27, 20111min36927
ဒီနေ့ မနက် သူကြီး နှင့် သူ၏ ရွာသူားများလို့ ပြောလို့ရတဲ့ ဘဝင်မကျတာလေးတစ်ခု ပို့စ် က ကွန်းမန့်တွေကို ဝင်ဖတ်ပြီး ဘုန်းကြီးက အပေါ်က တရားဟောတာနဲ့ ပတ်သက်တာလေး ဖတ်လိုက်ရပါတယ်။ အဲဒါနဲ့ ဘလက်တစ်ယောက် ဂယာရောက်စဉ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတစ်ပုံကို ပြန်ရွေးခြယ်ပြီး သကာလ အခုလိုပဲ တင်ပြဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ရေးခဲ့တဲ့ မှတ်မိသမျှ ဂယာ(၃) မှာ ပါတာလေးကို ပြန်ရေးပြချင်ပါတယ်။ 6th Annual International Tipitaka Chanting Ceremony to the held under the Bodhi Tree in Bodhgaya, India (December 2 – 12, 2010) လို့ တွေ့လိုက်ရပါတယ်။ […]