ဒီ သတင်းကြားရကတည်းက စိတ်မကောင်းဖြစ်ရတယ်ဗျာ.. ပြောတော့ ဗုဒ္ဓဘာသာဝင်တွေ နေတဲ့ တိုင်းပြည်တဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်ကြတယ်တဲ့.. ွထွတ်…. ကြားရတဲ့ သတင်းသာ အမှန်ဆို ကလေးမခမျာ ဘယ်လိုဆက်ပြီး လောကကြီးထဲ ဆက်နေထိုင်သွားမလဲ ဒီကနေ့ မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ ဒီဇင်ဘာလ(၂၀) စာဖတ်သူအပေါင်းတို့ခင်ဗျား… ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ […]


ဒီအပိုင်းက ဟိုတယ်ရောက်လို့ Reservation Counter မှာ ပြောကြတာလေးတွေပါ.. မူဗွီလေးက ဒီလို EE04ST — ==== — Desk Clerk    Welcome to the Peachtree Plaza. Do you have a reservation? Peachtree Plaza က ကြိုဆိုပါတယ်။ အခန်းနေရာ ကြိုတင်ယူထားပါသလားခင်ဗျာ။ Alex             Yes, I do. I’ll be staying for two or three days.                    ဟုတ်ကဲ့ ယူထားတယ်။ ကျွန်တော် ဒီမှာ နှစ်ရက် သုံးရက်လောက် တည်းမယ်။ Desk Clerk    […]


နာမည်က `ညှို့မဂ္ဂဇင်း´ပါတဲ့..။ မျက်နှာဖုံးရှင်မိန်းကလေးရဲ့ ဝတ်စားပုံ၊ ဓာတ်ပုံရိုက်ထားတဲ့ ကိုယ်နေဟန်၊ အပြင်အဆင်တွေက အလန်းစား.. မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအောက်ခြေမှာ အရွယ်မရောက်သေးသူများ မဖတ်ရလို့ စာလုံးအနီနဲ့ ထင်ထင်ရှားရှားကြီး သတိပေးတားမြစ်ထားတဲ့ စာတမ်းဖတ်ရတာကိုက တစ်မျိုးဆွဲဆောင်နေသယောင်ရယ်။ ဒီမဂ္ဂဇင်း မထွက်ခင်ကတည်းက လူတွေပါးစပ်ဖျားမှာ တိုးတိုးတမျိုး၊ မကြားတကြားတဖုံ သဖန်းပိုးနေကြသလို… အင်တာနက်စာမျက်နှာများပေါ်မှာတော့ ပလူပျံလို့ပေါ့။ အသစ်အဆန်းဆို စိတ်ဝင်စားတတ်တဲ့ လူငယ်တွေ ကြားထဲမှာရော ဤလိုမဂ္ဂဇင်းမျိုး တသက်နဲ့တကိုယ် (နိုင်ငံခြားမဂ္ဂဇင်းများကို မဆိုလို) မတွေ့မကြုံဖူးတဲ့ လူကြီး/သူမတို့ ကြားမှာရော နာမည်ကြီးနေခဲ့တယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။ စာနယ်ဇင်းလွတ်လပ်ခွင့်တွေ လျှော့ပေါ့ပေးလိုက်တဲ့အချိန်မှာ ဒီလိုမဂ္ဂဇင်းမျိုးအတွက် ဘယ်လောက်ထိ ဖွင့်ချခွင့်ပေးထားသလဲ၊ စီစဉ်သူတွေဘက်ကရော ဘယ်လောက်ထိ (ပွင့်လင်းမြင်သာလို့ သုံးလိုက်ရမလားပဲ) ထင်ထင်ပေါ်ပေါ် ချပြလာမလဲ စိတ်ဝင်စားမိပါတယ်။ မထွက်ခင်ကတည်းက `ဇ`ပြထားတဲ့ ညှို့မဂ္ဂဇင်းအတွက် အမှတ်စဉ်(၁) ထွက်ပြီးချိန်မှာ […]


ဒီပွဲကို အားခဲထားတာ ကြာတော့ကြာပြီ။ သတင်းစာ ဂျာနယ်တွေထဲမှာ ကြော်ငြာတွေဖတ်နေရကတည်းကပဲ။ ဟုတ်တယ်လေ.. အလွန်ထူးခြားတဲ့ ၁၂-၁၂-၁၂ ရက်နေ့ က  စလို့ ဆိုင်ခန်းပေါင်း ၇၀ဝ ကျော်နဲ့ နေပြည်တော်မှာ ထူးကဲစွာ ကျင်းပမယ်ဆိုထားတယ် မလား။ နေပြည်တော်လို့ နာမည်ကြီးသာပေးထားတယ် ဒီလို ခမ်းနားတဲ့ အိတ်စပို ပွဲကြီးမျိုးက တစ်နှစ်တစ်ခါ ရှိချင်မှ ရှိတာကလား။ ကျုပ်လည်း စနစ်တွေပြောင်းပြီး ကားဈေးတွေ ကျနေပြီ ကျနေပြီ ဆိုကတည်းက ကားရူး ရူးနေတာလေ။ ရန်ကုန်၊ မန်းလေး မြို့ကြီးတွေမှာ ကားပြပွဲတွေလုပ်သွားတာ သတင်းတွေကြားပြီး လူမှာ မရိုးမရွ။ ဆယ်လီဗျစ်တီဒေါ့ကွန်းတို့ မောင်စေတန်တို့မှာ တတ်လာတဲ့ ဓာတ်ပုံတွေ ကြည့်ပြီးတော့ပဲ သရေကျနေခဲ့ရတာ။ (ကားရောင်စုံတွေက ဓာတ်ပုံစားလှတာကိုး) ရှလွတ် ပြောရင်းက သရေ ကျလာပြန်ဘီ။ […]


ကဲ ခု ကျနော် ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကို အရင်သွားမယ်။ နေအုံးဗျ။ ဟိုတယ်ရောက်အောင် ဘယ်လမ်းက ဘယ်လို သွားရမလဲ အရင်စုံစမ်းလိုက်အုံးမယ်။ တော်ကြာ တောသားဆိုပြီး ရိုက်စားခံရလို့ အမွေမရခင် ပါသမျှ ပြောင်သွားမှ အခက်။ အင်း.. မခက်ပါဘူး..ဟိုမှာ Transition Counter ရှိတယ်လေ။ သိလိုတဲ့ Information မေးသမျှ ဖြေပေးတယ်။ လာ.. သွားစို့။ …. အေးဂျင့်နဲ့ ပြောခဲ့တာ ဒီလို …. Trans. Agent:    May I help you? ဘာများ ကူညီပေးရမလဲ။ Alex:                Yes, thanks. ဟုတ်ကဲ့၊ ကျေးဇူး..။ Alex:                 I’m […]


အမေရိကကိုတော့ ချောချောမောမော ရောက်သွားပြီပေါ့ဗျာ.. မြန်မာပြည်မှာတုန်းက တက်သုတ်ရိုက်ပြီး စီစဉ်လိုက်ရတာနဲ့ ဒေါ်လာဝယ်ဖို့ အချိန်မရခဲ့ဘူး ဒီမှာ သွားဖို့လာဖို့ သုံးဖို့စွဲဖို့ ယူအက်စ် ဒေါ်လာ လဲထားရအုံးမယ်.. ကဲ Exchange Counter ဘက် ခြေဦးလှည့်ကြဦးစို့… ကောင်တာမှာ ပြောကြဆိုကြတာက ဒီလိုပါဗျာတို့ EE02ST သူကြီးရဲ့ မန်းတလေးကျုမှာ တင်ပေးထားတဲ့ လင့်ခ်က ဒီမှာ   xxx—++++—xxxx……xxx—++++—xxxx အထက်ပါ မူဗီထဲက စကားပြောထားပုံမှာ .. Alex:             Hello. I’d like to change some money into U.S. currency, please. ဟလို.. ကျွန်တော် ငွေနည်းနည်းလောက် အမေရိကန်ဒေါ်လာနဲ့ လဲချင်လို့ပါ။ Bank Teller:   […]


အမေရိကန် သမ္မတကြီး အိုဘားမား လာတုန်းက လူကြုံပါလာတဲ့ စာဆိုပြီး ကျနော့်ဆီရောက်လာတယ် ရွှေတိဂုံစောင်းတန်းက ဆိုင်မှာ မြန်မာပြည်အမှတ်တရ ပစ္စည်းဝယ်ရင်းနဲ့ ဆိုင်ရှင်ကို လက်ဆွဲ နှုတ်ဆက်တုန်းက ပေးခဲ့တာပါ။ စာပို့လိုက်တဲ့ သူက Thomas Smith Kai တဲ့ စာအိတ်ပေါ်မှာ ရေးထားတာ။ စာအိတ်ကို ကြည့်ပြီး ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားသေး Kai ဆိုလို့လေ..။ တို့ဂေဇတ်သူကြီး နာမည်ကလည်း Kai ပါတယ်မဟုတ်လား..။ ဒါနဲ့ ခပ်မြန်မြန် စာကိုဖောက်ဖတ်ကြည့်တော့ ဗြုံန်းခနဲ ဝမ်းသာ။ ဗျာကယာ ဝမ်းနည်း။ နောက် တိတ်တခိုး ပျော်မဆုံး ဖြစ်ရပါတော့တယ်..။ စာပါ အကြောင်းအရာတွေကတော့… ဟုတ်ပါတယ်..။ စာရေးလိုက်တဲ့ သူက ကျနော်တို့ ဂေဇက်မှ သူကြီး ဥခိုင် ဖြစ်ပါတယ်။ […]


မြန်မာ့ စီးပွားရေးနယ်ပယ်စုံမှာ ကျယ်ကျယ်ပြန့်ပြန့်ကြီးကို အင်အားကြီး ခြေကုပ်ယူမိထားတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်ဗျ.. ကျုပ် ဦးလေး စစ်သားကြီးတွေ ချွေးနဲစာတွေနဲ့ မတည်ထားတဲ့ ကုမ္ပဏီ၊ ဦးတို့ ပိုင်တဲ့ ကုမ္ပဏီ ဆိုပါတော့ဗျာ.. ကုမ္ပဏီကြီးက ရတဲ့ အကျိုးအမြတ်တွေကို ဟိုလူကြီးမင်းသွားမယ့်လမ်းတိုင်းမှာ လုံခြုံရေးကင်းစောင့်ပေးရရှာတဲ့ ကျုပ်ဦးလေးတွေ ဘယ်လိုခံစားရတယ်တော့မသိ.. ဟိုးထိပ်စည်းက အကောင်ကြီးကြီးတွေကတော့ အခွင့်အရေးဟူသမျှ သူရို့လက်ထဲဆိုတော့ ပြောရမှာတောင် မကောင်းပါဘူး.. အကောင်ကြီးတွေ သားသမီး ကလပ်မှာ တခါသုံးဟာ လုံခြုံရေးယူနေတဲ့ ကျုပ်ဦးလေး လစာရဲ့ ဆယ်ဆတောင် က ပါ့မလားရယ်. (ဘုန်းဖုရားကြီးသူများတော့ နား သွားတာတောင် နိုင်ငံတော် ဘတ်ဂျက် ထဲက နှိုက်သုံးနေတုန်း.. မရှိတဲ့ သူတွေ ကျလို့) ပြောရရင် ကျုပ်ဦးလေးတို့ပိုင်တဲ့ ကုမ္ပဏီကြီးက နိုင်ငံစီးပွားရေးမှာ ကင်ဆာအမြစ်တွယ်ပြီး အသွေးအသား […]


လင့်ခ်တွေကနေ ပြန်ကြည့်မယ်ဆို ကော်နက်ရှင်ကြောင့် ခက်ခဲနေမှာစိုးလို့ အရင်အပိုင်း(၁+၂) ကို ပြန်ထည့်ထားတာပါ.. ဖတ်ပြီးသားဆိုရင် မေတ္တာဖြင့် ခွင့်လွှတ်ပြီး ကျော်ဖတ်ပေးကြပါခင်ဗျ.. …. …. အပိုင်း (၁) …. …. သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ […]


ဒီကိစ္စ ပို့စ်တင် ဆွေးနွေးတာ ကျနော်က လူ့အခွင့်အရေး၊ ဥပဒေရေးရာတွေ သိ တတ် နားလည်လွန်းလို့ရယ်လို့ မဟုတ်ပါ ကိုယ့်စိတ်ထဲ မရှင်းတာလေးကို ရွာထဲက ကိုယ့်ထက် အသိပညာ ဗဟုသုတ အတွေ့အကြုံ ရှိသူများက ဘယ်လို ပြောပြနိုင်မလဲ သိချင်လို့ မေးတဲ့သဘော အစဆွဲထုတ်ကြည့်တဲ့ သဘောပါဗျ။ (သေချာသိပြီးသွားရင် ချက်ကျလက်ကျ ပြန်ပြောလို့ရအောင်လို့ပေါ့) သိကြတဲ့ အတိုင်းပဲ.. ကျနော်တို့ နေပြည်တော်ကြီးမှာက မင်းစိုးရာဇာ ပွဲလမ်း အခမ်းအနားတွေကများတာကလား..။ တော်ကြာ ဘုရားပွဲ ထီးတင်ပွဲ၊ ဟိုဟာဖွင့်ပဲ ဒါပိတ်ပွဲနဲ့။ ပြည်ထောင်စုပွဲလည်းပါရ၊ အားကစား လမ်းလျှောက်ပွဲလည်း ပါရပေါ့။ ကျနော်တို့ခမျာလည်း သူ့ဆန်စား ရဲရတဲ့သူတွေဆိုတော့ကာ  တစ်ရုံးကို အင်အား ၅၀၊ ၁၀ဝ ဆိုတာမျိုး တောင်းတတ်လေတော့ကာ ပါရပြီပေါ့။ ၂၀၁၃ မှာ […]


အကြောင်းအမျိုးမျိုးကြောင့် အပိုင်း (၁) နဲ့ (၂) အကြား အချိန်အများကြီးကြာသွားခဲ့တာကို ဦးစွာ ပထမ တောင်းပန်လိုက်ပါရဲ့ဗျာ။ အပိုင်း (၁) ကို မျက်စိနောက်ခံ ဖတ်ပေးခဲ့ဖူးသူ ရွာသူားများအနေနဲ့ အပြာရောင်စာလုံးများနဲ့ စာပိုဒ်တွေ ကျော်ပြီးဖတ်ပေးပါလို့။ ဖတ်ပြီး ကြာလို့ ဇာတ်လမ်းမေ့သွားလို့ ပြန်ဖတ်ချင်သူ၊ အပိုင်း (၁)ကို မဖတ်လိုက်ရသူတွေ အဆင်ပြေအောင် ပြန်ထည့်ပေးလိုက်တာပါ..။ မျက်ရည်မဆယ်နိုင်အောင် လွမ်းသွားလောက်တဲ့ နောက်ဆုံး ဇာတ်သိမ်းပိုင်းကိုလည်း ရက်များရယ် မကြာမီ တင်ဖြစ်အောင် တင်ပေးပါမည်လို့ ပေရှည်လိုက်ရပါတယ်ခင်ဗျ။ သည်းခံပြီး ဖတ်ရှုအားပေးတော်မူကြပါဦး။ နော်လို့… နော်.. နော်…မရဘူးဗျာ ဖတ်ဆို ဖတ် ဒါပဲ..။ :harr: …. …. အပိုင်း (၁) …. …. သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ […]


သူ့ လက်ထဲမှာ ကိုင်ဖတ်နေတဲ့ နတ္ခတ္တရောင်ခြည်မဂ္ဂဇင်းကို ပိတ်လိုက်ပြီး စိတ်အလိုမကျစွာ အနားက မဂ္ဂဇင်းအဟောင်းပုံပေါ်သို့ ဘုတ်ခနဲမည်အောင် ပြစ်ချလိုက်မိသည်။ မအောင့်အည်းနိုင်တော့ လောက်အောင် ကျွဲမြီးတိုသလိုဖြစ်လာပြီ။ မကြည်မလင်ဖြစ်လာတဲ့ စိတ် ပြောင်းလိုပြောင်းငြား ရှေ့မှာချထားသည့် လက်ဖက်ပွဲထဲမှ နှစ်ပြန်ကြော်တစ်ဇွန်းမောက်မောက် ကော်ကာ မဆီမဆိုင် အညှိုးတကြီးဝါးနေလိုက်သည်။ ပြီး စပါကလင်ပုလင်းကို တဝက်ကျိုးတဲ့အထိ စုပ်သောက်လိုက်ကာ ဂေ့.. ခနဲ အသံအကျယ်ကြီးမည်အောင် ဂတ်စ်တွေကို အန်ထုတ်ပစ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထဲဝင်လာသည့် သူ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်း မိန်းကလေး၏ အဒေါ်ဖြစ်သူရဲ့ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားပြီးမှ လှမ်းကြည့်ပြုံးပြရင်း အနားရောက်လာသည်။ “ပျင်းနေပြီလား သား..၊ လက်ဖက်ပဲခြမ်းလေးတွေကောင်းတယ်..စား၊ အချိုရည်လည်း ကုန်အောင် သောက် သွားနော်။” “ဟုတ်ကဲ့..ဒေါ်လေး”  ဘယ်သူမှမရှိဘူးအထင်နှင့် အသံကျယ်ကြီးနဲ့ လေတက်တာ လူမိသွားသမို့ မချိ သွားဖြဲပုံစံဖြင့် […]


၂၀၁၂  ခု၊ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့များတွင်  နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရုံးမှာ “နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ပညာရည်မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၎င်း အစည်းအဝေးမှ လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ စစ်အစိုးရ လက်ထက်ကတည်းက ပိတ်ထားခဲ့သည့် ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် မန္တလေးစက်မှုတက္ကသိုလ် (MIT) တို့ကို လာမည့်နှစ်မှ စတင်ကာ အဆင့်မြင့် နည်းပညာ တက္ကသိုလ်များအဖြစ် (Center of Excellent ဟူ၍) ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရပါတယ်..။ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အမီ ပြုစုထားသည့် သင်ရိုးအတိုင်း ၆ နှစ်သင်ကြားကာ အင်ဂျင်နီယာဘွဲ့ (B.E) နှင့် ဗိသုကာဘွဲ့ B.Archကို ပေးအပ်သွားမည်ဖြစ်ပြီး […]