bolayOctober 10, 20101min631
ဦးကေသည် ရုံးပိတ်ရက်အတွင်း ခရီးထွက်ရန် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေခဲ့သည်။ အကျီင်္အိတ်ကပ်အတွင်းမှ အိတ်ဆောင်ရေဒီယိုေလေးက မိုးလေဝသသတင်းများကို ကြေငြာနေသည်။ “မနက်ဖြန် နေသာရန်ရှိပါသည်” ကြည်နူးရွှင်ပြစွာဖြင့် လေချွန်ရင်း ဦးကေသည် လက်ကိုင်ပုဝါထုတ်၍ သူ၏ လက်ပတ်နာရီလေးကို ညင်သာစွာ ပွတ်တိုက်နေသည်။ ဤသည်မှာ သူအမြဲ လုပ်နေကျ အကျင့်ပင်ဖြစ်သည်။ ခေါင်းကုတ်ခြင်း၊ နားရွက်ကိုင်ခြင်း၊ နှာခေါင်းပွတ်ခြင်း စသည့် အဓိပ္ပါယ်မရှိသော အမူအကျင့်များနှင့် မတူဘဲ ၊ သူ၏ အကျင့်မှာ ထူးခြားလှသည်။ ဤလက်ပတ်နာရီလေးအား အမြဲတစေ သူက အရိပ်တကြည့်ကြည့်နှင့် နေခဲ့သည်။ ချဲ့ကားပြီး ပြောချင်လျှင် ဤနာရီလေးကို မေတ္တာသက်ဝင် ချစ်ခင်နေသည်ဟုပင် ပြောနိုင်သည်။ ဤနာရီလေးကို ဦးကေ ဝယ်ခဲ့သည်မှာ ငါးနှစ်တာ ကာလပင် ပြည့်ပေတော့မည်။ ကုန်တိုက်တစ်ခု၏ နာရီအရောင်းကောင်တာကို ဖြတ်သွားစဉ် ၊ […]


bolayAugust 24, 20101min861
စာရေးခုံပေါ်မှာ ဖရိုဖရဲတင်ထားခဲ့သော ခိုပြာရောင် ဆွယ်တာအကျီင်္က တော်မီကလေး၏ ကစဉ့်ကလျား ထင်ဟပ်နေသည်။ ခုလေးတင်ပင် သူက သူငယ်ချင်းတွေနောက်မှာ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ ခဏကြာလျှင် သူ့မိဘတွေ ကျွန်မ၏ စာသင်ခန်းသို့ ရောက်လာကြတော့မည်။ တော်မီ စာမလိုက်နိုင်တာ စည်းကမ်းပျက်တာတွေအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်း ဖြစ်သည်၊သူတို့လင်မယားက အတူတကွ မဟုတ်ကြ။ များမကြာမီက စ၍ တစ်ယောက်နှင့် တစ်ယောက် ကင်းကွာ နေခဲ့ကြသည်။ ယခု နှစ်ယောက်လုံးကိုပင် တစ်ပြိုင်နက် ဖိတ်ထားကြောင်း သူတို့မသိကြ။ တော်မီက တစ်ဦးတည်းသောသားဖြစ်သည်။ ဟိုတုန်းက သူအလွန်ပျော်ခဲ့သည်။ အတန်းထဲမှာ စာသိပ်တော်သည်။ ဆရာ့စကားလည်း နားထောင်သည်။ ယခု တော်မီ စာညံ့လာသည် မိမိချစ်မြတ်နိုးသော မိဘနှစ်ပါး တကွဲတပြားဖြစ်ကာ၊ မကြာမီ ကွာရှင်းပြတ်စဲတော့မည့် အနေအထားရောက်နေခြင်းအတွက် ရင်ကွဲပက်လက်ဖြစ်ရရှာသော ကလေးတစ်ယောက်၏ တုံ့ပြန်ချက်တစ်ရပ်သာဖြစ်ကြောင်း […]


bolayAugust 24, 20101min2067
ဒါကကျွန်တော့် ဖေ့ဘုတ်မှာပြောင်းထားတာပါ…. မသိသေးသူတွေအတွက် တင်ပေးထားတာပါ…. ပထမဦးဆုံး  http://www.get-styles.com ကို သွားလိုက်ပါ…. plug-ins တွေ အများကြီးပေးထားတယ်ဗျ…ဘယ်ဟာကို ဒေါင်းလော့ဆွဲဆွဲ သုံးလို့ရတယ်ဗျ…. Mozilla ရော IE အတွက်ပါပေးထားတယ်…. အဲမှာ select ဆိုတာလေးကို နှိပ်ပြီး plug-ins လေးကို ဒေါင်းလိုက်ပါ…. ဒေါင်းပြီးသွားရင် Run လိုက်ပါ…. Run လိုက်ရင် သူက မော်ဇီလာကို ခဏပိတ်လိုက်ပါလိမ့်မယ်…Effect ဖြစ်အောင်လို့ပါ… ပြီးရင် မော်ဇီလာကို ပြန်ဖွင့်လိုက်ပေါ့…ပြီးရင် သူ့ဆိုဒ်ကို ပြန်သွားပြီးတော့ ကိုယ်သုံးချင်တဲ့ plug-ins ကို select လုပ်ပေးရမှာပါ…. အောက်မှာပြထားပါတယ်…. ဒါဆို ရင် ရသွားပါပြီ….. ဖေ့ဘုတ်ထဲကို ဝင်ကြည့်လိုက်ပါ… ပြောင်းသွားပါလိမ့်မယ်…. 


bolayAugust 12, 20101min902
Microsoft Windows မှာ မြန်မာစာ ထည့်သွင်းပေးဖို့… အောက်မှာပေးထားတဲ့ Link ကို ကလစ်ကာ သူငယ်ချင်းရဲ့ နာမည်ဖြင့် စာရင်းပေးသွင်းပြီး လက်မှတ်ထိုးပေးဖို့ ..အသိပေးချင်ပါတယ်။ မြန်မာပြည်တွင်းမှ နာမည်ပေးသွင်းထားသူပေါင်း (3000)ကျော်လောက် ရှိနေပြီလို့ ဆိုပါတယ်။ သူငယ်ချင်းလည်း ကိုယ့်မြန်မာစကားလုံး Microsoft Windows မှာ ပါဝင်အောင် ထည့်သွင်းပေးဖို့ တောင်းဆိုတဲ့ နေရာမှာ ပါဝင်စာရင်း ပေးသွင်းစေလိုပါတယ်။


bolayAugust 12, 20101min901
သိပ္ပံနှာခေါင်း စမ်းသပ်တီထွင် အမေရိကန်နိုင်ငံ မိန်ပြည်နယ် ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်မှ မကြာမီက ထုတ်ပြန်ကြေည်ရာတွင် သိပ္ပံနှာခေါင်းကို စမ်းသပ် တီထွင်ခဲ့သည်မှာ အတော်တိုးတက်အောင်မြင်မှု ရှိသည်ဟု ဆိုပါသည်။ ယခု စမ်းသပ်တီထွင်ထားသော သိပ္ပံနှာခေါင်းသည် ကန့်သတ်၊ သတ်မှတ်သည့် အကွားအနေရာ၌ ဗုံး၊ ဆီးချိုသွေးချို ဝေဒနာရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင်များ ရှိမရှိ နှာခေါင်းဖြင့် အနံ့ခံ သိရှိနိုင်သည် ဆိုပါသည်။ အဆိုပါ မိန်းပြည်နယ်မှ ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်၊ ဇီဝဆေးပညာ အင်ဂျင်နီယာ (ဗဟိုဌာန) ဒုတိယ တာဝန်ခံ ဦးစီးအရာရှိ သုတေသီပညာရှင် အမေရိကန်နိုင်ငံသား တရုတ်နွယ်ဖွားဖြစ်သူ မစ္စတာ ကျန်စုကွမ်းက သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားရာတွင် နောက် မကြာမီကာလ၌ သိပ္ပံနှာခေါင်းသည် အနံ့ခံကောင်းသော စုံထောက်ခွေး၊ […]


bolayAugust 12, 20101min551
ငယ်ရွယ်စဉ်တွင် စိတ်ဖိစီးမှုများလျှင် မျိုးဗီဇပြောင်းသွားနိုင်ကြောင်း ဂျာမနီနိုင်ငံ၊ မက်ပလန့်စိတ်ရောဂါ ကုသမှု ပညာတက္ကသိုလ်မှ သိပ္ပံပညာရှင် ခရစ္စတိုဖာမာဂါထရွိုက် ဦးဆောင်သော အဖွဲ့ကလေ့လာတွေ့ရှိခဲ့သည်။ ယင်းသိပ္ပံပညာရှင်များသည် မွေးကင်စကြွက်ကလေးများကို ကြွက်မိခင်နှင့် ခွဲခွာထားရှိ၍ စမ်းသပ်ခဲ့သည်။ ခွဲခွာထားခံရသော ကြွက်ပေါက်စကလေးများသည် နောက်ပိုင်းတွင် အပြု အမူပိုင်းဆိုင်ရာပြသနာများရှိလာခဲ့သည်။ ကြွက်ကလေးများနှင့်လေ့လာစမ်းသပ်မှုအရ ငယ်စဉ်က စိတ်ဒဏ်ရာနှင့်စိတ်ဖိစီးမှုများသည် မျိုဗီဇများကို ပြောင်းလဲစေပြီး အပြုအမူပိုင်းဆိုင်ရာ ပြသနာများအား ဖြစ်ပေါ်စေနိုင်သည့်လမ်းစများတွေ့ရှိခဲ့သည်။ ကြွက်ပေါက်စလေးများတွင် ကာလကြာရှည်သည် အထိ စိတ်ဖိစီမှုများ ဆက်လက်တည်ရှိနေသည်ဟု သိပ္ပံပညာရှင်များက Nature Neuro science ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။ စိဖိစီးမှုဖြစ်ပေါ်နေသော ကြွက်ကလေးများတွင် မျိုးဗီဇပြောင်းလဲစေသော ဟော်မုန်းများထွက်ရှိပြီး ၎င်းတို့၏ ဘဝတစ်လျှောက်အပြုအမူများအပေါ်တွင် ထိခိုက်မှုများရှိလာခဲ့သည်။ ယခုလေ့လာမှုကို မော်လီကျုးများဖြစ်စဉ်အထိ အသေးစိတ်လေ့လာခဲ့ပြီး ငယ်စဉ်ဘဝက စိဖိစီးမှု ခံစားရသော အတွေ့အကြုံများသည် ကာလတာရှည် […]


bolayAugust 12, 20101min822
Valentine Day ၏အစဖြစ်သော အချစ်ပွဲတော်အား ရှေးဟောင်းရောမများက Spiritual Love စိတ်ဝိဉာဉ် အချစ်အား ဖေါ်ထုတ်သော နေ့တစ်နေ့ အဖြစ် ကျင်းပခဲ့သည့် အစဉ်အလာမှ စတင်ခဲ့ပါသည်။ရောမများက ဖေဖေါ်ဝါရီလ၏ အလယ်တစ်ရက်တွင် ယင်းပွဲတော်အား ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပွဲတော်ကျင်းပရသည့် အကြောင်းအရင်းမှာ ရောမမြို့တော်ကိုတည်ထောင်ခဲ့သည့် ရိုမြူလပ်စ်အား မြေခွေးမတစ်ကောင်၏ နို့တိုက်ကျွေးခြင်းခံခဲ့ရပြီး ယင်းနို့မှ ခွန်အားနှင့်ဉာဏ်ပညာ တိုးပွားစေသည်ဟု ယုံကြည်ကာ နောင်တွင် ယင်းနေ့ရောက်တိုင်း ခွေးတစ်ကောင်နှင့် ဆိတ်တစ်ကောင်အား သတ်ကာ ခွန်အားဗလတောင့်တင်းသည့် လူငယ်နှစ်ဦး၏ ခန္ဒာကိုယ်တွင် အဆိုပါသွေးများသုတ်လိမ်း၍ ၎င်းသွေးများကို နို့ဖြင့်ဆေးကြောကာ ယင်းလူငယ်နှစ်ဦး၏ လက်တွင် သားရေပတ်တစ်ချောင်းစီ ကိုင်ဆောင်စေကာ မြို့တွင်းသို့လှည့်လည်စေပြီး ၎င်းတို့၏အရှေ့ဖြတ်သွားသောလူများကို ထိုသားရေပတ်ဖြင့် လှမ်းရိုက်စေပါသည်။ မြို့တွင်းရှိရောမများကလည်း လိုလိုလားလားဖြင့်အရိုက်ခံကြကာ ထိုသို့အရိုက်ခံခြင်းဖြင့် မျိုးမအောင်သူများ မျိုးအောင်စေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ St.Valentine […]