black chawJune 23, 20142min48035
ခိုးခိုးခစ်ခစ် (မြန်မာ့ရုပ်ရှင် ခံစားမှု) ပြီးခဲ့တဲ့ စနေညက ပါရမီစိန်ဂေဟာမှာရှိတဲ့ Top Royal ရုပ်ရှင်ရုံမှာ ခိုးခိုးခစ်ခစ် ဆိုတဲ့ မြန်မာရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့ပါတယ်။ ဆရာမင်းလူ ဆိုတဲ့ နာမည် တစ်ခုတည်းနဲ့ ရုံထဲရောက်သွားခဲ့တယ်ဆိုတာ ဝန်ခံရမှာပါ။ ပါဝင်တဲ့ သရုပ်ဆောင်အင်အားလောက်နဲ့တော့ ကျွန်တော့်ကို ရုပ်ရှင်ရုံထဲရောက်သွားအောင် မစွဲဆောင်နိုင်ပါ။ ဒါရိုက်တာဥက္ကာဗို ဆိုတာကိုလည်း သိတ်မရင်းနှီးတော့ ဆရာမင်းလူ ရဲ့ ဝတ္တုဇာတ်ညွှန်းသာ မဟုတ်ခဲ့လျှင် ဒီဇာတ်ကားကို ကြည့်ဖြစ်လိမ့်မည် မထင်။ ကျွန်တော်တို့ ကြည့်တဲ့ ည ကိုးခွဲ ရှိုးမှာ ပရိသတ်က ရုံတစ်ဝက်လောက်သာရှိပါသည်။ ရုပ်ရှင်ဆိုပေမယ့် မင်းလူ ရဲ့ ဇာတ်ကောင်တွေနဲ့ ရင်းနှီးပြီးဖြစ်နေလို့ မင်းလူဝတ္တု ပြန်ဖတ်နေရသလို ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်လေးတစ်ခုအတွင်းက အဖြစ်အပျက်တွေကို […]


black chawJune 20, 20141min38425
ပလေးဘွိုင်းသန်းနိုင် ကျွန်တော်ပဲ…၊ ခဲနဲ့ပေါက်မယ် သီချင်းဆိုတယ်…၊ ဂျက်ဇ်ဘေ့စ် ကျော်နိုင် အမိုက်ဆုံး…၊ ကျော်မင်းလိုကွယ် အမြူးဆုံး ဒစ္စကိုဘုရင် ပလေးဘွိုင်း…ရေး…။ ပလေးဘွိုင်း ခေတ်ကောင်းစဉ်က ကိုသန်းနိုင်ဆိုခဲ့ဖူးတဲ့ ပလေးဘွိုင်း ဘွဲ့ သီချင်းလေးပါ…။ Band ကလည်း ပလေးဘွိုင်း…၊ အဆိုတော်ကလည်း ပလေးဘွိုင်း…၊ ပရိသတ်ကလည်း ပလေးဘွိုင်းမှ ပလေးဘွိုင်း…။ ဟုတ်ပါတယ် ကျောင်းဒကာ…။ ပလေးဘွိုင်း ဆိုတာ မြန်မာပြည်ထဲမှာတော့ အထင်ကရ တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့ဘူးတာပါ…။ အဆိုတော် ဖြစ်တဲ့ သန်းနိုင်တောင် ပလေးဘွိုင်းသန်းနိုင် ဖြစ်ခဲ့တဲ့ အထိပါ…။ အခု အေသင်ချိုဆွေ လက်ရဲဇက်ရဲ လုပ်ချလိုက်တာက ပလေးဘွိုင်း…တဲ့…။ သူမရဲ့ တတိယမြောက်စီးရီး အမည် ခင်ဗျ…။ ကိုသန်းနိုင် သီချင်းတွေလည်း ဟုတ်ပုံမရပါဘူး…။ ဘာတတ်နိုင်မှာလဲဗျာ…။ ပလေးဘွိုင်းဆိုတာက ဘယ်သူယူသုံးသုံး ရနေတဲ့ […]


black chawJune 18, 20141min86249
ခေတ်ကိုမီအောင်လိုက်ဖို့ လိုပါတယ် ကျောင်းဒကာ…။ ခေတ်ကို မမီရင်တောင် ခေတ်ရဲ့ပြေးလမ်းမှာ ဟိုးနောက်ဆုံးကို မရောက်ရှိစေနဲ့ပေါ့ဗျာ…။ ခေတ်နဲ့ ရင်ဘောင်တန်းပြီး ခေတ်ရှေ့က ပြေးနိုင်ရင်တော့ အကောင်းဆုံးပေါ့…။ ဟိုတလောလေးက ရွာထဲမှာ LT ကိစ္စအတော်လေး ခေတ်စားခဲ့တာ ခင်ဗျားမှတ်မိဦးမှာပေါ့…။ အဲဒီလို နားရှက်စရာကိစ္စတွေဆို ဘလက်ကြီးက ပြောရဆိုရမှာ ရှက်တတ်တာကြောင့် ဝင်မဆွေးနွေးဖြစ်ခဲ့ဘူးပေါ့…။ သိတယ်မဟုတ်လား…။ ဘလက်ကြီးတို့က ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတာလေ…ဟေးဟေး…။ LT ဆိုလို့ ကိုထူးဆန်းတို့ ကိုစံလှကြီးတို့ မဝင့်ပြုံးမြင့်တို့ကိုတောင် လှမ်းသတိရလိုက်မိသေး…။ ဟိုတလောက ရွာထဲ အဲဒီ အကြောင်း ဆွေးနွေးငြင်းခုန် ခဲ့ကြသေးတယ်လေ…။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က မိန်းမမရသေးပဲ ကလေးလိုချင်တယ် ဆိုတဲ့ အောင်လ အကြောင်းလေး နားစွန်နားဖျားရပ်ကွက်မှာ ထည့်ပြောခဲ့သေးတာ မှတ်မိဦးမှာပေါ့…။ မသိလို့ ရေးခဲ့မိတာ တောင်းပန်ပါတယ် အောင်လရယ်…။ […]


black chawJune 13, 20141min25637
မင်္ဂလာဆောင်ရအောင် အချစ်ရယ်…အထိအတွေ့ကို အားမရနိုင်တော့ပြီ…။ အဲဒါ ကိုင်ဇာ နဲ့ မေဆွိ ဖလန်းဖလန်း ထစဉ်အခါက အနမ်းပန်းစီးရီးထဲ…ပါခဲ့တဲ့ သီချင်းပေါ့…။ ကိုင်ဇာတို့က ခပ်ရှင်းရှင်းပဲ…။ ဝင်္ကဝုတ္တိတွေ သိတ်မသုံးတတ်ဘူး…။ ဝေ့ဝိုက်မနေဘူး…။ ဒဲ့ပဲ…။ အထိအတွေ့ကို အားမရနိုင်တော့လို့ မင်္ဂလာဆောင်ရအောင် ဆိုပြီး ချစ်သူကို ရွှေနားတော်သွင်း သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့လေသတဲ့…။ အဲဒီ အထိအတွေ့ ဆိုတာ ဘာကြီးလဲဗျ…။ သက်ကြီးဝါကြီးရွာသားကြီးတွေ ဖြစ်တဲ့ ကိုပါ တို့ ကိုမိုက် တို့ ကိုနေကြီး တို့ ကိုဆာမိ တို့ လင်းကြစမ်းပါဦး…။ ဘလက်ကြီးကတော့ အသက်က ၃ ဒါဇင် ကျော်ကျော်လေးပဲ ရှိသေးတော့ အထိအတွေ့ဆိုတာကြီးနဲ့ သိတ် မရင်းနှီးသေးဘူးပေါ့…။ ဟေးဟေး…။ အခုတလော မင်းသမီးလေးတွေ တစ်ယောက်ပြီးတစ်ယောက်မင်္ဂလာဆောင်နေကြတာ… ကိုင်ဇာကြီးသီချင်းလိုဆို အထိအတွေ့ကို အားမရနိုင်တော့လို့ […]


black chawJune 6, 20141min18352
ကျွန်တော် မှားခဲ့ဖူးပါတယ်။ အမှန်တော့ လူဆိုတာ မှားတတ်တဲ့ သတ္တဝါပဲဗျာ။ ဘာများဆန်းကြယ်နေပါသလဲ။ မှား ပြီးမှ အမှန်ကိုရတော့မပေါ့။ အဲဒီ ဒိုင်ယာလော့ခ် ကလည်း မှန် သလိုလို နဲ့ မှားနေပြန်ရောဗျို့…။ အမှားဆိုပေမယ့် မမှန်ဘူးလို့လည်း ပြောလို့ မရပြန်ဘူးဗျ။ အမှန်က မှား ခဲ့ပြီးပြီဗျာ။ နားလည်ရ ခက်သွားပါသလား ကျောင်းဒကာ။ ဒီလိုဗျ။ ကျွန်တော် ရွာထဲမှာ အမှား ဆိုတဲ့ ပို့စ်လေး တင်ခဲ့မိပါတယ်။ အကြောင်းအရာလေးကတော့ မှန် တယ်ထင်တယ်ဗျ။ ၁၉၉၅ လောက်က အမှားအပေါ် သဘောထားနဲ့ ဒီနေ့ခေတ် အမှားအပေါ်သဘောထားကို လူလယ်လိုလို ပေသီးလိုလိုနဲ့ နှိုင်းယှဉ်ပြလိုက်မိတာပါဗျာ။ အဲဒီပို့စ်မှာ တချို့ကလည်း အပျော် ကွန်းမန့်လေးတွေ ပေးကြပါတယ်။ ကောင်းပါတယ်။ ကျွန်တော့်ပို့စ်ကို ဝင်ဖတ်တဲ့သူတွေ ပျော်နေတာပဲ […]


black chawJune 3, 20141min320247
ဒီလိုရှိပါတယ် လူကြီးမင်းတို့ရေ…။ Miss Asia Pacific မေမြတ်နိုးလေး အတွက် … ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းပြောကြားရင်း နားစွန်နားဖျားရပ်ကွက် ထဲရောက်လာတဲ့ သတင်းလေးတွေကို တင်ပြပေးပါရစေခင်ဗျာ။   ————————– Gay အကြောင်း ဖွဲ့ ဇာတ်လမ်းတွေ မရိုက်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က Gay မဟုတ်လို့ပါ။ အဲဒီလို ဇာတ်ကားမျိုးတွေက အရှက်မရှိတဲ့သူပဲ ရိုက်မှာပါ။ သူတို့စိတ်ကလည်း Gay စိတ်ဖြစ်နေလို့ နေမှာပေါ့။.. လို့ ဒါရိုက်တာ ဟိန်းစိုး က ပြောသွားပါတယ်တဲ့။ Gay တို့ ရဲ့ မာယာ ဇာတ်ကား ရိုက်ခဲ့တဲ့ ဒါရိုက်တာဒေါန ကြီးကို အားနာစရာ…။ ပြီးတော့ မင်းသား မိုးအောင်ရင် လေးကို အားနာစရာ…။ —————————   “မော်ဒယ်လောကမှာ […]


black chawMay 30, 20142min32122
နားစွန်နားဖျားရပ်ကွက်သည် တစ်ခါသုံး ပစ္စည်း သာ ဖြစ်ပါသည်…။ နားစွန်နားဖျားရပ်ကွက် မှ သင့်အား မည်သည့် ပညာ…ဗဟုသုတ…ကိုမှ ပေးရန် ရည်ရွယ်ချက် မရှိပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။ နားစွန်နားဖျားရပ်ကွက်သည် စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။ နားစွန်နားဖျားရပ်ကွက်ထဲမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ သတင်းများ၊ ဒိုင်ယာလော့ခ်များသည်… မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေလျှက်ရှိသော ဂျာနယ်များတွင် ဖေါ်ပြထားသည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်…။   မမသန်း လို့ ချစ်စနိုးခေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ခင်သီတာထွန်းကြီးတစ်ယောက်… အဆိုတော်မဟုတ်ဘာမဟုတ်နဲ့ အမ်တီဗွီ ဆိုပြီး ဟော့ရှော့ထလုပ်ခဲ့ဖူးတာ အသေအချာပါ ကျောင်းဒကာ…။ ကလီယိုပါထရာ […]


black chawMay 23, 20141min38695
မိတ်ဆွေများသိပြီးဖြစ်တဲ့အတိုင်း…ဘလက်ချောဆိုတဲ့ နလဗိန်းတုံး ကောင်ဟာ ဗိုလ်လို သိတ်မတော့ တတ်ပါဘူး…။ သို့ပေမယ့် လူကြားသူကြားထဲရောက်ရင် လူအထင်ကြီးနည်းလားဆိုတဲ့ ထုံး နှလုံးမူပြီးသကာလ… အောက်ပါအတိုင်း ဗိုလ်လို ထည့်ထည့်ရေးတတ်ပါတယ်…။ ဆိုတော့ကာ… အမေရိကန်စာရေးဆရာ EMERSON ပြောခဲ့ဘူးပါတယ်ဗျာ…။ အဟမ်း…အဟမ်း…အဟမ်း…အော် ဒီချောင်းနှယ် ဗိုလ်လိုတော့တော့မယ်ဆို အလိုက်ကိုမသိဘူး…။ “A MAN’S SUCCESS IS MADE UP OF FAILURES, … I HAVE HEARD THAT IN HORSEMANSHIP HE IS NOT THE GOOD RIDER WHO NEVER WAS THROWN, BUT RATHER THAT A MAN WILL NEVER BE […]


black chawMay 9, 20141min50343
ဒီနှစ်နွေက သိတ်ပူပါတယ်…။ ဒီလောက်ပူတဲ့ နွေရာသီမျိုး ကျွန်တော် တစ်ခါမှ မကြုံဖူး ခဲ့တာ သေချာပါတယ်…။ မရှိတော့ပြီဖြစ်သော သစ်ပင်တွေကြောင့်များလား…။ သစ်ခုတ်သမားကိုကိုတွေကတော့ အအေးခန်းထဲမှာ ငြိမ့်နေကြရောပေါ့…။ ကျုပ်တို့မှာသာ BlaBlaBla… သတိလေးနဲ့ နေ…ထိုင်…စား…သောက် ကြပါ ကျောင်းဒကာတို့…။ နေခြင်း ထိုင်ခြင်း စားခြင်း ဆိုတာတွေထက် သောက်ခြင်းအမှု မှာ သတိလေး ပိုရှိကြဖို့ တိုက်တွန်းချင်ပါတယ်ဗျာ…။ နေပူပူထဲက ပြန်ရောက်ရောက်ခြင်း ရေခဲရေအေးအေး မသောက်မိဖို့ တို့ ဘာတို့…။ ဟေး…ဟေး… အဲဒီ အလုံး အခုတလော သိတ် ခေတ်စားနေပါတယ်။ အရက်သောက်ပြီး လူ့လောကကြီးကို နှုတ်ဆက်ခဲ့ကြရတဲ့လူတွေ သတင်းကလည်း အခုတလော မွှေးနေတာပါပဲ…။ လိုရင်း ပြောရရင် ကြည့်သောက်ကြပါ ကျောင်းဒကာတို့ရေ…။ ကဲ…စကားတွေက ဝေ့ကုန်ပါပြီဗျာ…။ အဲဒီလောက်ပူတဲ့ နေပူပူကြီးထဲမှာ […]


black chawApril 1, 20142min50662
ရေးချင်တာလေးတွေ လျှောက်ရေးထားတာပါ…။ ဖတ်ချင်တာလေးတွေ ရွေးဖတ်ကြပေါ့…။ ဝင်ဖတ်သွားတာနဲ့ကို ကျေးဇူးက အထူးအထူး တင်ပြီးသားပါ ခင်ဗျာ…။ ကွန်းမန့်လေး ရေးပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…။ ထုံးစံအတိုင်း ဒီပို့စ် ရဲ့ မာတိကာကိုအရင်ဖတ်ကြပါ…။ စိတ်ဝင်စားမယ်ထင်ရတာလေးတွေ ရွေးဖတ်ကြပေါ့ဗျာ…။ – ကိုစောဝေကို အားနာတယ် – စောဘွဲ့မှူးလို သူရဲကောင်းတွေ – ကိုင်ဇာ+ခိုင်ထူး Two Men Show – နော်လီဇာ ပြန်လာပြီ – Sexy ဖြစ်သော ဘလက်ချောတင်ပါးကြီးများ – နာမည်သုံးလုံးနဲ့ သောက်သောက်စားစား မင်းသားလေး – မိုးမိုး ခြံထဲမှာ နှင်းဆီပန်းတွေ မပွင့်တော့ဘူး…ကိုကို…။ ကိုစောဝေကို အားနာတယ် ပြောရင် ယုံကြမယ်မဟုတ်ဘူး…။ ပြီးခဲ့တဲ့ မန်းဂဇက် ချစ်သူများစာပေဆုပေးပွဲမှာ ဆုယူရမယ့် ဆရာမတစ်ယောက်က ဆရာမ […]


black chawMarch 14, 20141min37134
ဘလက်ကြီးတစ်ယောက် ရွာထဲမရောက်ဖြစ်ပဲ Facebook ထဲ ပဲ ရောက်ဖြစ်နေခဲ့…။ Facebook ကြီးကလည်း သတင်းတွေ စုံ၊ ရသတွေ စုံ…၊ အို…လိုချင်တာအကုန်ရတယ်ဟဲ့…တိလား…။ ဟေးဟေး…။ မလေးရှား လေယဉ်ကြီး ပျောက်သွားတာ ဖတ်မလား…။ ၁၆ နှစ်သား ဆယ်တန်း ကျောင်းသားလေးက အသက် ၄၁ နှစ်အရွယ် တက္ကသိုလ် ဆရာမတစ်ဦးကို ခိုးပြေးတာ ဖတ်မလား…။ (သိတ်…ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းပဲ…နော်) ကဲ…စကားတွေက ဝေ့နေပြီ…။ ရွာထဲဝင် ပြီး ပို့စ်တင်မှာ တင်တော့ ဘလက်ချော…။ ဟုတ်ကဲ့ပါ ကျောင်းဒကာ…။ မနေ့က mizzima Daily သတင်းစာဝယ်ဖတ် ပါတယ်…။ Facebook ပေါ်မှာ အရမ်း…အရမ်း ကြီးတွေ နာမည်ကြီးနေတဲ့… မော်ဒယ် မလေး ၂ ယောက် နဲ့ […]


black chawMarch 2, 20141min26127
ကိုခင်ဝမ်းကြီးကတော့ လမ်းရဲ့ သယ်ဆောင်ရာ ဟို…အဝေးကို…အဝေးကို…။ ရယ်လို့ နှုတ်ဆက်ခဲ့ဘူးပါတယ်…။ ကိုကြွက်နီ ခေါ် ဆရာသိမ်းတင်သားကျတော့… ၂၀၀၃ ခုနှစ် မတ်လထုတ် ဟန်သစ်မဂ္ဂဇင်းထဲမှာ အခုလို ရေးခဲ့ပြန်ပါရောလား…။ လမ်းတွေကို ကျွန်တော်က သယ်ဆောင်ခဲ့ရတာလည်း ရှိခဲ့၊ သူတို့က ကျွန်တော့်ကို သယ်ဆောင်ခဲ့ရတာလည်း ရှိခဲ့ပြီပေါ့…။ တဲ့…။ ဟုတ်တယ်…။ ကျွန်တော်တို့တတွေဟာ လမ်းတွေရဲ့ သယ်ဆောင်ရာနောက်ကို ကောက်ကောက်ပါအောင် လိုက်နေကြရတဲ့အခါတွေလည်း ရှိခဲ့…။ လမ်းတွေကို သယ်ဆောင်ပြီး ခရီးဆက်ကြရတဲ့ အခါတွေလည်းရှိခဲ့…။ ဒါ…သိတ်တော့မဆန်းပြားလှပါဘူး…။ ဖြစ်တတ်တဲ့ သဘောတွေပါပဲ…။ အင်း…ဒီပို့စ်ကို ဝင်ဖတ်နေတဲ့ မိတ်ဆွေ…။ ခင်ဗျားကို မေးခွန်းလေးတစ်ခုလောက် မေးခဲ့ပါရစေဗျာ…။ အခုလောလောဆယ်… ခင်ဗျားက လမ်းရဲ့ သယ်ဆောင်ရာ အလိုက်သင့်မျောပါနေချိန်လား…။ ဒါမှမဟုတ်… ခင်ဗျားသွားချင်ရာရောက်ဖို့… လမ်းတွေကို သယ်ဆောင်ထမ်းပိုးပြီး သွားနေချိန်လား…။ ကျွန်တော်ကိုယ်တိုင်ကရောတဲ့…။ […]


black chawFebruary 21, 20141min22413
ပျင်းပျင်း ရှိတာနဲ့ ဂျာနယ်ဆိုင်မှာ 8 Days ဂျာနယ်တစ်စောင် ဝယ်ဖတ်တယ်ပေါ့ဗျာ…။ တစ်စောင်ကို ၆၀ဝ ကျပ်တောင် ပေးရသဗျ…။ မျက်နှာဖုံးက မော်လ်ဒယ်မလေးကလည်း ပေါင်ရင်းအထိ ဖေါ်ပြီး… ဒါပဲ…ဆိုတဲ့ စတိုင်နဲ့ ခါးထောက်ပြထားလေတော့ အင်း… သမီးပေါင်လုံးလေးတွေက Sexy မဖြစ်ဘူး သမီးရေ…။ သမီးလေးရဲ့ ရုပ်ရည်နဲ့ဟန်ပန်ကလည်း Sexy နဲ့ မလိုက်ဖက်ပေဘူးကွယ်…။ ရိုးရိုးလေးသာ တကယ့်အလှပဲ ဆိုတဲ့ ကိုငှက် သီချင်း ဘယ်နားသွားထားမလဲ သမီးလေးရေ…။ အရိုးဆုံး က အဆန်းဆုံး ပါကွယ်…။ ဟေးဟေး…။ ကဲ…လာလေရော့ နောက်တစ်မျက်နှာ…။ ဟော…စာမျက်နှာ-၂ ခေါ်မလား IFC (Inside Front Cover) ခေါ်မလား…။ အဲဒီမှာ လေးဖြူကြီးက ယောင်ထုံးတွေ ဘာတွေနဲ့ အတည်ပေါက်ကြီး စိုက်ကြည့်လို့…။ […]