Vote NLD Campaign အထက်ပါလင့်ခ်မှာ သွားကြည့်ကြပါ… နာမည်ကြီး သရုပ်ဆောင်တွေစုပေါင်းပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့  Vote NLD Campaign ဗွီဒီယို ကိုရိုက်ကူးတင်ဆက်ထားပါတယ်။ လူမင်း ၊ ဝေဠုကျော် ၊ ဝိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ ပါဝင်သရုပ်ဆောင်ထားသည်။ ရဲရဲဝံ့ဝံ့နဲ ့ ဒေါင်းစိတ်၊ ဒေါင်းမာန်၊ ဒေါင်းအလံကို သတ္တိရှိရှိ စိုက်ထူပြလိုက်ကြတဲ့ ………… “ခွပ်ဒေါင်းအနုပညာသည်များ”ကို ဂုဏ်ပြုကြိုလိုက်ပါတယ်! “အမှန်ခြစ်တတ်လျှင် မဲ့ထည့်လို့ရပြီ” သင်နှင့် သင့်ရင်သွေးများ၏ တောက်ပတဲ့အနာဂတ် အလင်းရောင်ကိုပိုင်ဆိုင်ဘို့အတွက် NLD ကို မဲပေးကြပါစို့.. Voting for NLD = Loving Yourself & Your Kids’ […]


မတ်လ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ သတင်းပေါ့။ V0ice ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃ မှာပါတဲ့ ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး မမှန်မကန်စွပ်စွဲ ရေးသားပါတယ်ဆိုပြီး သတ္ထုတွင်းဝန်ကြီးဌာနက ဂျာနယ်ကို တရားစွဲပါမယ်တဲ့ဗျား..  


(၄၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်က မဏိရတနာကျောက်စိမ်းခန်းမမှာ ၂၀၁၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ (၉-၃-၂၀၁၂) ဖွင့်ပွဲနေ့မှာ ပြပွဲကို ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး တတ်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ နေပြည်တော်တွင် ဆဌမအကြိမ်မြောက်  ကျင်းပတဲ့ပြပွဲမှာ ကျောက်စိမ်းအတွဲ ၁၆၆၉ရ တွဲ၊ ကျောက်မျက်အတွဲ ၂၂ရ တွဲ၊ ပုလဲအတွဲ ၃၆ရ တွဲကို တင်ဒါစနစ်၊ ဈေးပြိုင်စနစ်တို့ဖြင့် ပြသရောင်းချမှာဖြစ်ပါတယ်။ ပြပွဲသို့ နိုင်ငံပေါင်း ရှစ်နိုင်ငံ၊ ပြည်ပကုမ္ပဏီ ၄၃၂ ခုမှ နိုင်ငံခြားသား ရတနာကုန်သည် ၁၉၅၁ ဦးနှင့် ပြည်တွင်းကုမ္ပဏီ ၆၄၉ ခုတို့မှ ရတနာကုန်သည် ၃၀၃ရ ဦးခန့် ရောက်ရှိနေသည်ဟု နိုင်ငံပိုင်သတင်းစာ ကြေးမုံတွင် ရေးသားထားပါတယ်။ […]


2012-03-09 ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ […]


တလောလေးကပဲ မြစ်ဆုံကိစ္စ ဆက်လုပ်ဆောင်ဖို့ 2011 ကုန်ခါနီးမှာ အစည်းအဝေး လုပ်သွားသလိုလို အင်တာနက်မှာ ဖတ်လိုက်ရပါတယ်..မသေချာတဲ့ဟာလို့ ထင်တဲ့အတွက် ပို့စ်မတင်ဖြစ်ခဲ့ပါဘူး ဧရာဝတီမြစ်ဆုံအရေး သမ္မတကြီးက ရပ်ဆိုင်းထားမယ်ဆိုတော့ ဆရာ ဟာဂျူလီ(ကသာ) က ဒီလို ကာတွန်းလေးဆွဲထားခဲ့ဖူးတယ် နောက်တစ်ကြိမ် ဗိုလ်လုပွဲ ရှိလာအုံးမယ်ဆိုတာ ကြိုပြောထားတယ်။ သူတို့ဘက်က အားလုံး ပုံစံမပျက်ရှိနေတယ်ထင်တယ်နော်။ ခဏရပ်ပြီး နောက်ပွဲ စောင့်နေတဲ့သဘော။ ကျွန်တော်တို့လည်း ကြိုပြင်ထားရပါအုံးမယ်။ ဟော.. ကြည့်၊ တွေ့နေရပါပြီဗျာ.. ဒီမိုဝေယံဝိုင်းတော်သားတွေ ညောင်မြစ်တူးထားတယ်၊ မျက်ခြေပြတ်ကျန်ခဲ့လို့မဖြစ်ပါဘူး။ Demo Wai Yan ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြစ်ဆုံဆည်.. တန်ဖဲကျေးရွာကို ပြန်လည် ပြောင်းရွှေ့ ရောက်ရှိလာတဲ့ တန်ဖဲရွာသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြန်ပို့တယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်..။ အရင်းစစ်တော့ အမြစ်မြေကြီးမှာ ဆိုသလို […]


    ပုံများကို facebook မှ ရရှိပါတယ် မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈ရ လမ်းကြားရှိ ပဒုမ္မာ ခန်းမ တွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ (၂၀၊ ၂၁၊ ၂၂)ရက်များမှာ ပြုလုပ်ခဲ့သော Mandalay Cartoon Exhibition 2012 Joke for All All for Joke မြန်မာကာတွန်းဆရာများ၏ ကာတွန်းပြပွဲ က ပုံလေးတွေပါ သိပြီးသားတွေဆိုလည်း ခွင့်လွှတ်ပေးကြပါ


ကိုချစ်ရင်ထူးရေ… “ဒီမိုကရေစီ” ဆိုတာဘာလဲသိချင်ရင် အလွယ်ဆုံးနည်းလေး ပေးချင်ပါတယ်။ ဗိုလ်ချုပ် ရဲ့ ၁၉၄ရ ဇူလိုင် ၁၃ မိန့်ခွန်း မှာပါတဲ့ လွတ်လပ်ရေး ဆိုတဲ့ စကားလုံးတွေနေရာမှာ ဒီမိုကရေစီ လို့ အစားထိုးပြီး ဖတ်လိုက်ပါဗျာ။ မြင်သာအောင် ကျွန်တော် စာလုံးအမည်းနဲ့ ပြပေးထားပါတယ်။ (((ဗမာ့လွတ်လပ်ရေးတုန်းက အဲဒီတုန်းကဆိုလို့ရှိရင် လွတ်လပ်ရေးရပြီ ဆိုတော့ကာ ဟင်္သာတနယ်ထဲမှာ ကျနော်တွေ့ခဲ့တာ၊ ဘာတွေ့သလဲဆိုရင် လမ်းမပေါ်မှာ ထွက်ပြီး ဆေးတွေလှန်းတယ်။ အဲဒီတော့ လမ်းသွားလမ်းလာလုပ်တဲ့သူတွေ အတော်ဂွကျတယ်။ အဲဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ လွတ်လပ်ရေးဆိုတာဟာ ကိုယ့်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့၊ အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် […]


အထူးသတင်း…………. ယမန်နေ့ ညနေ 3း30 ဝန်းကျင်ခန့်တွင် တောင်ငူမြို့ ဒေါ်အောင်ဆန်းဆုကြည်ဟောပြောပွဲတွင် စင်အောာက် လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား—–အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့၊ ထိုကိစ္စအတွက် ကိုအဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည် ယနေ့ည 7း15 အချိန်ခန့်တွင် ရန်ကုန်နေပြည်တော်လမ်း 86 မိုင်တိုင် အရောက်တွင် ဒေါ်အောင်ဆန်းဆုကြည် လုံခြုံရေး ယာဉ်တန်းအား လမ်းဘေး မမြင်ကွယ်ရာမှ လောက်စလုံး(အမာ) ဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ကားနှင့်တစ်စီးခြားတွင် အဆိုတော်လင်းလင်းနှင့် လူငယ် ၆ ယောက် လိုက်ပါလာခဲ့သော အစ်ဆူဇူး ဒယ်ဘယ်ကက် ကား လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။ ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ…..။ ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု […]


နေပြည်တော်မှာ Lady Su မဲဆွယ်ဖို့ အခက်အခဲတွေ ဟောပြောမဲဆွယ်မယ့်ကွင်းပြင်နေရာအတွက် ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် လယ်သမားတွေက လယ်ကွင်းတွေသုံးခွင့်ပေးကြ၊ ရွာသူရွာသားတွေ၊ အလုပ်သမားတွေနဲ့ အစိုးရဝန်ထမ်းတွေပါမကျန် တခဲနက် ကြိုဆိုအားပေး ထောက်ခံခဲ့ကြပါတယ်.. နေပြည်တော်ဇမ္ဘူသီရိမြို့နယ်မှာ Lady Su ရဲ့ မဲဆွယ်တရားပွဲကို ကိုယ်တိုင် သွားရောက် ကြိုဆို အားပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေ ဂေဇတ်မိသားစုဝင်များအတွက် ပြန်လည်ဝေငှလိုက်ပါကြောင်း အန်တီစု တရားဟောတုန်း ရိုက်ထားတဲ့ movie လေးတွေကတော့ ဒီ connection နဲ့  တင်ဖို့ လုံးဝ မဖြစ်နိုင်တာသိလို့ စိတ်လျှော့ထားလိုက်ရပါတယ်လို့သာ


သွားကြမလား Ice World မှာ မထည့်လိုက်ရတဲ့ ပုံတွေ ထပ်တင်ပေးလိုက်ပါတယ်ဗျာ.. မသွားတော့ဘူးဆိုတဲ့သူတွေလည်း မြင်ဖူးသွားအောင် သွားမယ်ကြံထားသူတွေလည်း ကြိုပီး အားခဲနိုင်ဖို့ပေါ့ဗျာ..           credit: Jinx Aung’s facebook photos  


ရန်ကုန်မှာ ၂၅ ရက် (မနက်ဖြန်) ဖွင့်တော့မည့် ရေခဲကမ္ဘာရဲ့ ဓာတ်ပုံတွေပါ. ရွာသူ ရွာသားများ အတွက် လက်ဆောင်ပါးလိုက်ပါတယ်.. မရောက်ဖူးခင် သရေကျရအောင်လို့ပါ..         credit : Jinx Aung ရဲ့ facebook မှ ဓာတ်ပုံများရပါသည်  


ကိုBlackchaw ရဲ့ ဗိုလ်ချုပ်ကို ဘာလို့ ချစ်ကြတာလဲ ပို့စ်နဲ့ အောက်က ကွန်မင့်တွေဖတ်ရတော့ ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ အချက်အလက်တွေ၊ စာအုပ်တွေ အများကြီးကို တထိုင်တည်း ဖတ်လိုက်ရသလိုပါပဲဗျာ.. ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် လွတ်လပ်ရေးဖခင်တစ်ယောက်၊ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်ထဲက သူရဲကောင်းတစ်ယောက်အဖြစ်နဲ့တင် ဗိုလ်ချုပ်ကို ချစ်ပြီးသား.. ဗိုလ်ချုပ် စိတ်ထား ဘယ်လောက် ရိုးတယ်၊ ဖြောင့်တယ်၊ ကြည်တယ်၊ လူသားဆန်တယ်၊ စာနာစိတ်ကြီးတယ်၊ ကရုဏာစိတ်ကြီးတယ်ဆိုတာ ဒီလိုစာတွေဖတ်မှသာ သိကြရမှာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်၊ အန်တီစု ပြောခဲ့တဲ့ထဲမှာပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့… ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ […]


နေပြည်တော် ဆိုတာနဲ့ ကျဲကျဲတောက်ပူတဲ့နေ၊ ကွန်ကရစ် လမ်းမကျယ်ကြီးတွေနဲ့ ဝန်ကြီးဌာန အဆောက်အဦးတွေ၊ ခုမှ အသစ်ဖော်ဆဲ ခြံ၊ မြေကွက်၊ စီမံကိန်း နေရာလွတ်ကြီးတွေ ဆောက်လက်စ အိုးအိမ်၊တိုက်တာတွေကိုပဲ စိတ်ကူးထဲမြင်တတ်ကြတဲ့ ရွာသူရွသားများအတွက် လက်ဆောင်လေးပါ။ စိမ်းမြမြ လယ်ကွက်တွေနဲ့ အဝေးမှာ မှုန်ပြပြ စေတီ ထန်းပင်၊ ထန်းတော.. လယ်သမားကြီးတော့ လယ်စောင့်တဲမှာ စည်းစိမ်ယူနေမလား ?