ဘဲရႈပ္February 26, 20131min1514
( ဖြစ်နေသော မိတ်ဆွေအကိုကြီး အတွက်လည်း အလွယ်တကူ သိရှိစေချင်ပါသည် …လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ ) သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့်အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖေ ျာ်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။ ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ […]


ဘဲရႈပ္February 25, 20131min1157
သံတွဲမြို့နယ် ဂွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးရွာနေ ဒေါ်ပိန်ပိန် (ဦးပုတို အသက် ၅၀) နှစ် ၊ ရခိုင်/ ဗုဒ္ဓဘာသာ ကျဘမ်းအလုပ်လုပ်သူ နှင့် သမီးဖြစ်သူ မဝင်းခင် (အိမ်ထောင်မရှိ/ အပျို) အသက် ၃၄ နှစ် သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ဘုန်းကြီးကျောင်း ဝင်းအတွင်းရှိ ကာရာအိုကေ သီချင်းဆိုပွဲသို့ သွားရောက်ကြည့်ရှူ ခဲ့ကြပါသည် ။ ထိုသို့ ကြည့်နေစဉ်အတွင်း မဝင်းခင်မှာ ညနေ ရနာရီအချိန်ခန့်တွင် ပွဲခင်းအပြင်ဘက် မုန့်ဝယ်စားရန် ထွက်သွားခဲ့ရာ နာရီဝက်ကျော်သည် အထ်ိ ပြန်ရောက်လာခြင်းမရှိ၍ မိခင်ဖြစ်သူ ဒေါ်ပိန်ပိန် နှင့် အတူပွဲကြည့်နေသူ တရွာတည်းနေ မခင်သန်းမေ တို့မှ လိုက်လံရှာဖွေခဲ့ရာ မဝင်းခင်မှာ ဘုန်းကြီးကျောင်းအရှေ့ဖက် […]


ဘဲရႈပ္May 21, 20121min1945
သံတွဲမြို့တွင် စီဒီအမ်အေ ဖုံးလိုင်းများ ပြတ်တောက် ပြတ်တောက် ဖြစ်နေသည်မှာ လပေါင်းများစွာ ရှိခဲ့ပါပြီ ၊ သတိထားကြည့်နေရင်း နေရင်းက ပိုမို ဆိုးရွားလာလျှက်ဖြစ်နေပါသည်၊ စီဒီအမ်အေ ဖုံးစွဲကိုင်အသုံးပြုသူများမှာ မည်သူ့ကို အဖေ ခေါ်ရမှန်းမသိဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်ပါသည်၊ ၎င်း ဖြစ်ရပ်အပေါ် သံတွဲမှ တာဝန်ခံတွင်တာဝန်ရှိသည်ဟုထင်မိပါသည်၊ ဟိုးအရင် လျှပ်စီးမီး ၂၄ နာရီမရခဲ့စဉ် တာဝန်ခံမှ စက်သုံးဆီခိုးနေသဖြင့် ခဏ ခဏ ပြတ်သည်ဟု ယူဆမိခဲ့ပါသည်၊ ယ္ခုသော် လျှပ်စီးမီး ၂၄ နာရီ ရရှိနေပါသော်လည်း ဖုံးလိုင်းများမှာ နေ့စဉ် တရက်လျှင် ၅ ကြိမ်ခန့် ပြတ်တောက်နေခြင်းမှာ မည်သူ့တွင် တာဝန်ရှိသည် ဆိုခြင်းကို နားလည်ခြင်းငှုာ မစွမ်းသာဖြစ်နေရပါသည်၊ မြို့သူမြို့သားများမှာလည်း ဖုံးလိုင်းသောက်ပုံမလာမှုကို သည်းမခံနိုင်ဖြစ်လျှက်ရှိကြပါသည်၊ တခါတရံ ပြတ်တောက်ခြင်းအပေါ် နားလည် […]


ဘဲရႈပ္May 17, 20121min18410
သံတွဲမြို့ ဈေးကြီး မီးလောင်ပြာကျ ၊ဈေးသူဈေးသား များမွဲတေ မှု ဖြစ်ခဲ့သည်မှာ ပူပူနွေးနွေး  သိပ်မကြာသေးပါ ၊ ဖြစ်ပြီးရက်အနည်းငယ် ခန့်သာလျှင် မြို့အတွင်း လောင်စာဆီ မရောင်းရ အမိန့်ထုတ်ခဲ့သည်။ ယ္ခုသော ် ဗိုလ်နေမြဲ ကျားနေမြဲ မှောင်ခို လောင်စာဆီများ ပုံမှန်အတိုင်း ဖြစ်နေပါ၍ အလွန်ပူပြင်းလှသော အခြေအနေ နှင့် မီးဘေး ကြောက်လန့် မှုများ ဖြင့် မြို့သူမြို့သားများမှာ တွေးကြောက်လျှက်ရှိနေကြပါသည်။ မြို့နယ် ခရိုင် ရဲတပ်ဖွဲ့ များသည်လည်း လောင်စာဆီ ရောင်းချခွင့် ( လိုင်းကြေးကောက်ခံ၍) ပေးနေခြင်း များကို မြို့တာဝန်ခံ ချီးထုပ်များ မသိ၍လော ၊ လိုင်းကြေး အခွန်အခ ကောက်ခံ ပြီး ဇိမ်ကျနေ၍လော ၊ ပြည်နယ်မှ အစိုးရအဖွဲ့ […]


ဘဲရႈပ္May 17, 20121min1014
၁ .၅ . ၂၀၁၂ နေ့ သံတွဲမြို့ ဒွါရာဝတီမြို့သစ်ရပ်ကွက်တွင် ဒုတိယ အကြိမ် တလွဲတချော် အုပ်ချုပ်ရေးမှုူးရွေးပြန်ပြီလို့ သိရပါသည်။ တက်ရောက်လာတဲ့ ဆယ်အိမ်မှုူးများတွင်  ဝန်ထမ်းများပါရှိနေခြင်း၊ ရပ်ကွက်အတွင်း နှစ်အနည်းငယ်သာနေထိုင်လျှက်ရှိသူများ ပါဝင်နေခြင်းတို့ ကြောင့် ပြဿနာသဘောမျိုး လိပ်ခဲတင်းတင်း ဖြစ်လျှက်ရှိနေကြောင်း ကြားသိရပါသည်။ ယ္ခု ရွေးချယ်ထားသော အုပ်ချုပ်ရေးမှုူးအသစ် ဦးမြင့်ရွှေ ဆိုသူမှာ ရပ်ကွက်အတွင်းတဆက်တည်း (၁ဝ ) နှစ် ပြည့်အောင် နေထိုင်သူ မဟုတ်ခြင်း  အစရှိသည့် မပြည့်စုံ စည်းကမ်း မညီညွတ်သည့် ရွေးချယ်မှုူကြီးဖြစ်ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများ သိရှိနားလည် နေကြပါသော်လည်း မည်သို့မှ မတတ်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ရပ်မိရပ်ဖ ကြီးကြပ်ရေး အဖွဲ့ (၅) ဦးတွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်ပါဝင်ကြောင်းလည်းသိရှိရပါတယ် […]


ဘဲရႈပ္April 14, 20121min1035
Aung Si Thu Naing နှစ်သစ်ကူးမှာမြန်မာလို မကျင့်ကြံ သူများဖက်ရှင်တွေခိုးချပြီး ခိုးရာပါပစ္စည်းမဖြစ်အောင်လို့ ကိုယ့်ဖက်ရှင်ဖြစ်အောင်ပြန်ပြုပြင် ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ပြောနေတယ့်သူတွေ၊ဒီလိုတွေတာ ကြတ်ကြတ်လုပ် အလွန်ယဉ်ကျေးပါတယ်ဆိုတယ့် ထိုင်းနိုင်ငံမှာလိုပဲ နောက်မကြာခင်ဘဲ မြန်မာနိုင်ငံက အနောက်နိုင်ငံတွေရဲ့ အပန်းဖြေ ပျှော်တော်ဆက် ဗိုလ်ချုပ်ပြောသလို မကြာခင် ဖာသည်နိုင်ငံဖြစ်တော့မယ်…………………….. တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီး ပျက်စီးလာကြပြီ ။ သင်္ကြန်ဆိုတာ မူးရူး ပျော်ပါးဖို့  ဆိုတဲ့ အသိစိတ်တွေ လူငယ် လူလတ်ပိုင်တွေမှာ ကြီးစိုးနေကြပီ ထင်ပါရဲ့     ။    


ဘဲရႈပ္April 14, 20121min12412
၁၃.၄.၂၀၁၂ ့ မြန်မာပြည်နိုင်ငံတကာဆက်ဆံရေးမှာ လူရာသူရာဝင်တဲ့နေ့ လို့ ပြောရမဲ့ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း လာတဲ့ခရီးမှာ.. ခရီးစဉ်ရဲ့ ရလဒ်ကို မဝေဖန်ခင် အမေစုဟာ..ဗြိတိန်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့တဲ အချိန်မှာဝတ်တဲ့ ဝတ်စုံလေးကတော့ တော်တော်ထူးခြားပါတယ်… အမှတ်တမဲ့ကြည့်ရင်တော့ မြန်မာ့ရိုးရာ..ရင်ဖုံးလေးပါဘဲ.. ဒါပေမဲ့ တရုတ်ရိုးရာ ဒီဇိုင်းလေးနဲ့ပေါင်းစပ်ထားတဲ့ ရင်ဖုံးဝတ်စုံဖြစ်ပါတယ်.. တင်စားပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဝတ်တဲ့ ဝတ်စုံများထဲမှာ.. ဒီနေ့ဝတ်စုံဟာ သံတမန်ဝတ်စုံဖြစ်ပါတယ်… ဒါဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးများကို အသံမဲ့ စကားနဲ့ သံတမန်နည်း ပြောဆိုလိုက်တာပါ.. အနောက်အုပ်စု နိုင်ငံများနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူမ ကိုတရုတ်နိုင်ငံက စိုးရိမ်ထိတ်လန့်မှု မရှိစေရေး အတွက်..သူမဟာ အနောက်နိုင်ငံများနဲ့ အနာဂတ်မှာ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို..အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ လဲ စိုသော လက် မခြောက်စေနဲ့ ဟူသော စကားနှင့် အညီ […]


ဘဲရႈပ္March 30, 20121min1208
လျှပ်စစ်မီးကို အလှည့်ကျ ပေးမယ် တဲ့လားဗျာ။ အုပ်စု အေ ဘီ စီ လဲ ခွဲဦးမတဲ့။ ဘာလုပ်ကြတာလဲ ဗျာ၊။ ရန်ကုန်မြို့ကြီး အတွင်းမှာ နေကြသူတွေကို ပညာပေးနှိပ်စက်ပီး မောင်းထုတ်မလို့ ကြံရွယ်တာများလားဗျာ။ အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။ မနွယ်ပင် ရေးတင်တဲ့ ပို့စ် ထဲက စာကြောင်းလေးပါ။ သူတို့က ရောင်းချင်တိုင်းရောင်းစားနေပြီးတော့ ဘာအချိုးချိုးတာလဲ ။ ဒို့ နိုင်ငံတော့ ပျက်စီးခြင်းငါးပါးနဲ့ ကြုံကြရတော့မယ်။ ခွေးသူခိုးတွေကြောင့်။ ရပ်သူရွာသားများ ယ္ခု ကိစ္စ ကြီးကို တော်လှန်ကြရအောင်။ အရေးတော်ပုံ အောင်ရမည် ။ (မှတ်ချက်… မနွယ်ပင်၏ ပို့စ် အား မှီငြမ်း ကိုးကားထားပါသည်)


ဘဲရႈပ္January 30, 20121min874
ယနေ့ နေ့လည် ( ၁ ) နာရီ (၄၅ ) မိနစ် ခန့်တွင် တောင်ကုတ်မြို့ ဈေး အပြင်တန်း ရှိ လောင်စာဆီ (ဓါတ်ဆီ ၊ ဒီဇယ် ) အရောင်းဆိုင်မှ စ၍ မီးလောင်သောအမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။ ၎င်း မီးလောင်မှုကြောင့် အပြင်တန်းရှိ ဆိုင်ခန်း (၁၂ )ခန်း ခန့် ဆုံးရှုံး နစ်နာမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရှိရပါသည် ။ တောင်ကုတ်မြို့သူ မြို့သားများ ဝိုင်းဝန်းငြိမ်းသတ်မှု နှင့်အတူ မီးသတ်တပ်ဖွဲ့၏ ကူညီမှုဖြင့် ၁း၄၅ ခန့် စလောင်သောမီး မှာ ၃ နာရီကျော်ကျော် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြကြောင်းသတင်း ရရှိပါသည်။ မီးဘေး အန ္တရာယ်မှာ မည်မျှ […]